သချီးမင်းနှင့်တကွရပ်မိရပ်ဖရွာသားအပေါင်းတို့ခမျ။ ငသာဂိဟာဆိုရင်ဖြင့်ရွာထဲကိုအလွန်စာရေးပေးချင်သူဖြစ်ပါတယ်။ သို ့သော်ညားလည်းကိုပိုင်နပ်ဝပ်မရှိခြင်း၊ အလုပ်ချိန်ကြောင့်သုံးစွဲချိန်နည်းနေခြင်း ၊မြန်မာစာရိုက်မကျွမ်းကျင်ခြင်း(အင်္ဂလိပ်လိုလည်းမပိုင်ပါ) စသည်စသည်တိုကြောင့်အခက်အခဲများစွာရှိနေပါတယ် ။ဖြစ်နိုင်ရင်micro-wordနဲ့ရိုက်လာပြီး ဒီမှာပြန်တင်လို့ရရင်ကောင်းသားပေါ့ဗျာ။ အခုဒီစာကြောင်းလေးတွေတောင်ရိုက်ရိုက်ပြီး သိမ်းထားရတာ၂ရက်လောက်ကြာမယ်ထင်တယ်ဗျ၊ နောက်ပြီးကိုယ်ရေးပြီးသားတွေ ကိုယ်ပဲပြန်ကြည့်ချင်ရင်ဘယ်လိုကြည့်ရလဲဗျ။ လုချီးမင်းများခည Laptopဖြင့်wireless networkသုံးနည်းလေးများသိရင်လည်းမျှဝေပေးစေချင်ပါတယ်။ ဘဇာ့ကြောင့်လည်းဆိုတော့ ဂိဂိရဲ့ဘေးအခန်းမှာ ကိုယ်ပိုင်နပ်ဝပ်ချိတ်ထားတဲ့သူရှိတယ်ဗျ။ ဂိဂိရဲ့ကွန်ပျူတာမှာ အစိမ်းတုံးလေးတွေအပြည့်ပေါ်တယ်ဗျ။ ဘာတွေလိုအပ်တယ် ကိုယ့်ကြောင့်သူ့ကို ဘာတွေထိခိုက်သွားတတ်သလဲဗျ၊ သများကိုမထိခိုက်ပဲသုံးလိုရရင်သုံးကြည့်ချင်ပါတယ်ခည။ ကျွမ်ကျင်မှုကိုမူတည်ပြီးရွာအတွက် အလုပ်လုပ်ပေးချင်သည့်   ဘာရာနကာအာပလာသာဂိ…. အဟိ….  


တစ်ရွာလုံးကလူတွေ ကျုပ်တို့ကျောင်းကိုသတိမရကြဘူးဆိုတော့ ကျုပ်ကိုယ်တိုင်ပဲရွာထဲကိုဆွမ်းခံကြွခဲ့ရတယ်။ဘယ်နှယ့်လဲ လောင်းကြမယ်မို့လားဒကာတို.။အဲ ဟုတ်ပေါင် ကြိုဆိုကြမယ်မဟုတ်လား။ ရွာထဲကို ဝင်မယ်လုပ်တော့ ကျုပ်ကို ကိုရင်ကြီးက အရေးကြီးတဲ့အချက်တွေမှာလိုက်တယ်ဗျ၊ အဲဒါကတော့ အရက်အရမ်းသောက်တဲ့ဦးပေ၊ဦးဗိုက်၊ဖွံဘုရင်ငကြောင် အဲပြီးတော့ မိန်းကလေးဆိုရင်လည်း အပျိုမဟုတ်တဲ့အိမ်ကိုဆွမ်း မခံနဲ့တဲ့။ ေဩာ် အရေးကြီးတဲ့သူကို မိတ်ဆက်ပေးဖို့ မေ့နေတယ်၊ ကိုရင်ကြီးရဲ့နာမည်(အဲ ဘွဲ့ပြောတာ) ကရှောင်နိုင်မှလွတ်မဲ့အသေဝနာစ ဇောက်ထိုး တဲ့။ တာ့တာ…..။  


ကပၸိယ သာဂိJune 26, 20121min1478
စီးပွာရေးမကောင်းကြလို့လားတော့မသိဘူး။ ကျောင်းကိုဘယ်သူမှမလာကြလို့ သာဂိတစ်ယောက်ရွာထဲကို ဆွမ်ခံကြွလာပါပြီ။ ရွာသားတွေ ကျန်းမာလို့ ချမ်းသာကြရဲ့လား။ ကြိုဆိုကြ(အဲလေ)ဆွမ်းလောင်းကြမယ်မို့လား။ ကိုရင်ကြီးကတော့မှာလိုက်တယ်ဗျ၊ ကစော်သမားတွေအိမ်နဲ့ အပျိုလေးမရှိတဲ့အိမ်ကိုဆွမ်းခံမကြွနဲ့တဲ့။ ေဩာ် ကိုရင်ကြီးနဲ့လည်းမိတ်ဆက်ပေးရဦးမယ်၊အသေဝနာစကြောင်ကြီးတဲ့။