~~~~~~~~~~~~ အကြောင်းကံဖန်လာမှ လမ်းတစ်ဝက်မှာတွေ့တာပါ ရမ်းပြီးမထပါနဲ့ ကျွတ်ကျမယ့်အရာတွေအတွက် စိတ်ကလေးတစ်ခုနဲ့မမြင်ရဲဘူး အရူးတွေထူးတာကိုအားကျတတ်ပေမယ့် မရူးရဲသူဆိုတော့လည်း အထူးကော်ဆဲဖို့တော့ မရဲတရဲရယ်လေ စိတ်ကို မာမာထားမလိုပါပဲ ဒါပေမယ့်ပြုတ်လိုက်တော့ ကြက်ဥတစ်လုံးလို ပျော့ရွဲရွဲလေးဖြစ်နေတာ ခက်တယ် မတ်တပ်ရပ်မလို့ဆိုမှ ဖုတ်ဖတ်ခါထတဲ့အခါ အနံ့တွေလှိုင်ထွက်နေတော့ နှာခေါင်းရှုုံ့နေတဲ့လူတွေကြားထဲ ခြေချင်းလိမ်ထားသမျှ ထွက်ကျသွားတဲ့ ကျင်ငယ်တွေက သိပ်နံတယ်မေမေ မြို့ကြီးပြကြီးမှာ ဆီးဝမ်းသွေးလေတွေချုပ် ပထဝီတေဇော အာဘောဝါယောတွေလည်း ဓါတ်ဗူးကြီးလေးလုံးလို ရိုက်ခွဲမရ သလုံးသားဖြူဖြူလေးတွေငေးမရတော့ ဟပ်တက်ကွဲပက်ကြားအပ်နေတဲ့ ရင်ခွင်မှာ စားဖားတွေခုန်ခုန်ထွက်တာခဏခဏ အရောင်မတောက်တဲ့ ခပ်ညစ်ညစ် ပုတက်တစ်ကောင်က ဖွတ်လိုလိုဟန်ဆောင်ဖြတ်လျှောက်သွားတော့ ဖြတ်ခနဲရိုက်ချပြီးအရေနွာတဲ့အခါ အစိတ်သားမပြည့်ပဲ ဟင်းအိုးထဲမှာ အတုံးလိုက်အတစ်လိုက် ရေကူးသွားတယ် မေမေ ရေတစ်ခွက်သောက်ဖို့ ကျိုူချက်ထားသလားမေးတဲ့ပါးစပ်ကို ဘရိတ်အုပ် စမ်းရေမှာ မလေးရီးယားဖြစ်နိုင်မယ့် ပိုးတွေပါမလားနဲ့ ငှက်ပျောသီးလည်းမစားရဲခဲ့ပါဘူးမေမေ ဒါတွေက မဆိုင်တာတွေ မယောင်ရာဆီလူးလိုက်ပြီး ငြိနေတဲ့အောက်ဆုံးအသိစိတ်ကို […]


သံယောဇဉ်အမြစ်တွယ်တာကို အပြစ်လို့ဆိုချင်သူတွေထဲ အပူခံမြစ်တစ်စင်းဖြတ်စီးပစ်တော့ ပင်လယ်ဟာ စီးကြိုဖို့မဝင့်မရဲနဲ့ ရင်ခွင်တံခါးစေ့ထားလေရဲ့ ခပ်ဟဟလေးစေ့ထားတဲ့ တံခါးရွက်နှစ်ချပ်မှာ ကိန်းဂဏာန်းသရုပ်ဖော်မှုက ဆမတူဘူး ရာဂဏာန်းဖြစ်ပြီး မွေးဖို့သင့်မသင့် တွေးတော့ ထွေလီကာလီနဲ့ အာရုံစားတယ် အက္ခရာလွဲတဲ့သဏ္ဍာန်က ရှေ့နောက် အချိန်ပြပုဒ်တွေမှားပြီး ဖြစ်သည်ရှ်ိသည်ကိုတောင် တည့်အောင်ပြောဖို့ခက်နေတဲ့အချိန်မှာ ငိုဖို့ကြိုးစားနေမလား နားလည်စွာတိမ်ပါးသွားတဲ့ကောင်းကင်မှာ လမသာတာလည်း သိတယ် စိတ်လှုပ်ရှားပြီးချဖြစ်တဲ့ သက်ပြင်းတွေကို အရိပ်တကြည့်ကြည့်နဲ့ လမ်းဘေးမှာ ရပ်တန့်မရ အဲဒီခြေအစုံကို ရိုက်ချိုးဖို့အထိ စဉ်းစားတော့ အလိုကြိ်ီးပြီးအရနည်းတဲ့ ခေတ်ကိုမြင်တယ် ခိုးယူပေါင်းသင်းခြင်းခံလိုက်ရတဲ့ စိတ်တွေပဲ ဒါပေမယ့် အလိုတူစွာနမ်းရှ်ိုက် ရှူလိုက်တိုင်းကိုယ်သင်းနံ့မှာ အတိတ်ကအရိပ်တွေအသစ်ဖြစ်တော့ အိပ်မပျော်တဲ့ညဟာ သံသရာလည်နေရ ခါးတယ်လည်းမဆိုးသာပဲ တဝါးဝါးသမ်းဝေနေတဲ့ နေ့ကြိ်ီးဟာ စားရခက်ခက်နဲ့ ဝါးလိုက်ရတာပဲ တစ်ယောက်တစ်မျက်နာကြည့်ပြီး အားနာရတဲ့အပြုံးနဲ့နုတ်ဆက်တဲ့ တစ်နေ့တစ်ကြိမ်မှာ ခပ်ဖျော့ဖျော့ဟာသွားနေဆဲ လိပ်ပြာက မနူးမနပ်နဲ့ ရာသီမှားပေါက်ဖွားတယ် အရိပ်ကိုကြည့်ပြိ်ီး […]


အဆိပ်တက် အိပ်မက်တွေခဝါချပြီး ရေထဲလျှော်ဖွတ်ပစ်တဲ့နေ့က အုန်းဆံလိုဖြူဖြူဖွေးတဲ့စိတ်တွေပါသွားတယ် အမြင်ကျဉ်းနေတာမဟုတ်ဘူး အကျဉ်းတွေချည်းမြင်နေရတာ မသာကိုသနပ်ခါးလူးတာ လှဖို့လိုလို့လားမေးတော့ ဘုကြည့်ပြန်ကြည့်ကြ သေပြီးမှ ရေချိုးပေးနေကြတာများ ကျောက်ရုပ်ကိုအသက်သွင်းသလို အို့ အို အေး တေးသီမဆိုတာပဲ ကံကောင်းလှပေါ့..။   ပြောင်းပြန်သက်ရောက်နေတဲ့ လောကတစ်ဖက်ခြမ်းမှာ လူဟာ လူပြန်ဖြစ်ဖို့မသေချာဘူး ငိုနေတဲ့ငှက်အချို့က အပင်အိုမှာ ညည်းတွားရင်း အိပ်တန်းကိုမေ့ ကြက်အချို့ကပျံသန်းချင်နေပြီး ဘဲတစ်အုပ်က ရေကူးဖို့ခြေထောက်ညောင်းနေတယ် ကစားကွင်းပျောက်နေတဲ့ ကလေးတွေ မိုးတိုးမတ်တပ်ရပ်ပြီး လက်ဖြန့် လူကြီးတွေခွက်ဆွဲပြီး အယောင်ပြ နောက်ကွယ်မှာ စကားလုံးတွေနဲ့ နံရံတွေကို အော်သွားတော့ မိုးချုပ်နေဝင် လျှပ်စစ်မီးလက်ဖို့ မိန်းတွေချထားတာပဲ ကြာပေါ့။   လမ်းမကြီး ရင်ဘတ်ပြဲနေတာ သူ့ရင်ဘတ်နှစ်ခြမ်းပါ ပြဲပြဲစင်လို့ စပ်ချုပ်ထားတဲ့ ဖာတစ်ရာ ပေတစ်စ အကျီလို အကွက်အကွက်တွေနဲ့လှ သနပ်ခါးပါးကွက်ကျားကွက်ထားတဲ့ အပျိုလေးလို […]


(၁) သည်ရွာကလေးအေးဆေးလွန်းသည်။ စိမ်းလန်းသော တောင်တန်းများနှင့် ရွာပတ်လည် ယာခင်းများက သည်ရွာ၏ အလှကိုပံ့ပိုးပေးထားသည်။ မြေနီနီလမ်းလေးတစ်လျှောက် ဖုန်မည်မျှထူပါစေ ရွာထဲရောက်လျှင်တော့ စိတ်အမောတွေ တစ်ဟုန်ထိုးလျှောကျသွားရစမြဲ။ ရွာသူ ရွာသားများ၏ နူးညံ့ဖော်ရွေမှု၊ ဧည့်ဝတ်ကျေပွန်မှုတွေနှင့်တင် မောသမျှ ပမ်းသမျှပြေပျောက်သွားရသည်။ ဒါက ပြီးခဲ့သော တစ်နှစ်နှစ်ခန့်က။ ခုတော့ ရွာထဲဝင်လိုက်သည်နှင့် မာထန်နေသော မျက်နာများက အိမ်တိုင်း အိမ်တိုင်းဆီမှာ။ မလိုလားသည့်အရိပ်အရောင်တွေကိုယ်စီကိုယ်ငှနှင့်အရင်လို အရယ်အပြုံး မျက်လုံးတွေနှင့် မကြိုတော့။ ရွာကိုမည်သည့်အရာတွေက ပြောင်းလဲပစ်လိုက်သလဲ မပြောတတ်။ အထူးခြားဆုံးက စိတ်သဘောထား နူးညံ့လှသော ရွာလူကြီး ဦးမော်ရယ် ပင်ဖြစ်သည်။ ဦးမော်ရယ် မည်သည့်အကြောင်းကြောင့် သူတို့အဖွဲ့ကို ရွာထဲမလာစေချင်ရတော့သည်လဲ။ မလိုလားသည့် စကားများပြောလာရသည်လဲ။ သူ သိချင်နေသည်။ သူတို့အဖွဲ့သားတွေလည်း သိချင်နေသည်။ သို့သော် မည်သူမျှ ထုတ်ဖော်မမေးကြ။ လူဖြောင့်စိတ်တိုဖြစ်သူ […]


  ညနေခြောက်နာရီထိုးတော့မယ်ဆိုရင်မယ်ရင့် စိတ်တွေလှုပ်ခတ်နေပြီ။ ခြေလက်မျက်နာသန့်စင်ရုံပဲ သန့်စင်နိုင်ပြီး အကြီးကောင်ကိုမြန်မြန်လှမ်းခေါ်ရတယ်။ အရေးအကြောင်းဆို အကြီးကောင်လည်း အိမ်မှမရှိတတ်ဘူး။ ပျောက်ရင်အိမ်နောက်ဘေးလမ်းမှာ ချည်းပဲ။ မယ်ရင် ခြံစည်းရိုးပေါ်ကနေ လှမ်းခေါ်မှ မျက်နာစူအောင့်အောင့်နဲ့မလာချင်လာချင်ပြန်လာတာ။ ဒီလိုဆိုရင်တော့ လာထားပဲ။ မယ်ရင့်လက်ကလည်းမြန်သလားမမေးနဲ့ အကြီးကောင်ရဲ့ခေါင်းကိုဒေါက်ခနဲခေါက်ချပြီး မယ်ရင် သိချင်တာကို ခိုင်းရတယ်။   “သွား အဘရုံဒီနေ့ညဘာကားလဲလို့၊သေသေချာချာဖတ်ခဲ့နော်၊ လွဲလို့ကတော့ အသေပဲ၊ သွားမြန်မြန်“ အကြီးကောင်က မဲ့တဲ့တဲ့ထွက်သွားပြီဆိုမယ်ရင် အငယ်နှစ်ယောက်ကို ခေါ်ရပြန်တယ်။ အငယ်နှစ်ယောက်ကလည်း အကြီးကောင်လိုပဲ နောက်ဖေးလမ်းကြားထဲမှာကျွတ်ကျွတ်ကိုညံအောင် ဒီး ကူ ဒီး ကူ ဒိုင်း ဒိုင်းလို့ အော်နေတုန်း။ နေပါလေ့စေဦး..။   (၁)   “ ဒါက ဘယ်လဲ“   ကျွတ်။ နေ့တိုင်းလည်း မယ်ရင်ညနေခြောက်နာရီကျော်ရင် ဘယ်သွားမလဲဆိုတာသိနေရက်နဲ့ထပ်ထပ်မေးတာလောက် စိတ်ပျက်တာမရှိဘူး။မေးလိုက်ရင် […]


လူဖြစ်ရခြင်း၏ ဒုက္ခကို ကျွန်မတော့ ကောင်းကောင်းကြီးခံစားဖူးပြီ။ ထိုအထဲမှာမိန်းမသားဖြစ်ရသော ဘဝကို ရွံရှာစက်ဆုပ်လာမိပြန်သည်။ ထိုအတွေးကိုမတွေးမိအောင် နေခဲ့ရင်းမှ ယနေ့ညအော်နေသောသံဆိုးသံကြောင်များကြောင့် ဆက်လက်တွေးတောမိရသည်။ နားနှစ်ဖက်ကိုပိတ်ဆို့ထားသည့် ခေါင်းအုံးထူထူသည်ပင် ထုတ်ချင်းပေါက်သည့် ထိုအသံများကို ကျွန်မမကြားချင်။ ည ရှစ်နာရီသာရှိသေးသော်လည်းတိတ်ဆိတ်ငြိမ်သက်နေသော ကျွန်မ၏ အိမ်သည့် ခြောက်ခြားစရာကောင်းလွန်းသည်ဟုထင်သည်။ ကျွန်မ၏ အိမ်ကလမ်းမကြီးဘေးတွင်ကပ်လျှက် တည်ရှိသည့်တိုင် သည်ညတိတ်ဆိတ်လွန်းလှသည်။ ရံဖန်ရံခါ ဖြတ်သန်းသွားသောဆိုင်ကယ်သံများပင်လျှင် မကြားရ။ သို့သော် နားစည်တွင် လာလာရိုက်ခတ်နေသောအသံများကိုဆက်တိုက်ကြားလာနေရသည်။ ကျွန်မစိတ်ကို ကျွန်မအတတ်နိုင်ဆုံးထိန်းချုပ်ထားလျှက် အခန်းပြင်ကိုမထွက်မိအောင် အောင့်အည်းနေရသည်။ ထိုဒုက္ခသည် ကျွန်မအတွက် မသေးလှ။ ကျွန်မအိပ်ခန်းအပြင်ကိုခြေကျွံမိလျှင် ဘာတွေဖြစ်လာမလဲမပြောနိုင်။ ထိုအသံများရပ်တန့်သွားအောင် ကျွန်မဘယ်လိုနည်းနှင့်မှ မစွမ်းဆောင်နိုင်သည်ကတော့ သေချာသည်။ ဒါသည်ပင် မိန်းမသားဖြစ်ရသောမိန်းမတစ်ယောက်၏ ဒုက္ခဟု ကျွန်မခံယူထားရသည်။ (၁) နံနက်တွင်တော့ သူဟူသော ကျွန်မခင်ပွန်း၏ မျက်နာသည် တည်ကြည်လေးနက်လွန်းသည်။ ကျွန်မ၏ […]


ကျွန်တော့်မှာ ပြန်ထိုင်ရမလား၊ထလက်စနဲ့ ထွက်ပဲလာခဲ့ရတော့မလား မသိဖြစ်နေတာ။ သူ့ကိုကြည့်တော့လည်း စကားတွေ အများကြီးဆက်ပြောချင်နေသေးတဲ့ပုံ။ တစ်ဖက်သားမှာ ပြောစရာတွေနဲ့ပါလားလို့ သိရတော့ ကျွန်တော့် ဘာလုပ်ရမှန်းမသိဘူး။အပြင်ဘက်ကနေလဲ ဟိုကောင်ကလည်း ခေါ်နေပြီ။ နောက်ဖုန်းထဲမှာလည်း နံပါတ်တစ်ခုရဲ့ MissCall တွေက လေးငါးကြိမ်ခန့်ဝင်ထား ပြီးပြီ။ ဒီတော့ တစ်ခုခုကိုတော့ ကျွန်တော် ဆုံးဖြတ်ရတော့မယ်။အပြင်ဘက်က ခေါ်နေတဲ့ ဟိုကောင်ကလည်း ခုထိုင်နေတဲ့သူ မသိအောင် စောစောက တိုးတိုးလေးကပ်ပြောသွားတယ်။ “ အောင်ရဲ မသိစေနဲ့“ တဲ့။ပြီးတော့ Message ဝင်လာတယ်။ စောစော ဝင်ထားတဲ့ Miss Call နံပါတ်ကြီးနဲ့ပို့လာတယ်။ ဖွင့်ဖတ်ကြည့်တော့။ “အောင်ရဲမသိစေနဲ့၊ အရေးကြီးတယ်“ တဲ့။ ကျွန်တော်ပြန်ပြီး Message ပို့လိုက်တယ်။ “အေးနင်အခြေအနေကိုကြည့်ထိန်းထားလိုက်ပါ။ ငါတို့ခုလာခဲ့မယ်“ ################### ဖုန်းကအဆက်မပြတ်မြည်နေတော့မကိုင်ချင်ကိုင်ချင်နဲ့ပဲ ဘယ်သူ့ဆီကဖုန်းလဲလို့ နံပါတ်ကိုကြည့်တယ်။ ထူးခြားလွန်းနေတဲ့နံပါတ်တစ်ခုကိုတွေ့တော့ […]


(၁) ကျွန်တော် သူ့ကိုတွေ့တော့ မျက်ကွင်းလေးတွေညိုနေတယ်။ မဟုတ်ဘူး။ မျက်ခမ်းအောက်ဘက်လေးတွေပိုညိုနေတာဗျ။ ပိန်တယ်ဆိုတာ သူ့ရဲ့ ပင်ကိုယ်အနေအထားတစ်ခု။ မမြင်ရတာကြာသွားပေမယ့် သူ့ ခန္ဓာကိုယ်ကို ပိုပြီး ထူးခြားမလာစေခဲ့ဘူး။ ကျွန်တော်မျှော်လင့်ခဲ့တဲ့ သူ့သွင်ပြင်ဟာ လန်းဆန်းခြင်း၊ တက်ကြွခြင်းတွေနဲ့အပြည့်လို့။ ဒါတွေကိုခုချိန်မှာ မမြင်ရဘူးလားမေးရင် မြင်ရပါတယ်။ ဒါပေမယ့် ပါးပါးလှပ်လှပ်လေး။ သူ့ရောက်နေတယ်ဆိုတဲ့ အကြောင်း ဖုန်းဆက် စကားပြောမိကြတော့ ကျွန်တော် သူ့ကိုတွေ့ချင်စိတ် တော်တော်ပြင်းပြလာတယ်။ ဒါဟာ ကြာသပတေးညနေခင်းတစ်ခုရဲ့ ပြန်လည်ဆုံတွေ့ခြင်းအထိမ်းအမှတ်တစ်ခု။ သူနဲ့တွေ့ဖို့ ကျွန်တော်တို့ပြင်ဆင်တာ သုံးနာရီခွဲကြာသွားတယ်။ ဘီလူးချောင်းဘေး ရွှေခြင်သေ့စားသောက်ဆိုင်ကြီးမှာ ဘီယာလေးစုပ်ရင်း အတူပါလာတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားတွေပြောရင်း ညဦးပိုင်းအချိန်တွေကို ကုန်ဆုံးစေတယ်။ နာရီဟာ အချိန်မှန်လည်ပတ်မြဲပါပဲ။ ကျွန်တော့်စိတ်တွေကသာ စောနေတော့ စောင့်ဆိုင်းရတဲ့အချိန်တွေဟာ ကြာလွန်းနေခဲ့တယ်။ အဲဒီဆိုင်လေးကနေ အနောက်တောင်ယွန်းယွန်းက မြင်နေရတဲ့ တောင်ကွဲစေတီကိုဘက်ကိုကြည့်ပြီး တစ်ချက်တစ်ချက် […]


(၁) မနက်မိုးမလင်းသေးဘူး။ ဒါပေမယ့် သူ ဒူးနှစ်လုံးထောင်ပြီး အင်တာနက်ထိုင်သုံးနေပုံက အမြင်ကပ်ချင်စရာ။ ပါဝါမျက်မှန်ကြီးတကားကားနှင့် သူ ခုတလော သိပ်အလုပ်ရှုပ်နေတယ်။ လူပုံက ပိန်နေတာ လိမ်လို့နေပြီ။ ခုတလော ကမ်းခြေက လေတွေသိပ်တိုက်တယ်ကြားရင် အလိုလိုနေရင်းစိတ်ပူမိတယ်။ ဒါကြောင့် လေအရမ်းတိုက်တဲ့ရက်တွေဆို အခန်းတံခါးတွေလိုက်လိုက်ပိတ်ရတာက အလုပ်တစ်ခု။ ဒါကို ပိုတယ်လို့ သူကထင်တယ်လေ။ ရတယ်။ ကိစ္စမရှိဘူး။ ထင်ချင်သလိုထင်။ ကြာရင် ဗေလုဝနဲ့မတူဖို့က ပိုအရေးကြီးတယ်။ ဘယ့်နှယ့် ယောကျာ်းတဲ့။ အားကိုးအားထားပြုစရာ အနေအထားကိုမရှိတာ စိတ်ညစ်စရာ။ ပြောလိုက်ရင် မိုးလားလေလား ကဲနေတာက သူ။ ပြီးတော့ ချာလိုက်တာလည်း သူ့အပြင်နှစ်ယောက်မရှိဘူး။ ဒါပဲ စာရေးဆရာလို့ သူ့ကိုယ်သူ မော်ကြွားနေတဲ့ သူ စာ ဆိုလို့ တစ်လုံးဆို တစ်လုံးမှ မရေးဖြစ်နေဘူးလေ။ ဒီမနက်တော့ စောစောစီးစီး […]


သံပေါက်ရာ နံရံထက်တွင် နစ်ဝင်နေသော နောက်ဆုံး သံချွန်ကို နုတ်ယူလိုက်သည်တွင် ရင်ထဲပေါ့ပါးသွားသလို ခံစားလိုက်ရသည်။ ထိုနောက်ဆုံးသော သံချွန်ကိုနုတ်စဉ်ခဏ ကျွန်တော့် အသက်ကိုပြန်စမ်းစစ်မိတော့ နှစ်များသည် ကြာညောင်းစွာ ကုန်လွန်ခဲ့လေပြီ။ (က) ပျဉ်ချပ်ပေါ်ရှိ အပေါက်ရာလေးများက ချိုင့်ခွက်ကလေးတွေနှင့်မို့ မျက်နာပြင်သည် ညီညာခြင်းမရှိ။ နဂိုက သည် ပျဉ်ချပ်သည် ပြင်ညီသည်ဟု ဖေဖေပြောသည်။ ထိုသည်က ကျန်ခဲ့ပြီးသော အတိတ်ကာလတစ်ခုဆီက ဖြစ်သည်။ ထိုညီညာနေခဲ့ပါသော ပျဉ်တစ်ချက်ကို ဖေဖေ အိမ်သို့ယူလာသည့်အချိန်ကို မေမေလည်း အတိအကျမသိ။ တစ်ခုသော ကျောင်းဆင်းညနေခင်းအချိန်တွင် ကျွန်တော်အိမ်သို့အဝင် အိမ်၏ တံခါးမကြီးနဘေးတွင် ထိုပျဉ်ချပ်ကို ထောင်လျှက်အနေအထားနှင့် စတွေ့ခြင်းဖြစ်သည်။ ကျောင်းစိမ်းဝတ်စုံကိုလဲပြီး အိမ်ပြင်ပြန်ထွက်မည်အပြု ဖေဖေကို ထိုပျဉ်ချပ်ဘေးနားတွင် တွေ့ရသည်။ ကျွန်တော်တစ်ချက်ကြည့်ပြီး အိမ်ကထွက်မည်အပြု မေမေက လှမ်းပြောသည်။ “ သား […]


တစ်စုံတစ်ခုကို တွေးတောနေပြီးတိတ်တဆိတ်ရင်ခုန်နေရခြင်းကို ကျွန်တော် ခံတွင်းတွေ့နေသည်။ အဖြေရလဒ်ကို ရင်ခုန်စွာစောင့်ဆိုင်းနေရခြင်းသည်ဆယ်တန်းစာမေးပွဲဖြေဆိုထားသလိုမျိုး ခံစားချက်နှင့်တူညီနေပြန်သည်။ ခု ခံစားချက်က လောလောလတ်လတ်လည်းဖြစ်နေပြန်သည်။ထိုကဲ့သို့သော ခံစားချက်များသည် ကျွန်တော့်ကျောတွင် ပိုးထားသော ကျောပိုးအိတ်ကလေးကဲ့သို့တစ်စ တစ်စ လေးလံလာလျှက်ရှိသည်။     (၁)   မနေ့က ရေးဖြေတစ်ခုရှိသဖြင့်နေ့လည်တစ်နာရီတွင်သွားရောက်ဖြေဆိုခဲ့ပါသည်။ ဖြေဆိုသည့်နေ့ရက်သည် ရုံးပိတ်ရက်ဖြစ်နေသည့်အတွက်ကံကောင်းသည်ဟု ကျွန်တော်တွေးသည်။ ခုခေတ်က လှေနံနှစ်ဘက်နင်းမှ တော်ကာကြမည် ခေတ်ဟု ကျွန်တော်ခုတလော မြင်သည်။ စိတ်တွေမတည်မငြိမ်ဖြစ်နေသည်ကလည်း ကြာပြီ။   တစ်နေ့တစ်နေ့ အလုပ်တွေလုပ်နေရင်းကကောင်းနိုးရာရာတွေကို တွေးသည်။တောသည်။ နောက် အင်တာနက်မှာ ရှာသည်။ ဖွေသည်။ တွေ့ပါသည်။သည်တော့ ကျွန်တော် တင်ခဲ့သည်။ နောက်ထပ် နားထဲ၊ မျက်စိထဲရောက်လာသမျှသော နေရာများဆီသို့လျှောက်လွှာတွေအထပ်ထပ် တင်ခဲ့သေးသည်။ ကျွန်တော် သည်လိုလုပ်နေခြင်းကို တချို့ကပြောသည်။   “မျောက်သစ်ကိုင်းကူးမလုပ်နဲ့“ဟုတစ်မျိုး၊ တချို့ကလည်း […]


(က) စီးဆင်းတာပေါ့ ချောင်းကလေးပဲဟာ။ အနောက်ကနေပဲ စီးလာလာ၊ မြောက်ဘက်ကနေပဲ စီးလာလာ နောက်ဆုံးတော့လည်း ဘီလူးချောင်းထဲ တိုးဝင်သွားကြမှာပဲမလား။ ဆောင်းဦးစမို့ မြောက်ပြန်လေပဲလာတော့မလားလို့ မျှော်လင့်ခဲ့ပေမယ့် ခု တောင်မြောက်ဝေ့ကာ ဝှက်ကာနဲ့ မိုးနဲ့အတူ ဝေ့လည်လည်လုပ်နေတယ်။ လေအေးတွေက တစ်နေကုန်ပဲ ဖြူးဖြူးကိုတိုက်နေတယ်။ မိုးက ဖွဲလာလိုက် သည်းလာလိုက်နဲ့။ မုန်တိုင်းရှိပြန်ပြီလား။ ပြောကြတာတော့ အဖျားခတ်ရွာတဲ့ မိုးပါတဲ့။ ခုတော့ အဖျားခတ်ရုံတင်မဟုတ်ဘူး။ ရက်ဆက်ပြီးရွာနေတာကြာပြီ။ ဒါက အရေးမကြီး။ အိမ်ဘေးက ဖြတ်ပြီး စီးနေတဲ့ ဒီချောင်းကလေးဟာ ရေတွေ တရိပ်ရိပ်များလာနေတာကိုတွေ့ရတယ်။ ချောင်းဆိုတာထက် အမှန်က မြောင်း။ မိုးဗြဲဆည်ကနေသွယ်တန်းဖောက်ဆင်းလာတဲ့ မြောင်းကလေး။ မိုးနည်းချိန်တွေမှာ လယ်တွေ ဆည်ရေလည်း ရအောင်၊ ဒါမှမဟုတ် မိုးများချိန်မှာ ဒီမြောင်းကနေ ရေတွေ ဘီလူးချောင်းထဲကို တိုက်ရိုက်စီးဆင်းအောင် ဖောက်ထားခဲ့တယ် […]


တစ်နေဝင် တစ်မိုးသောက်ဆိုတဲ့အတိုင်း ခုတော့နေလုံးကြီးဝင်သွားခဲ့ပြီ။ မနက်ဖြန်မနက်မှာ နေ့သစ် တစ်နေ့က သူ့ကို ဆီးကြိုနေဦးမှာပေါ့။ ဒါ သေချာရဲ့လားလို့ မေးခွန်းပြန်ထုတ်မိတယ်။ ဟင့်အင်း သေချာ မှုတွေဟာ လူတစ်ဦးတစ်ယောက်ချင်းဆီမှာ ဘယ်တော့မှရှိခဲ့တာမဟုတ်ဘူး။ သူ့ရှေ့မှာရှိနေခဲ့တဲ့ သူ့ သူငယ်ချင်းတွေတောင် သေချာတယ်ဆိုတဲ့ စကားကို ပြောသွားခဲ့ကြတာမှမဟုတ်ဘဲ။ ခနိုးခနဲ့ရယ်သံနဲ့ လောကကြီးက သူ့ကိုနှုတ်ဆက်တယ်။ သူကတော့ ငိုကြွေးခြင်းနဲ့ စခဲ့တဲ့ ဘဝကို ခုထိ အံ့ဩနေတုန်း။ ငိုတယ်။ရယ်တယ်ဆိုတာ အသက်ရှင်သန်လာခဲ့တဲ့ ဘဝတစ်လျှောက်လုံး နပမ်းလုံးလာခဲ့ကြ တာ ခုထိတောင် သူ ဖျန်ဖြေလို့မရသေးဘူး။ တော်တော်ကြာ ရယ်တယ်။ မပွင့်တပွင့်ကနေ ဟက်ဟက်ပက်ပက်၊ ပြီး  အူလှိုက်သည်းလှိုက်။ တခဏကြာတော့ မျက်ရည်တွေ စီးလိမ့်လာပြန်ရော။ တသိမ့်သိမ့်ရှိုက်ငိုခြင်းနဲ့ ယူကြုံးမရသလိုငိုခြင်း။ သူ အဲဒီ ရယ်ခြင်း ငိုခြင်းကြားကာလမှာရှိနေသ၍ စိတ်ပျက်စရာကောင်းတဲ့အရာဟာ […]