ချင်းပြည်နယ်၊ ဖလမ်းမြို့သို့ အသွား ၁၄-၄-၂၀၁၂ အပိုင်း (၁)
ဒီနှစ်သင်္ကြန်ကို ပထမတော့ ရိပ်သာဝင်မလို့ စဉ်းစားထားပေမယ့် အဆင်မပြေတာကြောင့် မန္တလေးပြန်ဖို့အတွက် လက်မှတ်ဖြတ်လိုက်ပါတယ်၊ လက်မှတ်ဖြတ်ပြီးမှ အလုပ်ရှိတဲ့အတွက် မပြန်ပါနဲ့ဆိုလို့ လက်မှတ်ပြန်သွားပေးလိုက်ရပါတယ်၊ အဲ့လိုနဲ့ ဖလမ်းသွားမယ့် အစီအစဉ်ဖြစ်လာပါတယ်၊ ဖလမ်းကို 14-4-2012 မှာဆိုင်ကယ်နဲ့တက်ဖြစ်ခဲ့ပါတယ်၊ ကလေးမြို့ကနေတက်လာရင် ချင်းပြည်နယ်ရဲ့အစ ခိုင်ကမ်ရွာ၊ ရှုခင်းသာ၊ထန်းဇိန်ရွာ၊မွာလ်ပီးရွာ၊ လျန်ဇိန်ရွာ၊ သိုင်းငင်းရွာ၊ ဗားလုံရွာ၊ လုမ်ဘန်းရွာ၊ ပါရ်သဲရွာ၊ မဏိပူရမြစ်ကိုဖြတ်ပြီး ဆောက်ထားတဲ့ ဗားတံတားတွေကိုဖြတ်ကျော်ရပါတယ်၊ ကြားထဲမှာတော့ ချင်းရွာသေးသေးလေးတွေလည်းရှိပါတယ်၊ အကွေ့တွေများတဲ့ လမ်းတွေပါ၊ ဆိုင်ကယ်နောက်က ဘားတန်းကို လက်တစ်ဖက်က မြဲမြဲကိုင်ပြီး ကျန်တဲ့တစ်ဖက်က အလယ်မှာချထားတဲ့ အဝတ်အိတ်ကို မြဲမြဲကိုင်ထားရပါတယ် ကျနော့်လို မြေပြန့်မှာနေတဲ့သူတစ်ယောက်အတွက်ကတော့ လမ်းကွေ့တွေနဲ့ လမ်းကြမ်းတဲ့နေရာတွေဆို နဲနဲကြောက်စိတ်ဝင်မိပါတယ်၊ ထန်းဇိန်ရွာနဲ့ သိုင်းငင်းကြားကလမ်းကတော့ နဲနဲကြမ်းတာကလွဲလို့ ကျန်တဲ့နေရာကလမ်းကောင်းပါတယ်၊ တောင်ကမ်းပါးရံ ဘေးမှာကပ်ဖောက်တာတဲ့ မြွေလိမ်မြွေကောက်လမ်းတွေ၊ အချိုးအကွေ့တွေနဲ့ ဘေးကိုကြည့်လိုက်ရင် ချောက်နက်နက်တွေနဲ့ ဘုရားစာမပြတ်တမ်းရွတ်ပြီး လိုက်ခဲ့ရပါတယ်၊ ဖလမ်းသူလေးတွေကတော့ တက်နေကျဆိုတော့ ကျွမ်းကျင်ကြပါတယ်၊ ကျနော်တို့ကိုတော့ အိမ်ရှင်ရဲ့ တူလေးတွေလိုက်မောင်းပေးကြပါတယ်၊ သူတို့အတွက်ကတော့ ခဏခဏတက်ဖြစ်တဲ့အတွက် ကျွမ်းကျင်နေကြပါပြီ၊ တောင်စောင်းတွေပေါ်မေးတင်ပြီး ကြည့်လိုက်ရင်တော့ တစ်ထပ်ထဲဆောက်လုပ်ထားတယ်လို့ ထင်ရပေမယ့် ခြေတံရှည် နှစ်ထပ်ဆောက်ထားတဲ့ ချင်းရွာက အိမ်လေးတွေကို မြင်စမှာ လေများတိုက်လိုက်ရင်၊ ဒါမှမဟုတ် မြေသားပြိုကျတာဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးတွေနဲ့ စဉ်းစားစရာဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် သေချာလေ့လာကြည့်တော့ ကျောက်တောင်တွေဖြစ်သလို၊ လေကွယ်ရာ တောင်စောင်းမှာဆောက်လုပ်ထားတာမို့ ကျနော်တွေးသလို ပြိုကျဖို့က အလွယ်တကူမဖြစ်နိုင်ဘူးဆိုတာ တွေ့ခဲ့ရပါတယ်၊ လမ်းတစ်လျှောက် တွေ့သမျှ နေရာတွေကို ရွာသူားတွေအတွက် မျှဝေပေးချင်လို့ ဆိုင်ကယ်ရပ်ဖို့ အကူအညီတောင်းပြီး ဓါတ်ပုံရိုက်ဖြစ်ခဲ့ပါတယ်၊ ဒါပေမယ့် လိုက်ပို့ပေးတဲ့သူကို အားနာတာနဲ့ တချို့ရိုက်ချင်တဲ့ နေရာတွေကို အားနာတာနဲ့ပဲ မရိုက်ဖြစ်ခဲ့ပါဘူး၊ ကလေးမြို့ကနေ ဖလမ်းတက်တဲ့ကားတွေရှိပါတယ်၊ မနက် (၆) နာရီက တက်ရင် ဖလမ်းကို နေ့လည် (၂) နာရီမှာရောက်ပါတယ်၊ ဒါပေမယ့် အကွေ့အကောက်တွေများတဲ့အတွက် ကားမူးတတ်တဲ့သူနဲ့ လမ်းတစ်လျှောက် မှတ်တမ်းတင် ဓါတ်ပုံလေးတွေရိုက်မယ်ဆိုရင် လိုင်းကားက အဆင်ပြေမှာမဟုတ်ပါဘူးလို့ ပြောပါရစေနော်…၊ ချင်းတိုင်းရင်းသားတွေရဲ့ ဧည့်ဝတ်ကျေပွန်မှု့၊ ချစ်ကြည်ရင်းနှီးမှု့တွေနဲ့ ကျနော့်အတွက် ပျော်စရာကောင်းတဲ့ခရီးတစ်ခုဖြစ်ခဲ့ပါတယ်…
15 comments
စော်ဘွားလေး မောင်မာန်ခ
April 19, 2012 at 4:15 pm
အားပါးရှုခင်းတွေတကယ်လှတယ်နော်….ကိုရောင်ခြည်ခရေ……..
“အကွေ့အကောက်လမ်းလေးနဲ့ တောင်ပေါ်ရွာလေးတွေကို ဖြတ်သွားမယ်…”
“ဗားလုံရွာ အဝင်လမ်း… (ဒီမှာလည်း ခရီးတစ်ထောက်နားကြပါတယ်…)”ဒီနှစ်ပုံတော့တကယ်ကြိုက်တယ်ဗျာ
ကျွန်တော်လဲအဲဒီ့လိုလမ်းလေးတွေကွေ့ပြီးတောင်တန်းတွေကိုမြင်ရတဲ့ပုံတွေကိုရိုက်ရတာဝါဿနာပါတယ်..
ချင်းတောင်လဲတကယ်လှတယ်နော့……….
ဗိုက်ကလေး
April 19, 2012 at 4:24 pm
ထင်းသယ်တဲ့ ကားလေး သဘောကျတယ်ဗျာ
ဆီမလိုဘူး..ချိန်းကြိုးမပါဘူး..ဗဲဒီးဂွတ်..
ဒါနဲ ့
ဘရိတ်ကောပါရဲ့လား..အင်းလေ..ပါပါ..မပါပါ..နိုင်ငံဂျားက ပြိုင်ကားမောင်းတဲ့လူတွေငုတ်တုတ်မေ့နိုင်တဲ့ကားပေကိုးဗျ 😀
ဗဲဒီးဂွတ်တယ်ဗျာ..ရေလည်ခိုက်တယ်..
စော်ဘွားလေး မောင်မာန်ခ
April 19, 2012 at 6:20 pm
ဘရိတ်ပါတယ်ဗျ…….ခြေနင်းဘရိတ်….အဲဒီ့လှည်းမျိုးကိုရှမ်းပြည်မှာပုံစံတစ်မျိုးနဲ့မြင်နိုင်သေးသဗျ
ချိန်းကြိုးပါတာလဲရှိတယ်…..မော်ဒယ်အမျိုးအစားနဲနဲတော့ကွဲမယ်ထင်တယ်…….
တစ်ချို့များဘီးလေးလုံးစလုံးကတာယာနဲ့ဂွေနဲ့တောင်ရှိသဗျ……
ဗိုက်ကလေး
April 19, 2012 at 6:25 pm
တာယာကပ်ဘီး တစ်စီးလောက် လိုချင်တယ်ဗျာ.
လိုင်စင်ဘယ်မှာ ဝင်ရမလဲမသိဘူး
တစ်စိတ်လောက်စုံစမ်းပေးပါဦး.
ခုလိုရှင်းပြပေးတာ..
ကျေးဇူးတင်ပါတယ် ကိုတောင်ရှမ်းခင်ဗျ
ဆူး
April 19, 2012 at 5:38 pm
သွားလည်ကြည့်ချင်တယ်။ ဖွံ့ဖြိုးမှု အားနည်း သေးတယ်လို့ သိရတယ်။ သဘာဝ အစစ်အတိုင်း မြင်တွေ့ ရမယ် ထင်တယ်နော်။
အမေရိကန်ငတုံး
April 19, 2012 at 9:16 pm
ဟားခါးသာွးတုန်းကခရီးစဉ်ကလေးကိုပြန်သတိရလိုက်တာ
အဲတုန်းက ကျွန်တော်လည်းတစ်လမ်းလုံးဘက်ထရီကုန်တဲ့အထိ
ဓာတ်ပုံရိုက်သာွးတာတောက်လျှောက်ပါဘဲ။သောက်ကျိုးနည်း
ချင်တော့ကင်မရာကပျက်သာွးတယ်။တော်တော်လေးခံစားလိုက်
ရတယ်။နောက်တစ်ခေါက်သာွးဖို.ဆိုတာလွယ်တဲ့ခရီးမှ မဟုတ်တာ
ရောင်ခြည်ခ
April 20, 2012 at 7:56 am
မောင်ရှမ်းတောင်ရေ.. ချင်းတောင်တန်းတွေက အကွေ့အကောက်တွေနဲ့ တော်တော်လှတယ်၊ ရှမ်းပြည်တောင်ကြီးဘက်တော့ မရောက်ဘူးသေးဘူး၊ ကွန်းမန့်လေးအတွက် ကျေးဇူးနော်..
ဗိုက်ကလေးရေ.. ထင်းသည်တဲ့ကားမှာ မောင်ခပြောသလိုပဲ ဘရိတ်ပါတယ်၊ တချို့ ထင်းသည်ကားတွေမှာ ချိန်းကြိုးလည်းပါပါတယ်၊ ကျေးဇူးနော်…
ဆူးရေ.. ဖွံ့ဖြိုးမှု့ကတော့ အားနည်းသေးတယ်၊ သဘာဝအစစ်အတိုင်းမြင်တွေ့ရတာတွေရှိတယ်၊ တချို့နေရာတွေမှာ တောင်ကတုံးဖြစ်နေတာတွေလည်းတွေ့ခဲ့ရတယ်၊ ရန်ကုန်ကနေ ကလေးမြို့ထိတိုက်ရိုက် လေယာဉ်ရှိတယ်၊ ကလေးမြို့ကနေ ဖလမ်း၊ ဟာခါး၊ တီးတိန်ကိုတက်တဲ့လမ်းတွေကအရင်လို မဆိုးတော့ဘူး၊ အခုပြင်ထားတော့ ကောင်းပါတယ်၊ မိုးရာသီဆိုရင်တော့ သွားလာရနဲနဲတော့ ခက်တယ်၊ တောင်တက်လမ်းတွေဆိုတော့လေ၊
ကိုတုံးရေ… ကျနော်ကတော့ ဟားခါးထိမရောက်ခဲ့ဘူး၊ ခရီးပန်းတာနဲ့ ဖလမ်းကနေ ဟားခါးကို ၂နာရီ ၃ဝ လောက်ပဲကြာတော့မှာပြောတာ လိုက်ပို့ပေးမယ်လို့ပြောတာ မသွားနိုင်တော့တာနဲ့ ဖလမ်းမြို့ကိုပဲ လည်ပြီးပြန်လာခဲ့လိုက်တာ..
အမေရိကန်ငတုံး
April 20, 2012 at 12:13 pm
ဟားခါးကမြန်မာပြည်မှာအမြင့်ဆုံးတောင်ပေါ်မြို.ဗျ။
ပင်လယ်ရေမျက်နှာပြင်ထက် ၆၂၀၂တဲ့။ရှုခင်းတွေလှချက်ကတော့ဗျာ
ရွာထဲကဓာတ်ပုံဆရာကိုကို မမ တွေရောက်သာွးလိုက်လို.ကတော့
ဘာပြောကောင်းလိမ့်မတုန်း။
windtalker
April 20, 2012 at 1:25 pm
အောက်ဆုံးကပုံလေးကို အကြိုက်ဆုံးဘဲ အမရေ ။
ဆက်ပြီး ကျန်တာလေးတွေ ဆက်တင်ပေးပါဦး ။
မိုးတွင်းဆိုရင် အဲ့ဘက်တွေ လမ်းပျက်တယ်လို ့သိထားရတယ် ။ ဟုတ်သလားဗျို ့။
Moe Z
April 20, 2012 at 2:04 pm
ချင်းပြည်နယ်က အသွားချင်ဆုံးနေရာတွေထဲက တစ်ခုပေါ့
…. တောင်ပေါ်ခေါင်ရည် … ချိုမြမြ .. တစ်ကျိုက်လောက်သောက်ရင် … အမောပြေ … ဆိုတဲ့သီချင်းလေးတောင် သတိရသွားပြီ 🙂
သီတင်းကျွတ်လောက်ဆို ရာသီဥတုက သွားလို့အဆင်ပြေမယ်ထင်တယ်နော် …
ရောင်ခြည်ခ
April 20, 2012 at 2:17 pm
ကိုတုံးပြောသလိုပဲ..ဟားခါးက ချင်းပြည်နယ်မြို့တော်လည်းဖြစ်တော့ တော်တော်လှတယ်ပြောတယ်၊ လိုက်ပို့ပေးတဲ့ကလေးတွေကသွားရအောင်ခေါ်တာဆက်မသွားနိုင်လို့ နောက်တစ်ခေါက်တော့ ရောက်အောင်သွားမယ်လို့ စိတ်ကူးထားတယ်၊ ရွာထဲက ဓါတ်ပုံဆရာတွေသွားရင် သိပ်ကောင်းမှာပါ…
ကိုတော်ကာရေ… မိုးတွင်းဆိုရင် အဲ့ဒီဘက်က လမ်းတွေပျက်တယ်ဆိုတာဟုတ်ပါတယ်၊ တချို့နေရာတွေပေါ့၊ မိုးတွင်းဆို တောင်ပေါ်တက်ရတာ အန္တရယ်များတယ်၊ အပိုင်း၂ဆက်တင်ပေးပါ့မယ်နော်၊
အခုလိုအားပေးလို့ကျေးဇူးတင်ပါတယ်…
မိုးစက်ရေ… သီတင်းကျွတ်ဆိုရင် မိုးတွင်းဆိုတော့ အဆင်မပြေဘူး၊ ဒီဇင်ဘာလောက်မှ အဆင်ပြေမှာ အေးတော့အေးတယ်၊ ဒါပေမယ့် အဲ့ဒီအချိန်ဆို သွားလို့လာလို့ကောင်းတယ်၊ ပျော်ဖို့ကောင်းတယ်၊ ခရစ်စမတ်ပွဲတော်တွေလည်း ရှိတော့လေ၊ ချင်းပြည်နယ်ကို ရောက်အောင်တော့ လာလည်ပါလို့ ဖိတ်ခေါ်ပါတယ်နော်…
ရောင်ခြည်ခ
April 20, 2012 at 2:23 pm
ကိုတော်ကာရေ.. အောက်ဆုံးပုံက မဏိပူရမြစ်မှာ ကလေးမြို့မှာနေတဲ့ တစ်ချို့လူငယ်၊ လူလတ်၊ လူကြီးတွေကတော့ ပျော်ပွဲစားထွက်ကြတယ်၊ မြစ်ထဲက ငါးကိုမြှားပြီး ဝိုင်တို့၊ ဘီဘီတို့နဲ့မြည်းတယ်ပြောတယ်.. 🙂
Miss Mandalayer
April 20, 2012 at 5:08 pm
ကိုယ်မရောက်ဖူးတဲ့ နေရာက တိုင်းရင်းသားတွေရဲ့ ဓလေ့မြင်ကွင်းလေးတွေ ကြည့်လိုက်ရလို့ အရမ်းကျေးဇူးတင်ပါတယ် ရောင်နီခရေ….နောက်ထပ်လဲ တင်ပြပေးနိုင်ပါစေ နော်
ရောင်ခြည်ခ
April 21, 2012 at 12:44 pm
Miss Mandalayer အခုလို အားပေးလို့ ကျေးဇူးတင်ပါတယ်နော်…
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 21, 2012 at 3:13 pm
ဆီမကုန်တဲ့ကား တစ်စီးတွေ ့သဗျ