Thiha Phone MoOctober 22, 20131min750
    ပခုက္ကူမြို့ ၊အမှတ်(၆)ရပ်ကွက်ရှိ မလေးဆေးလိပ်ခုံတွင် အောက်တိုဘာ(၁၆)ရက်နေ့နေ့လည်(၁)နာရီချိန်ကလင်မယားချင်းရန်ဖြစ်၍ဇနီးဖြစ်သူအားကတ်ကြေးဖြင့် ထိုးသဖြင့်  သေဆုံးမှုဖြစ်ပွားကြောင်းသတင်း ရရှိသည်။ ဖြစ်စဉ်မှာ အမျိုးသားဖြစ်သူ အောင်ဇော်ဦး မှ ဇနီးဖြစ်သူ မကြည်မော်အား ဆေးလိပ်လိပ်ရာတွင်အသုံးပြုသောကတ်ကြေးဖြင့်ထိုးသဖြင့် ဆေးလိပ်ခုံအတွင်း တစ်စောင်းအနေအထားဖြင့် ဝဲဘက်နို့အုံအောက် တွင် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာဘက်နို့အုံအထက်တွင် ထိုးသွင်းဒဏ်ရာ(၁) ချက် ကတ်ကြေးတန်းလန်းဖြင့်(စိုးရိမ်ရ)ဒဏ်ရာရရှိခဲ့သဖြင့် ဒေါ်ခင်ကြည် မှ အောင်ဇော်ဦးအားတိုင်တန်းသဖြင့် ပခုက္ကူမြို့နယ်၊ မြို့မရဲ စခန်း မှ (ပ)၂၈၉/၂၀၁၃၊ ပုဒ်မ ၃၂၆ ဖြင့်အမှုဖွင့်ထားရာမှ အမှုမှ မကြည်မော်မှာ ပခုက္ကူဆေးရုံကြီးတွင် ဆေးကုသမှုခံယူ စဉ်သေဆုံးသွားခဲ့သဖြင့် ယခင် ပုဒ်မ ၃၂၆  ဖြင့်စစ်ဆေးနေရာမှ ပုဒ်မ ၃၀၂ သို့ပြောင်းလဲ အရေးယူ ထားကြောင်း သက်ဆိုင်ရာရဲ မှတ်တမ်းအရသိရသည်။


Thiha Phone MoOctober 22, 20131min960
မင်းလှမြို့နယ်၊ ထန်းကိုင်းရေနံမြေအတွင်း အမျိုးသမီးတစ်ဦးကိုယ့်ကိုကိုယ်ကြိုးဆွဲချသေဆုံးမှု အောက်တိုဘာ(၁၈)ရက်နေ့ နံနက်(၁၀)နာရီ(၃၀)မိနစ်ချိန်ကဖြစ်ပွားကြောင်းသတင်းရရှိသည်။ ထန်းကိုင်းရေနံမြေ သို့ အလုပ်လုပ်ရန် ဦးဇော်ဝင်း၏ညီမဖြစ်သူ မဝင်းဌေး၊အသက်(၃၉)နှစ်၊ ပြင်စလူမြို့နယ် ဧရာဝတီတိုင်းဒေသကြီးနေထိုင်သူဖြစ်ကြောင်းသိရှိရသည်။ သက်ဆိုင်ရာထန်းကိုင်း ရေနံမြေလုံခြုံရေးဒုရဲအုပ်မင်းသူအောင်နှင့်အဖွဲ့ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးရာ သေဆုံးသူ မဝင်းဌေးသည် ထန်းကိုင်းရေနံမြေ ရှိ ဦးညိုကြီး၏ ယာတဲအတွင်းထုတ်တန်းတွင် အရှည်(၅)ပေ၊ လုံးပတ် တစ်မတ်လုံးခန့် ရှိ နှစ်ပင်လိမ် ချည်ကြိုး ဖြင့် လည်ပင်း တွင် ညိုမဲပွန်းပဲ့ဒဏ်ရာရရှိလျှက် ကြိုးဆွဲချသေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် အဆိုပါမိန်းကလေးသေဆုံးမှုနှင့်ပက်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်သိရှိရန်မင်းလှမြို့နယ်၊မြို့မရဲစခန်းက သေမှုသေခင်း  အမှတ်စဉ်  ၁၃/၂၀၁၃ ဖြင့်အမှုဖွင့်ထားကြောင်းသိရှိရသည်။


Thiha Phone MoOctober 22, 20131min910
     မကွေးမြို့ ၊မြို့မရဲစခန်းတွင် အောက်တိုဘာ(၁၈)ရက်နေ့ နေလည်(၁)နာရီချိန်က ဗုံးဖောက်ကွဲမှုနှင့်ပက်သက်၍ အသိပညာ ပေးရှင်းလင်းေဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူုး ကျော်ဝင်းချစ် မှ ဗုံးပေါက်ကွဲမှု များနှင့်ပက်သက်၍ပြည်သူများသိသင့်သည်များအားရှင်းလင်းပြောကြားရာတွင် မသမာသူများ၊ဗုံးဖောက်ခွဲသူများ မိမိတို့ ဟိုတယ်၊ တည်းခိုခန်းများတွင် လာရောက် တည်းခိုနိုင်သဖြင့် လာရောက်တည်းခိုသူများအား စနစ်တကျစီစစ်လက်ခံရန် နှင့် တည်းခိုသူများ ၏ကိုယ်ရေးအချက်အလက်များပြည့်စုံစွာမှတ်တမ်းရယူထားရှိရန် နှင့် တည်းခိုသူများအား မှတ်ပုံတင် သက်သေခံ အခိုင်အမာအ ထောက်အထားတစ်ခုခုမရှိဘဲ တည်းခိုခွင့်မပြုကြရန်၊ တည်းခိုသူများပြန်လည်ထွက်ခွာသွားပါက၎င်းတို့နေထိုင်သည့်အခန်းအား စနစ်တကျသေချာစွာစစ်ဆေးပြီးမှပြန်လည်လက်ခံရန်၊ မသင်္ကာဖွယ်ရာ တစ်စုံတစ်တစ်ရာတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးကြရန် ဖြစ်နိုင်ပါက CCTV ကင်မရာများတပ်ဆင်အသုံးပြုကြရန် CCTV ကင်မရာများ တပ်ဆင်အသုံးပြုပါက ရရှိနိုင်မည့် အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားပြီးတက်ရောက်လာကြသည့် ဟိုတယ်နှင့်တည်းခို ခန်းများမှတာဝန်ရှိသူများအား စာအိတ်/ပါဆယ်ပုံးများနှင့်ပက်သက်ပြီး သတိပြုဆောင်ရွက်ရမည့်အချက်များ၊မသင်္ကာဖွယ်စာ အိတ်၊ပါဆယ်ထုပ်များတွေ့ရှိခဲ့ပါက လိုက်နာဆောင်ရွက်ရမည့်အချက်များပါဝင်သည့်လက်ကမ်းစာစောင်များဖြန့်ဝေပေးကြောင်း အဆိုပါဟောပြောပွဲသို့ဟိုတယ်နှင့်တည်းခိုခန်းများမှ တာဝန်ရှိသူ(၁၂)ဦးတက်ရောက် […]


Thiha Phone MoOctober 19, 20131min500
မကွေးမြို့ ၊မြို့မရဲစခန်းတွင် အောက်တိုဘာ(၁၈)ရက်နေ့ နေလည်(၁)နာရီချိန်က ဗုံးဖောက်ကွဲမှုနှင့်ပက်သက်၍ အသိပညာ ပေးရှင်းလင်းေဟောပြောပွဲပြုလုပ်ခဲ့ရာ ဟောပြောပွဲတွင် မကွေးမြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူုး ကျော်ဝင်းချစ် မှ ဗုံးပေါက်ကွဲမှု များနှင့်ပက်သက်၍ပြည်သူများသိသင့်သည်များအားရှင်းလင်းပြောကြားရာတွင် မသမာသူများ၊ဗုံးဖောက်ခွဲသူများ မိမိတို့ ဟိုတယ်၊ တည်းခိုခန်းများတွင်လာရောက်တည်းခိုနိုင်သဖြင့် လာရောက်တည်းခိုသူများအား စနစ်တကျစီစစ်လက်ခံရန် နှင့် တည်းခိုသူများ ၏ကိုယ်ရေးအချက်အလက်များပြည့်စုံစွာမှတ်တမ်းရယူထားရှိရန် နှင့် တည်းခိုသူများအား မှတ်ပုံတင် သက်သေခံအခိုင်အမာအ ထောက်အထားတစ်ခုခုမရှိဘဲ တည်းခိုခွင့်မပြုကြရန်၊ တည်းခိုသူများပြန်လည်ထွက်ခွာသွားပါက၎င်းတို့နေထိုင်သည့်အခန်းအား စနစ်တကျသေချာစွာစစ်ဆေးပြီးမှပြန်လည်လက်ခံရန်၊ မသင်္ကာဖွယ်ရာ တစ်စုံတစ်တစ်ရာတွေ့ရှိပါက သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံးဆက်သွယ်အကြောင်းကြားပေးကြရန် ဖြစ်နိုင်ပါက CCTV ကင်မရာများတပ်ဆင်အသုံးပြုကြရန် CCTV ကင်မရာများ တပ်ဆင်အသုံးပြုပါက ရရှိနိုင်မည့်အကျိုးကျေးဇူးများအားရှင်းလင်းပြောကြားပြီးတက်ရောက်လာကြသည့် ဟိုတယ်နှင့်တည်းခို ခန်းများမှတာဝန်ရှိသူများအား စာအိတ်/ပါဆယ်ပုံးများနှင့်ပက်သက်ပြီး သတိပြုဆောင်ရွက်ရမည့်အချက်များ၊မသင်္ကာဖွယ်စာ အိတ်၊ပါဆယ်ထုပ်များတွေ့ရှိခဲ့ပါက လိုက်နာဆောင်ရွက်ရမည့်အချက်များပါဝင်သည့်လက်ကမ်းစာစောင်များဖြန့်ဝေပေးကြောင်း အဆိုပါဟောပြောပွဲသို့ဟိုတယ်နှင့်တည်းခိုခန်းများမှ တာဝန်ရှိသူ(၁၂)ဦးတက်ရောက်ခဲ့ကြသည်။


Thiha Phone MoOctober 17, 20131min620
ဇလွန်မြို့၊မေရီလမ်းရွာနေ မသန်မစွမ်းရဲဘော်ဟောင်း ဦးကြည်ဝင်း အသက်(၄၅)နှစ်သည် (၂၇)ကြိမ်မြောက်ဆီးဂိမ်းအ ကြိုအားကြိုဆိုဂုဏ်ပြုသောအားဖြင့် တစ်ကိုယ်တော်တာဝေးစက်ဘီးစီးနင်းခြင်းကို အောက်တိုဘာ(၁၁)ရက်နေ့မှစတင်ပြီး ဇလွန်မြို့မှ ဟင်္သာတ ဟင်္သာတမှ မုံရွာ-ပုသိမ်လမ်းအတိုင်းစီးနင်းလာခဲ့ရာ မကွေးမြို့သို့ဧရာဝတီတံတားမှတစ်ဆင့် အောက်တို ဘာ(၁၄)ရက်နေ့နေလည်(၁)နာရီရောက်ရှိကာ မကွေးတွင်ရောက်ရှိတည်းခိုပြီး အောက်တိုဘာ(၁၅)ရက်နေ့နံနက်တွင်မကွေးမှ ကျောက်ပန်းတောင် -ကျောက်ပန်းတောင်းမှ-မြင်းခြံ မြင်းခြံမှမန္တလေး မန္တလေးမှနေပြည်တော် နေပြည်တော်မှပဲခူး ပဲခူးမှရန်ကုန် မြို့သို့အဆင့်ဖြတ်သန်းစီးနင်းသွားမည်ဖြစ်ကြောင်း စက်ဘီးစီးနင်းသူ ဦးကြည်ဝင်းမှပြောကြားသည်။


Thiha Phone MoOctober 17, 20131min720
ပခုက္ကူမြို့ ၊ အထက(၁)နှင့် အထက(၂)ကျောင်းတို့တွင် အောက်တိုဘာ(၁၅)ရက်နေ့နံနက်(၈)နာရီ(၃၀)မိနစ်ချိန်က အသက်မပြည့်သေးသောကလေးငယ်များအဓမ္မပြုကျင့်မခံရစေရေးနှင့်                         ယာဉ်/လမ်း စည်းကမ်းအသိပညာပေးဟောပြောပွဲကျင်း ပပြုလုပ်ခဲ့ကြောင်းအစီအစဉ်အရ မြို့နယ်ရဲတပ်ဖွဲ့မှူးယာယီရဲမှူး သန်းစိုး၊ ပခုက္ကူမြို့မရဲစခန်းမှူး ဒုရဲမှူး ဌေးအောင် နှင့်                                            ပခုက္ကူ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲမှူး အောင်နိုင်မိုးတို့မှအသီးသီးဟောပြောခဲ့ကြကြောင်း ဟောပြောပွဲသို့ မြို့နယ်ပညာရေးမှူး ဒေါ်ခင်ညိုမြင့်၊အထက(၁)ကျောင်းအုပ်ဆရာမကြီး                              ဒေါ်အေးအေးနိုင်၊ အထက(၂)ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စန်းရီ နှင့် ဆရာ/ဆရာမများ၊ကျောင်းသား/ကျောင်းသူစုစုပေါင်းအင်အား(၁၄၀၀)ကျော်တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Thiha Phone MoOctober 16, 20131min1310
 မဟာသက္ကရာဇ် (၁၂၃) ခုနှစ်တွင် သဗညုတဘုရားသခင်သည် ရဟန္တာငါးရာခြံရံလျှက်သုနာပရန္တတိုင်း၊ လယ်ကိုင်းအရပ်တွင် စူဠပုဏသူကြွယ်လှူအပ်သော စန္ဒကူးနံ့သာကျောင်းတော်ကို              အလှူခံတော်မူ၍ ခုနှစ်ရက်ပတ်လုံးသီတင်းသုံးတော်မူခဲ့သည်။ထိုမှတဖန်ဆားပွက်တောင်ည်ိုတိုခြံရံအပ်သော ကောလာသဘစက္ကိန်းတဲ တောင်ထိပ်တွင် ရှေးနောင်တာ်ဘုရားများကဲ့သို့ သီတင်းသုံးတော်မူသည်။သိကြားမင်းသည် မြသားအတိပြီး သော သလွန်တော်ကို မြတ်စွာဘုရားထံသို့ ဆပ်ကပ်လှူဒါန်းခဲ့ပါသည်။           ထိုအခါ ဧရာဝတီမြစ်အရှေ့ဘက် တောအုပ်၌နေထိုင်သော ဘောသော၊ဘော်ကျော်၊ဘောသူရ၊ ဘောရသ၊ညီအစ်ကိုလေးဦးသည် နှမငယ် ယက္ခသာဂီ၊ယက္ခဒါလီတို့အား မပြောဘဲ ကြစုသီး၊ဖန်ခါးသီးများဖြင့် မြတ်စွာဘုရားသခင်အား လှူဒါန်းပူဇော်ကြသည်။မြတ်စွာဘုရားသခင်က ဘီလူးညီနောင်တို့အား မြသားသလွန် တော်ကို ပေးအပ်တော်မူခဲ့သည်။ဘီလူးညီနောင်တို့သည် မိမိတို့နေထိုင်ရာ တောအုပ်တွင် သလွန်တော်ကို ဌာပနာ၍ မြစေတီ ကို တည်ထားကိုးကွယ်ရာ သိကြားမင်းက မြတ်စွာဘုရား မှတ်သားခပ်နှိပ် ဗျာဒိတ်တော်နှင့် မညီသဖြင့် စေတီတော်ကို ဖြိုဖျက်ကာ သလွန်တော်ကို ဆောင်ယူခဲ့သည်။သလွန်တော်အား ဒိဗစက္ခူ၊ ဒိဗသောတ၊ဒိဗဃာနမည်သော ရသေ့ညီနောင်သုံးဦးထံတွင် အပ်နှံထားခဲ့ပေသည်။ […]


Thiha Phone MoOctober 16, 20131min1263
ပခုက္ကူမြို့၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌အောက်တိုဘာ(၁၅)ရက်နေ့ည(၅)နာရီ ချိန်က မြို့ပေါ်ရပ်ကွက်များတွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားစေရေးအတွက် လုံခြုံရေးအစည်းအဝေးကျင်ပပြုလုပ်ခဲ့ကြောင်းသိရှိ ရသည် အစည်းအဝေးတွင် ခရိုင်အုပ်ချုပ်ရေးမှူး၊ခရိုင်ရဲတပ်ဖွဲ့မှူး၊မြို့နယ်အုပ်ချုပ်ရေးမှူး၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်ခရိုင်လဝကမှူး တို့မှ ပခုက္ကူမြို့တွင် ဗုံးပေါက်ကွဲမှုမဖြစ်ပွားစေရေးအတွက် ဗုံးပေါက်ကွဲမှုအကြောင်း လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ မိုင်းအသိ၊မိုင်းသတိရှိရန်ပြောကြားခြင်း၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းပိုင်ရှင်များအား တည်းခိုခန်းနှင့်ပက်သက်သည့် စည်းမျဉ်း စည်းကမ်းများ ဆောင်ရန်၊ရှောင်ရန်အချက်များအားရှင်းလင်းပြောကြားခဲ့ကြောင်း အစည်းအဝေးသို့ မြို့မရဲစခန်းမှူး၊ခရိုင်သတင်း တပ်ဖွဲ့မှူး၊မြို့နယ်စည်ပင်သာယာရေးလက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မင်းကြိုင်၊မြို့နယ်စည်ပင်သာရေးကော်မတီဥက္ကဌ ဦးတင်ဝင်း၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့်အေထောက်အကူပြုကော်မတီဥက္ကဌ ဦးရဲထွဋ်၊မြို့ပေါ်ရှ ဟိုတယ်နှင့်တည်းခိုခန်းများမှ ပိုင်ရှင်(၂၂)ဦးတို့တက်ရောက်ခဲ့ကြကြောင်းသိရှိရသည်။


Thiha Phone MoOctober 15, 20131min1534
မကွေးမြို့ရှိ အုတ်လုပ်ငန်းများမှာ မိုးရာသီဖြစ်၍ ခြောက်သွေ့မှုနည်းသောကြောင့် အုတ်အော်ဒါ အမှာစာများကို အရောက်ပို့နိုင်ခြင်း မရှိသဖြင့် နတ်မောက်၊နေပြည်တော်တို့မှာ မှာယူသုံးစွဲကြရ သည်။ဆောက်လုပ်ရေး လုပ်ငန်းများ မကွေးမြို့တွင် အဆမတန် များပြားတိုးချဲ့လျှက် ရှိသဖြင့် အုတ်ရောင်းသူ များမှာ လက်မလည်ကြပါ။ရေမြောင်းများ ပြုလုပ်ခြင်း အဆင့်မြင့် (၃) ထပ်တိုက် ဈေးသစ်ကြီး တည်ဆောက်ခြင်း၊ ဝန်ထမ်းအိမ်ရာတိုက်ခန်းများ ဆောက်လုပ်ခြင်း ၊စစ်တပ် အုတ်တံတိုင်းနှင့် တက္ကသိုလ် ကျောင်းပတ်လည် အုတ်တံတိုင်းများ ဆောက်လုပ်ခြင်းများကြောင့် အုတ်အရောင်းအဝယ်နှင့်  သဲကျောက် အရောင်းအဝယ် သိသိသာသာ အရောင်းသွက်လျှက်ရှိသည်။လက်ရှိအုတ်ဈေးကွက်မှာ လိုသလောက်မရပါ။ မိုးရာသီ ဖြစ်၍ ခြောက်သွေ့မှု စံချိန်မမှီမှုများကြောင့် လက်အုတ်နှင့်စက်အုတ်များမှာ ဈေးတူတူနှုန်းထားပြီး ညှပ်ရောင်းလာကြ သည်။လက်အုတ်ဈေး ၆ဝ ကျပ် ၆၅ ကျပ် နှုန်း စက်အုတ်ဈေးလည်း တူတူပင်ဖြစ်ခဲ့ သည်။လက်ရှိအုတ်မရှိသဖြင့် […]


Thiha Phone MoOctober 15, 20131min2834
မကွေးမြို့၏ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော မြသလွန်စေတီတော်၏ ဗုဒ္ဓပူဇနိယပွဲတော်ကြီး ဖွင့်ပွဲကို 14.10.2013 ရက်နေ့ နံနက်က စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်းသိရသည်။အနယ်နယ်အရပ်ရပ်မှ အညာထွက်ကုန်မျိုးစုံရောင်းချသော ဆိုင်ခန်းများစွာဖြင့် ဘုရားဖူးများစတင်စည်ကားလျှက်ရှိနေပြီဖြစ်သည်။ အညာဒေသဂုဏ်ဆောင် လူအစည်ကားဆုံး ဘုရားပွဲတော်တခုဖြစ်သည်နှင့်အညီ ဘုရားလည်းဖူးရင်း အညာထွက်ကုန်မျိုးစုံကိုလည်း sh0pping ထွက်ခဲ့ကြဘို့ မိတ်ဆွေအပေါင်းကို ဖိတ်ကြားလိုက်ရပါသည်။