Nyein NyeinOctober 15, 20131min57417
ရွာထဲကို မရောက်တာတော်တော်ကြာပါပြီ။ အခုတလောတော့ စာဝင်ဖတ်ဖြစ်ပေမယ့် မမန့်ဖြစ်ပါဘူး။ ဦးမိုက်ရဲ့ပို့စ်ကို မြင်လိုက်တော့ စိတ်မကောင်းလည်းဖြစ်၊ ကိုယ့်ကိုယ်ကို လူဆိုးလေးဖြစ်နေမှန်းပိုသိသွားတယ်။ ( အလုပ်တွေ နည်းနည်း ရှုပ်နေလို့ ရွာထဲမရောက်တာပါ…. )   ပြောချင်နေတာတွေ အများကြီးရှိနေတာပါ။ အရင်ဆုံးတော့ ဟိုတလောက သွားဖြစ်ခဲ့တဲ့ သီချင်းဆိုပြိုင်ပွဲလေးအကြောင်း ပြောချင်လို့ပါ။ (ဟိုတလောဆိုပေမယ့်လည်း နည်းနည်းလေးတော့ ကြာနေပါပြီ။ 😛 )   ဂျပန်သံရုံးကနေ စီစဉ်ပြီးလုပ်ပေးတဲ့ သီချင်းဆိုပြိုင်ပွဲလေးပါ။ ဂျပန်သံရုံးကနေ ပြိုင်ပွဲတွေ လုပ်ပေးလေ့ရှိပါတယ်။ ဂျပန်စာလေ့လာနေတဲ့သူတွေကို အားပေးတဲ့သဘောနဲ့ လုပ်ပေးတဲ့ပွဲတွေပါ။ တစ်ချို့ပြိုင်ပွဲတွေက ပထမဆုရရင် ဂျပန်ကိုသွားခွင့်ဆိုတာမျိုးအထိ ဆုကြေးကကြီးပါတယ်။ ဒါပေမယ့် ဒီသီချင်းဆိုပြိုင်ပွဲမှာတော့ ဆုတွေက အရမ်းကြီးကြီးမားမား မဟုတ်ပါဘူး။ ဒီသီချင်းဆိုပြိုင်ပွဲမှာ ေနောက်ဆုံးအဆင့်အတွက် ပြိုင်ပွဲဝင် (၁၅) ယောက် ပြိုင်သွားပါတယ်။ ဒိုင်လူကြီးတွေကတော့ […]


Nyein NyeinFebruary 7, 20131min26018
ဒါဇင်ပလပ် အဖွဲ့သားများရဲ့ သတ္တမအကြိမ်မြောက် အလှူကို ၃.၂.၂၀၁၃ နေ့မှာ အောင်မြင်စွာ လှူဒါန်းနိုင်ခဲ့ပါတယ်။ ဒီတစ်ခေါက် သွားလှူခဲ့တဲ့ကျောင်းကတော့ (၅)ရပ်ကွက်၊ (၇/၈)လမ်းဆုံအနီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်ထဲက တိက္ခာရာမ သီလရှင်စာသင်တိုက်နှင့် သီလရှင်သင်ပညာရေးကျောင်းတစ်ကျောင်းပါ။ မိဘမဲ့ကလေးတွေနဲ့ ဆင်းရဲနွမ်းပါးတဲ့ကလေးတွေကို အခမဲ့ပညာသင်ကြားပေးနေတဲ့ကျောင်းလေးပဲဖြစ်ပါတယ်။ ကျောင်းကို အဓိကအုပ်ချုပ်နေတာကတော့ ဆရာလေးဒေါ်တိက္ခဉာဏီနဲ့ ဆရာလေးဒေါ်ကုသလဉာဏီ တို့နှစ်ပါးပါ။  ဒါဇင်ပလပ်အဖွဲ့သားတွေ သွားလှူတဲ့အချိန်မှာတော့ အုပ်ချုပ်တဲ့ ဆရာလေးနှစ်ပါးလုံးက ခရီးထွက်နေလို့ မတွေ့ခဲ့ရပါဘူး။ ဒါနဲ့ ကျောင်းမှာရှိနေတဲ့ ဆရာလေးတွေကိုပဲ စားစရာ၊ စာရေးကိရိယာပစ္စည်းတွေနဲ့ အလှူငွေ(၁၆၂၅၀၀)ကို လှူဒါန်းခဲ့ပြီး သိချင်တာလေးတွေကို တစ်ယောက်တစ်ပေါက် အင်တာဗျူးခဲ့ရပါတယ်။ ဟိုလူမေး၊ ဒီလူမေးတာတွေကို ဖြေပေးရတာနဲ့ ဆရာလေးတွေလည်း တော်တော့ကို အလုပ်ရှုပ်သွားပါတယ်။ ၁။ လေးပေါက်ရဲ့ဒါန SEIKO နာရီ၊ ကရဲစည်လှူတဲ့ ခေါက်ဆွဲသုပ် ပွဲတစ်ရာ၊ ဒါဇင်ပလပ်အဖွဲ့သားများရဲ့ ပညာဒါန […]


Nyein NyeinSeptember 15, 20121min48941
ရွာထဲမရောက်တာလည်း တော်တော်ကြာပါပြီ။ စိတ်ကတော့ အမြဲရောက်ပါတယ်။ ပို့စ်တွေလည်းတင်ချင်တာ မတင်ဖြစ်ဘူးဖြစ်နေတယ်။ အခုတလော အိမ်ကိုလည်းနောက်ကျမှ ပြန်နေရတယ်။ နောက်ကျတော့ ကားတစ်ဆင့်ထဲနဲ့ ရောက်ရမှာကို နှစ်ဆင့်စီးပြီးမှ အိမ်ရောက်ရော………..။ အဲဒီ့လို နှစ်ဆင့်အစီးကောင်းတာ ကံကောင်းလို့ မသေတယ်။ ဖြစ်ပုံအစုံကတော့…………………… အဲဒီ့နေ့က (၈)နာရီခွဲကျော်ကျော်လောက်မှ ရုံးကနေပြန်ဖြစ်တယ်။ အဲဒီ့တော့ စီးနေကျ (၁၅၇) အထူးက မလာတော့ဘူး။ ကံကောင်းရင်တော့ တစ်စီးတစ်လေ လာတတ်ပေမယ့် နောက်ကျနေတော့ သူလာတဲ့အထိလည်း မစောင့်ဖြစ်တော့ဘူး။ ဒါနဲ့ပဲ အဓိပတိ(အနီ) လေးစီး၊ ကမာ္ဘအေးမှာဆင်း၊ နောက်တစ်ဆင့်ပြန်စီးမယ်လို့ စိတ်ကူးပြီး စီးလိုက်မိပါတယ်။ ကားကတော့ လူသိပ်မပါဘူး။ ကိုယ့်ဘာသာ အကြောရှည်ပြီး နောက်ဆုံးခုံတန်းရှည်မှာ သွားထိုင်မိတယ်။ အုတ်ကျင်းမှတ်တိုင်လည်းရောက်ကရော ကားကမှတ်တိုင်မှာတောင် မရပ်သေးဘူး။ နောက်ကကားပေါ့…….. (၄၈) အထူးလေ။ အဓိပတိ(အနီ)ကို ဝင်ဆောင့်တယ်။ အရှိန်တော်တော်ပြင်းပြင်းကို […]


Nyein NyeinJune 28, 20121min36131
တွေ့နေ၊မြင်နေတာတော့ ကြာပါပြီ။ အခုတစ်လောမှာ ပိုပြီးသတိထားမိလာလို့ပါ။  ကိုယ့်ကိုယ်ကိုပဲ ဦးစားပေးမှုတွေ တွေ့လာရပါတယ်။ မိမိကိုယ်သာ အချစ်ဆုံးဆိုတာကိုတော့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာမှု၊ စာနာမှု၊ ညှာတာမှုတွေဆိုတာ ရှိသင့်တာပဲမဟုတ်လား။ အထူးသဖြင့် bus ကားပေါ်မှာပါ။ အခုခေတ် bus တွေအကြောင်းကိုလည်း အားလုံးသိတဲ့အတိုင်းပါ။  အထူး  ဆိုပေမယ့်လည်း မထူးမခြားပါပဲ။ လူကြပ်မြဲ၊ တိုးစီးရဆဲပါ။  ကိုယ်လိုလူငယ်တွေတောင် ကားတိုးစီးရတာ တော်တော့ကိုပင်ပန်းတဲ့ ကိစ္စပါ။  သက်ကြီးရွယ်အိုတွေ၊ ကလေးငယ်တွေဆိုရင်တော့ မပြောပါနဲ့တော့။ လူကကြပ်၊ ကိုင်စရာက မမှီမကမ်းနဲ့ အတော်ကိုဒုက္ခရောက်ကြတာပါ။  အဲဒါတွေကို မြင်နေတာတောင် အေးအေးဆေးဆေး ထိုင်စီးနိုင်တဲ့လူတွေကို မြင်ရတာ တော်တော်ကို စိတ်တိုပြီး၊ ဒေါသထွက်ချင်စရာပါ။  ကိုယ်ထိုင်တဲ့နေရာကို မဖယ်ပေးချင်ရင်တောင်  ပစ္စည်းလေးတွေတော့ ကိုင်ပေးသင့်ပါတယ်။ ကိုယ်ထိုင်စရာမရတဲ့အခါမှာ ကြုံရတာတွေကို ပြန်တွေးပြီး ကိုယ်ချင်းစာကြည့်ဖို့ကောင်းပါတယ်။ ကိုယ့်ဂုဏ်ကိုယ်ဖော်တာတော့ […]


Nyein NyeinJune 15, 20121min33825
ကိုကိုသန့် ရေးတဲ့ အောင်စာရင်းထွက်သော်လည်း ပို့စ်ကို ဖတ်ရင်းနဲ့  ရေးချင်စိတ်ပေါက်လာလို့ပါ။ ကိုကိုသန့်ပြောသလိုပါပဲ ကျောင်းသား(၄)မျိုး ရှိပါတယ်။ ၁ စာမေးပွဲကျလို့စိတ်ပျက်နေသူ` ၂ စာမေးပွဲအောင်လို့ပျော်ရွှင်နေသူ ၃ စာမေးပွဲအောင်ပြီး ဂုဏ်ထူးပါပေမဲ့ မှန်းသေလောက်မပါလို့စိတ်ပျက်နေသူ ၄ ဂုဏ်ထူးတွေ အများကြီးနှင့်ပျော်ရွှင်နေ တဲ့သူ ဒါပေမယ့် ယေဘုယျအနေနဲ့ အောင်သူနဲ့ ကျသူလို့ပဲ ခွဲပါတော့မယ်။ ကျတဲ့သူတွေကိုတော့ အထူးမပြောတော့ပါဘူး။ ဆက်ပြီးတော့ ကြိုးစားကြရမှာပေါ့။ အောင်တဲ့ကျောင်းသားတွေကကော ဘာဆက်လုပ်ကြမလဲ။  သူတို့ကိုမေးကြည့်ပါ။ ရေရာသေချာတဲ့ အဖြေထွက်ဖို့က နည်းပါတယ်။  တက္ကသိုလ်ဆက်တက်မယ်ဆိုတယ်။ ဘယ်တက္ကသိုလ်တက်မှာလဲဆိုရင် တက်မဲ့တက္ကသိုလ်ကို ပြောကြပါလိမ့်မယ်။ ဘာလို့ အဲဒီ့ တက္ကသိုလ်ကို တက်မှာလဲလို့ မေးရင်တော့ အမှတ်မီလို့လို့  ပြောတဲ့သူကများပါတယ်။ ဝါသနာပါလို့ ဆိုပြီး ပြောသူများရှိသော်လည်း အနည်းအကျဉ်းပါပဲ။ ကိုယ့်ဝါသနာနဲ့ ကိုက်တဲ့၊ ကိုယ်တကယ်တက်ချင်တဲ့ တက္ကသိုလ်တစ်ခုခုကို […]