who whoJanuary 27, 20171min1683
ကျနော်တို့ညီမနှစ်ယောက် အဘိဓမ္မာသင်တန်းစတက်ဖြစ်တော့သင်တန်းကအပြန် ထမင်းအတူတူစားရင်း ပြောဖြစ်ကြပါတယ်။ အငွေ့တထောင်းထောင်းထနေတဲ့ ထမင်းပူပူလေးရယ်၊ ချဉ်ရည်ဟင်းလေးရယ်၊ ရှမ်းငရုတ်ရှုရှုရှဲရှဲလေးရယ်ဆိုတော့ ဘေးကနေငေးကြည့်နေတဲ့ ကြက်သားဟင်းလေး ခမျာ မျက်နှာငယ်ရှာပေါ့။ ထမင်းစစားတယ်ဆိုရင်ပဲ ကျနော်က စပြောမိပါတယ်။ “ညီမရေ ငါတို့ အရင်တုန်းကထင်ထားတာနော်။ ကိုယ့်ထမင်းကိုယ်စားတာ ဘာအပြစ်မှမဖြစ်ဘူးဆိုပြီးပေါ့။ အားရပါးရစားလိုက်ဝါးလိုက်ကြတာလည်း မပြောပါနဲ့အေ။ ခု အဘိဓမ္မာသင်တန်းတက်တော့ သင်ပေးလိုက်တဲ့ လောဘမူစိတ်(၈)ခု။ ကဲ ငါတို့စားနေတာက ဘယ်အခုနဲ့ကိုုက်မလဲ စဉ်းစားကြည့်ပါလား” ဆိုတော့ ကျနော့် ညီမက “အင်းနော်။ ခုမှပဲ ကိုယ့်ထမင်းကိုယ်စားတာတောင် အပြစ်က ဖြစ်နိုင်သေးတာပဲကိုး။ ငါတော့ အဲလို အပြစ်ဖြစ်မဖြစ် တစ်ခါမှတောင် မတွေးဖူးပါဘူး။ ကဲ ဒါဆို ညည်းအရင် စစ်ပြလေ။ ခု စားနေတာ ဘယ်စိတ်နဲ့လဲဆိုတာ” “အမယ် ညည်းလူလည်ကျလှချည်လား။ ငါမေးတဲ့မေးခွန်း ငါ့ကို ပြန်မေးနေတယ်။ […]


who whoJanuary 24, 20171min2033
အင်း အကြောင်းတိုက်ဆိုင်တိုင်း ရေးစရာတွေထွက်လာလွန်းလို့ ချရေးမိလိုက်တာက ဒေါသအကြောင်း။ အရင်ဆုံး မေးခွန်းလေးတွေ မေးကြည့် မယ်နော်။ စာဖတ်သူတို့မှာ အလိုမကျလို့ ဒေါသထွက်ဖူးသလား?။ “ အလိုကြီးက အရနည်းတတ်၏ ” ဆိုသလို လိုချင်တာတွေက အများကြီး၊ မျှော်လင့်ထားတာ လည်း တပုံကြီး၊ ပြန်ရတော့ကျ နည်းနည်းလေးဖြစ်နေလို့ လောဘကြီးရာကနေ ဒေါသပါကြီးတာမျိုးရော ဖြစ်ဖူးသလား။ ကျနော်က သူများကို မေးနေတာ။ ကိုယ့်ဘာကိုယ်ပြန်မေးကြည့်မယ်။ သိပ်ဖြစ်ဖူးတာပေါ့။ ဘယ်နှစ်ကြိမ်လောက် လဲလို့မေးရင် အရေအတွက်ကinfinityထက်တောင် များဦးမလား မသိဘူးနော်။ အဲလိုဖြစ်ရင် ဘယ်လိုခံစားရလဲဆက်မေးမယ်။ သိပ်ပူလောင်တာပဲ။ မျက်နှာကြောတွေက တင်းလို့၊ ကြာတော့ ရယ်ပြဖို့တောင် မျက်နှာက မလိုက်နိုင်တော့ဘူး။ ပြန်ဖြည်လို့မရအောင် တင်းတောင့်နေတာလေ။ ဪ.. ပင်ပန်းလိုက်ပုံများနော်။ ဒါပေမယ့် အမြဲကြီးဖြစ်နေသလားဆိုတော့ အဲလိုတော ့မဟုတ်ပါဘူး။ ပျော်တဲ့အခါ၊ […]


who whoApril 18, 20151min27710
“မနေသူတွေကြားထဲမှာ နေရမယ်”တဲ့။ ရပ်ကွက်ဓမ္မာရုံမှ နက်ဖြန်မနက် ဘုံဆွမ်းလောင်းကြမည်ဖြစ် သောကြောင့် ချက်ကြ၊ ပြုတ်ကြစဉ် ဖွင့်ထားသော တရားခွေမှ လွင့်ပျံလာသော တရားသံတစ်ချက်။ အလုပ်လုပ် နေရင်း မသိမသာ နားစွင့်မိသည်။ ဘာတဲ့“မနေသူတွေကြားထဲမှာ နေပါ”ဆိုပါလား။ စိတ်ဝင်စားစရာပဲ။ ဘာကို ဆိုလိုချင်တာပါလိမ့်မယ်။ သိချင်စိတ်တွေ ယိုဖိတ်လာပေါ့။ ဒါနဲ့ ပြူတင်းပေါက်နား သွားလို့ နားစွင့်မိပါတယ်။ လောကကြီးက ဖြစ်သလိုနေ၊ အာရုံဆွဲရာနောက် ကောက်ကောက်ပါအောင် လိုက်နေကြတဲ့ လူတွေ အများသားနော်။ အပ္ပမာဒနဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ပမာဒနဲ့သာ နေနေကြတဲ့လောကမှာ အပ္ပမာဒ တရား လက်ကိုင်ထားပြီး နေနိုင်အောင် ကြိုးစားရမယ်။ အော ခုမှ သဘောပေါက်ပေါ့။ မနေသူတွေဆိုတာ သတိ လက်ကိုင်မထားပဲ ဖြစ်သလို အာရုံနောက်လိုက် ပျော်ပါးနေကြတဲ့သူများကို ဆိုလိုတာပေါ့။ အဲဒီကြားမှာ နေရင်းက […]


who whoAugust 9, 20131min1141
ကျနော်နဲ့ ရေစက်လို့ ပြောရမလားပါပဲ။ ဘယ်လိုကြောင့်များပါလိမ့် ။ ဒီလို မြင်ကွင်းတွေက ရှေ့မှာ အမြဲရောက်ရောက်လာတတ်တာလေ။ ငယ်ကတည်းက ခုထိပါပဲ။ ကျနော့စာကြည့်စားပွဲလေး က ပြူတင်းပေါက်နဲ့ တည့်တည့်လေ။ အိမ်ပေါ်ထပ်မှာလည်း ဖြစ်ပြန်။ ပြူတင်းပေါက်နဲ့ကလည်း တည့် နေလေတော့ မမြင်ချင်မှ အဆုံးပါပဲ။ ဘာဓါတ်လဲတော့မသိပါဗျာ။ လမ်းသွားတွေထဲကလည်း သွားရင်း လာရင်းက ထသတ်ကြရင် ကျနော့မြင်ကွင်းရှေ့ရောက်မှချည်းပါပဲ။ ဒါမျိုးက ဘာလို့များ တိုက်ဆိုင် သလဲမပြောတတ်တော့ပါဘူး။ တခြားနေရာမှာ ပေါက်ကွဲရင် ရရဲ့သားနဲ့။ ကျနော်အေးအေးဆေးဆေး စာကြည့်နေချိန်မျိုးမှ စာရေးနေချိန်မျိုးကျမှ ရှေ့တည့်တည့်ကနေ ဖြစ်လိုက်ကြတဲ့ ရန်ပွဲတွေလေ။ ခုလည်းကြည့်ပါဦး။ စာရေးတဲ့ထဲ ဈာန်ဝင်နေပါတယ်ဆိုမှ…..။ မလှမ်းမကမ်းမှ ဆူညံဆူညံ အသံများက နားထဲ ကျယ်လောင်စွာ ဝင်ရောက် လာပါတယ်။ ဒါနဲ့ အသံလာရာသို့ လှမ်းကြည့်လိုက်တယ်ဆိုရင်ပဲ လမ်းဒေါင့် […]


who whoJuly 28, 20131min19111
စစ်ကိုင်း ဟံသာဂီရိသို့ ဝါဆိုသင်္ကန်းကပ်လှူရန် တစ်အိမ်လုံးကျွတ် ချီတက်ခဲ့ကြပါပြီ။ ဟဲ့ လှူဖွယ်ပစ္စည်းတွေ ဘာကျန်သေးလဲ စစ်ပါဦး။ မေ့နေရင်ခက်ရော့မယ်။ အမေ့သတိပေးသံကြားမှ အပြေးအလွှားစစ်လိုက်မိပါတယ်။ ဗလာစာအုပ်၊ ဘောပင်၊ ခဲတံ၊ ဆရာတော်ကြီးအတွက် နဝကမ္မအလှူငွေ၊ စားဖွယ်ရာများနှင့်အတူ အခြားအခြားသော လှူဖွယ်ပစ္စည်းများကို တစ်မျိုးစီလိုက်စစ်ပြီးနောက် မိသားစုအားလုံး စုံညီစွာဖြင့် ကုသိုလ်ခရီးစဉ် စတင်ခဲ့ပြီပေါ့။ အရင်ဆုံး စစ်ကိုင်းမြို့ရဲ့ အမြင့်ဆုံးတောင်ထိပ်ရှိ ဆွမ်းဦးပုညရှင်ဘုရားသို့ ဦးခိုက်ဝင်ရောက် ခဲ့ကြပါ တယ်။ ဘုရားမီးဆိုင်းလေးများ ဆက်ကပ်ပူဇော်ပြီးနောက် ဟံသာဂီရိသို့ ဆက်လက်ထွက်ခွာခဲ့ပြီပေါ့။ အော်… စေတီပုထိုးတို့ဖြင့် တင့်တယ်သပ္ပာယ်လှတဲ့ စစ်ကိုင်းမြို့ရဲ့ သာသနာ့အရိပ်က အေးမြလှပေစွ။ တစ်တောင်ဆင်းလို့ တစ်တောင်တက်ကာ ဟံသာဂီရိချောင်ဆီသို့ ကျနော်တို့ကားလေး အပြေးအလွှား ရောက်ရှိခဲ့ပါပြီ။ နာရီကိုကြည့်လိုက်တော့ ၁ဝနာရီထိုးဖို့ (၁၅) မိနစ်အလို။ ကျောင်းဝင်းအတွင်း ဦးခိုက် ဝင်ရောက်လိုက်သည်နှင့် […]


who whoJune 4, 20131min1515
“ဘဝ ဘဝ” ဆိုလို့ လူရယ်လို့ ဖြစ်လာတော့ လူ့ဘဝကို ရလာတယ်။ နတ်ဖြစ်ရင် နတ်ဘဝပေါ့နော်။ ခုတော့ ကျနော်ရထားတာက လူ့ဘဝပဲမလား။ ဒီတော့ ကျနော် ရထားတဲ့ လူ့ဘဝလေးကို ပြန်ပြီးသုံးသပ် ကြည့်မိပါတယ်။ အော် ဘဝမှာ စိတ်အေးရတယ်လို့များ ရှိရဲ့လားလို့ပါ။ စားဝတ်နေရေးဆိုတဲ့ အရေးတွေအတွက် လုံးလည်လိုက်ပြီး ရုန်းကန်ပင်ပန်းနေရတဲ့ ဘဝကြီးမှာ ဘယ်တော့များမှ စိတ်အေးလက်အေး နေရပါ့မလဲရယ်လို့ တွေးမိနေပါတယ်။ အင်း ကျနော်တင်ပဲလားလို့ တွေးမိတာကြောင့် သူများတွေကို လှမ်းပြီး အကဲ ခတ်လိုက်ပါတယ်။ ဘာထူးလဲနော်။ ချမ်းသာတဲ့လူလည်း ဘယ်မှာ စိတ်အေးရ လို့လဲ။ ရှာဖွေရုန်းကန်နေရတာပဲ။ အမြဲ ပူလောင်နေရတာပဲနော်။ အရာရာ ပြည့်စုံတယ်လို့ ထင်ထားရတဲ့ လူတွေကို ကြည့်ပြန်တော့လည်း စည်းစိမ်တွေ သာ ပြည့်စုံတယ်။ စိတ်အေးရပြီလားဆိုတော့ […]


who whoMay 28, 20131min2079
တစ်နေ့ တစ်နေ့ ကျနော်တို့ နေ့စဉ်ရှင်သန်နေရတဲ့ ဘဝတစ်နေ့တာကို စာရင်းချုပ်ကြည့် လိုက်တော့ ပေးတာနဲ့ ယူတာ တလှည့်စီ လုပ်နေရတာကို သွားတွေ့မိပါတယ်။ ဈေးဝယ်တော့ ကျသင့် ငွေကို ပေးတာနဲ့ ဈေးသည်ပေးတဲ့ ပစ္စည်းကို ယူတာနဲ့ ဒီမှာလည်း အပေးနဲ့ အယူအလုပ်ပဲ လုပ်နေရ တယ်။ နောက် အလုပ်လုပ်တဲ့အခါ ကိုယ်က လုပ်အား၊ ဉာဏ်အားတွေ ပေးပြီးတော့ ရတဲ့လခတွေကို ယူနေရပြန်တယ်။ ဆိုင်ရာဆိုင်ရာတွေမှာလည်း ကိုယ်ကပေးလိုက်၊ သူများက ယူလိုက်နဲ့ အပေးအယူ အလုပ်တွေ ဖြစ်နေလိုက်တာ။ ဒီနေရာမှာ ပြောချင်တာက ကိုယ်ရလိုက်တဲ့ ပစ္စည်းတွေအပေါ် တန်ဖိုးလေး သိဖို့တော့ လိုလာပြီ။ ပစ္စည်းရဲ့ တန်ဖိုးက ဘာလဲ ဆိုတာလေးပြောမယ်နော်။ တို့တွေ ပစ္စည်းတစ်ခု ဝယ်မယ် ဆိုရင် သူ့မှာ […]


who whoMay 26, 20131min2139
ခုတလော ကျနော် အနာကြီးရောဂါသည်တွေရဲ့ ကလေးများအတွက် ပညာရေး ထောက်ပံ့ဖို့ဆိုပြီး အလှူခံတွေ နေ့တိုင်း သွားကောက်နေရတယ်။ အဲဒီလို သွားရင်းလာရင်းနဲ့ စဉ်းစားမိတာတစ်ခုရှိတယ်။ အနာကြီးရောဂါ အကြောင်း ပေါ့။ တကယ်တော့ တို့ခန္ဓာကြီးကအနာကြီးတစ်ခုလိုပါပဲ။ တချိန်လုံး ပြည်ပုပ် တွေ ထွက်နေလိုက်တာ။ မျက်လုံးကလည်း ပြည်တွေ ထွက်တယ်၊ နှာခေါင်း ကလည်း တရွှဲရွှဲနဲ့၊ နားထဲ ကလော်ကြည့်ပါလား ။ဘာတွေ့လဲ ပြော..။ ပါးစပ် ကဆို အပုပ်ရည်တွေချည်းပဲနော်။ခန္ဓာက ထွက်လာသမျှ တစ်ခုမှ ကောင်းတာ မရှိပါလား။ ဒီတော့ ကိုယ့်ကိုကိုယ်တောင် ပြောမိတယ်။ အနာကြီးရောဂါသည် အစစ်က တခြားအနာကြီးရောဂါသည်တွေရဲ့ ကလေးတွေအတွက် ကောက် လိုက်ပါဦး လို့သာပြောပြီး ရန်ပုံငွေတွေ ရှာခိုင်းနေရတယ်။ ဒီတော့ ရေချိုးရင်းနဲ့ ဘာတွေးမိလဲဆိုတော့ တို့ ဒီအနာခန္ဓာကြီးကို […]


who whoMay 25, 20131min1423
ပေါင်းမြက်သစ်ပင်၊ ထွေးယှက်ငင်လျှက်၊ အမြင်ရှုပ်ပွ၊ ရွှံ့ညွန်ထပြီး၊ မြေကမညီ၊ ဖုထစ်စီ၍၊ မပီသလမ်း၊ ခရီးကြမ်းကို၊ ကြိုးပမ်းအားထုတ်၊ စုပေါင်းလုပ်သော်၊ အဟုတ်ပီပြင်၊ လမ်းကောင်းမြင်လိမ့်။ သူလျှင်ရှေ့ဆောင်၊ ငါနောက်ဆောင်အံ့၊ သူနောက်ကဆောင်၊ ငါရှေ့ဆောင်အံ့၊ သူဘယ်ကဆောင်၊ ငါညာဆောင်အံ့၊ သူညာကဆောင်၊ ငါဘယ်ဆောင်အံ့၊ ရှေ့နောက်ဘယ်ညာ၊ မရွေးပါတည်း၊ တွေ့ရာလွတ်ကွက်၊ ငါဖြည့်စွက်မည်။ ခရီးသည်များ လမ်းညီညာလျှောက်၊ ပန်းတိုင်ရောက်၍၊ စိတ်နှောက်ကင်းကွာ၊ ချမ်းမြေ့သာစေ၊ ငါဆောင်လေသည်၊ များထွေကောင်းကျိုး၊ ရရန်သာ။ ။ ဥယျာဉ်မှူး ရန်ကင်းတောင်


who whoMay 24, 20131min1896
ကုသိုလ်ကောင်းမှုဆိုရင် ဒါန၊ သီလ၊ ဘာဝနာရယ်လို့ သုံးမျိုးကိုသိပြီးဖြစ်ပါတယ်။ အဲဒီကနေမှ ပုညတြိယဝတ္တု ဆယ်ပါး ကို ဆက်လို့ သိရပါဦးမယ်။ပုညတြိယဝတ္တုဆိုတာက ကောင်းကျိုး လိုလားသူတိုင်း ပြုသင့်ပြုထိုက်တဲ့ ကောင်းမှုတရားများကို ဆိုလို ပါတယ်။ အဲဒီ ဆယ်ပါးက ဘာတွေလည်း ဆိုတော့ ၁။ဒါန ၂။သီလ ၃။ဘာဝနာ ၄။အပစာယန ၅။ဝေယျာဝစ္စ ၆။ပတ္တိဒါန ၇။ပတ္တာနုမောဒနာ ၈။ဓမ္မဿဝန ၉။ဓမ္မဒေသနာ ၁၀။ဒိဋ္ဌိဇုကမ္မ ဒါန ၊ သီလ၊ ဘာဝနာကိုတော့ ရင်းနှီးပြီးဖြစ်တာကြောင့် နံပါတ်လေးကစလို့ ပြောကြပါစို့ဆိုတော့….. (၄)အပစာယနဆိုတာက ကိုယ့်ထက် အသက်အရွယ်၊ အကျင့်သိက္ခာကြီးတဲ့သူကို ရိုသေလေးစားခြင်းကို ဆိုလိုပါတယ်။ ကိုယ့်ထက် အသက်သိက္ခာ တစ်ရက် ၊ တစ်မနက် ကြီးတဲ့သူကို တောင် ရိုသေသင့်တယ်၊ ပူဇော်သင့်တယ်ဆိုတဲ့ အသိလေးရှိနေ ရပါမယ်။ […]


who whoMay 22, 20131min1706
ညီမငယ်တစ်ယောက် မေးလာတဲ့ မေးခွန်းလေးတစ်ခု.. “ What is the most important thing in life ? ” ဆိုတာလေး။ ဒါလေးကို ကျနော့်အမြင်အရ ကိုယ့်ခံစားချက်နဲ့ဖြေကြည့်မယ်နော်။ In my opinion , the most important thing in life is “ wisdom ” . ဒါဆို ဒီ wisdom အကြောင်းကို ရှင်းပြပါမယ်နော် ။ ဗမာလို သိကြတာက “ဉာဏ်ပညာ” ပေ့ါ ။ တကယ့် အနှစ်သာရ ကတော့ True wisdom သည် … ကိုယ့်ကိုကိုယ် ကောင်းစွာနားလည်နိုင်ခြင်း လို့ပဲ ပြောချင်ပါတယ်။ […]


who whoMay 17, 20131min1867
အို-မိတ်ဆွေ ၊ သင်၏ တစ်နေ ့တာမှ (ငါးမိနစ်) မျှသော အချိန် ကာလကို လက်တွေ ့ အသုံးချကြည့်လိုက်စမ်းပါ။ “နှိုးဆော်လင်္ကာ” ငါးမိနစ်မျှ ၊ ခဏချိန်တွင် စိတ်ဝယ်စူးစိုက် ၊ ပြုလိုက်ပါလျှင် ဘာဝနာမျိုး ၊ တန်ဖိုးထင်ထင် ညောင်စေ့ငယ်မှ ၊ ဖြစ်ရညောင်ပင် ပမာထား ၊ ကြီးမားအာနိသင်။ ။ “အတိုကောက်မှတ်ရန် လင်္ကာ” ရှေးဦးအစ ၊ ပြုရဖွယ်သာ ဆင်းရဲမှုက ၊ လွတ်ကြမှန်စွာ ပုဂ္ဂိုလ်အပေါင်း ၊ အကြောင်းခြင်းရာ ယုံကြည်လေးစား ၊ အားထားစိတ်မှာ စင်ကြယ်မှု ၊ တွေးရှု ကံသုံးဖြာ။ ။ အခြေခံတရား ၊ မှတ်သားသင့်ရာ နှာသီးဝဖျား ၊ ထင်ရှားသေချာ ဝင်ဘိထွက်ဘိ […]