Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုတာ

htet wayJuly 21, 20121min87627

တရားရုံးကို မထီမဲ့မြင်ပြုတယ်ဆိုတာ

စာရေးသော သတင်းစာ ဆရာ၊ စာရေးဆရာ တို့၏ရေးသားမူများတွင် တရားစီရင်နေဆဲ အမူများပါဝင်တတ်ပါသည်။ထိုအခါတရားရုံးကို မထီမဲ့မြင်ပြုရာရောက်သော စကားရပ်များပါဝင်တတ်ရာ တရားရုံးကို မထီမဲ့မြင် ပြုရာရောက်သည့် အမူများ ဥပဒေပုဒ်မနှင့် ညှိစွန်းတတ်ပါသည်။
တရားရုံးများ တွင် အမူစစ်ကြားနာလျှက်ရှိသော အမူများနှင့်ပတ်သက်၍ ဝေဖန်ဆုံးဖြတ်ရန် တာဝန်မှာ တရားရုံးများအပေါ်၌သာတာဝန်ရှိသည်။တချို့က အမူကိုကြိုတင် ဝေဖန် စကားဦးသန်း၍ပြောတတ်ကြသည်။ ဒီပုဒ်မက ဘယ်လို ဒီအမူ
ကတော့ ဘာမှ ဖြစ်မယ့်အမူ မဟုတ်ပါဘူး။ဒီအမူမှာ ဒီကောင်ထောင်ကျနိုင်တယ် ဒီပုဒ်မနဲ့စွဲတာအမူမမြောက်နိုင်ဘူး.စသည်ဖြင့်ပြောတတ်ဝေဖန်တတ်သည်။ဒီထက်တဆင့်တက်၍အများသိစေရန် စာဖြင့် ရေးသား တတ်ကြရာ တရားရုံး၏ စီရင်ချက် မချမီရေးသားပြောဆိုခြင်းသည် တရားရုံး ကိုမထီမဲ့မြင်ပြုရာရောက်စေပါသည်။
သတင်းသမား ဝါနုသူလေးများက FIR ကူးပြီး စွပ်စွဲခံရသူကို တရားခံဟူ၍ရေးတတ်သည်။ရဲ၏ပထမ သတင်းပေး တိုင်တန်းချက်သည် တရားရုံး၏စီရင်ချက်မဖြစ်သေး၍ စွပ် စွဲခံရသူပင်ဖြစ်ပါသည်။တရားခံမဖြစ် သေးပါ။
မကြာသေးခင်ကာလတစ်ခု၌ ပုဒ်မ-၅၀ဝနှင့်ဦးတိုက်လျှောက်မှုတစ်ခုကိုတရားသူ ကြီး ကကျင့်ထုံး-၂၀၂နှင့်စစ်ဆေးရန် ရဲစခန်းကိုချပေးသည်။ ရဲစခန်းကစစ်ဆေးခဲ့သည်။ တရားရုံးကစစ်ခိုင်းသော ကျင့်ထုံး-၂၀၂တွင် တစ်ဖက်စစ်ဆေးခံရမည့်သူကို တရားခံဟု ရေးသားထားသည်ကို အံ့ဩဘွယ်ရာတွေ့ရဖူးသည်။
အသိတစ်ယောက်က ပန်းတနော်မြို့နယ်တရားရုံးတွင် ပုဒ်မ-၈(၃)ဖြင့်တရားစွဲဆို ခံထားရသည်ကို ထိုအမှုနှင့်ပတ်သက်သော ရှေ့နေက လက်ဖက်ရည်ဆိုင်စကားဝိုင်း တွင် ဒီအမှုက ဒဏ်ငွေနဲ့ပြီးမှာပါ ဟုပြော သံကြားရ၏။ တရားရုံးကစီရင်ချက်မချမီ ကြို တင်ပြောဆိုခြင်းသည်ပင်လျင် တရားရုံးကိုမထီမဲ့မြင်ပြုရာ ရောက်သည်။ ထိုအမှုကိုတစ် ကယ်တမ်းစီရင်ချက်ချသည့်အခါ ထောင်(၅)လကျသည်ဟုကြားသိရသည်။
“ တရားရုံးတော်၏ ဂုဏ်ကျက်သရေကို ထိပါးသော(သို့မဟုတ်)တရားဖြောင့်မှန် ရေးလမ်းစဉ်ကို နှောင့်ယှက်နိုင်သောအရေးအသား၊အပြောအဆိုအားလုံးရုံးတော်ကိုမထီ မဲ့မြင်ပြုခြင်းများဖြစ်သည်။“
စစ်ဆေးဆဲအမှုနှင့်ပတ်သက်၍ တရားစီရင်ရေးလမ်းကြောင်းကို အနှောက် အယှက်ဖြစ်စေရန် လည်း ကောင်း၊ အများပြည်သူများက အမှုသည်များအပေါ်အထင် အမြင်လွဲမှားစေရန်လည်းကောင်း ဂျာနယ် သတင်း စာတို့၌ရေးသားခြင်းသည် တရားရုံး အားမထီမဲ့မြင်ရာရောက်သည်။
ပုဒ်မ-၅၀ဝ အမှုတစ်ခုကို တရားရုံးကကျင့်ထုံး-၂၀၂အရ ရဲစခန်းကိုစစ်ဆေးစေခဲ့ သည်။ ထို့နောက် တရား သူကြီးက ပြစ်မှုမြောက်၍ အမှုကိုရုံးတော်၌လက်ခံလိုက်ပြီး ရုံး ချိန်ရက်နှစ်ဖက်စလုံးသို့ပေးလိုက်သည်။ တစ်ဖက်နှင့်တစ်ဖက်ကိုမစစ်ရသေး၊မောင်ဖြူ ကတရားလို မောင်မဲ၊မောင်ပြာက စွပ်စွဲခံရသူဖြစ်သည်။ ရုံးချိန်းနေ့သို့ရောက်သောအခါ တရားလို မောင်ဖြူကရုံးရှေ့သို့ရောက်လာသော်လည်း စွပ်စွဲခံရသူများက မလာရောက် ဘဲခွင့်တင်သည်။ မောင်မဲကခရီးသွားသည်ဟုခွင့်တင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ခရီးသွား သည်မှာမှန်ကန်ကြောင်းထောက်ခံသည်။ မောင်ဝါကခရီးလွန်ကြောင်းထောက် ခံစာနှင့်မောင်ပြာက မည်သည့် ထောက်ခံစာမှမပါဘဲ နေမကောင်းပါဟုခွင့်တင်သည်။
စွပ်စွဲခံရသူတို့သည် ကျင့်ထုံး-၂၀၂အရ ရဲစခန်း၌စစ်ဆေးခံရပြီးသူများဖြစ်ကြ သည်။ ၎င်းအပြင်အမှုကို မြို့နယ်တရားရုံးက ဥပဒေပုဒ်မ-၅၀ဝ နှင့်လက်ခံထားပြီးဖြစ်၍ ရုံးချိန်းရက်လည်းရပြီးဖြစ်သည်။ ရုံးတော်က ခေါ်ယူသည့်ရက်မှ မောင်မဲက ခရီးသွား သည်ဟူသောခွင့်စာနှင့်ခွင့်တင်သည်။ အမှန်ခရီးမသွား သူ၏ဈေးဆိုင် ၌ဈေးထိုင်ရောင်း နေသည်ကို တရားလိုနှင့်အခြားသူများလည်းမြင်သည်။ ဤသည်ကား တရားဖြောင့်မတ် ရေး ကိုသွယ်ဝိုက်သောနည်းဖြင့် နှောက်ယှက်ခြင်း၊အမိန့်ဆင့်စာဝရမ်းတို့ကို အတည်ပြု ရာ၌နှောင့်ယှက်ခြင်း တစ်မျိုးဖြစ်သည်ဟု ထင်ပါသည်။ မိမိသည်ခရီးမသွားဘဲ တစ်ဖက် လှည့်နှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ခရီးသွားသည်မှာ မှန်ကန်ကြောင်း ထောက်ခံစာ ရေးခိုင်းခြင်းသည်လည်း မရိုးဖြောင့်သောလိမ်လည်မှု ဖြစ် ပါသည်။ မောင်မဲ၏လုပ်ရပ် သည် တရားရုံးတော်နှင့်တရားသူကြီးကို အထင်အမြင်သေးသိမ်စေနိုင်သော လုပ်ရပ် ဖြစ်ပါသည်။ ၎င်းတို့၏လုပ်ရပ်သည် တရားရုံးကိုမထီမဲ့မြင်ပြုရာရောက်သောလုပ်ရပ် ဖြစ်ပါသည်။ တရားရုံးကိုမထီမဲ့မြင်ပြုမှုကို အရေးယူပေးပါရန် အပြင်လူတစ်ဦးကလည်း တရားရုံးသို့လျှောက်ထား နိုင်ပါ သည်။
စာရေးဆရာများ တရားအမှုများရေးသားရာ၌ နှစ်ဖက်သော သက်သေစစ်ချက် ကြားနာ၍ ဆုံးဖြတ် ချက်မပေးမီ တရားခံအပြစ်ရှိကြောင်း သို့မဟုတ် တရားခံအပြစ်မရှိ ကြောင်း ကြိုတင်ထောက်ပြ ရေးသား ခြင်း များသည် တရားရုံးတော်ကို မထီမဲ့မြင်ပြုရာ ရောက်ပါသည်။
သတင်းထောက်တစ်ဦးသည် တရားရုံး၌ ဥပဒေပုဒ်မ-၃၅၃ အရစွဲဆိုထားသော အမှုတစ်ခုကို စစ်ဆေး နေစဉ်အတွင်း ရေးသားရန် အင်တာဗျူး လုပ်၍ ဂျာနယ် တစ်စောင်၌ထည့်ရန်ကြိုးစားခဲ့ဖူးပါသည်။ ကျွန်တော် က တရားရုံးတွင်စီရင်နေဆဲအမှုကို ရေးခွင့်မရှိပါဟု ပြောဆိုသတိပေးခဲ့ရဖူးသည်။
တရားရုံး၏ ဂုဏ်ကျက်သရေကို ထိခိုက်စေသော ၊ တရားရုံးအပေါ်တွင် အထင် အမြင်မှားယွင်းသေး သိမ်စေနိုင်သော အရေးအသားမျိုးကို ရှောင်ကြဉ် ၍ ဥပဒေပုဒ်မ-၃ နှင့်လွတ်ကင်းနိုင်ကြစေရန် စေတနာနှင့် ရေးသားတင်ပြလိုက်ရပါသည်။

27 comments

    • King of Secrets (Bo Min)

      July 21, 2012 at 4:03 pm

      ဆောရီးဗျာ၊ သူငယ်ချင်းတစ်ယောက် လက်သရမ်းသွားတာ

  • မောင်ပေ

    July 21, 2012 at 4:42 pm

    ဆြာထက်ရေ
    ပေါက်ဖော် ဖရဲသီးခိုးစားခြင်းဆိုတဲ့ အကြောင်းကို
    နောက်ဆုံး စီရင်ချက်ချပြီးမှ
    ဘာဆက်ဖြစ်သလဲဆိုတာ
    ရေးတင်ရမယ် ဆိုတဲ့သဘောပေါ့နော

  • ဘီလူးလေး

    July 21, 2012 at 5:12 pm

    နားမလည်ဘူး

  • ဇောက် ထိုး

    July 21, 2012 at 6:39 pm

    ဖတ်ရှုပြီး ရသမျှ ဗဟုသုတတော့ ယူသွားပါတယ်။
    အမှုတစ်ခုဖြစ်နေချိန်မှာ ကြိုတင်ပြီး ဝေဘန်တာ…ခန့်မှန်းတာ… ပြောဆိုတာတွေဟာ တရားရုံးကိုမထီမဲ့မြင် ပြုရာရောက်တယ်လို့ သိသွားရပါတယ်ခင်ဗျာ……

  • nature

    July 21, 2012 at 7:44 pm

    ဗဟုသုတရလို့ကျေးဇူးတင်ပါတယ် ဆရာထက်ရေ။ တရားရုံးနဲ့ပတ်သက်ပြီးသိချင်တာလေးတွေမေးချင်လို့ ပိုစ်တခု တင်မလားလို့။ ပိုစ့်တင်တော့ပြန်ရှာဖတ်ရတာလွယ်တယ်။ ကွန်မန့်ရေးပြီးရင်ပြန်ရှာဖတ်ရတာတော်တော်ခက်လို့ပါ။

  • htet way

    July 21, 2012 at 8:02 pm

    ရေးပါဆရာ
    ဆရာနေးချားကြီး ကိုတောင် သတိရနေတာပါ
    ပျောက်ချက်သားကောင်းနေလို့ပါ

  • မဟာရာဇာ အံစာတုံး

    July 21, 2012 at 8:11 pm

    ဆရာထက် ခင်ဗျာ ..
    ဗဟုသုတ အဖြစ် ဖတ်ရှုသွားပါတယ် ခင်ဗျာ ..
    နောက်အခါ ကိုယ်တိုင် ကြုံလာခဲ့ရတဲ့အခါမျိုးမှာ
    ဆင်ခြင်နိုင်တာပေါ့ ခင်ဗျာ …
    ကျေးဇူးပါ ခင်ဗျာ ..

  • htet way

    July 21, 2012 at 8:24 pm

    ခုလို ဖတ်ရှု့ အားပေးကြတာကိုပဲ ကျေးဇူးပါဗျာ
    ကျွန်တော်ကလည်း မြင်တာတွေ့တာလေးတွေရေးလိုက်တာပါ

  • ဖိုးထောင်

    July 21, 2012 at 11:09 pm

    ကြိုက်တယ်ဗျာ ……. တရားသူကြီးများ ဖြောင့်မတ်မှန်ကန်စွာဖြင့် စီရင်ချက်များချနိုင်ကြပါစေ….

  • ကြောင်ကြီး

    July 22, 2012 at 2:59 am

    တရားရုံးရှေ့တွင် တံတွေးထွေးခြင်း၊ ရုံးထဲတွင် အီးပေါက်ခြင်း၊ တရားသူဂျီး အမှုလိုက်စာရေးအား ငွေထိုးပြီးနောက် ကွယ်ရာသွားပုပ်လေလွင့် ပြောခြင်းများသည် ရုံးဒေါ်အား ပို၍မထီမဲ့မြင် ပြုရာရောက်ပေသည်။ 😮

    • jess lin

      July 22, 2012 at 4:37 pm

      မသိလို့မေးချင်ပါတယ်ရှင့်။(တရားရုံးတွင်စီရင်နေဆဲအမှုကို ရေးခွင့်မရှိပါဟု ပြောဆိုသတိပေးခဲ့ရဖူးသည်။) ဆရာထက်ဝေးက ဥပဒေအရာရှိလား၊ ဒါမှမဟုတ်သတင်းသမားတွေရဲ ့ပြောရေးဆိုခွင့်ရှိသူလားသိပါရစေ။(သတင်းထောက်တစ်ဦးသည် တရားရုံး၌ ဥပဒေပုဒ်မ-၃၅၃ အရစွဲဆိုထားသော အမှုတစ်ခုကို စစ်ဆေး နေစဉ်အတွင်း ရေးသားရန် အင်တာဗျူး လုပ်၍ ဂျာနယ် တစ်စောင်၌ထည့်ရန်ကြိုးစားခဲ့ဖူးပါသည်) အဲဒါဘူလေးလဲ…… ဘူလေးလဲ။ ကျမတို့တောရွာမှာအ
      ရင်ကမှုခင်း သတင်းထောက်တယောက်ရှိခဲ့ဖူးတယ်။ ရဲထက်တောင်သူ့ကိုကြောက်ရသေးတယ်။
      အခုတော့လဲသူက အမြင်မှန်ရသွားလား မသိပါဘူး။ကောင်းရာကောင်ကျိုးလုပ်နေတယ်လို့တော့
      ကြားပါတယ်၊ ဘယ်အချိန်သူ့အကျင့်ပေါ်မလဲတော့မသိဘူး။ ဥပဒေအကြောင်နားလည်နေတာကိုယ်
      တိုင်စာအုပ်ဖတ်လို့လား၊ ကိုတွေ့အဖြစ်အပျက်ကြောင့်လား။ဆက်ရေးပေးပါအုံး

  • htet way

    July 22, 2012 at 8:33 pm

    ကျွန်တော်က ဥပဒေ အရာရှိ မဟုတ်ပါဘူး
    သို့သော် ကိုယ်နဲ့ ဘဝတူ စာပေသမားတွေ တရားစွဲခံရမှာ စိုးလို့ ပြောမိတာပါ
    ပြောရေး ဆိုခွင့် ရှိသူလည်းမဟုတ်ပါဘူး
    ကျွန်တော်က စာပေဝါသနာကြီးသူ တစ်ယောက် ဖြစ်သလို စာပေအပေါ် သံယောဇဉ်ကြီးသူတစ်ယောက်လည်း ဖြစ်ပါတယ်။
    ဥပဒေ အကြောင်းကတော့ ရှေ့နေလောက် တတ်တယ်လို့ပဲ ကြွားပြောရတော့မှာပဲ
    ညီမလေး စာတွေကို သေချာ ဖတ်ကြည့်ရင် လူတစ်ယောက်ရဲ့ အရည် အချင်းနဲ့ စိတ်ကို
    မြင်သာနိုင်ပါတယ်။
    စောစောက ပြောတော့ မူခင်း သတင်းထောက် တစ်ယောက်ကို ရဲထက်ကြောက်ရတယ်ပြောတယ်နော်
    မူခင်း သတင်း ထောက်ဆိုတာ ကြောက်စရာမလိုပါဘူး သူက မူခင်းကျဆင်းပညာပေး သတင်း ထုတ်ပြန်ရေး လုပ်နေသူမို့ လေးစား သင့်ပါတယ်။ ဒီထဲမှာ စုန်းပြူလည်းရှိနိုင်ပါရဲ့
    သေချာအောင် သတင်းထောက်ဆိုတာ ဆိုတဲ့ ဆောင်းပါးလေး ဂေဇက်မှာ ပြန်ဖတ်စေချင်ပါတယ်။
    ကျေးဇူးတင်ပါတယ် ခင်ဗျား

  • သန်းထွဋ်ဦး

    July 22, 2012 at 8:45 pm

    တရားရေး ဝန်ထမ်းများကို ပြန်လည်၍ ဥပဒေရေးရာ ပြန်
    ဖတ်စေချင်မိ၏။

  • htet way

    July 22, 2012 at 8:54 pm

    ဆရာသန်းထွဋ်ဦးခင်ဗျား
    တကယ်ပြောရရင် ခင်ဗျား ပြောတာ အမှန်ပဲဗျ
    ဒီလို လိမ်လို့ လည်းရတယ် ဘာမှ မဖြစ်ဘူး
    ဖြစ်ပုံတွေကတော့ ဗျာ…………………

  • kai

    July 23, 2012 at 4:14 am

    ယူအက်စ်..ကိုလိုရာဒိုမှာ. လူတယောက်က..ရုပ်ရှင်ရုံထဲဝင်.. လူ၁၂ယောက်သေပြီး.. ၅ဝလောက်ဒဏ်ရာရအောင်.. သေနတ်နဲ့ပစ်သွားတယ်..
    ပြန်အထွက်… ကားပါ့ကင်မှာ..သူ့ကို.. လက်နက်တွေနဲ့.. လက်ပူးလက်ကြပ်မိပါတယ်..
    တရားရုံးကို…. မနက်ဖြန်မှာထုတ်.. တရားစွဲမယ်ပြောနေကြတာပါပဲ..
    ဆိုတော့…
    တရားရုံးက မဆုံးဖြတ်သေးသမျှ.. သူဟာ.. တရားခံမဟုတ်သေးကြောင်း.. တရားခံလို့.. မီဒီယာတွေက.. မရေးရကြောင်း…။ Shooting suspect လို့ရေးကြကြောင်း…
    တရားခံလို့ရေးလိုက်ရင်. တရားရုံးကို.. မထီမဲ့မြင်လုပ်ရာဖြစ်ကြောင်း…

    မြန်မာပြည်.. အနောက်ဖက်ကမ်းခြေအရေးအခင်းမှာ.. တချို့မီဒီယာတွေ ပုံနှိပ်စာတွေမှာ.. သုံးစွဲခဲ့တဲ့.. အရေးအသားများကို.. ပြန်စိစစ်ကြည့်ကြစေလိုကြောင်း.. 🙂

    =
    Shooting suspect’s gun range membership rejected
    CBS News – ‎39 minutes ago‎

    (AP) AURORA, Colo. – Shooting suspect James Holmes applied to join a Colorado gun range last month but never became a member because of his behavior and a “bizarre” message on his voice mail greeting, the range’s owner said Sunday

    • etone

      July 23, 2012 at 10:26 am

      မနက်က အဲ့သတင်းဖတ်လိုက်ရတယ် …. ။ ဒီလူငယ် စိတ္တဇ လူသတ်သမားပဲ ….. ။ 🙁

    • Wai Phyoe

      July 23, 2012 at 11:08 am

      အာ…ဒီလိုဆိုတော့လည်းတစ်မျိုးကြီးပါလား။ဒါဆိုတရားရုံးမှာမှမျက်စိပါတာပေါ့ မှူခင်းဖြစ်တဲ့ဘေးနားကလူတွေကမျက်စိမပါဘူးပေါ့။ မြန်မာပြည်အနောက်ဖက်ကမ်းခြေအရေးခင်းမှာ ဒီလောက် လူတွေသတ်ဖြတ်၊မြို့လုံးကျွတ်မီးရှိူ့တာ တစ်တိုင်းပြည်လုံးကိုယ်တွေမြင်တွေ့နာတာကို “တရားခံ”လို့ခေါ်လို့မရဘူးပေါ့နော်…………..”Suspect” သံသယရှိတယ်လို့ပဲဖော်ပြရတာပေါ့နော်
      ပာုတ်လား……………………

  • အဂျစ်

    July 23, 2012 at 6:29 am

    AN;သဂျီးက မန်းလိုက်ရင် ထိတာပဲ ၊ နားမလည်လို့ ဖတ်ပဲဖတ်နေတာ မန်းဖို့ကတော့အဝေးကြီး (တကယ်) (U)htet way in MDG လို့ရေးရင်ရှယ်ဖို့လုံလောက်လား ဦးလေး..

  • etone

    July 23, 2012 at 10:24 am

    ဆရာထက်ရေ တရားရုံးကိုလေ … မထီမဲ့မြင်ပြုတာ …. တရားဥပဒေတွေ ၊ ပုဒ်မတွေကို နားလည် ယဉ်ပါးနေသူ အများစုပါပဲ ။
    တရားရုံးနဲ့ ပတ်သတ်မှုမရှိ ၊ knowledge မရှိတဲ့ သာမန်လူတစ်ယောက်အတွက်တော့ ၊ ထိပါးစော်ကားတဲ့ အရေးသားမျိုး ရေးချင်လျှင်တောင် ဘယ်ကစရေးရမှန်း မသိလို့ပါပဲ … ။ (ဥပမာပြောတာနော် …. တရားရုံးကို ထိပါးစော်ကားတဲ့ အရေးသားရေးဖို့ ကြံစည်နေတာ မဟုတ်ရပါဘူး .. ဂယ်ဘာ .. ဂယ်ဘာ 😛 )

    ဆရာထက်ရေ .. နောက်တစ်ခုကလေ … စာရေးသူတွေ ဂျာနယ်လစ်တွေ ဘက်ကလည်း တရားရုံး၏ ဂုဏ်ကျက်သရေကို ထိခိုက်စေသော ၊ တရားရုံးအပေါ်တွင် အထင် အမြင်မှားယွင်းသေး သိမ်စေနိုင်သော အရေးအသားမျိုးကို ရှောင်ကြဉ် ပြီး ရေးသင့်သလို … တရားရုံးကလည်း … အရိုသေပျက်စေမယ့် ခြစား လာဘ်စားမှုမျိုးမပါတဲ့ စီရင်ချက်မျိုးချပေးပြီး … အကြည်ညိုခံသင့်တာမျိုးပါ ။

    အကြောင်းကြောင့်အကျိုး … အကျိုးကြောင့် အကြောင်း … ဆက်စပ်နေတာကို ဆိုလိုခြင်းပါ … ။ 😀

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 23, 2012 at 10:35 am

      အလို!!!!!!!!!!!!!!!!!!!!!!!!
      အပေါ်ဂ ဘွားဒေါ်ဂျီးနဲ့ ကျုပ်က
      ဘယ့်နှယ့်ကြောင့် အာဘော်တူသွားရသဒုံး

  • မိုက်ကယ်ဂျော်နီအောင်ပု

    July 23, 2012 at 10:33 am

    ရည်ညွှန်းတာကတော့ မှု့ခင်းအကြောင်းအရာတစ်ခုမှာ ဘောင်အတွင်းကနေ
    ဝေဖန်ပိုင်းခြားလုပ်ဆောင်ဘို့ ဥပဒေတွေကို ပြောပြတယ်လို့ မှတ်ယူမိပါတယ်
    သိုင်းကယူးဘာဗျာ
    ဒါပေသိ ဘယ်သူနဲ့မှမတူအောင်ပြောရအုန်းမယ့်တာဝန်ကလည်း ရှိလာဗျန်ရော
    ( ဒါဂ ကိုယ့်ဖာသာ တာဝန်ရှိသလိုလို ဘာလိုလို ရာဒူးတပ်တာ 😀 )
    တရားရုံးထဲကိုရောက်သွားပါပြီတဲ့ အနှီးအဲ့သည်တရားရုံးထဲမှာ တရားသူကြီးဆိုတဲ့သတ္တဝါက
    အကောင်အကြီးဆုံးဆိုတဲ့သဘောတော့ဆောင်ပေမပေါ့
    ဒါ့ကြောင့်လည်း သူလာရင်အကုန်လုံးမတ်တပ်ထပြီး အလေးပြုရတယ်ခေါ်မလား
    ဘာလို့ခေါ်ရမဒုံး
    ဆိုခဲ့ပြီးသလို မှု့ခင်းအကြောင်းရာတစ်ခုမှာ တရားသူကြီးမဟုတ်တဲ့ ရှေ့နေတွေ နောက်နေတွေ
    စာနယ်ဇင်းတွေ သဒင်းသမားတွေက ဖေါ်ပြပြီးပါအတိုင်းလိုက်နာကြတာကတော့ ဟုတ်ပါပြီ
    အနှီး အကောင်ကြီးကြီးအမြီးရှည်ရှည်နဲ့ တရားသူကြီးဆိုတဲ့ သတ္တဝါက
    မှု့ခင်းအပေါ်မှာ အကြံဖန်လုပ်ထားရင် သူ့ကို ( တရားသူကြီးကို ) ဘယ်လိုများ
    ခြေမှုံးလို့ရနိုင်မလဲဆိုတဲ့ သဘောလေးလည်း ရေးသားပေးစေလိုပါတယ်ခင်ဗျ
    မဟုတ်လို့ကတော့ တရားသူကြီးမဟုတ်တဲ့သူတွေက တရားရေးမှာ ပေါက်ကရမလုပ်ရဘူး
    ဟိုလိုဖြစ်လိမ့်မယ် ဒီလိုဖြစ်လိမ့်မယ် လို့ဆိုထားပြီး
    တရားသူကြီးကိုကြတော့ ကွက်ချန်ထားတဲ့သဘောလေး ရှိနေသလိုဖြစ်နေလို့ပါခင်ဗျား

    • မိုက်ကယ်ဂျော်နီအောင်ပု

      July 23, 2012 at 10:37 am

      အပေါ်ဂ အကြောင်းကို ကျုပ်က အပေါ်က အဖွားကြီးထက်အရင်ပြောတာ
      ကျုပ်လေရှည်နေလို့ သူ့နောက်ရောက်သွားတာ
      ခရက်ဒစ်မပေးနိုင်ဘူး 👿

      • etone

        July 23, 2012 at 11:25 am

        ရဝူး … ရဝူး … … အဘပုနော် ……. လူဂျီး ဖြစ်ပြီး …. လူလည်မကျနဲ့ …
        ခရက်ဒစ်လည်းပေး ၊ ခရက်ဒစ်ကဒ်လည်းပေး…….. ခရက်ရှာလေးလည်းပေး …ဂလုဂလု 😆

  • htet way

    July 23, 2012 at 8:36 pm

    အနှီး အကောင်ကြီးကြီးအမြီးရှည်ရှည်နဲ့ တရားသူကြီးဆိုတဲ့ သတ္တဝါက
    မှု့ခင်းအပေါ်မှာ အကြံဖန်လုပ်ထားရင် သူ့ကို ( တရားသူကြီးကို ) ဘယ်လိုများ
    ခြေမှုံးလို့ရနိုင်မလဲဆိုတဲ့ သဘောလေးလည်း ရေးသားပေးစေလိုပါတယ်ခင်ဗ

    ဒီခောတ်ကတော့ သိပ်ကိုရေးလို့ ရတာပေါ့ဆရာ မိုက်ကယ်ဂျော်နီအောင်ပုခင်ဗျား
    မမှန်မကန် လုပ်ရင် လည်း တိတိကျကျလေး အချက်အလက်ယူပြီး ရေးရမှာပေါ့။ ကျွန်တော်ကတော့
    ပထမဆုံး ဝင်တွေ့လိုက်တယ် ပြောပြတယ် မရရင် အများ သိအောင် ဂျာနယ်မှာ အုပ်တာပဲ ဗျ။
    အခုဆို ရေးနည်း ပဲ အဓိက ကျတယ် လို့ ဆိုချင်ပါတယ် ။ကျွန်တော် ထက်ဆရာက ကျွမ်းပါတယ်
    မကြာခင် ဒီလိုမျိုး ဆောင်းပါး မျိုးရေးမိမလားပဲ။
    အားပေးကြတာ ကျေးဇူးပါ

Leave a Reply