Kyi LwinJune 20, 20181min4507
မင်္ဂလာပါ မြန်ဂေဇက်ရွာ လွမ်းလွန်းလွန်းလို့လာ မရောက်တာကြာ ကျန်းခန့်သာလို့ မာကြရဲ့လားဗျာ။   မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။


Kyi LwinFebruary 4, 20161min780
မင်္ဂလာပါ ။ မြန်ဂေဇက်ရွာသူကြီးနဲ့တကွ ရွာသူရွာသားအားလုံးကျန်းခန့်သာလို့ မာကြရဲ့နော။ တမြန်နေ့ဆီက နေပူတော်က စာတစောင်ရောက်လာလို့ဖတ်မိပါတယ်။ သူကြီး ကိုယ့်တူလည်း ကိုယ်အကွပ်အညပ်လုပ်ထားအုံးတော့။ ပြောချင်ရာတွေပြော ၊ဆိုချင်ရာတွေဆိုနဲ့ သူကြီးမျက်နှာအိုးမည်းသုတ်နေလေရဲ့။ သူကြီးတူ ပြောင်ကြီးကတော့ အတော်ပြောင်ပါပေတယ်နော်။ အတိတ်မေ့ရောဂါများဖြစ်နေလေသလားထင်ရဲ့။ သူ့ညီတော်မောင်တစ်ကောင် သွားပြတဲ့ ခြင်္သေ့ဆေးရုံတော်ကြီးဆီသွားပြခိုင်းရကောင်းလေမလား။ အဲလေ ပြချင်မယ်မထင်ပါဘူး။ ဟိုတကောင်လို ဆန့်ဆန့်ကြီးပြန်လာရမှာကြောက်မှာပ။ ဘာတဲ့ …လွန်ခဲ့တဲ့ ၄ /၅ လလောက်ကတော့ ဒီတခါ ရွာပြန်ရင် ဆိုင်းထမ်းနဲ့ ရောင်းရ ရောင်းရ မုန့်ဟင်းခါးပဲရောင်းစားမယ်လေး..။ စိုုက်ခင်းထဲပဲ သရက်သီးအဆွတ်လိုက်တော့မယ်လေး..။ နွားနို့ပဲ အခစားညှစ်တော့မယ်လေးနဲ့ ..ခုတော့ ရွာ့အနောက်ပိုင်း ထတော (ထန်းတော) မှာ ခွက်ကပ်သောက်ပြီး အမြည်းအတွက် တောထဲ ဖွတ်လိုက်တော့မယ်ဆိုပါလား….။ အကြံကြီးကြံ ၊ အလုပ်ကြီးလုပ်ရှာပါပေရဲ့တော်။ ဟိုကနေလည်း ပုဆိုးမနိုင် ပုဝါမနိုင်နဲ့ […]


Kyi LwinFebruary 2, 20161min27913
မင်္ဂလာပါ။ မြန် ဂေဇက်သူကြီးနဲ့တကွ ရွာသူ/ရွာသားအားလုံး ကျန်းမာတော်မူကြပါစဗျာ..။ ဒီရက်ပိုင်းတော့ မြန်ရွှေပြည်ပေါ် မင်္ဂလာစည်တော်သံတွေတဝေဝေနဲ့မို့ အားလုံးလည်း စိတ်ရွှင်လန်းနေကြမယ်ထင်ပါရဲ့။ ရာသီဥတုကလည်းဘောလုံးသမားများအကြိုက် အဲလေ.. ဆွေမျိုးပေါက်ဖေါ်တို့ဖက်က ဝင်လာတဲ့ လေအေးစီးကြောင်းကြောင့် ရန်ကုန်အပြင်နိုင်ငံတလွှားချမ်းလိုက်တာ ခိုက်ခိုက်တုန်ပေါ့။ မြို့တော်ရန်ကုန်တော့ အဲလိုဆို နေပူစာလှုံသူတွေ ၊ မနက်ခင်းကျန်းမာရေးလေ့ကျင့်သူတွေဟာ စည်ပင်သာယာရဲ့ လှပတဲ့ ပန်းခြံတွေထဲမှာ တက်ကြွစွာ ရှိနေကြတာတွေ့ရတော့ ငယ်ငယ်က ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲတွေကိုအမှတ်ရမိပြန်တယ်။ ဒါနဲ့ ရုံးပိတ်တဲ့ တနင်္ဂနွေနေ့တော့ အပျင်းကြီးပြီးအိပ်နေရာက .. အင်း…မဟာရန်ကုန်မှာ စောစောစီးစီးမင်္ဂလာရှိတဲ့ သူငယ်မတွေ ပန်းခြံထဲပြေးနေတာလေး လိုက်ကြည့်ရင်း မင်္ဂလာယူအုံးမှပါလေဆိုပြီး…..။ မဟာဗန္ဓုလပန်းခြံထောင့် ဧမာနွေလဘုရားကျောင်းဘေးနားက လက်ဖက်ရည်ဆိုင်ထိုင် မနက်စာဖြည့်ပြီးသကာလ နာရီကြည့်မိမှ ..ဘယ့်နှယ်စောတော့မလဲ ။ ၁ဝ နာရီလောက်တောင်ရှိပေါ့.. သေဟဲ့နန္ဒိယ။ ဒီအချိန်မှတော့ ပြေးနေတဲ့ ပေါင်တိုမလေးတွေ အိမ်ပြန်ပြီး ကွေးနေလောက်ပြီ။ […]


Kyi LwinJanuary 22, 20161min16311
မင်္ဂလာပါ သူကြီးရေ ကိုယ်ပဲ အမှတ်မှားတာလားမသိ။ မလာတာကြာတဲ့အချိန်မှာ အမည်ပြောင်းတာလားမသိ။ ကိုယ့်မတော့ တချိန်လုံး မန်းဂေဇက်ချည်းရေးနေရင်းက ခုမှပြန်ကြည့်မိတော့ မြန်မာဖြစ်နေတာတွေ့မိ။ မှားမိတာ ဝန္တာမိ ပါ ။ မည်သို့ပင်ဆိုစေကာမူ သူကြီးတို့ရွာ မန်း ဖြစ်ဖြစ် မြန်မာဖြစ်ဖြစ် ချစ်ပြီးသားပါပဲ။ ဒီရွာရှိလို့သာ ဒီစာတွေ ရေးနိုင်တာ၊ ရေးချင်တာတွေ ရေးနိုင်တာမို့ ရေးကျေးဇူးကြီးလှပါတယ်။ ကနေ့က စ လို့ နောင် မြန်ဂေဇက်လို့ ပြောင်းရေးပါတောမည်ဖြစ်ကြောင်း။ မြန်ဂေဇက်ရွာ သူကြီးနဲ့တကွ ရွာသူ ရွာသားအပေါင်း သောင်းပြောင်းထွေလာ ချမ်းမြေ့ကြစေရာ။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ရန်ကုန်မြို့။


Kyi LwinJanuary 21, 20161min27817
မြန်မာသက္ကရာဇ် ၁၃၇ရ ခုနှစ်၊ ပြာသို လဆန်း ၁၂ ရက် ၊ ကြာသာပတေးနေ့။   မင်္ဂလာပါ မန်းဂေဇက်ရွာသူကြီးနဲ့တကွ မိဘပြည်သူများခင်ဗျာ..အဲလေ .. ရွာသူရွာသားအပေါင်းတို့ ကျန်းမာတော်မူကြရဲ့နော်။ မန်းဂေဇက်ရွာထဲ လှည့်ပတ် ဖတ်မိတော့ အတော့ကို ဗဟုသုတစုံပေတာပါပဲလား။ ရွာသူကြီးကလည်း အကွပ်အညှပ်ကောင်းထင်ရဲ့။ ရွာသူရွာသားများကလည်း ထထ ကြွကြွ ညီညီညွတ်ညွတ် ရှိကြပါပေရဲ့၊ ကောင်းလေစွ ကောင်းလေစွ။ တနေ့က အလည်တခေါက်လက်ဦးလှည့်မိတဲ့ တို့တစ်ယောက်တော့ တဝဲလည်လည်နဲ့ ပြန်မထွက်ဖြစ်တော့ပြန်ဘူး။ အများတကာရေးတာတွေဖတ်ပြီး သဘောကျရပါသကော..။ အဲ.. သဘောကျတယ်ဆိုမှ ဒီမနက်လည်း ဘတ်စ်ကားပေါ် တွေ့ခဲ့တာတစ်ခု သဘောကျပြီး ပြုံးစိစိ နဲ့  အဟိ..။ ဘာတဲ့..ဘတ်စ်ကားမှာ ကပ်ထားတဲ့စာက… “ကားပေါ်တွင် အမှိုက် မပစ်ရ ” ဒါဆို လမ်းပေါ်တော့ ပစ်လို့ရသပေါ့နော်။ […]


Kyi LwinJanuary 20, 20161min18212
မင်္ဂလာပါ ဂေဇက်ရွာ။ မန်းဂေဇက်ရွာက သူကြီးနဲ့တကွ ရွာသူရွာသား လူအများတို့ကျန်းခန့်သာလို့မာပါစ။ ဒီနေ့တော့ လကုန်ရက်နီးလာလေ ..လခစားတို့ ဘာသာဘာဝ ရင်ကြပ်လေမို့။ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ကဗျာပေါက်စလေး တပုဒ်မှတ်မိတာကို လာရှယ်လိုက်ပါတယ်။ ဒီကဗျာလေး ဖတ်ဖူးတာ သွေးသောက်မဂ္ဂဇင်းထဲကပါ။ ဘယ်သူရေးလဲ မမှတ်မိတော့ပါ။ ပိုင်ရှင်သိရင် လာမန့်ပေးပါ။ နှစ်ပေါင်း ၃ဝ တောင်ကြာခဲ့တာ။   လစာ ရုတ်တရက် ရက်မကြာသေးမီ နှုတ်မဆက် ထွက်ခွါပြေးပြီ…တဲ့။   ဝင်ငွေ ထွက်ငွေ မျှတ တဲ့ လခစားများဖြစ်ကြပါစေ အဲလေ ဖြစ်ရပါလို၏။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ရန်ကုန်မြို့ ၂၀.၁.၂၀၁၆


Kyi LwinJanuary 19, 20161min15914
မင်္ဂလာပါ မန်းဂေဇက် ရွာသူကြီးနဲ့တကွ ရွာသူ ရွာသားများ ကျန်းမာတော်မူကြပါစ။ တို့များတော့ မလာတာကြာတော့ အသိမိတ်ဆွေတွေတောင် မှတ်မိပါ့မလား။ ရှိပါ့မလား ရယ်လို့ စိုးရိမ်စိတ်လေးနဲ့ တိတ်တိတ်လေး တစ်ခေါက်ပြန်အလည်လာမိပါတယ်။ ရွှေပြည်မြန်မာကြီးလည်း ကျန်းမာရေးနလန်ထတော့မယ်ထင်ပါရဲ့လေ။ တို့တိုင်းဌာနေလည်း စမ်းရေလည်းကြည် ပန်းတွေလည်းပွင့်ဖို့ ဟန်ချီကြတော့မယ်ထင်ပါတယ်။ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့စေကြောင်း ဆုမွန်တောင်းရင်း နှုတ်ဆက်ပါတယ်။ မန်းဂေဇက်ရွာ စည်ပင်စေကြောင်းရှင့်.. မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်


Kyi LwinApril 11, 20141min822
၁၂၉၂ ခုနှစ် အတွက် မေတ္တာပို့ နှစ်ကူး သစ်မြူး၊ ခေတ်ဦး ကောဇာ ဆန်းစ ချမ်းမြ၊ စန်းလ သော်တာ မြိုင်အောက် ကြိုင်လှောက် ၊ ပိတောက် ပမာ ကျန်းရွှင်ကြောင်း ၊ သွန်းလောင်း ရေသီဒါ။        ။ ဆရာမင်းသုဝဏ် ၃၁. ၃. ၁၉၃၀ ဆရာမင်းသုဝဏ်ရဲ့ မေတ္တာရေလောင်း ကဗျာလေးပို့ပေးလို်က်ပါတယ်။ မန်းဂေဇက်ရွာ ပြည်သာယာမှာ နှစ်ဖြာ သုခ ချမ်းသာစေကြောင်း ကျွန်ဆုတောင်းသည်။ ရေ ထိ ပန်းနှယ် အေးစေသောဝ်။ ဆရာမင်းသုဝဏ်ရဲ့ မေတ္တာရေလောင်း ကဗျာလေးပို့ပေးလို်က်ပါတယ်။ နှစ်သစ်အတာမှာ ဘေးဘယာတွေ ဝေးကွာလို့ ရွှင်လန်းကြပါစေကြောင်းရှင်။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ၁၁.၃.၂၀၁၄


Kyi LwinApril 9, 20141min1328
ငါးပိကျော်ဘွဲ့ လွမ်းခြင်း   မယ့်ကိုယ်တိုင် လုပ်ခဲ့၊ ပိပုပ်တဲ့ ဆားနယ်၊ ကောင်လုံး  ထယ်ကို၊ အိုးလယ်တို ရွှေစဉ့်လူးရယ်နှင့်၊ နှစ်ကူးကာ လတွေများအောင်လို့၊ တို့အိမ်အို စားဖိုနား  မှာတော့၊ ထားခဲ့တယ်လေး။      ။ မြို့ဒဂုန်၊ ခရီးသွား လူကြုံလို့၊ ဆီတဖုံ ငရုတ်ထောင်းရယ်နှင့်၊ ပလောခြောက် အမှုန့်လောင်းပါတဲ့၊ ငါးပိကောင်း ငါးခူကောင်ကို၊ ဘေးအတောင် ရိုးထွင်နှုတ်ကာပ၊ တကုပ်ကုပ် စားဖိုလယ်တွင်၊ စီစဉ်ကာ ကိုယ်တိုင်ကျော်၍ စိန်ဂျွမ်းပျော် သားမောင်စားစေဖို့၊ မယ်တပါး မင်းမာတာ၊ စေတနာ အနန္တရယ်နှင့်၊ တောဌာနေ အရပ်ဝေးဆီက၊ (လူလေးရေ) ပေးလိုက်တယ်လေး။       ။ ဆရာမင်းသုဝဏ် ၅.၄.၁၉၂၇ ငပိချက် ပြီးတော့ ငပိကျော် ပို့ပေးလိုက်ပါတယ်။ ဆရာမင်းသုဝဏ်ရဲ့ကဗျာလေးကို တောရွာဓလေ့ စားစရာ မေ့နေလောက်ပြီဖြစ်တဲ့ ရွှေများအတွက်ပါ။ […]


Kyi LwinMarch 31, 20141min13810
မင်္ဂလာပါ မန်းရွာသူ ရွာသားများ ကိုယ်တိုင်မရေးတတ်ပေမင့် ဖတ်စေချင်လို့ပို့လိုက်တယ်။ ကိုဝင်းဘွဲ့ ဖတ်ပြီး အပျင်းပြေဖွယ်။   ကိုဝင်းဘွဲ့ တေးထပ် ပျော်ပျော်နေ သေခဲလို့၊ အခြေစွဲ မှတ်ကာ၊ ပြည်အထဲ ရပ်ရွာမှာ၊ မလပ်သာ ကမြင်း။      ။ မျောက်ရှုံးလို့ လူရွံ့အောင်၊ သူအလွန်  ဆော့တတ်လေခြင်း။     ။ အရပ်က ခပ်ရှည်ရှည်ငယ်၊ အမည်မှာ ကိုဝင်း၊ တွေ့ကရာ သူငယ်ချင်းတွေနှင့်၊ သူမပျင်း နေတယ်။         ။ ခါတလေ မြောက်လေ မြူးပြန်တော့၊ အရုူးလို့ ထင်ရသကွယ်။      ။ ထိုကဲ့ မသတီဖွယ်ကို၊ ပြည် နယ်မှာ ကြုံခဲလို့၊ လုံပုလဲ ခင်ကညာ၊ ပြေးမြင် လှည့်ကွာ။       ။ ဝမ်း ပထမ ဆန်းလှပါတယ်၊ တန်း အဌာ […]


Kyi LwinMarch 28, 20141min1286
မင်္ဂလာပါ မန်းဂေဇက်ရွာ။ တို့များတော့ ဖတ်ပြီး အင်မတန် သဘောကျ နှစ်ခြိုက်မိတဲ့ ဆရာမင်းသုဝဏ်လေးတပုဒ် လက်ဆောင်ပေးခွင့်ပြုပါ။ ဖတ်မိသူတိုင်းလည်း သဘောကျ နှစ်သက်လိမ့်မယ်လို့ ထင်ပါတယ်။ မန်းဂေဇက်ရွာသူ ရွာသားများ ရွှင်လန်းပါစေသောဝ်။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ၂၈.၃.၂၀၁၄   ကြိတ်ပိုးဘွဲ့ လေးဆစ် တိတ်တခိုး၊ ကြိတ်ပိုးပါလို့  အချိန်ကုန် ။      ။   ဟိုင်းဇာတာ ပါလာရော့ထင့် ရေးခွင့်မကြုံ ။        ။ စာလွှာများမှာတော့၊ မပါးဖြစ်လို့ အပုံအပုံ၊ ကြုံရပါ သည်ကံမျို း ။      ။ ခုတိုင်အောင် ၊ ရီးစားဆို ချိ ုထောင်ထောင်နှင့်၊ ဟိုအကောင် ဘဲဥလားရယ်လို့၊ မှားထင်ရဲ့ဗျိ ု း။           ။ ဆရာမင်းသုဝဏ် ( […]


Kyi LwinMarch 26, 20141min1535
ခါနွေဆန်းတော့ လွမ်းမိတယ်။ ဆန်းစခါနွေ ၊ သာတပါင်းမို့ ညှာညောင်းကြွေ၊ ပြေပြေရောရု၊ မြအသွေး၊ ရွှေရေးလုလို့၊ ရတု အညီ၊ မြေသို့သက်တဲ့ ရော်ရွက်ရီကို၊ ပလီပလာ တီတာတာ သည်ခါဓလေ့၊ နွေအကူး လေရူးဝှေ့တော့၊ ကွေ့ကွေ့ ဝန်းဝိုက်၊ ရွှေကြောင်ဖား မြီးဖျားလိုက်သို့၊ မြိုင်တိုက် စုံယံ၊ ရွက်ဟောင်းပျံသော်၊ ရွှေခြံဂါမ ကျွန့်ဌာနကို ၊ မှန်းဆလို့တွေး၊ မိဖ နှစ်ပါး ဆွေအများကို လွမ်းအားနဲ့ ဆွေးမိပေါ့။ မအေးနိုင် မရွှင်နိုင်၊ သည်ရာသီ လတပေါင်း ကြက်ဆောင်းသို့ တိုင်သောအခါ တလှိုင်လှိုင်ပေါ် မြိုင်တကြော တောစံပယ်ဖြူ၊ ဝတ်မှုံကျင်းတဲ့ သင်းကြူကြူကို၊ လေချူလို့ လွှင့် ပန်းထုံ တဲ့ လေချ ို မှာ ရွှေချိုးပျ ို  ကူသံဆင့်ပေလိမ့်။ […]


Kyi LwinNovember 4, 20131min1120
မင်္ဂလာပါ ။ မန်းဂေဇက်ရွာသားများ ကျန်းမာတော်မူကြရဲ့နော်။ ရုံးပိတ်ရက်မှာ ဆရာအောင်သင်းရေးတဲ့ မျိုးဆက်သစ် တိုးတက်ရစ်ဖို့ ဆိုတဲ့ ဖတ်ရင်း အဲဒီစာအုပ်ထဲက အကြောင်းအရာတစ်ခုကို  ဖေါက်သည်ချ ချင် စိတ်ဖြစ်မိတယ်။ ဒီနေရာမှာ ဆရာအောင်သင်း စာအုပ်ထဲကနေ ကူးရေးပေး တဲ့ အတွက်တော့ စိတ်ရှိတောမ မူကြပါနဲ့…။ မဖတ်ရသေးတဲ့ သူများရှိရင် ဖတ်စေချင်တာကြောင့် လက်ညောင်းခံပြီး ဆရာ့အလစ်မှာ ရေးပေးလိုက်ရတာပါပဲ။ ဖတ်ပြီးသား သူများအတွက်တော့ သည်းခံတော်မူကြပါလို့….။ မြန်မာရာဇဝင်မှာ ဘိုးတော်ဦးဝိုင်းလို့ သိကြတဲ့ ဘိုးတော်ဘုရားရဲ့  အမတ်ကြီး ဦးပေါ်ဦး ဟာ ငယ်ပေါင်းရောင်းရင်းလိုူ ဖြစ်နေလေတော့ ဘုရင်ကို မကြောက် မလန့် ပြန်ပြောလား၊ ပြောရဲ့ ။ ကတ်ဖိုး ကတ်ဖဲ့နဲ့ စကားနိုင်လုလား ၊ လု ရဲ့။ ဖြတ်ထိုးဉာဏ်ကလည်း အင်မတန်မြန်တယ် […]