Thu ThuJune 9, 20121min970
သူကြီးရေသတင်းမှန်မမှန်ကြည့်မယ်ဆိုလဲ sattelight ကမြန်မြန်ဝင်ကြည့်ဗျာ၊ရတဲ့သတင်းနဲ့၊ဒီမှာတင်ထားတာနဲ့ ရောBBC သတင်းတွေနဲ့ပါလွဲနေတယ်၊ကျောက်နီမော်ကိစ္စလဲ ထက်ထက်ကရခိုင်သားအချင်းဖြစ်တာ၊မဆိုင်တာသွေးထိုး တာနဲ့လူတွေသေကုန်ပြီး၊သတင်းမှန်ကန်ဖို့အရေးဒေသ တစ်ခုစီမှာနေတဲ့လူတွေကိုကွန်ယက် ချိတ်ပြီးလူမျိုးရေးဘာသာရေးအစွန်းမရောက်တဲသူတွေကိုအမာ ခံထားပြီးသတင်းကွန်ယက်တည်ဆောက်ဖို့လို့ပြီနော်။ဒါမှသတင်း တစ်ခုထွက်လာရင် အဲဒီဒေသအမာခံတွေဆီလှမ်းမေး၊ sattelight ကကြည့်လို့ရလဲကြည့်ပေါ့၊ဒါမှသတင်းအမှန် ရမှာ ၊FB ချည်းဘဲအားကိုးမနေပါနဲ့.အမေရိကန်စစ်အီရတ်စစ်ပွဲကြည့်ပါ သတင်းနဲ့ချည်နှောင်ပြီးဘာမှမဟုတ်တာဝင်တိုက်တာ၊ တကယ်လက်တွေ့ကျဘာမှမဟုတ်ဘူး၊အမြင်ကပ်လို့ ပုဒ်မတတ်ပြီးဝင်တာ၊တိုက်လိုက်ကြတာ၊သတိရပါဗျာ။ မဟုတ်ရင်အိမ်ကြက်အချင်းချင်းအိုးမဲသုတ်ခွတ်ခံရတာ များပြီဗျို။သတိလဲမရှိကြတော့ခံရတာပါဘဲ၊သွေးဆူတဲ့လူတွေ ကလဲအများသားဘဲကိုး၊မီဒီယာတွေကလဲ သတင်းစီစစ်ပေးကြပါ။သတင်းသမားတွေကကလဲသတင်းမှန်မှ တင်ကြပါ၊ပေါက်ကရကိုယ်ပြောချင်တာစွတ်ပြောပြီးတင်တာ သတင်းမဟုတ်ဘူးဗျို၊သတင်းတစ်ခုရရင်ဘယ်နေရာမှာလဲ၊ ဘယ်အချိန်ကဖြစ်လဲ၊ဘယ်တုန်ကလဲ၊ဖြစ်နိုင်ရင်ကိုယ်တိုင် သွားကြည့်၊မှန်တဲ့ဘက်ကတင်၊အခုတလောသတင်းတခုတင်တာနဲ့ ဝိုင်းဆဲကြတာ မီဒီယာသိက္ခာကျပါတယ်၊လူမျိုးသိက္ခာကျ ပါတယ်၊သတင်းရေးသူကတင်ရင်မှန်မမှန်ဝိုင်းဆွေးနွေး အထောက်အထားတင်ပြ၊ဒီလိုလုပ်ကြပါ၊ဘာမှန်းညာမှန်းမသိ ကိုယ်ဘာသာဝင်ဘက်ကပြီးရော၊ကိုယ်အမျိုးဆိုလုပ်တာမှန် တယ်မလုပ်ကြပါနဲ့၊ဒါကလေးတုန်းကစိတ်ဓါတ်တွေ၊ဗိုလ်ချုပ် ပြောသလိုဆိုခွေးတစ်ကောင်ကိုက်တိုင်ဝိုင်းကိုက်ကြရမှာမဟုတ် ဘူး၊ကိုယ်အုပ်စုထိတာနဲ့သူများအလွန်မလုပ်ကြပါနဲ့၊လွန်ကျူတဲ့ သူဆို ကိုယ်သွးသားတောင်အရေးယူရမှာဘဲ၊ဝိုင်းရှုံချကြရမှာဘဲ ဥပဒေမှ ကျောသားရင်သားမခွဲခြားရပါဘူး၊သတင်းသမားလဲအဲဒီလို ပါဘဲ၊မှန်တဲ့ဘက်ကရပ်တည်တတ်အောင်နေမှဒီကမ္ဘာကြီးအေးချမ်း မှာ၊မဟုတ်ဘဲဘက်လိုက်နေရင်၊မမှန်တဲ့ဘက်ကရပ်တည်နေရင် ဘယ်တော့မှအေးချမ်းမှာမဟုတ်ဘူး၊အကြမ်ဖက်မှုတိုက်ဖျက် ရေးမှာလဲတရားမျှတရေးအရေးကြီးတယ်ဗျို့၊ခွေးတစ်ကောင်တောင် ချောင်ပိတ်ရိုက်ခံရရင်ပြန်ကိုက်မှာဘဲ၊တရားမျှမျှတတနေထိုင်တတ် အောင် တော်တော်ပြုပြင်ယူကြရအောင်လို့တိုက်တွန်းရင်း . .


Thu ThuJune 3, 20121min1023
၁-၆-၂၀၁၂ နေ့ရက်ည ၆ နာရီသံတွဲမ တောင်ကုတ်မောင်းနှင်လာ သောရိုးရိုးခရီးသည်တင် လိုင်းကားမှာ တောင်ကုတ်မြို့ဝင်ခါနီးတွင်တိမ်းမှောက် သွားပြီးပါလာသောခရီးသည်များမှာသဲများပိမှုကြောင့်သေဆုံးခဲ့ရသည်ဟု သိရှိရပါသည်။ လိုင်းကားမှာသံတွဲမှပင်လယ်သဲများအဆမတန်တင်ဆောင်လာပြီး သဲအိပ်များပေါ်တွင်ခရီးသည်(၅၀)ဦးတင်ဆောင်လာသည်ဟုသိရှိရပါသည်၊ လူစီးခရီးသည်ကားများတွင်အဆိုပါသဲအိတ်များအဆမတန်တင်ဆောင်ခွင့်မပြု သင်ကြောင်း၊သဲများဈေးကောင်းသဖြင့်ကားများတွင်ထိုကဲ့သိူ့သဲအိတ်များတင် ဆောင်ခြင်းကြောင့်ယခင်လည်းတိမ်းမှောက်ကြောင်းကြားသိရပါသည်။ ခရီးသည်များမှာ ကားမှောက်ခြင်းဒဏ်ရာများထက် သဲအိတ်ပိခြင်းကြောင့် မွမ်းကြပ်ကာသေဆုံးရခြင်းဖြစ်ကြောင်းသိရှိရပါသည်။ယခုလက်ရှိသေဆုံးသူ ၁၃ ဦးရှိပြီဖြစ်ကြောင်းသိရှိရပါသည်။သတင်းကိုရရခြင်းတင်နိုင်ခြင်းမရှိ သည်မှာ လိုင်းကျနခြင်းကြောင့်နောက်ကျပြီးမှတင်ရခြင်းဖြစ်ပါသည်။ခရီး သည်တင်ကားများမှာကုန်များတင်ဆောင်ပိုင်ခွင့်မရှိကြောင်း၊တာဝန်ရှိသူများ မှဝိုင်းဝန်ကြပ်မတ်သင့်ကြောင်း။နှင့်ထိရောက်စွာအရေးယူသင်ကြောင်းပြော ဆိုကြပါသည်။လိုင်းကားများမှ အပြည်အကျပ်တင်ဆောင်ပြီးလမ်းတွင်အချိန်ကြာ မင့်စွာမောင်းနှင်ကြကြောင်းသိရှိရပါသည်