Kyi LwinAugust 10, 20131min2225
ဒါဟာ ကဗျာမဟုတ်ဘူးနော်။ (၈ ရက် ၈ လ ၈၈ ခုနှစ်၊ ည ၁၁ နာရီ ၄၅ မိနစ်)။ ဩဂုတ်လ ရှစ်ရက် မိုးစက် ဖွဲဖွဲ အောက်မှာ နေ့လည် ၂ နာရီလောက်က စ ဝင်ရောက်လာတဲ့ သက်တန့်ရောင် လူလှိုင်းများ။ တငွေ့ငွေ့နဲ့လောင်ခဲ့တဲ့ မီး၊ ပွဲပြီး မီးသေ မဖြစ်ခဲ့တဲ့ မီး။ စက်မှု ကျောင်းသားနဲ့ အရပ်သား စကားများကြရာက မတရားဘက်လိုက်မှု ရဲ့ တရားဥပဒေမဲ့တာက တစ်ကြောင်း၊ စားဝတ်နေရေး ကြပ်တည်းတာက တစ်ကြောင်း၊ ဆိုရှယ်ကျကျ လစ်တတ်တဲ့ ဆိုရှယ်လစ် ကွက်ကြားမိုးက တစ်ကြောင်း၊ နောက်ဆုံးတော့ တောင့်မခံနိုင်တဲ့ အဆုံး တွန်းလှန်မှု အစ ဖြစ်ခဲ့ရ။ ဘာဆို ဘာမှ […]


Kyi LwinAugust 10, 20131min941
မင်္ဂလာပါ မန်းဂေဇက် သူကြီးနဲ့တကွ ရွသားများ။   ဖတ်စေချင်လို့ သူများရေးတဲ့စာတွေကို  ကော်ပီလုပ်ပြီး ပို့လိုက်ပါတယ်။ သည်းခံဖတ်ပေးကြပါရန် ။ ရွှေတို့ရဲ့မြန်မာ အေးချမ်းစေကြောင်း ဆုမွန်တောင်းလျှက်။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ရန်ကုန်မြို့။


Kyi LwinAugust 9, 20131min1334
ငွေရတုပွဲကြီး ဝှဲချီးကျင်းပနေချိန်မှာ ဒီဆောင်းပါးလေးဖတ်ဖြစ်တယ်။ စဉ်းစားစရာလေးတွေပါတယ်။ ဖတ်သင့်တယ်ထင်လို့ ကူးယူဝေမျှပါတယ်။ ၈၈ တို့ ဘယ်သွားမလဲ မကြာသေးမီက ဖေ့စ်ဘွတ်စာမျက်နှာကနေ ABSDF အဖွဲ့ဝင်ဟောင်း ကိုသီရိညွန့် ရှစ်လေးလုံးငွေရတုနဲ့ပတ်သက်ပြီး ရေးလိုက်တဲ့ သူ့သဘောထားကို ဖတ်ရတယ်။ မိမိတို့ရည်မှန်းချက် ပြီးဆုံးအောင်မြင်အောင် မဆောင်ရွက်နိုင်သေးဘဲ၊ ကျဆုံးသွားသူတွေ၊ ခန္ဓာကိုယ် စွန့်လွှတ်ခဲ့သူတွေ၊ ဒီနေ့အထိ တောထဲတောင်ထဲ၊ ကတုတ်ကျင်းတွေမှာ ဒုက္ခခံရပ်တည် နေကြသူတွေကို အားနာလို့ ပြည်တွင်းက ရှစ်လေးလုံး ငွေရတုပွဲကြီးကို မတက်ရောက်နိုင်တဲ့အကြောင်း၊ အဝေးကပဲ အမျှဝေ ကုသိုလ်ကောင်းမှုပြုလုပ်သွားမယ်လို့ ရေးထားတာ ဖတ်ရတော့ကိုယ်နဲ့ စိတ်တူကိုယ်တူ ခံစားချက်တူ ရဲဘော် တွေအများကြီး ရှိနေတာပဲလို့ ပီတိရင်ဘတ်နဲ့ခံစားပြီး ကျေနပ်ခဲ့ရတယ်၊ ဝမ်းသာ ဝမ်းနည်းလည်း ဖြစ်ရတယ်။ လွန်ခဲ့တဲ့ ဇွန်လက ကိုမိုးသီးဇွန်က အီးမေးလ်ပို့တယ်။ “ကိုမွန်းအောင်နဲ့ ခင်ဗျားကို […]


Kyi LwinAugust 9, 20131min1082
၈၈၈၈ – အမှတ်တရ ဩဂုတ်လ ၏ မြင်ကွင်းတစ်ခု ============================== ယနေ့ လူငယ်များသည် ၈၈၈၈- နှင့် ပတ်သက်၍ တိတိပပ မသိနိုင် ခဲ့ကြ။ စစ်အုပ်ချုပ်ရေး ကာလအတွင်း ဖိနှိပ်၊ တားဆီးပိတ်ပင်ဟန့်တား မှုများကြောင့် အတိတ်သမိုင်းသည်ပင် မှိန်ပျပျ။ကျောင်းသားခေါင်းဆောင် များ၏ လှုပ် ရှားမှုပုံရိပ်များသည်လည်း ဝိုးတိုးဝါးတား။ အကြောင်းမူကား သူတို့ဘဝ မျက်စိပိတ် နားပိတ်ဖြစ်ခဲ့ရသည် မဟုတ်လား။ စင်စစ် ၈၈၈၈- အရေးတော်ပုံကြီး ဖြစ်ပေါ်လာရန် ၂၈-၇-၈၈ နေ့မှ စကာ ဝါဆိုလပြည့်နေ့တွင် ကျောင်းသားများ ဦးဆောင်၍ ရွှေတိဂုံ ဘုရားပေါ်တွင် တရားဟောသည်။ ပိုစတာများကပ် သည်။ ၂၉-၇-၈၈ နေ့တွင် ဦးအောင် ကြီး၊ ဦးစိန်ဝင်း အပါအဝင် ၁ဝ ဦး ထိန်းသိမ်းခံခဲ့ရသည်။ […]


Kyi LwinJuly 25, 20134min34117
သမ္မတကြီးတကယ်ရိုးသားခဲ့ရဲ့လားဖွင့်ဟချက် ဆောင်းပါးတပုဒ်ဖတ်ဖူးကြမှာပါ၊သမ္မတကြီးရွှေတြိဂံလိုနေရာမှာတိုင်းမှုးဖြစ်ခဲ့တာတောင်အဂတိကင်းတယ်၊သမ္မတကြီးကတော်ကမုန့်ဟင်းခါး ရောင်းဖို့တောင်ကြံစည်ခဲ့သေးတယ်စသဖြင့်ရိုးဂုဏ်ဖွဲ့ဆောင်ပါးလေးပါ။ချီးကျူးအားကျသနားခဲ့ရပါသေးတယ်။အခုသမ္မတရာထူးရတော့ရော အရင်အတိုင်းပဲလားဆိုတာလေးတင်ပြချင်တာပါ။တကယ်တော့ဒီတင်ပြမှုဟာစစ်အာဏာရှင်နဲ့ခရိုနီအသိုင်းအဝိုင်းရဲ့မြန်မာပြည်ကြီးကိုသွေး စုတ်ဖုတ်ကောင်လိုဂုတ်သားလေးကိုက်စုတ်လိုက်ရမှအရသာရှိတာတွေနဲ့ယှဉ်ရင်ပြောပလောက်မယ်တော့မထင်ပါဖူး။အဖြစ်မှန်တခုအကြောင်း တင်ပြခြင်းသာဖြစ်သည်။ ဒီလမ်းတဲ့တဲ့ဆင်းသွားရင် ပျဉ်းမနားမြို့ထဲရောက်တယ်။ဆန့်ကျင်ဖက် နေပြည်တော်သွားတဲ့လမ်းနံမည်ကရာဇဌာနီလမ်း၊အမြန်လမ်းမဟုတ်၊ လမ်းဟောင်းအတိုင်းလာရင်လမ်းညာဖက်မှာ ရွှေတိဂုံပုံစံ တည်ထားတဲ့ဘုရားရှိတယ်၊ဆက်သွားရင်နေပြည်တော်မရောက်ခင်လမ်းဆုံမှာသမ္မတခြံ လို့ခေါ်တဲ့ဧက၅၀ဝကျယ်တဲ့သမ္မတပိုင်ခြံကြီးရှိပါတယ်၊ခွင့်ပြုချက်မရှိပဲအပြင်လူလာလို့မရပါဖူး၊ခွင့်ပြုချက်တခုကြောင့်အခုလိုတင်ပြနိုင်တာပါ။ ပြီးခဲ့တဲ့လလောက်ကဥရောပနိင်ငံတွေသမ္မတကြီးသွားတော့မွေးမြူရေးခြံတွေလျှောက်လေ့လာတာဘာအတွက်လဲဆိုတာလဲသိသာလာမှာပါ။ ၂၁၅မိုင် အမြန်လမ်းမှာသရက်ခြံကြီးတခုကိုလည်းသမ္မတပိုင်ပါတယ်ဧကတော်တော်များပါတယ်။အဲ့ဒီခြံကထွက်တာဆိုပြီးတရုတ်သမ္မတဆီအပြင် ကမျိူးကောင်းသရက်သီးတွေဝယ်ပြီးလက်ဆောင်ပို့ခဲ့ဖူးပါသေးတယ်။လူကြီးပိုင်းတော်တော်များများရဲ့ကိုယ်ပိုင်သတ်မှတ်ထားတာတွေ အဲ့ဒီ မိုင် တိုင် ပတ်ဝန်းကျင် မှာအပြည့်ပါပဲ။ ဧက၅၀ဝကျယ်တဲ့သမ္မတခြံကြီးထဲမှာဘာတွေရှိလည်းဆိုတော့ဆန်စက်က၂လုံးရှိ၊စပါးစိုက်ခင်း၊သစ်ခွနဲ့နဂါးမောက်အပါအဝင်စိုက်ခင်းများ၊ နွားဝက်ကြက်မွေးမြူရေးခြံကြီးများ၊ဆန်ဂိုထောင်များရှိပါတယ်။ သစ်ခွခြံဆိုကုန်ကျငွေသိန်း ၃၀ဝ ကျော်လောက်ရှိမယ်။ ဆန်စက်ဆို ဒေါ်လာသန်းနဲ့ချီကုန်တာစိုက်ခင်းတွေကလည်းမနည်းမနောဘဲနဂါးမောက်တို့ နေကြာ ပုလဲသွယ်ဆိုတဲ့စပါးမျိုးတွေ နွားတင်းကုတ်ဆို ရွာကဟာတွေမျက်စေ့ထဲသွားမမြင် နဲ့ ဟင်ဂလန်သံချောင်းတွေ နဲ့တိုင်ထောင်ပြီး အလူမီနီယံသွပ်မိုးထားတာ၊ ဒါက ခရမ်းသီး သခွား မွှေးသီး အသီးအနှံတွေပျိုးဖို့အ ဆောက်အဦးတွေ၊ ဆန်စက်တလုံးကိုအသီးအနှံထားဖို့အအေးခန်းအဖြစ်စကာင်္ပူကအင်ဂျင်နီယာတွေလာဆင်ပေးနေတာပါ။ တကယ်တော့သမ္မတလဲပိုင်ဆိုင်မှုဆိုတာရှိနိုင်ပါတယ်။ဒါပေမယ့်ဘယ်သူပေးတဲ့ဆုလာဒ်ဆိုတာတော့အားလုံးသိကြမှာပါ။ သမ္မတလုပ်လိုက်လို့ရတဲ့ဆုလာဒ်ဆိုတာကလဲအရင်စစ်အာဏာရှင်လက်ထက်မှာမထူးခြားပေမယ့်ပိုင်ဆိုင်မှုပြရတဲ့ဒီမိုကရေစီ အစိုးရလက်ထက်မှာတော့ထောက်ပြစရာပါ။ဒီထက်ထူးခြားတာကရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုပြီးနာမည် ခံထားပေမယ့်ပြည်သူပိုင်စီမံကိန်းများသာတည်ဆောက်ရတဲ့ဆည်မြောင်းဦးစီးဌာနကလူရောငွေရောအကုန်ခံလုပ်ပေးနေတာပါပဲ။ ဘယ်လိုစာရင်းပြမလဲဆိုတာတော့စောင့်ကြည့်ရမှာပါ။ဝန်ထမ်းအခေါ်တော့(BLACK)လုပ်ပေးတယ်ခေါ်တာပေါ့။ ရွှေသံလွင်ကျော်ဝင်းကတာဝန်ခံဆောက်လုပ်တယ်ဆိုရင်လည်းအပြင်လူငှားလုပ်သင့်ပါတယ်။အစိုးရဝန်ထမ်းတွေက တဦးတယောက်ပိုင်ခြံကိုဝန်ထမ်းနေတာမြင်မကောင်းပါဖူး။ ဒီကြားထဲ ဝန်ကြီးအတွက်ကဘယ်နှစ်ဧကသမ္မတသားမက်အတွက်ကဘယ်နှစ်ဧကအဲ့လိုဝယ်ပေးရတာလည်းရှိသေးတယ် ပြောချင် တာက […]


Kyi LwinJuly 11, 20131min1267
ဒီဆောင်းပါးကို ဖေ့စ်ဘုတ်ခ်မှာ ဖတ်ရတာပါ။ ဖတ်ပြီးသား ဖြစ်နေရင် ခွင့်လွှတ်တော်မူကြပေရော့။ မနေ့က ရေးလိုက်တဲ့ စာ နဲ့ ဆက်စပ် နေတဲ့အကြောင်းအရာမို့ ကူးပေးလိုက်ရပါတယ်။ တိုးတက်ခြင်း နဲ့ ဆုတ်ယုတ်ခြင်း ၊ အကောင်းနဲ့ အဆိုး ဒွန်တွဲနေတယ်ဆိုတာ လောက နိယာမပါ။ ဒါကို ဆင်ခြင်တုံတရားရှိတဲ့ သူတွေက ပညာ နဲ့ ပိုင်းဖြတ် ရပါလိမ့်မယ်။ ကြည်လွင် ရန်ကုန်မြို့။     အသွားနှင့် အပြန် ———————– ရေးသားသူ- ခင်မေဇော်(ဝါရှင်တန် ဒီစီ) မြန်မာနိုင်ငံတွင် မိုဘိုင်းဆက်သွယ်ရေးအော်ပရေတာနှစ်ခု ရွေးချယ်လုပ်ကိုင်ခွင့်ပြုခဲ့ခြင်းက မြန်မာပြည်သူများ လူနေမှုပုံစံကို ပြောင်းလဲစေပါလိမ့်မည်။ အရှေ့တောင်အာရှတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေးနည်းပညာအား အနည်းဆုံးမြန်မာတွင် နောင်ငါးနှစ်အတွင်း နိုင်ငံ၏ ၈ဝ ရာခိုင်နှုန်းသော ဒေသတို့တွင် ကြိုးမဲ့ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးတော့မည်ဖြစ်ပြီး […]


Kyi LwinJuly 10, 20131min17614
မန္တလေးဂေဇက် သူကြီးမင်းနဲ့တကွ ရွာသားများ ကျန်းမာတော်မူကြပါစ။ သူကြီးနေတဲ့ အမေရိကားမတော့ လူ့အသုံးဆောင်တိုးတက်နေတဲ့ နေရာမို့ အချိန်နဲ့အမျှ တီထွင်မှုတွေ ဆန်းသစ်မှုတွေ ရှိနေတဲ့အတွက် ခေတ်မီအသုံးအဆောင်များက တစ်မျိုးပြီးတစ်မျိုး အသစ်အဆန်းတွေနဲ့ ခေတ်ရှေ့ပြေးနေမယ်ထင်ရဲ့။ ရွှေတို့ရဲ့ မြန်မာမတော့ ခု နှစ်ပိုင်း ၁ နှစ်/ ၂ နှစ်လောက်မှ လက်ကို်ငင်ဖုန်းတို့ ဖလက်တက် အဲလေ လျှပ်စစ်ကျောက်သင်ပုန်း တို့ လယ်တော တို့ ဆိုတာတွေကို လူအတော်များ များ သုံးနေတာ နေရာတကာမြင်ရတော့ အလိုလေး င တို့ မလဲ တိုးတက်နေပြိဘဲ ကမ္ဘာနဲ့ ရင်ဘောင်တန်းနေပြီဆိုပြိး ကိုယ့်မှာမရှိပေမင့် အချောင် ဘဝင်မြင့်မိသပေါ့။ ကမ္ဘာတလွှားကို ဒေါ်လာရှာဖို့သွားတဲ့ ရောင်းရင်းများကိုလည်း မျက်နှာချင်းဆိုင်ပြောလို့ရသကိုး။ ဒီလို အကျိုုးတွေရအောင် တီထွင်ကြံဆ ကြကုန်သော ပညာရှင်များနှင့် […]


Kyi LwinJune 5, 20131min1245
မန္တလေးဂေဇက်က သူကြီးနဲ့တကွ ရွသားအပေါင်း ကျန်းမာတော်မူကြပါစ။ ခုတလောတော့ သူကြီးတို့ရွာ ဘာတွဖြစ်နေတယ်မသိပေမင့် ရွှေများရဲ့ ရွှေမြန်မာ မတော့ ရယ်ချင်လိုက်တာ ဖတ် ဖတ် မော ရင်ဘတ် နောက်က ကျော ဆိုသလို ပ။ ပြိးခဲ့တဲ့ တစ်လလောက်က ဘတ်စ်ကားတွေပေါ်မှာ အာဘောင် အာရင်းသန်သန် နဲ့ လာရောင်းတဲ့ စာအုပ်လေးတစ်အုပ် ရန်ကုန်မြို့နေ အများ သူ ငါတော့ မှတ်မိကြမယ်ထင်ရဲ့။ စာအုပ် အမည်က   မြန်မာနိုင်ငံ ခေတ် အဆက်ဆက် က နိုင်ငံတော် သမ္မတ များ ဆိုပဲ။ ရေးတဲ့သူက ဒေါ်အုန်းကြည်သား တဲ့ ။ တို့များ ထင်လိုက်တာက ပြောင်ကြီး သားများလားလို့။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးပိတ် အိတ်နဲ့လွယ် ပြီး ဘဘပြောင်ကြီးကို […]


Kyi LwinMay 8, 20132min1396
ဒီကဗျာကို ကူးပေးလိုက်တာပါ။ ဖတ်မိသူတိုင်း ရင်မော စေ၊ခံစားစေ လိုပါတယ်။   မ ေ န နို င် လို ့ ထ ေ ရ း တဲ့ က ဗျ ာ ေ အ ာ င် ေ ဝ း ေ မ ၇၊ ၂ ဝ ၁ ၃ မနေနိုင်လို ့ထရေးတဲ့ကဗျာ နေနိုင်သူတွေ မဖတ်နဲ ့။ တစ်နေ ့တစ်နေ ့ မီးလောင်ဗုံးနဲ ့ အဓိကရုဏ်းနဲ ့။ တစ်နေ ့တစ်နေ ့ သပိတ်စခန်းနဲ ့ ဒုက္ခသည်စခန်းနဲ ့။ […]


Kyi LwinMay 7, 20131min2158
မင်္ဂလာပါ ။ မန္တလေးဂေဇက်မှ သူကြီးမှ စ ရွာသားအပေါင်း ကျန်းမာတော်မူကြပါစ။  မတွေ့တာကြာလို့ တို့များကို မေ့နေတော်မူကြရော့ထင့်။ သူကြီးတို့ရွာကို လူမလာ စာမရောက်သော်လည်း စိတ်ကတော့ ရောက်သပေါ့။ ပြောချင် ရေးချင်တဲ့ အကြောင်းများက ရေးလို့ရယ်တဲ့ဘယ်မကုန်၊ ပြောမဆုံးပေါင် တော သုံးတောင် ဆိုသလိုပ။ သို့ပေမင့် လက်က ကီးဘုတ်ပေါ် မရောက်လေတော့ စာတစ်စောင် ပေတစ်ဖွဲ့ဖြစ်ဖို့ နီးလျှက်နဲ့ ဝေးခဲ့သပေါ့။ ဒီအတောအတွင်း တို့များရွှေမြန်မာလည်း ရွှေရောင်တွေ လွှမ်းနေပါသကော။ တကယ့် ရွှေလား။ ယိုးဒယားရွှေလား။  သုတ်ဆေး ရွှေလား ဆိုတာတော့ သေချာကြည့်ရင် တွေ့နိုင်ပေလိမ့်မယ်။ မြန်မာပြည်ကြီး မျက်နှာပွင့်လာလေပြီ။ လွှတ်တော်ကြီးလည်း စည်ကားပါပေ၏။ ရွှေမန်းတို့ လေငန်းတို့ လေသရမ်းတို့လည်း စုံစုံ ညီညီချီတက်လျှက်ပါပေ။ ရခိုင်ပြည်နယ် ရာဇဝတ်မှုတခုကို အရေးယူခြင်း  […]


Kyi LwinMay 6, 20131min1126
ဟိုရှေ့က မြန်မာပြည်။ ဟိုရှေ့က ဆူဆူညံ၊ ဘာသံလဲမေး။ ရခိုင်ပြည် ဘင်္ဂါလီ အရေး တွေးဆ ကွဲ့လေး။ ။ ဟိုရှေ့က ညှော်စော်နံ၊ ဘာတွေလဲ မေး။ လက်ပံတောင်းတောင် စမ်းသပ်တဲ့ ဘာဘီကယူး ပွဲတဲ့လေး။  ။ ဟိုရှေ့က ပူညံ ပူညံ၊ ဘာဖြစ်လဲမေး။ လယ်ယာမြေပြန်တောင်း တဲ့ လယ်သမားတဲ့လေး။  ။ ဟိုရှေ့က ဒိန်းဒိန်းသံ၊ ဘာသံလဲ မေး။ ကချင်ပြည်တိုက်နေဆဲမို့၊ ပြည်သူတွေပြေး။  ။ ဟိုရှေ့က ဖုံးဒိုင်း သံ ဘာသံလဲ ဝေး။ ကေအင်ယူ တိုက်ပွဲမို့ ပြည်သူတွေပြေးနေဆဲ ဝေး။  ။ ဟိုရှေ့က ရှမ်းရိုးမ ပေါ် ဘာတွေလဲမေး။ လက်နက်ကိုင် ရှမ်းတပ်ဖွဲ့နဲ့ တိုက်နေဆဲလေး။  ။ ဟိုနားက တဟေး […]


Kyi LwinJune 1, 20121min23914
အောက်ကလိအာ။ ( ကြက်လည်း မဟုတ် ကျီး လည်း မဟုတ် ဟိုမရောက် ဒီမရောက် စိန်မျောက်မျောက်များ။)   မြန်မာသက္ကရာဇ် ၁၃၇၄ ခု၊ နယုန်လဆန်း ၁၂ ရက် ၊ သောင်္ကြာနေ့။ မင်္ဂလာပါ မန္တလေးဂေဇက် ရွာသူကြီးနဲ့တကွ ရွာသားအပေါင်းတို့ ကျန်းမာတော်မူကြပါစရှင်။ မပေါ်လာ အတော်ကြာမို့ စိတ်ချမ်းသာတော်မူနေကြထင်ရဲ့။ ခုတော့လည်း ပြောရေးရှိလို့ ပေါ်လာပြန်သတော့။ တကယ်တော့ ရေးပြီးတာ ကြာနေပြီ။ အကြောင်းမညီညွှတ်လို့ ရွှေပေလွှာမပို့ဖြစ်သေးတာကြောင့် ခု မှ ပဲ စက်ပေါ်တင် ပြီး ဖတ်မယ့်သူများကို နှိပ်စက် အဲလေ လက်နှိပ်စက်နဲ့ ရိုက်ပေးနိုင်ကြောင်းပါ။ တို့များကိုတော့ မြင်သမျှ တွေ့သမျှ အားလုံးသဘောမကျ လို့ အပြစ်တော်တင်ချင်လည်း တင်ကြပေရေ့ာ။ လောကကြီးမှာ အမြီး အမောက် […]


Kyi LwinMay 16, 20122min1567
မန္တလေး ဂေဇက် သူကြီးနဲ့တကွ လူငယ် လူရွယ်ကလေးများအပေါင်းတို့ ဖတ်စေချင် လို့ ကူးပေးပါသဗျိုး။ ဖတ်ကြပါဗျိုး။ ဖတ်ပြီးသားဖြစ်နေရင်လည်း ခွင့်လွှတ်ပါဗျိုး။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်။     ဖားကန့်မြို့နယ်တစ်ခွင်က လူငယ်နှင့် မူးယစ်ဆေးပြသာာနာ Posted: 15 May 2012 06:01 AM PDT ဂျာတော့ပ် (မြစ်မခ) by Myit Makha Mediagroup on 15 May, 2012   ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာသို့ မရောက်သည်မှာ လေးနှစ်ခန့်ပင် ကြာနေပြီဖြစ်သည်။ မူလတန်း ကျောင်း တက်ခဲ့သည့်   ကျေးရွာမို့ သံယောဇဉ်က ကြီးလှပေသည်။ ရောက်ရောက်ချင်းပင် အမောမပြေနိုင် ငယ်ငယ်က သူငယ်ချင်း အကြောင်းမေးနေရင်းက ထိုဇတ်နာသည့်ဇတ်လမ်းအား […]