ကုိ ထြဋ္October 15, 20142min35439
ဒီ အစီအစဉ်လေးက ကျွန်တော် တင်သမျှပို့စ်တွေထဲမယ် အဆင်ပြေသလို ရှိတဲ့ ပို့စ်လေးထင်ပါတယ်… ဟီး… အဲလိုလေးလဲ ရှိဦးမှ… တခါတခါ အားကို ရှိချင်ဘူး… ဒီဆိုင်လေးက ရွှေဟင်္သာတ ဆိုင်လေးရဲ့ မျက်စောင်းထိုးမှာဗျ… မိုးရာသီတုန်းက ခပ်ကုပ်ကုပ်လေး ဆိုပေမယ့် မနေ့က သွားစားတော့ ဆိုင်က ကြီးသားဗျ… တကယ်တော့ ရွှေဟင်္သာတ ဆိုင်ကလဲ အရင်က ဒီဆိုင်လို လမ်းဘေးဆိုင်လေးပဲ… နောက်မှ အားပေးတဲ့ ပရိသတ်များလို့ ဆိုင်နဲ့ ကနားနဲ့ ဖြစ်သွားတာ… အစီအစဉ် တခုနဲ့ တခု ခြားသွားတာ ခွင့်လွှတ်ကြပါနော်… တကယ်တော့ တဂျီး စပွန်ဆာ မပေးသေးလို့ စောင့်နေတာ… အခုတော့ ပေးပလားဆိုတော့… နိုးပါ…. မနေနိုင်လို့ ကိုယ်ဘာသာ ဝယ်စား၊ ရိုက်ပြီး ပို့စ်တင်ရတာပါ…. 😛 […]


ကုိ ထြဋ္October 14, 20141min20612
အပိုင်း ၁ ဖတ်ပြီး တော်တော် ဆဲချင်နေလောက်ပြီ ထင်တယ်.. ဒီကောင် လောကမှာ ရှိနေသေးတာ အံ့ဩတယ် မပြောကြဘူးလား… 🙂   စတုတ္ထတန်း – အေခန်းပဲ ရောက်တယ်… အတန်းပိုင် ဒေါ်ရီရီဌေး… သူ့သမီးက ငုဝါကျော်… ကျွန်တော့် နာမည်က ထွဋ်အောင်ကျော်… ရုတ်တရက် ခေါ်လိုက်ရင် ကျွန်တော့ ခေါ်တယ် အောင့်မေ့လို့ ထူးမိတယ်… အိမ်ရှေ့အိမ်ကို ကေခိုင် ဗလာစာအုပ် အလုပ်ရုံပြောင်းလာတော စာအုပ် အပယ်တွေ အလကားရတယ်… ကျောင်းမှာ အဲဒီနှစ်က စာရွက် ဖြုတ်မဖြေရ… စာအုပ်နဲ့ ဖြေရမယ်ဆိုတော့.. ကျွန်တော် စီးပွားတက်တာပေါ့… 🙂 ဒီအပြင် နွေပိတ်ရက်ဆို သူတို့ သနပ်ခါးလဲ ထုတ်တော့ အဲမှာ အလုပ်လုပ်နေပြီ… တဘက်တလမ်းက ဝင်ငွေရှာရတာပေါ့… […]


ကုိ ထြဋ္October 14, 20141min1338
မနေ့က ရက်အားဖြင့် ၁၃ ရက်… အယူအရ Unlucky Day ပေါ့… နေ့အားဖြင့် တနင်္လာနေ့…တနင်္လာ အရင်းပါလေ … ဒါမှမဟုတ် တနင်္လာ နေ့ လုပ်တဲ့ အလုပ်က ၂ ခါပြန် လုပ်ရသတဲ့… ရုံးအလုပ် အနေနဲ့ မြို့ထဲသွားတယ်… တိုက်ဆိုင်တာလား မသိ ၂ ခါ ပြန် လုပ်ရတယ်… ဒီနေ့ ထပ်သွားရမယ်… ပြောချင်တာကတော့ အပြန်ကိစ္စပေါ့… အပြန် ကျွန်တော်က သာကေတမှာ လုပ်တာ… ဖယ်ရီက သုဝဏ္ဏ ကို ဖြတ်ရတယ်…. ဘောပွဲ နဲ့ ဆိုတော့ ဖြတ်ရမှာ မဟုတ်ဘူးဆိုပြီး… ကမာကြည်ဘက်က ပတ်ပြန်ရတယ်…   ကံဆိုးတာက အိမ်ပြန်နောက်ကျဖို့ ဖြစ်လာတယ်… ကံကောင်းတာက အိပ်ရေး ဝ […]


ကုိ ထြဋ္October 13, 20141min26414
မွေးတာက မြိတ်… ၂ နှစ်ခွဲသားမှာ ရန်ကုန်ရောက်… TB Subject ကြောင့်လဲ ပါတယ်…   မူကြို  –  မူကြို ၄ မှာ တက်ခဲ့တယ်… အစ ပိုင်း ရက်တွေမှာ မျက်ရည် နဲ့ မျက်ခွက်… ကျောင်းမတက်ချင်ဘူးဆို ငို… ကျောင်းကားလာခေါ်ရင် လိုက်… ဘာလို့လဲ ဆိုတော့ ပြောတာက မြိတ်လို ဆိုတော့… သူတို့က နားမလည်… စကားကလဲ ပြောချင်… ဒါကြောင့်… နောက်တော့ ဆိုးတာမှ တာတေလန်… နေ့လည် ထမင်းစားရင် လိုက်ပွဲ ဘယ်သူယူမလဲဆို.. မရှာနဲ့… သားကို ပေး ဆိုတာချည်းပဲ… စားပြီးအိပ်ရင် ဆရာမတွေ အခန်းထဲက ထွက်သွားတာနဲ့…. တစောင်း စောင်းအိပ်တဲ့ ကောင်တွေကို အောက်မှာ […]


ကုိ ထြဋ္October 11, 20142min35430
တယောက်တည်း အလှပုံ…. 🙂 လှတော့ မလှဘူးပေါ့… ဟဲ စုံတွဲပုံကိုမှ အနောက်က မီးခိုးထည့်ရတာ… တော်တော်ပင်ပန်းတယ်ဗျ… Smoke အလွှတ်… မီးလဲ နောက်က အထိုး… လူကလဲ သရုပ်အဆောင်… ဓာတ်ပုံကလဲ အရိုက်… အံကိုက်ဖြစ်မှ… 😀 ဒီပုံက မင်္ဂလာခန်းမ ရှေ့မှာ ထောင်တဲ့ ပုံပေါ့… ဟီး… လူကို မမြင်ရဘူးမလား… 🙂 ဒါကတော့ ၂ ယောက်စလုံး အကြိုက်တူတဲ့ ပုံပါ… 🙂 ဝတ်စုံက ၂ စုံထဲ ယူထားတာဆိုတော့… အပေါ်အကျီင်္ချွတ်ပြီး နောက်တစုံ ပုံစံ ဖမ်းထားတာ… ဟီး… နေရောင်လေးကိုပါ ကြိုက်လို့ဗျ… တော်တော်ပင်ပန်းတယ်… ဒီပုံတွေလဲ… ကင်မရာမင်းလဲ ဝမ်းလျားကို မှောက်… အဲဒါ ၁၂ နေတည့်တည့်ပဲ… […]


ကုိ ထြဋ္October 10, 20141min39536
ဒီအကြောင်း မပြောခင် ရုံးက နှစ်စဉ်လိုက်ပို့တဲ့ ချောင်းသာ ခရီးစဉ်ပါ ထည့်ပြောမှ ပြည့်စုံမှာ ဗျ… ခု သွားတဲ့ အခေါက်ကတော့ ဒုတိယမြောက် သူနဲ့ အတူတူသွားတဲ့ ကမ်းခြေသွား ခရီးစဉ်ပေါ့… ( Pre ဟန်းနီးမွန်းဆိုလဲ မမှားဘူး.. ) ပထမနှစ်က ငွေဆောင်သွားတယ်လေ… တရုံးလုံးကို လိုက်ပို့တာဗျ… 🙂 ယောက္ခထီးကတော့ မှာတယ်… မိန်းကလေးတွေက ပင်လယ်စာ သိပ်မတည့်ဘူးတဲ့… ကြည့်ကျွေးပါဆိုပြီး… ဒီတော့ ကျွန်တော်လဲ သိပ်မကျွေးပါဘူး… ဟီး… ခက်တာက ကျွန်တော်က ပင်လယ်သား မြိတ်သားလေ…  ပင်လယ်စာဆို အကုန်ကြိုက်… ဒါနဲ့ ပထမ တခေါက်ကတော့ အကုန်အိုကေသွားတယ်… နောက်တခေါက်သွားတော့ သိပြိလေ… သူ ပင်လယ်စာ တည့်တယ်ဆိုတာကို… သိပ်မစားဖြစ်ပါဘူး… စီစဉ်တဲ့ တိုးက […]


ကုိ ထြဋ္October 9, 20144min1267
ဆရာတော်ရဲ့ ဘွဲ့က ဦးသုဇာတပါ… နာရီစင်ဆရာတော်လို့ နာမည်ကြီးပါတယ်… ပဲခူး မြို့လယ်က နာရီစင်ကြီးက ဆရာတော် လှူခဲ့တာပါ… ဘေးမှာလဲ အလှူရှင် အမည်မှာ ဆရာတော်ဘွဲ့နာမည်ပါပါတယ်… ဓမ္မရိပ်သာကျောင်းမှာ သီတင်းသုံးပါတယ်… အဖေ နဲ့က ဆရာတူ တပည့်တွေပါ… အဖေ ငယ်ငယ်တုန်းက ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ တက်ခဲ့တော့ သူငယ်ချင်းတွေ ဖြစ်နေတာပါ… ခနောင်ဆရာတော်လို့ နာမည်ကြီးတဲ့ ဆရာတော်နဲ့ မြိတ်မှာ ပညာသင်ခဲ့ကြတာပါ… နောက်များ ကျတော့ ဆရာတော်တွေက ဒီကျောင်းမှာ ဒီဘာသာ ကောင်းရင် စာလာအံ… နောက်တကျောင်းမှာ နောက်တဘာသာကို သီတင်းသုံးရင်း စာအံရာ ပြောင်းရွေ့ရာက ပဲခူးမြို့ ဓမ္မရိပ်သာကျောင်းမှာ ကျောင်းထိုင်ဖြစ်သွားတာထင်ပါတယ်… ပြောချင်တာကတော့ မြိတ်မှာ စာလာအံဖူးတော့ ကတ်ကြေးကိုက် ဘုဉ်းရတာ အင်မတန်သဘောတွေ့ပါတယ်… ဒါကြောင့် ရက်ရွေးတုန်းက […]


ကုိ ထြဋ္October 9, 20141min25210
. မနက်က အဘွားတယောက်ကို သွားကန်တော့တော့ ဖယ်ရီ မစီးလိုက်ရဘူး… ဒါနဲ့ တက်စီ စီးတော့ FM က သတင်းတပုဒ်ကို ပြောနေတယ်ဗျ…. . ရှု းဒိုင်း တချောင်းက လမ်းမတော်က ပန်းကန်ဂိုဒေါင်ထဲ ဝင်ပြီး မီးလောင်သွားတဲ့ သတင်းပေါ့… . ဒါနဲ့ ငယ်ငယ်က  အဖြစ်အပျက်တွေကို သတိရသွားတယ်… ခပ်ဆိုးဆိုးပဲ ပြောရမှာပေါ့… ဟီး… ဒီထဲမယ် တရပ်ကွက်ထဲသားချင်းတွေ မပါလောက်ဘူးထင်တယ်… . မဟုတ်ရင် တရားခံ မမိခဲ့တာ.. အခုမှ အတုပ်ခံနေရမှာ…   . ငယ်ငယ်လေးကတည်းက လူများထက်ထွင်ချင်တာ ဝါသနာ.. အဲတာကို မြေတောင်မြှောက်ပေးတာက လူကြီးတွေ… . သီတင်းကျွတ်တာနဲ့ အဖေ အမေက သင်ပေးထားတာလဲပါတယ်… ဦးတော်လိုက်လုပ်ရမယ်ဆိုပြီး… . လိုက်လုပ်တော့ […]


ကုိ ထြဋ္October 3, 20141min36530
. တကယ်တော့ ဒီပို့စ်က ရေးရမှာ သိပ်မရှိလှဘူး… နှစ်ဘက်မိဘ တွေ့ပြီးပြီဆိုတော့ တော်တော် အိုကေနေပြီလေ… . မြန်မာ ရုပ်ရှင်ကားတွေထဲကလို ဖြစ်မှာကြောက်လို့ အရင် ပေးတွေ့လိုက်တာ… 😛 . နောက်မှ တချိန်က စီးပွားပြိုင်ဘက်၊ ရည်းစားလုဘက် ဖြစ်ခဲ့ရင် ဘယ့်နှယ်လုပ်မလဲ… ဟီး… ( ကန်တော့… ကန်တော့…) . တွေးတာတော့ တွေးရတာပေါ့… ဟုတ်ဘူးလား… စေ့စပ်မှ ထချကြရင် တိုင်ပတ်ပြီလေ… အဲကြောင့် … . ၂ ဘက်စလုံး အိုကေတော့ ရက်ရွေးရတယ်.. အင်း… ကြားရက်ရွေးရင်လဲ အမှတ်တရ… အမှတ်တရ ဆိုတာထက် မှတ်မိလွယ်မယ့် အထိမ်းအမှတ်နေ့ ကိုပဲ… . နဂါးခေါင်းက ဘယ်ဘက်ကိုလှည့်လဲ… ပြသဒါးလား… အမြိတ္တစုတ် ရက်ဆို […]


ကုိ ထြဋ္October 2, 20141min2298
  . မိန်းမက သရဲကား ကြိုက်တယ်ဆိုတော့ ကျွန်တော်လဲ လိုက်ကြည့်ရတယ်… တချို့ကားတွေတော့ ကြိုက်ဘူး… . ခုတကားလဲ မဆိုးဘူး ပြောရမယ်… မင်းသားက ဟိန်းဝေယံနဲ့ ဆင်သလားပဲ… အယူအဆတွေက မြန်မာတွေနဲ့ တော်တော်တူတယ်… . ဇာတ်အိမ်လေးလဲ ခိုင်တယ်… ကြောက်ဖို့ချည်းပဲ စွတ်ရိုက်တာ မဟုတ်ဘူး… ပရလောက နဲ့ အဆက်အသွယ်ရှိတယ်ဆိုတဲ့ သဘောပေါ့… . ဒါပေမဲ့ သူက စွမ်းနေတယ်… 🙂 သူများတွေ အကုန်လုံးကို ခြောက်တယ်ပေါ့… မင်းသားကိုတော့ ခိုက်ပြီး ကြိုက်သွားတယ်… ဘဝတွေက မတူတော့ နောက်ဆုံးတော့ ခွဲရတယ်…   . ဇာတ်လမ်း အကျဉ်းပြောပြမယ်… ဗုံတွေကို တန်ဖိုးထားတယ်… အောင်မြင်မှုကို လိုချင်တော့ လူ့ရဲ့ အသက် နဲ့ […]


ကုိ ထြဋ္September 30, 20141min1916
  Deep Freeze ဆိုတာက… (၁) မိမိကွန်ပျူတာ အတွင်းသို့ Virus ဝင်ရောက်ခြင်းမှ လုံးဝကာကွယ်ရန် (သို့) (၂) မိမိ၏ကွန်ပျူတာကို အမြဲတမ်း မိမိ်ရှိနေစေချင်သော ပုံစံအတိုင်း ရှိနေစေရန် (သို့) (၃) အခြားလူ တစ်ယောက်ယောက်က မိမိကွန်ပျူတာကို ( Administrator Account ) ဖြင့် အသုံးပြုနေသော်လည်း မိမိ၏ ခွင့်ပြုချက်မရဘဲ ( Deep Freeze ၏ password မသိဘဲ ) Software များ Install ( or ) Uninstall ပြုလုပ်မရခြင်း ၊ (၄) မိမိကွန်ပျူတာအတွင်းရှိ မည်သည့် Data ကိုမှ မိမိ၏ ခွင့်ပြုချက်မရဘဲ ဖျက်ဆီးခြင်း ( […]


ကုိ ထြဋ္September 30, 20141min63222
. လေးပေါက်တို့ ကိုခတို့ ပို့စ်တွေ တင်တော့ … အားကျသွားတယ်… ကိုယ်လဲ မင်္ဂလာဆောင်ပို့စ်တင်မယ်ပေါ့… . အမှန်တော့ အစောကတည်းက တင်ဖို့ပါ… မတင်အားတာလဲပါတယ်… ခုတော့ ခါတော်မှီပေါ့… 🙂   . ကျွန်တော်ရဲ့ မင်္ဂလာဆောင်ပို့စ်ကတော့ အပိုင်း ( ၅ ) ပိုင်း ရှိပါတယ်… . တကယ်တမ်းဆို  စ တွေ့တာ.. လိုက်တာ.. မင်္ဂလာဆောင်အတွက် ကြိုးစားတာနဲ့ဆို အပိုင်းမနည်းလောက်ဘူး..  🙂 . ထားပါ.. အခုတော့ . ၁. နှစ်ဘက် မိဘတွေ့ဆုံပွဲ . ၂. စေ့စပ် သမီးတောင်း . ၃. လက်မှတ်ထိုး မင်္ဂလာဦးဆွမ်းကျွေး . ၄. မင်္ဂလာဆောင်အခမ်းအနား ကျင်းပ […]


ကုိ ထြဋ္September 18, 20144min49916
  . အပေါ်က ပုံကတော့ ဝင်းဒိုးအိတ်က ဝိုင်ဖိုင်မှာ ပြသနာ ရှိနေတဲ့ ပုံပါ… . အခုဆို ဆိုင်တဆိုင်မှာ ကွန်ပျူတာ တစုံ ဒါမှမဟုတ် လက်တော့ တလုံး ဝယ်လိုက်တယ်ဆိုရင်ပဲ ပရောဆက်ဆာလဲ နည်းနည်းမြင့် မန်မိုရီလဲ ၂ ဂစ်လောက် ရှိပြီဆို ဝင်းဒိုးအိတ်ကို တင်ပေးတတ်ကြပါတယ်… . Desktop စားပွဲတင် ကွန်ပျူတာဆိုရင်တော့ ကိစ္စမရှိဘူးပေါ့… သို့ပေသိ လက်တော့ဝယ်မယ်… အင်တာနက်ကို ဝိုင်ဖိုင် လွှင့်သုံးမယ်ဆိုရင်တော့ နည်းနည်း ပြသနာရှိသွားပြီ… . ဝိုင်ဖိုင်လွှင့်သုံးတယ်ဆိုတာကလဲ အလွယ်ဆုံးနည်းပဲကိုး…  ဖုန်းနဲ့ ကွန်ပျူတာ ချိတ်ပြီးသုံးတဲ့နေရာမှာ… ဖုန်းက မော်ဒယ်မြင့်သွားရင်တော့ တမျိုးပေါ့… အများသုံးထဲမှာဆိုရင်တော့ ဒီနည်းသုံးတာများတယ်… . ကျွန်တေ်ာတို့ ရုံးမှာလဲ ဖုန်းနဲ့ သုံးချင်လို့ ဆိုရင် […]