ko speakerJuly 13, 20121min22517
ကိုပါကြီးရဲ့“ကလော၊ အောင်ပန်းမှ ဘာသာရေးဖိနှိပ်မှု” ဆောင်းပါးကို ဖတ်မိ၍  ဒီ Post ကို ရေးလိုက်ရပါသည်။   ထေရဝါဒဗုဒ္ဓဘာသာနှင့် ပစ္စုပ္ပန်ကမ္မဝါဒဗုဒ္ဓဘာသာ မိုးပြာသည် ဗုဒ္ဓဟောကြားသည့်တရားအပေါ် ဘုရားဟော ဟုတ်၊ မဟုတ် သတ်မှတ်ချက်မတူမှုနှင့် ဘုရားဟောအပေါ်ဖွင့်ဆိုမှု မတူကြသော မဟာယာန၊ လာမား၊ ဇင်ဗုဒ္ဓဘာသာတို့ကဲ့သို့ သီးခြား ဗုဒ္ဓဘာသာအယူဝါဒကွဲများဖြစ်ကြောင်း တွေ့ရပါသည်။   ထေရဝါဒသည် သေပြီးနောက်ကိစ္စများကို အဓိကထားလမ်းညွှန်ပြပြီး ပစ္စုပ္ပန်ကမ္မဝါဒသည် လူရှင်သန်နေစဉ်အတွင်း အမှုကံတွေကောင်းအောင်နေတတ်ဖို့ကို အဓိကထားလမ်းညွှန်ကြောင်း တွေ့ရပါသည်။ ထေရဝါဒသည် သေပြီးနောက်ကိစ္စများကို ဘုရားဟောသည်ဟု ယုံကြည်ကြပြီး ပစ္စုပ္ပန်ကမ္မဝါဒသည် အဗျာကထာနတရားတော်များအရ သေပြီးနောက်ကိစ္စများကို ဘုရားမဟောပါဟု ယုံကြည်ကြကြောင်းတွေ့ရပါသည်။   ထေရဝါဒသည် ဘုရားဟောပါဠိတော်တို့ကို ပရမတ္တသစ္စာဖြစ်သော ရုပ်၊ နာမ်ရှုမှုများဖြင့် ဖွင့်ဆိုနားလည်ပြီး ပစ္စုပ္ပန်ကမ္မဝါဒသည် ဘုရားဟောပါဠိတော်တို့ကို အရိယသစ္စာဖြစ်သော လူ့အမှု […]


ko speakerJuly 3, 20121min15414
တစ်လောက ရိုက်တာသတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ သေလုမြောပါး ဝေဒနာ ခံစားနေရသော ရစ်ငှက်တစ်ကောင်ကို ဗြိတိန်ဘုရင်မကြီး အဲလစ်ဇဘက်က လည်မျိုညှစ်သတ်သောသတင်း ဖြစ်သည်။ ယင်းသတင်းကို ဆန်းဒေးမိရာသတင်းစာ၌ ဓာတ်ပုံများဖြင့် ဖော်ပြထားသည်။ သေအံ့မူးမူး ဖြစ်နေသော ရစ်ငှက်တစ်ကောင်ကို ဘုရင်မကြီးက လည်မျိုညှစ်သတ်သော သတင်းသည် အင်္ဂလန်နိုင်ငံ၌ အတော်ကလေး ဂယက်ရိုက်ခတ် သွားစေခဲ့သည်။ အင်္ဂလန်နိုင်ငံ နော့ဖို့ရှိ ဆန်ဒရင်ဟမ…်ဘုရင့် နန်းတော်ဝင်း၌ ဖြစ်ပျက်သည့် အဖြစ်အပျက် ဖြစ်သည်။ ဝေဒနာခံစားနေရသော ရစ်ငှက်ကို ဘုရင်မကြီးက လည်မျိုညှစ်သတ်နေစဉ် မင်းသား ဖိလစ်နှင့် ဧည့်သည်တော်များလည်း ကြည့်ရှုနေကြသည်ဟု ဆန်းဒေးမိရာ သတင်းစာက ဖော်ပြထားသည်။ ဆန်းဒေးမိရာ သတင်းစာ၌ ယင်းသတင်း ပါလာသောအခါ တိရစာ္ဆန်များကို ညှင်းပန်းသတ်ဖြတ်ခြင်း ဆန့်ကျင်ရေးလှုပ်ရှားမှု အသင်းဝင်များက ဘုရင်မကြီး၏ လုပ်ရပ်ကို ဆန့်ကျင် ကန့်ကွက်ကြသည်။ […]