လက်ရှိ ကျနော်တို့ နိုင်ငံမှာရှိတဲ့ လူငယ်တွေဟာ ဝမ်းစာအတွက် ရုန်းကန်နေရသူများရှိသလို၊ ကျောင်းစာများနှင့် နပန်းလုံးနေရသည့်သူများ အစရှိသဖြင့် လူတန်းစား အလွှာ အမျိုးမျိုး၊ ပတ်ဝန်းကျင် အမျိုးမျိုးတွင်ကျင်လည်ပြီး ကိုယ်တတ်နိုင်သမျှ တာဝန်ကိုယ်စီဖြင့် ကိုယ့်တာဝန်ကို ကျေပွန်အောင် လုပ်ဆောင်နေကြရတဲ့လူငယ်တွေရှိသလို အင်တာနက်ဆိုင်၊ တီဗွီဂိမ်းဆိုင်၊ လက်ဖက်ရည်ဆိုင်တွေ လိုမျိုးနေရာတွေမှာ ထိုင်ပြီး အချိန်ဖြုန်းနေကြတဲ့ လူငယ်တွေလည်း ဒုနှင့်ဒေး။   ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် လူငယ်များ၏အခန်း ကဏ္ဍကို ချန်ထားခဲ့ရန် မဖြစ်နိုင်ပေ။ နည်းပညာပိုင်းတွင်လည်း ဖွံ့ဖြိုးတိုးတက်လာ သည်နှင့်အညီ လူငယ်များအနေဖြင့် အသိပညာ၊ အတတ်ပညာပိုင်းများကိုလည်း လေ့လာဆည်းပူးရန်အခွင့်အရေး များပိုမိုများပြားလာသည့်အတွက် ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာ သင်တန်း အစရှိသည့် သင်တန်း ပေါင်းများစွာ တတ်နေကြရသည့် လူငယ်တို့၏အနာဂတ်ခရီးမှာ သာယာဖြောင့်ဖြူးရန် အခွင့်အလမ်း များလည်း ပေါများလျက်ရှိပေသည်ဟု […]


ယခုတလော ရုပ်မြင်သံကြားသတင်း၊ ရေဒီယိုသတင်း၊ သတင်းစာ၊ ဂျာနယ်များတွင် ရေဘေးသင့် သဘာဝဘေးအန္တရာယ်သတင်းများအား ဆက်တိုက်ဆို သလိုကြားေ နမြင်နေခဲ့ရသည်။ မိုးတွင်း မိုးရွာသည်ကား မဆန်းပါ။ သို့သော် ၂၀၁၂ မိုးရာသီက ယခင်နှစ်များမိုးရာသီ ကာလများထက် ပိုမိုမိုးများသည်ဟုပင်ဆိုနိုင်ပါသည်။ ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးသာမက ရန်ကုန်မြို့တော်ကဲ့သို့ မြို့ကြီးများပင် ရေဘေးဒဏ်ကို ခံနေရ သည့်အတွက် မိုးများမည်းလာတိုင်း ရေများလျှံလာမည်လား ဆိုသော စိုးရိမ်စိတ်ဖြင့်ရင်တမမဖြစ်နေရသည်မှာ မိုးရွာသည့်နေ့တိုင်းပင်။ ယခင်နှစ်များက ရန်ကုန်မြို့တွင် ယခုလောက် ရေမတင် ရေမတတ်ခဲ့။ ယခုအခါတွင် မိုး အ နည်း ငယ်ရွာလိုက်သည်နှင့်တစ်ပြိုင်နက် ရေများကလည်း လမ်းများပေါ်တွင် တင်ချင်လာသည်။ ကွန်ကရစ်ခင်းလမ်းမ တစ်ချို့တွင်ရေမတင်သော်လည်း လမ်းထက် နိမ့်သော လူနေအိမ်များတွင်သာမက အနိမ့်ပိုင်းကျသော လမ်းများ တွင်လည်း ရေတင်ရေဝပ်နေသောကြောင့် ရေများဖွေးလျက်ရှိပေသည်။ ရန်ကုန်မြို့တွင် ရေကြီးရသည်မှာ […]


အခုတလော မရေရာတဲ့ ကိုယ့်အနာဂတ်အတွက် မျက်စိမှိတ်စဉ်းစားတိုင်း အိပ်မပျော်တဲ့ရက်တွေကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတဲ့ အတွေး တွေနဲ့ဘဲ ကျော်ဖြတ်နေရတယ်။ ဒါပေမယ့် ကိုယ်လိုသူလို လူတန်းစားတွမှာတောင် ခံစားနေရတယ်ဆိုရင် ကျန်တဲ့ကိုယ့်ထက်ဆိုးတဲ့ လူငယ်တွေရဲ့အနာဂတ်ဟာ လှပနိုင်ပါ့မလား။ ကိုယ်လုပ်မှ ကိုယ်ရ ဆိုတဲ့ လက်လုပ်မှ ပါးစပ်လှုပ်ရတဲ့ဘဝမှာ လူငယ်တစ်ယောက် အနေနဲ့ ဘာလုပ်သင့်သလဲဆိုတဲ့ အဆင်မပြေမှုတစ်ချို့နှင့်အတူ အခက်အခဲတွေ ရင်ဆိုင်ရတိုင်း နာကြည်းချက်(သို့) စိတ်၏ဖြေရာ အဖြစ်စိတ်နာစရာတွေကို စာလုံးတွေအဖြစ်ပြောင်းလို့ ကွန်ပျူတာ စာမျက်နှာထက်က စာလုံးတွေ အဖြစ် ပြောင်းလဲ ခဲ့ရတဲ့ နေ့တွေလည်း တဖြည်းဖြည်းနဲ့အသားကျလာခဲ့တယ်။ ဒါပေမယ့် ဒီလိုခံစားနေရာတာဟာ ကျွန်တော်တစ်ယောက်တည်း မဟုတ်ဘူး၊ တစ်ခြား ကျွန်တော့် လိုလူငယ်တွေမှာရော ဒီလိုဘဲ ခံစား ရမှာပါလေ၊ ဒါဆို သူတို့ဟာ သူတို့ကြုံတွေ့နေရတဲ့အခက်အခဲတွေ ကို ဘယ်လိုကျော်ဖြတ်ကြသလဲ၊ […]

556598_3123208857560_252949786_n.jpg

မြန်မာနိုင်ငံသည် အခြားကမ္ဘာ့နိုင်ငံများနည်းတူ နည်းပညာခေတ်ကို ရေစီးကြောင်းအတွင်း စီးဝင်လာသည်နှင့်အမျှ နည်းပညာများတိုးတက်ခေတ်မီလာပြီး အများပြည်သူဆိုင်ရာ လုပ်ငန်းများစွာတို့တွင် ကွန်ပျူတာအခြေခံသော နည်းစနစ်များဖြင့် အစားထိုးကာ လျင်မြန်စွာ ဆောင်ရွက်လျက်ရှိပါသည်။ ယင်းသို့ဆောင်ရွက်လျက်ရှိရာတွင် မော်တော်ယာဉ်များ ဓာတ်ဆီဝယ်ယူခြင်း၊ ဘဏ်များတွင် ငွေထုတ်ယူခြင်း၊ မော်တော်ယာဉ်ရပ်နားခွင့်ကတ်များသာမက ပင်စင်စားများအတွက်ပင် အီးပင်စင် ထုတ်ယူနိုင်သော Smart Card များကို အသုံးပြုကာ လုပ်ငန်းများဆောင်ရွက်ရာတွင် မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်သဖြင့် တွင်ကျယ်စွာအသုံးပြုနိုင်ကြပြီဖြစ်သည်။ နိုင်ငံကူးလက်မှတ်များကိုထုတ်ပေးရာတွင်လည်း ယခင်ကလို လက်ရေးစနစ်ဖြင့် မဟုတ်တော့ ဘဲ  ကွန်ပျူတာမှ တိုက်ရိုက်ဖတ်ရှုနိုင်သော E-Passpoart စနစ်အဖြစ်သို့ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ ထို့ပြင် နိုင်ငံကူးလက်မှတ်လျှောက်ထားရာတွင်လည်း သာမန်အားဖြင့် စတင်ဆောင်ရွက်သည်မှ (21) ရက်ပြည့်လျှင် ထုတ်ယူနိုင်ပြီဖြစ်ပါသည်။ ထို့အတူ Passpoart အသစ်ဆောင်ရွက်သည့်သူနှင့် သက်တမ်းတိုးကြသူအားလုံးအတွက် လုပ်ငန်းဆောင်ရွက်မှုကြာမြင့်ချိန်မှာလည်း(၂၁)ရက်ပင် ကြာမြင့်ပါ သည်။  ယခုကဲ့သို့ အသစ်ဆောင် […]


အကျင့်စာရိတ္တဆိုတာကို ဘာနဲ့သတ်မှတ်တတ်ကြတာလဲ?   ရာထူး၊ ငွေ၊  ပညာ၊ ရုပ်ရည် ရူပကာ အသိုင်းအဝိုင်း ဆိုတဲ့ များပြားတဲ့ ခေါင်းစဉ်တွေထဲက ဘယ်အရာနဲ့များ သတ်မှတ်ကြတာလဲတော့မသိဘူး   ရာထူးရှိရင် စာရိတ္တဆိုတာ သူ့အလိုလို ကောင်းမွန်နေတယ်တဲ့လား   ငွေရှိရင် စာရိတ္တဆိုတာ သူ့အလိုလို ကောင်းမွန်နေတယ်တဲ့လား   ရာထူးနဲ့ ငွေရှိနေရင် စာရိတ္တဆိုတာ ပြည့်စုံကောင်းမွန်နေကြတယ်လို့ဘဲ တစ်ဖက်သတ် မြင်ပစ်လိုက်ကြတာလား   ဒီလိုဆိုရင် ဆင်းရဲချို့တဲ့လို့ သူတစ်ပါးကို လိုက်တောင်းပြီး မရှက်မကြောက်နဲ့ အရှက်တရားကို ဘေးထားပြီး ဝမ်းရေးအတွက် ဖြေရှင်းနေရတဲ့ သူတွေမှာရော ကိုယ်ကျင့်တရားဆိုတာ မရှိတော့ဘူးတဲ့လား   ဒါဆို ကျွန်တော်တို့ အစဉ်အလာအရ လက်ခံထားတဲ့ အကျင့်စာရိတ္တဆိုတဲ့ သတ်မှတ်ချက်ထဲမှာ ချွတ်ယွင်းချက်တွေဟာ အများကြီးကျန်နေသေးတယ်   ကျွန်တော်နားလည်ထားတဲ့ […]