ကလေးမြို့က ရွှေဘုံသာဘုရားကြီးကို မြို့ခံမဟုတ်ပဲ တစ်ခြားမြို့ရွာက လာဖူးပြီးရင် နောက်ထပ်လည်း ရောက်လာဖူးရတယ်လို့ဒေသခံတွေက ပြောပြပါတယ်၊ ရွှေဘုံသာဘုရားမှာရှိတဲ့ ဘုရားတွေကို တန်ဆောင်မုန်းလပြည့်နေ့မှာ လှည့်လည်ပူဇော်ခံပါတယ်၊ ကလေးမြို့လေဆိပ်ကတော့ မြို့လယ်မှာရှိပါတယ်၊ သွားလာရလွယ်ကူပါတယ်၊ လိုအပ်ရင် ဆိုင်ကယ် Taxi သုံးဘီးဆိုင်ကယ်လေးတွေပါ ငှားလို့ရပါတယ်၊ လေဆိပ်နဲ့ မျက်နှာချင်းဆိုင်မှာတော့ တောင်ဇလပ်ဟိုတယ်ရှိပါတယ်၊ ဘူတာလမ်းခွဲနားမှာတော့ ရှင်းဟုန်ဟိုတယ်ရှိပါတယ်၊ ရှင်းဟုန်ဟိုတယ်ကတော့ ဖွင့်တာမကြာသေးပါဘူး၊ ကလေးမြို့ ကားဂိတ်နားမှာတော့ ချင်းတောင်တန်းတည်းခိုခန်း ရှိပါတယ်၊ ကလေးမြို့မှာ ယက်ကန်းလုပ်ငန်းတွေကိုလည်း တွေ့ရပါတယ်၊ ရိုးရာထည်တွေကို ရက်လုပ်သလို၊ အိန္နိယနိုင်ငံက လာတဲ့ပိုးချည်နဲ့ ရက်လုပ်ထားတဲ့ ယက်ကန်းထည်တွေလည်း ရှိပါတယ်၊ ဒီဇိုင်းလေးတွေက လည်းအမျိုးမျိုးပါ၊ ရိုးရာချည်ထည်တွေက တစ်ထည်ကို အနည်းဆုံး ၁၅၀၀ဝ လောက်ကနေ သိန်းကျော်တန်ထိရှိပါတယ်၊ အိန္နိယပိုးချည်နဲ့ရက်လုပ်ထားတဲ့အထည်တွေကတော့ အစားစားရှိပါတယ်အိန္နိယနိုင်ငံ အိုက်ဇောမြို့ဘက်ကလာတဲ့ အထည်တွေကိုလည်း တွေ့ရပါတယ်၊ တစ်ထည်ကို […]