sthukyaw minDecember 17, 20121min1316
အကိုတို့ ကျိုက်ထီးရိုးဘုရားကိုထူးထူးခြားခြားလေးဖြစ်သွားအောင် ကျိုက်ထီးရိုးကုန်းပေါ်ကို ခြေလျှင်တက်မယ် နော်အသဲ………(အာ  ချစ်စဖွယ်အမူရာလေးနဲ့) အာ အကိုကလဲအဲလောက်အမြင့်ကြီးကို မတက်ချင်ပါဘူး…ကားလဲရှိနေတာပဲ ကားနဲ့တက်မှာပေါ့ မဟုတ်လား…..   အင်း ဟုတ်တော့ဟုတ်ပါတယ် …ဒါပေမဲ့ ဘုရားကြိုးစားပြီးဖူးရာရောက်အောင်လို့ ခြေလျှင်တက်ဖူးချင်တယ်လေ..မင်းမောရင် အကိုကူတွဲခေါ်မယ်ကွာနော်….((အာ အကိုကလဲ မတက်ချင်ပါဘူး….ကားနဲ့ပဲတက်မယ်…..နော်အကို …..)အရမ်းပျော်ဖို့ကောင်းမယ်ထင်လို့ပါ…..နောက်လေ….ဘဝတစ်ခုကို အတူတွဲလျောက်ဖို့အတွက်…မင်းပင်ပန်းနွမ်းနယ်နေတဲ့အခါ အကိုဘယ်လို ဖေးမ ကူညီမယ်   မင်းအမောတွေကိုဖြေပေးမလဲဆိုတာကိုသက်သေပြချင်လို့ပါကွာ…..မင်းလမ်းမလျှောက်နိုင်ရင် အကိုထမ်းခေါ်မယ်လေသိလားအသဲ…((ဒါဆိုလဲ အကိုသဘောပဲ ကျွန်မကတော့ နည်းနည်းလမ်းလျှောက်ပြီး အကိုပဲထမ်းခိုင်းမယ်…)) ဒါဆိုတကယ်ပြောတာနော် …အင်း  ပြောတာပြောလိုက်ရတာပါကွာ အကိုလဲမင်းလေးပင်ပန်းမှာကို အကိုမြင်ယောင်နေပါတယ်……တကယ်ပြောတာပါ…..အကိုမင်းကိုဘယ်လောက်ချစ်တယ်ဆိုတာကိုသက်သေပြချင်လို့ပါ…..((ကဲပြီးတာပဲလေ အဲဒါဆိုလဲ)) ဟိုမှာ အဝေးကြိးမှာ မြင်နေရတယ်အသဲ…..အရမ်းကိုကြည်ညိုစရာ ကောင်းတာပဲနော်..ကြည့်ပါဦးကွာ အကိုတို့ရဲ့ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်ကြီးလေ ..((ဟုတ်တယ်နော်အကို))  မြူနှင်းငွေ့လေးတွေတလွင့်လွင့်နဲ့   ရီဝေရစ်သိုင်း မှုံရီနေတဲ့ ကောင်းကင်ကြီးနောက်ခံထားပြီး   ရွှေရောင်တောက်နေတဲ့ ကျိုက်ထီးရိုးဘုရားကိုမြင်ရလား အသဲ ((ဟုတ်အကို မြင်ရတယ်လေ.)) သိပ်ပြီး […]