နွေဦးFebruary 9, 20121min36217
တရုပ်လုပ် cheery QQ3 ကပေါ့ပေါ့ ပါးပါး အသစ်စက်စက် ဈေးလည်းပေါပေါ.. ဒါပေမဲ့ ဖင်ထောင်အောင် မောင်းရင် အန္တရာယ်… ဂျပန်ကား Mark II ရွှေငါးက လှလှပပကြွကြွ ရွရွ အဟောင်းပေမဲ့ ဈေးကကောင်း ဒါပေမဲ့ သူလဲ အန္တရာယ်….. ကဲ ဒီလိုဆို ဘာကား စီးမလဲ တရုပ်လုပ် လား…ဂျပန်လုပ်လား.. ဘာစီးစီးပါ အန္တရာယ်ကင်းအောင်. မောင်းကြမယ်ဆိုရင်……။


နွေဦးFebruary 9, 20121min33915
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ရန်ကုန်မြို့ Excel Tower အနီး ကမ္ဘာအေးစေတီလမ်းမပေါ်၌ယာဉ်သုံးစီးဆင့်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း။ ၄၃ အထူးယာဉ်လိုင်းကားမှာအရှိန်လွန်ပြီး မိမိ၏ယာဉ်ကြောမဟုတ်ဘဲ ကွေ့ကြောဘက်၌မောင်းနှင်စဉ် ဓမ္မစေတီမီးပွိုင့်တွင် တက္ကစီကားကိုတိုက်မိ၍ Mark II ရွှေငါးအမျိုးအစား ကားကို ထပ်မံဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ Mark II ရွှေငါးကားက တစ်ပတ်လည်သွားပြီး လိုင်းကားက ဘေးကိုတိုက်မိခါ ကား ရှေ့ခြမ်းကိုတက်ကြိတ်သလိုဖြစ်သွားသည်။ ရွှေငါးကားမှာ ရှေ့ခေါင်း ပိုင်းတစ်ခြမ်းနှင့် နောက်ပိုင်းတွင်ပါတော်တော်ပျက်စီးသွားသည်ဟု သိရသည်


နွေဦးFebruary 1, 20121min31014
သူများတကာရှေ့ဖြစ်မှဖြစ်ရလေ ဝန်ကြီးဖြစ်မှတော့ ဝတ်တတ် စားတတ်ဘို့ ..(အဲ စားတာတော့တတ်ပြီသား) လိုတာပေါ့နော် ပိုသိချင်ရင် ဒီမှာကြည့် credit to aung moe win ‘s facebook


နွေဦးFebruary 1, 20121min19613
မြန်မာ မီနီ ကို ဈေးကွက်မှာ ကြွက်စုတ် တဲ့ တရုပ်ချယ်ရီ QQ 3 ကိုကြူကြူသင်းတဲ့ ခုတော့ မြင်လို့မှမကောင်း… အရှိန်မထိန်းနိုင်ပဲ လမ်းလယ်က သစ်ပင်ကိုဝင်တိုက်မိတဲ့ မီနီဆလွန်းကား ဇန္နဝါရီလ ၃၁ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က ရန်ကုန်မြို့တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တာလမ်းမကြီးအတိုင်း တောင်မှ မြောက်သို့မောင်းလာတဲ့ ၊ တရုတ်နိုင်ငံ နှင့် မြန်မာနိုင်ငံ စက်မှုဝန်ကြီးဌာနတို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ မြန်မာ မီနီဆလွန်းကားဟာ အရှိန်မထိန်းနိုင်တော့ဘဲ လမ်းလယ်ကျွန်းပေါ်က ရေတမာပင်ကို ဝင်တိုက်တာကြောင့် သစ်ပင် ထက်ပိုင်းပြတ်ပြီး ကားလဲ ပျက်စီးသွားပါတယ် ။ ကားပေါ်မှာ ယာဉ်မောင်း တစ်ဦးသာပါလာပြီး ၊ ထိခိုက် ပွန်းပဲ့ရုံသာ ဒဏ်ရာရခဲ့ပါတယ်လို့ သတင်းရရှိပါတယ်။ credit to burma VJ media […]


နွေဦးJanuary 18, 20121min1044
ကျွန်တော်သိဖူးတဲ့ ဝိရီယ အကြောင်းလေး ပြောပြချင်လို့ပါ လုံ့လဝိရီယရှိပါ။ဘယ်လောက်ထိလုံ့လကို မလျှော့တမ်းထားရမလဲဆိုရင်.. ၁။ခန္ဓာကိုယ်၏ အရည်သာလျှင်ကျန်ပါစေ မလျှော့ပါနဲ့ ၂။ခန္ဓာကိုယ်၏ အကြောသာလျှင် ကျန်ပါစေ မလျှော့ပါနဲ့ ၃။ခန္ဓာကိုယ်၏ အရိုးသာလျှင်ကျန်ပါစေ မလျှော့ပါနဲ့ ၄။အသွေးအသားခန်းခြောက်ပါစေ ဝိရိယလျှော့မချပါနဲ့ ပန်းတိုင်ထားပါ  ဝိရီယရှိပါ ပန်းတိုင်မရှိ ဝိရီယမရှိပါက ၁။ပညာမရှိ ၂။ဥစ္စာမရှိ ၃။မိတ်ဆွေမရှိ ၄။ကုသိုလ်မရှိ ၅။နိဗ္ဗာန်မရှိ ဝိရိယကိုလျျွှှော့မချပါနဲ့ ၁။ အလုပ်မလုပ်ခင် ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့ ၂။အလုပ်ပြီးသွားချိန်မှာလဲ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့ ၃။ခရီးမသွားခင် မှာ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့ ၄။ခရီးရောက်ပြီး ချိန်မှာလဲ ထားရှိရမယ့် လုံ့လ ဝိရီယ ကို လျှော့မချလိုက်ပါနဲ့ […]


နွေဦးJanuary 12, 20121min1517
ဒီနေ့မကောင်းသတင်းစကြားရသည်။ အရှေ့ဖက် တိုက်ခန်းတွေရဲ့ လှေခါးရင်းက ရေမော်တာ နှစ်လုံး ဖြုတ်ခိုးခံရတယ်ဆိုတဲ့ သတင်းပေါ့။ ရေမော်တာ ဖြုတ်ခိုးခံရတယ် ဆိုတာ သတင်းထူးမဟုတ်ပေမဲ့ အခိုးခံရတဲ့ပုံစံက ဆန်းနေလို့ ရွာထဲမှာ ကြုံခဲ့တွေ့ခဲ့ရင် စောင့်ကြည့် တားဆီးလို့ ရအောင် သတင်းပေး ပိုစ့် လေး တင်လိုက်တာပါ။ ခိုးခံရတာကို မေးကြည့်တော့မှ နေ့ခင်းကြောင်တောင် ဖြုတ်ခိုးသွားတာတဲ့။တွေတဲ့သူကလဲ တွေ့တယ် တဲ့။ ဗမာတယောက်နဲ့ အသားမဲမဲ လူမျိုးခြား နှစ်ယောက် ပါတဲ့။ မျက်မြင် တယောက်ရဲ့အပြောအရ အဲဒီ အခိုးခံရတဲ့ တိုက် လှေခါးအောက်မှာ ဒီလူသုံးယောက်ကို သတိထားမိတယ်တဲ့။သူတို့ ပုံစံက Air con: ပြင်တဲ့ သူတွေလို ပစ္စည်းကရိယာတွေ ပါတယ်တဲ့။ ဒါ့ကြောင့် သူလဲ ဘယ်အခန်းမှာပြင် ဘို့လဲလို့ စောင့်ကြည့်နေပေမဲ့ အလုပ်ကိစ္စ […]


နွေဦးJanuary 11, 20121min20917
၆ရက်နေ့က ကျိုက်ထီးရိုးဘုရားဖူးသွားကြတဲ့ သူငယ်ချင်းတွေ ဘုရားဖူးခရီးစဉ် ကားရဲ့ ဒုက္ခပေးလို့ ပေါက်ကွဲသံစဉ်တွေနဲ့ ကုသိုလ်ကောင်းမှုကို အမျှမဝေနိုင်ဘဲ..အကုသိုလ် အမျှဝေသွား ခဲ့ကြောင်း……. “ရွှေထူးလွင်” အထူးကားနဲ့ တယောက်ကို ၁၂၀၀၀/ကျပ် ပေးပြီး အသွားအပြန်အတွက် စိတ်အေးလက်အေး ဘုရားဖူးသွားခဲ့ပေမဲ့…. အသွားကထည်းက အဆင်မပြေခဲ့ပါဘူး။ ကြုံရာကားနဲ့ အဆင်ပြေအောင်လုပ်စားတဲ့ ဘုရားဖူး ခရီးစဉ်မို့ သူငယ်ချင်းတွေသာမက  သွားဘူးတဲ့လူတိုင်း ခံစား ခဲ့ကြရပါတယ်တဲ့။ သူများတွေခဏခဏ ပြောတာကြားဖူးပေမဲ့   နာမယ်ကြီးအောင်ကြော်ငြာ တခါစားလုပ်စားနေ တာတွေ မရှိလောက်ဘူးထင်လို့  “ရွှေထူးလွင်”လို အဖွဲ့ကို သေချာအောင် မေးစမ်းပြီးမှ လက်မှတ်ဝယ်  ပြီးသွားတာပါတဲ့။ နာမယ်ကြီးသလောက် လုပ်စားချက်ကလဲ ကြီးပါတယ်။ စတည်းကယဉ်သကို ဆိုသလို  အဲကွန်းကား လေအိပ်ကားဆိုပြီးတော့  ၈နာရီထွက်ရမှာကို မ.ထ.သ.ကားနဲ့ လဲပြီး ၁ဝနာရီ ကျော်မှ ထွက်တယ်။ဘယ်သူကမှ […]


နွေဦးJanuary 6, 20122min1084
ခရီးသွားရင်း ရိုက်ခဲ့တဲ့ ပုံလေးတွေ… မော်လမြိုင် အလွမ်းပြေပါစေ….ပေါ့။နေထွက်တပြူ ကမ်းနားလမ်းဘက် မျှော်ကြည့်တော့…   ပုံတွေ က သိပ်တော့ကောင်းမယ်မထင်ပါဘူး ။ဒါပေမဲ့ ခရီးသွားတဲ့အကြောင်း အမှတ်တရ လေးဖြစ်ချင်လို့ပါ။ ပြီးတော့ သူများတကာလို camera အကောင်းနဲ့ ရိုက်ထားတာလဲ မဟုတ်ပါဘူး။လက်ထဲပါတဲ့ ဖုန်း (HTC  Touch 3G  T3232) လေးနဲ့ ရိုက်ထားတာမို့ …မကောင်းလဲ ခွင့်လွှတ်ပြီး ကြည့်ပေးကြပါ….။


နွေဦးSeptember 3, 20111min1439
http://www.youtube.com/watch?v=OQPToIfcljc မှာ လွန်စွာ မိုက်ရိုင်းသော စော်ကားသော  soegyi100 ကဲ့သို့သော လူများကို မည်သို့ ဆုံးမ သင့်သနည်း မှတ်ချက် ။     ။လွန်စွာ မိုက်ရိုင်းသဖြင့် အမျိုးသမီးများ လုံးဝ (လုံးဝ)(လုံးဝ) မကြည့်ကြပ်နှင့်။ ဘာသာကိုပါစော်ကားသည်ဟု ခံစားရသဖြင့် မသင့်သော်လည်း တတ်နိုင်သူများ က ဆုံးမစေချင်ပါသည်းး။