uzinJuly 29, 20121min1639
“ဘုန်းတော်ကြီး ကြွလာတာ နေပူလိုက်တာ” “သည်မှာ ခဏနားပါဦးဘုရား၊ ဘယ်ကိုကြွမလို့လဲဘုရား” “ကောင်းတယ်ဗျာ၊ သည့်အနောက်ဘက်ကရွာကို ကြွမလို့ပါ” “ဘယ်လိုအဆက်ရှိလို့လဲ”    “အဲသည်ရွာက ကျောင်းထိုင်ဘုန်းကြီးလေးတို့ အကြီးတန်းမှာ ပဋ္ဌာန်း ချပေးခဲ့ရတယ်” “ဘုန်းကြီးက တောင်မြို့မှာ ပဋ္ဌာန်းစာချပေးသူလား”       “ဟုတ်တယ် စာချတစ်လျှောက်လုံး ပဋ္ဌာန်းစာ ချပေးခဲ့တာပဲ” “တောင်မြို့မှာ စာမချတော့တာ ကြာပြီလား”     “သိပ်မကြာသေးပါဘူး” “ဘုန်းကြီး အသက် ငါးဆယ်လောက်ရှိရော့မယ်နော်”      “ဟုတ်ပါတယ် အခုတော့ ပဋ္ဌာန်းသင်ယူ နိုင်သူလည်း သိပ်မရှိကြတော့ပါဘူး” “ပဋ္ဌာန်းက သင်သူမရှိလျင် သိပ်ကြီးသုံးနိုင်မှာ မဟုတ်ဘူးပဲ”          “ဟုတ်တယ်” “ဘုန်းကြီးကို လျှောက်ကြည့်ရဦးမယ်” “လျှောက်ပါ” “ပဋ္ဌာန်းက တကယ်အသုံးချကြည့်တော့လည်း မရှင်းမလင်းကြီးနော် ဘုရား” “ရှင်းပါတယ်” “တကယ်ရှင်းတာလားဘုရား”           “ဟုတ်ပါတယ်” “ဘုန်းကြီးက ရှင်းတယ်ထင်တာလဲ ဖြစ်နေပါဦးမယ်ဘုရား”           “မဟုတ်ပါဘူး” “ဒါဆို […]


uzinJuly 29, 20121min27516
“ဦးဇင်း ဆဋ္ဌသံဂါယနာတင်ပွဲကို ဘယ်လိုမြင်လဲ” “အရင်သံဂါယနာငါးတန်ထက် လုပ်တာသာတယ် ပြောရမယ်”     “ဘာဖြစ်လို့” “သံဂါယနာတင်ချိန်လည်း အကြာဆုံး၊ သံဃာအရေအတွက်လည်း အများဆုံးပဲ” “အချိန်က သုံးနှစ်၊ သံဃာအရေအတွက်ကလည်း နှစ်ထောင့်ငါးရာ မဟုတ်လား” “ဟုတ်တယ်” “ငွေကြေးကုန်ကျမှုလည်း သာမှာပဲ”        “ဟုတ်တယ်”    “ဘယ်လောက်ကုန်သတဲ့လဲ” “ငွေနဲ့ပြောရင် တန်ဖိုးအပြောင်းအလဲရှိတော့၊ ပြောလို့ မကောင်းဘူး” “ရွှေနဲ့ပြောရင်၊ ရွှေပိဿာ တစ်ထောင်လောက် ကုန်တယ်လို့ သိရတယ်” “ဒီလောက်အကုန်ခံပြီး လုပ်တော့၊ ရလဒ်ကော သာရဲ့လားလို့ စဉ်းစားသင့်တယ်” “အကျိုးရလဒ်ကတော့ သိပ်ပြီး ထင်သာမြင်သာပြစရာ မတွေ့မိပါဘူး” “ဘာဖြစ်လို့လဲ” “စဉ်းစားကြည့်လေ”      “ရှေ့ကသာသနာမှာ ရှိပြီးသားထက် ဘာမှ ပိုမိုမထူးခြားလို့ပဲ” “ဘယ်လိုမထူးခြားတာလဲ” “ရှေ့ကသာသနာမှာ မရှိသေးတာကိုလည်း ရှိအောင်နဲ့ ရှိပြီးသားကိုလည်း ဆန်းစစ်ပြီး ရှိသင့်/မသင့် မလုပ်ဘူး။ ရှိပြီးသားကို […]


uzinJuly 27, 20121min1046
ထိုရဟန်းသည် သူ့သူငယ်ချင်း စာသင်ဖက်တွေနဲ့ စကားပြောနေတယ်၊ နေရာက တောင်ကြီးမြို့မှာ ဖြစ်တယ်။ “ဦးဇင်းတို့ တွေ့ခဲ့လား” “သိပ်မချော့ရပါဘူး” “ဘယ်မှာ နေတာလဲ” “မြို့လွန်တော့ တွေ့တဲ့ရွာကလေးရဲ့ သင်္ချိုင်းထဲမှာ” “ဘယ်လိုလဲ” “တရားဟောခိုင်းလို့ မရဘူး၊ လက်တွေ့လုပ်ရမှာပဲ ပြောပြီး တရားဟောတာကို ငြင်းဆန်တယ်” ဒါဆို “လုပ်ခဲ့လား” “ရောက်မှ မထူးဘူးဆိုပြီး လုပ်ရတာပေါ့” “ဘယ်လိုလုပ် ရတာလဲ” “ဆန်းဆန်းပြားပြားပဲ”  “ပြောပါဦး” “တို့နှစ်ပါးကို ယှဉ်ပြီး အထိုင်ခိုင်းထားတယ်။ သူက အခန်းထဲ ဝင်သွားပြီး သေတ္တာပုံးကလေးကို ကိုးပေ၊ ဆယ်ပေအကွာလောက်မှာ လာချတယ်။ ပြီးတော့ ဆယ်လက်မ လောက်ရှိတဲ့ ကျောက်ဆင်းတုကလေး လာတင်တယ်” “နောက် သူက ကုလားထိုင်မှာထိုင်ပြီး တို့နှစ်ပါးကို အမိန့်ပေးတာပဲ” “ကိုယ်တော်တို့ ရှေ့ကဘုရားကို ကြည့်နေပါတဲ့၊ သုံးမိနစ်လောက်ကြာတော့ […]


uzinJuly 27, 20121min2909
“ဆရာတော်နဲ့ မြို့ထဲ ဘာသွားလုပ်တာလဲ” “ကားအန္တရာယ်ကင်း ကမ္မဝါစာဖတ် လုပ်တာ” “ကားကို ဘယ်လို အန္တရာယ်ရှိလို့လဲ”      “လူသေတင်ခဲ့ရလို့တဲ့” “မင်္ဂလာပြန်ယူတဲ့ သဘောလား”           “ဟုတ်တယ်” “ကားကို ဘေးမှာထား လုပ်တာလား”      “မဟုတ်ဘူး၊ ခုံတွေဖြုတ်ပြီး ကားပေါ်မှာရွတ်တာ” “အဲဒါကြ ဘာကမ္မဝါဖတ်လဲ”      “ဥပသမ္ပဒ ကမ္မဝါပေါ့” “ဟင်- စာတတ်ပေတတ် ဆရာတော်တွေလဲ ဒါပဲဖတ်တာလား” “သည်လို ဘာကြောင့် ပြောတာလဲ” “သည်လိုပြောတာ အကြောင်းရှိတယ်”    “လုပ်စမ်းပါဦး” “ငါ ရွာရောက်တုန်းက အိမ်သစ်တက် ကမ္မဝါစာဖတ်ဖို့ ငါ့ဘုန်းကြီးက ငါ့ကိုထည့်လိုက်တယ်” “ဒါတွေက ရွာတွေရဲ့ ဓလေ့ပဲကွာ” “သီလပေး၊ ရေစက်ချပြီး ကမ္မဝါစာ ဖတ်ကြတော့ ငါ့ခေါင်းထဲမှာ အတွေးတွေ အစီအရီ ဖြစ်လာတယ်”  “ဘာတွေလဲ ပြောပါဦး” “ပထမဆုံး ငါ-ဘာလုပ်နေတာလဲ လို့ပဲ”    […]


uzinJuly 12, 20121min37828
ယနေ့မြန်မာနိုင်ငံတွင် ဘာသာရေးလွတ်လပ်ခွင့်မည်မျှရှိသနည်း။ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်မှ မိမိနှစ်သက်သော ဘာသာတရားအဆုံးအမကို နှစ်သက်သလိုကိုးကွယ်နိုင်ပြီး၊ မနှစ်သက်ပါကလည်း ထိုဘာသာတို့ကို မယူဘဲ မိမိယုံကြည်လေးစားသော ပုဂ္ဂိုလ်၏ အဆုံးအမအတိုင်းရော နေလို့ မရဘူးလား ဆိုတာသိချင်ပါတယ်။ ဥပမာ မြန်မာနိုင်ငံတွင်းမှာ မိုးကုတ်၊ ကျောက်သင်္ဘော၊ ကြောင်ပန်း၊ မိုးပြာ၊ ပစ္စုပ္ပန်ကမ္မဝါဒ စသည်တို့ကို အဓမ္မဟု သတ်မှတ်ထားတာကိုမှ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က နှစ်သက်၍ မိမိဘဝ လမ်းညွှန်အဖြစ် လက်ခံကျင့်သုံးလျှင် အဘယ်သို့သော ဥပဒေနှင့်ညှိစွန်းပြီး ပြစ်ဒဏ်မည်မျှ ချမှတ်နိုင်သလဲဆိုတာမျိုးပေါ့ဗျာ။


uzinMarch 23, 20121min872
အနေကဇာတိ သံသာရံ၊ သန္တာဝိဿံ အနိဗ္ဗိဿံ။ ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခဇာတိ ပုနပ္ပုန္နံ။ ဂဟကာရက ဒိဋ္ဌောသိ၊ ပုနဂေဟံ နကာဟသိ။ သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ဝိသင်္ခတံ။ ဝိသင်္ခါရ ကတံ စိတ္တံ၊ တဏှာနံ ခယ မဇ္ဈဂါ။ ဂဟကာရံ-ဒုုက္ခအိမ်ဆောက်သမားကို၊ ဂဝေသန္တော-ရှာဖွေစဉ်၊ ဒုက္ခဇာတိ ပုနပ္ပုန္နံ- ဒုက္ခအဖြစ် အထပ်ထပ်ဖြစ်နေသော၊ အနေကဇာတိ သံသာရံ- များပြားလှသော ဒုက္ခဇာတိ သံသရာသည်၊ သန္တာဝိဿံ အနိဗ္ဗိဿံ – တကယ်မရပ်မနား ပြေးသွားခဲ့ပြီ။ ဂဟကာရက- ဒုက္ခအိမ်ဆောက်သမား၊ ဒိဋ္ဌောသိ- သင့်ကိုတွေ့ပြီ။ ပုနဂေဟံ နကာဟသိ- နောက်ထပ် အိမ်မဆောက်ရပြီ။ သဗ္ဗာတေ ဖာသုကာ ဘဂ္ဂါ- သင့်အိမ် အချင်အနယ်အားလုံး အချိုးဖျက်ခံရပြီ၊ ဂဟကူဋံ ဝိသင်္ခတံ- […]


uzinFebruary 9, 20121min1000
ကျနော်ကို မေးချင်တာလေး တစ်ခုကို မေးခွင့်ရှိရင် မေးပါရစေဆရာ မေးချင်တာက တစ်ခုတည်းလား၊ တစ်ခုတည်းပါပဲဆရာ စကားတွေအများကြီး ပြောပေးနေတာပဲ၊ တစ်ခုတည်း မေးချင်တာများ အထူးခွင့်တောင်း နေဖို့ လိုတယ်ထင်လို့လား၊ ဟုတ်ပါတယ်ဆရာ၊ ထူးထူးဆန်းဆန်းပဲ အဲဒီလိုတော့ သဘောမှာ မထားပေးစေချင်ပါဘူးခင်ဗျ။ မေးချင်တဲ့မေးခွန်းရဲ့ ပမာဏက လေးနက်မှုအပြည့်ရှိတာ ဖြစ်လို့ပါ။ ကြားရတာက ကြောက်စရာကြီးလိုပါလား ဘာဖြစ်လို့လဲ ဆရာ ခေါင်းထဲမှာ လေးသွားသလို ခံစားရလို့ပဲ မေးခွန်းရဲ့ ပမာဏက လောကအားလုံးနဲ့ဆိုင်တာ ဖြစ်လို့ပါဆရာ စကြာဝဠာ ရေမြေတောတောင်နဲ့ ပိုးမွှားတိရစ္ဆာန်တွေအထိဆိုရင် အဲဒီမေးခွန်းအတွက် ဘာမှ အဖြေထုတ်နိုင်မှာ မဟုတ်ဘူးနော် ဟုတ်ကဲ့ သိပြီးသားပါခင်ဗျ။ လောကအားလုံးနဲ့ ဆိုင်တဲ့မေးခွန်း ဆိုလားလို့ပါ။ ဘယ်လို လောကအားလုံးလဲ လူအားလုံးပါဆရာ ဗုဒ္ဓနောက်ကလိုက်တဲ့လူ အားလုံးလား ၊ ဘာလို့လဲဆရာ မေးခွန်းအမေးခံရတဲ့ဆရာက […]


uzinJanuary 30, 20121min2118
ဤခေါင်းစဉ်သည် သာသနာကို ချစ်သောစိတ်ဖြင့် ရေးသားလိုက်ခြင်းဖြစ်ပါသည်။ သာသနာ ဆိုတာ အဆုံးအမလို့ သိရပါတယ်။ အဆုံးအမဆိုတာ လိုက်နာရန်၊ ရှောင်ရန်တို့ကို ပြောဆိုခြင်းဖြစ်ပြီး ထို လိုက်နာရန်နှင့် ရှောင်ရန်တို့သည် လူသားအဖြစ် ရှိနေဆဲကာလအဖို့အပြင် မည်သည့်ကာလအထိ အကျိုးဆက်လက် ခံစားစေလိုသနည်း။ ယခု လိုက်နာ ယခုအကျိုးရ၊ ယခုရှောင် ယခုအေးငြိမ်း အလွန်ကောင်းပြီပေါ့။ သာသနာဆိုတာ ဆည်းကပ်သူလူတွေကို ငြိမ်းချမ်းစေတဲ့အရာ၊ ဗဟုဇနဟိတာယ လူတွေအကျိုး စီးပွားများဖို့ သာသနာဆိုတာ ရှိရတာလို့ ခံစားမိပါတယ်။ သာသနာအတွက် လူတွေရှိနေရတာ မဟုတ်၊ လူတွေအတွက် သာသနာရှိနေရတာလို့ နားလည် မိပါတယ်။ သာသနာကို ဆည်းကပ်သူတွေကို လွန်စွာမှလည်း ကြီးပွားတိုးတက်စေချင်ပါတယ်။ နှလုံးစိတ်ဝမ်း ငြိမ်းချမ်း စေလိုပါတယ်။ သည်းခံပြီး ဖတ်ပေးစေလိုပါတယ်။ လှူရင်ချမ်းသာရမယ်ဆိုပြီး အလှူအတန်းအများဆုံး ဦးဇင်းတို့ နိုင်ငံ […]


uzinDecember 27, 20111min620
ယခုဆက်ပြီး မေတ္တာရှင်ရွှေပြည်သာရဲ့ ကိုယ်တွေ့အလုပ်ပေး ဝိပဿနာ တရားတော်များ အပိုင်း(၃)ကို မစိုးရိမ်စာသင်သား ဝေဖန်ထားမှုဟာ (၁) တရားမျှတမှု ရှိသလေား၊ မရှိဘူးလား၊ (၂) ဝေဖန်သူ ကိုယ်တိုင် ဗုဒ္ဓဘုရား ဓမ္မပုံရိပ်ကို ဖူးတွေ့ခွင့် ရပြီးပြီလား၊ မရရှိသေးဘူးလား၊ (၃) မေတ္တရှင်ရဲ့ တင်ပြချက်ဟာ ဘာကြောင့်မှားတယ်၊ မှန်တယ် ဆိုတာတွေကို ဗုဒ္ဓဘုရား တရားဓမ္မနဲ့ လေ့လာကြည့်မှာ ဖြစ်ပါတယ်။ တစ်ခုကြိုတင်ပြောချင်တာကတော့ ဝေဖန်မှုကို တစ်ဆင့်ဝေဖန်မှုပြုတဲ့ သည်စာတမ်းမှာ ဗုဒ္ဓဘုရား ဟောကြားထားသော တရားဓမ္မများဖြင့် လူသားလောက ငြိမ်းချမ်း ရေးကိုပဲ ရည်မျှော်ဝေဖန်မှာကို နားလည်လက်ခံထားကြဖို့ ဖြစ်ပါတယ်။ ကဲ ဝေဖန်မှု စလိုက်ကြရအောင်။ နံပါတ်(၁)က မေတ္တာရှင် ရွှေပြည်သာရဲ့ ကိုယ်တွေ့အလုပ်ပေး ဝိပဿနာ တရားတော်များ အပိုင်း(၃) စာမျက်နှာ(၁)မှာ ဖော်ပြထားသော […]


uzinDecember 27, 20111min903
နံပါတ်(၉)က မေတ္တာရှင်ရဲ့ ကိုယ်တွေ့အလုပ်ပေး ဝိပဿနာ တရားတော်များ အပိုင်း(၁) စာမျက်နှာ(၃၃)မှာ ဖော်ပြထားသော “ယောဂီတွေ ဘယ်လောက်ပင် သီလကုသိုလ်တွေရှိရှိ သူလည်းပဲ ကောင်းရာရောက်နိုင်သလို မကောင်းရာလည်း ရောက်နိုင်တာပဲတဲ့”ဟု ဟောကြားချက်ကို မစိုးရိမ်စာသင်သားက အောက်ပါအတိုင်း တုံ့ပြန် ထားပါတယ်။ “၎င်းရေးသားချက်အတိုင်း မှန်-မမှန်သံသယဖြစ်ဖွယ်ရှိပါသည်။ မည်သည့် ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်။ အဘယ်ကြောင့် ဆိုသော် သီလကုသိုလ်ကြောင့် အပါယ် ပဋိသန္ဓေ ဖြစ်ရခြင်း မည်သည် မရှိကောင်းပေ” ဆရာတော် အရှင်ဓမ္မရက္ခိတ၏ သုံးသပ်ချက်မှာ သည်နေရာမှာတော့ မေတ္တာရှင်ဟာ “သီလ”ကို “ကုသိုလ်” အဆင့်လောက်ပဲ သိတာဟာ ဝမ်းနည်းစရာကောင်းတယ်လို့ ပြောရမှာပါ။ “သီလ ကုသိုလ်ကြောင့် အပါယ် ပဋိသန္ဓေဖြစ်ရခြင်း မည်သည် မရှိကောင်းပေ” ဆိုတဲ့စကား ပြောသူ မစိုးရိမ်စာသင်သားကတော့ […]


uzinDecember 17, 20111min1153
၁။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ကုသိုလ်၊ အကုသိုလ်ကို အကုန်အစင် ကိုယ်တိုင် သိမြင်သည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။ ၂။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ဈန်၊ မဂ်ဖိုလ်နှင့် နိဗ္ဗာန်ကို ကိုယ်တိုင် ရပြီဟု ဝန်ခံနိုင်သူ ရှိပါသလော။ ၃။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ အနုသယကိလေသာကို ကိုယ်တိုင် သိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။ ၄။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ကံနှင့် ဝိပါက်တို့၏ ဆက်သွယ်မှုကို ကိုယ်တိုင် သိသည်ဟု ဝန်ခံနိုင်သူ ရှိပါသလော။ ၅။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ရာဂ၊ ဒေါသ ပယ်ပြီးပြီဟု ဝန်ခံနိုင်သူ ရှိပါသလော။ ၆။    ယနေ့ ထေရဝါဒသံဃမဟာနာယကအဖွဲ့အတွင်း၌ ရှေ့နောက်ဘဝ ဖြစ်၊ မဖြစ် (သဿတ၊ ဥစ္ဆေဒ) အယူမှ […]


uzinDecember 4, 20111min26017
နံပါတ်(၅)ကတော့ တစ်နေ့တစ်နာရီ ကျောင်းကိုလာပြီး ဝိပဿနာ တရားနာရန် မှာကြားတဲ့ မေတ္တာရှင်ရဲ့ စကားကို မစိုးရိမ်စာသင်သားက “၎င်းရေးသားချက်အတိုင်း မှန်-မမှန် သံသယဖြစ်ဖွယ်ရှိသည်။ မည်သည့် ကျမ်းဂန်အရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်။ အဘယ်ကြောင့်ဆိုသော် အရေးကြီးဆုံးအချက်မှာ ဝိပဿနာ တရားကို သွားနာရုံမျှဖြင့် မဂ်ဖိုလ်ရနိုင်-မရနိုင် သုံးသပ်ကြည့်သင့်ပါသည်။” ဟု ဝေဖန်ထားပါသည်။   အရှင်ဓမ္မရက္ခိတ ဆရာတော်၏ သုံးသပ်ချက် ဝေဖန်ရန်မလိုအပ်တဲ့ ဝေဖန်ချက်ပါ။ တစ်နေ့တစ်နာရီ ကျောင်းကိုလာပြီး ဝိပဿနာ တရားနာကြားတာဟာ ကောင်းတဲ့အမှုဖြစ်လို့ပါ။ တစ်ခု သတိပြုရမှာက ဟောကြားသူက ဗုဒ္ဓ ဘုရားအလိုတော်အတိုင်း ဟောနိုင်တဲ့ သပ္ပူရိသသံသေဝ ပုဂ္ဂိုလ်ဖြစ်ဖို့ပဲ လိုမှာပါ။ ဓမ္မပဒ ဝတ္ထုတော်မှာ တရားနာယူပြီး သောတာပန် ဖြစ်သူတွေ ကုဋေပေါင်းများစွာ ရှိနေခြင်းက တရားနာရုံမျှဖြင့် အရိယာဖြစ်နိုင်တာကို […]


uzinDecember 4, 20111min1534
ကဲ ထိုအရှင်နှစ်ပါးရဲ့ အငြင်းပွားမှုကို လေ့လာကြည့်ကြရအောင်။ ပထမဆုံး တွေ့ရတာက မေတ္တာရှင်ရဲ့ ကိုယ်တွေ့ အလုပ်ပေး ဝိပဿနာ တရားတော် အပိုင်း(၁) စာမျက်နှာ (၁၀)မှာ ဖော်ပြထားတဲ့ “လှူချင်တန်းချင် ပေးကမ်းချင်တဲ့ သဒ္ဓါတရားရှိတဲ့ ပုဂ္ဂိုလ် ဖြစ်ဖို့လည်း ရခဲတယ်” ဆိုသော စကားကို မစိုးရိမ်စာသင်သားက ”မှန်-မမှန်” သံသယဖြစ်ဖွယ် ရှိသည်ဆိုသော စကားနဲ့ စထားပါတယ်။ မှားတယ်လို့တော့ မပြောပါဘူး။ မည်သည့် ပမာဏအရ ရေးသားထားသည်ကို တောင်းဆိုရန် သင့်လျော်ပါသည်” ဆိုပြီး ပညာရှိဆန်ဆန် ရေးသားထားတာ တွေ့ရပါတယ်။ ”ဒါနာ တစ်ဆင့်တည်းမျှဖြင့် ဗုဒ္ဓ သာသနာတော်ဆိုင်ရာ သဒ္ဓါတရားအတွက် ပြည့်စုံသော ရေးသားချက် မဖြစ်နိုင်လို့လည်း မှတ်ချက်ပြုထားပါတယ်။ ဒီအကြောင်းကို အရှင်ဓမ္မရက္ခိတ ဆရာတော်မှ ယခုကဲ့သို့ သုံးသပ်ထားတာကို တွေ့ရပါတယ်။ […]