အညာလေသံနဲ့အိမ်ခြံမြေကို ဝိုင်းလို့ခေါ်လိုက်တာပါ ကမ္ဘာမြေကြီးရယ် လူသားတွေရယ်ရှိနေသမျှ ကမ္ဘာမြေကြီး ရဲ့အစိတ်အပိုင်းလေးတစ်ခုဖြစ်တဲ့ အိမ်ယာမြေကွက်တွေ အပေါ်မှာ လူသားတွေ ရဲ့ပိုင်ဆိုင်မှုက မုချရှိနေမှာပါ ထိုထိုကမ္ဘာအစိတ်အပိုင်းကလေးဖြစ်သည့် အိမ်ယာမြေကွက်လေး(ဝိုင်းကလေး) ကိုဘယ်လို ပိုင်ကြမလဲ??? မြန်မာနိုင်ငံမှာ မြေတစ်ကွက် ပိုင်ဆိုင်ဖို့အတွက် ဆွေးနွေးကြရအောင် ၊ ပိုက်ဆံပေးဝယ်ရုံနဲ့ ပိုင်ရှင်မဖြစ်ဘူးနော် ဥပဒေနဲ့ အညီ ပိုင်ဆိုင်ဖို့ ဆိုလိုတာပါ ။ အပျင်းလည်းပြေ ပညာလည်းရ မသိသေးတဲ့သူတွေက လေ့လာ သိပြီးသားသူတွေက ပါဝင် ဆွေးနွေး အသိခြင်း ဖလှယ်ရအောင် ယောဆရာကြီးကဥပဒေဘွဲ့မရပါ ၊ဥပဒေ ပညာရှင်လည်း မဟုတ်ပါ ၊ ငွေရတု တစ်ခေတ်လောက် နိုင်ငဲ့ဝန်ထမ်းလုပ်ခဲ့တဲ့ အတွေ့အကြုံ ကို တင်ပြတာမို့ မှားရင် မှားတယ်လို့ ထောက်ပြ နိုင်ပါတယ်။ ဥပဒေ တွေဟာ ခေတ်စနစ်အလျှောက် လိုအပ်လို့ဥပဒေ […]


ယောဆရာကြီးကဓာတ်ပုံဆရာမဟုုတ်ပါ ဓာတ်ပုံအကြောင်းနားမလည်ပါ ဓာတ်ပုံပြပွဲလေး အောင်မြင်တာကို ကြည်နှုးနေသူပါ ။ ဥပဒေကိုစိတ်ဝင်စားတယ် စာပေကိုမြတ်နိုးတယ် ပြီးခဲ့တဲ့ပိုစ့်မှာ မှော်ဆရာရဲ့ Commend ကနောက်မှတက်လာတာ ဆိုတော့ဖြေရှင်းပေးဖို့ပါမသွားဘူး ဒီမိုကရေစီ စနစ်ကို ရှေးရှုချီတက်နေတဲ့ ရွာကြီးတစ်ရွာဆိုတော့ လွပ်လပ်စွာရေးသားခွင့်ရှိတာပေါ့ ဒါယောဆရာကြီး ရဲ့ကိုယ်ပိုင် အခွင့်အရေးပါ ချစ်ခြင်း မုန်းခြင်း ချီးမွှမ်းခြင်း ကဲ့ရဲ့ခြင်း ဆင်းရဲခြင်း ချမ်းသာခြင်း အောင်မြင်ခြျင်း ကျရှုံးခြင်း ဒါဟာ လောကဓံပါ ။ ယောဆရာကြီးက ရာဇဝတ်မှုကျူးလွန်နေသူမဟုတ်ပါ၍ နောက်ကြောင်း လိုက်လိုက် မလိုက်လိုက် အရေးမကြီးပါ တတိယအကြိမ်မြောက် ဓာတ်ပုံပြပွဲမှာ ကုလားထိုင်လွဲနေလို့ စာပေလေ့လာလိုက်စားသူ ပီပီ ရသစာပေနဲ့ ထောက်ပြလိုက်ခြင်း ဖြစ်ပါသည် ။ ကျေနပ်ခြင်း မကျေနပ်ခြင်း နကမ္ပတိပါ ။ ရသစာပေဆိုတာ အတွေးနယ်ချဲ့ရခြင်းပါ နှလုံးသားထဲကို စိမ့်ဝင်တဲ့အထိတွေးရတာပါ […]


ယောဆရာကြီးက တောမှာနေရသူပါ ၊မြို့ရောက်မှ ကွန်ပျူတာရှေ့ထိုင်ရပါတယ်။ ကိုယ့်တာဝန် ဆိုတဲ့ တွေးစရာပုံပြင်ပိုစ့်လေး တင်ပြီး နောက်တစ်ကြိမ်ကွန်ပျူတာရှေ့ရောက်တော့ ကိုယ်တင်တဲ့ပိုစ့်က စာမျက်နှာ (၂)ကိုရွေ့သွားပြီး Comments ၁၃ ခုတွေ့တယ် ။ပြန်ဆွေးနွေးဖို့စဉ်းစားရင်းဒီပိုစ့်လေးနဲ့ပဲ တွေးကြမယ် ၊ ဆွေးနွေးကြမယ် .. .. ကိုပေ ပြောသလိုပါပဲ ဒီပုံပြင်ကလေးက ရွာသားတွေကို ရည်ညွန်း ပါတယ် .. ကိုသန်းထွဋ်ဦး ဆွေးနွေးသလို ယောဆရာကြီးက ယောနယ်ကမဟုတ်ပါဘူး . အညတရ တောသားတစ်ယောက်ပါပဲ ကိုယ့်အလုပ်မဟုတ်ဘဲ သူများအလုပ်ကို ဝင်လုပ်မိရင် ဝါးရင်းတုတ်နဲ့အရိုက်ခံရတတ်တယ်ဆိုတာကို ဖောက်သည်ချတာပါ ၊ .. ပန်ပန် ဆွေးနွေးသလို နေသာသလို နေလို့တော့မရပါဘူး .. မမအညာသူ ပြောသလို သူခိုးလာတာကို ဒီအတိုင်းထိုင်ကြည့်နေလို့လည်း မဖြစ်ပါဘူး။ ကိုယ့်တာဝန် ကိုယ်လုပ်ပြီး သူများကိုမကူညီ […]


ကိုယ့်ဆိုတာ မိမိကို နာမ်စားအဖြစ်သုံးတာပါ ။ တာဆိုတာအပိုင်းအခြား တစ်ခုပါ စာနည်း ပြောရရင်မိမိနှင့်သူတစ်ပါးကြားက အတားအဆီးတစ်ခု (သို့မဟုတ်) စည်း တစ်ခုပါ – ဥပမာ ဆိုရရင် မြစ်ရေတွေကုန်းပေါ်လျှံတက်မလာအောင်ရေကာတာကြီးက စည်းခြားထားခြင်းပဲ ဖြစ်ပါတယ် ။ ဝန်ဆိုတာကတော့ အလေးအပင်တစ်ခု(သို့)အထုပ်အပိုးတစ်ခု(သို့) အားတစ်ခုခုနဲ့ မ ရမည့် ပစ္စည်း လို့ ဆိုချင်ပါတယ် ။ ဒီတော့ကာ ကိုယ့်တာဝန် ဆိုခြင်းဟာ သူများဘက်ကို မကျော်သွားပဲ ကိုယ့်ဘက်ကထမ်းဆောင်ရမယ့် အလုပ်လို့ဆိုလိုပါတယ် ။ ဒါဆို .. သူများကကိုယ့်ဘက်ကျော်ဝင်လာရင်ကော …….. .. ပုံပြင်လေးတစ်ခုပါ .. တစ်ခါတုန်းက ရွာတစ်ရွာမှာ လယ်သမားကြီး တစ်ယောက်ရှိလေရဲ့ .. သူ့မှာ တုတ်ပေါ ဆိုတဲ့ခွေးဆိုးကြီး တစ်ကောင်ရယ် ဂျက်ကီ ဆိုတဲ့ မြင်းသိုးကြီး […]


ယမန်နေ့က အဆက်   – ၁ဝ နာရီ ထိုးပြီ ။ ဘုန်းတော်ကြီး ဦးရာဇိန္ဒ ကျောင်းဝိုင်း အပြင်ဘက် ဇရပ်တွင် ရွေးကောက်ပွဲ ကျင်းပရာ နေရာများကို ပြင်ဆင်ကြကုန်၏ ။ မဲပုံးများ ထားရာ မဲရုံကလေး ကိုလည်း စီမံကြလေသည် ။ လူပျိုခေါင်း မောင်ကာလီ တို့ လူစုကား မောင်ရွှေကျေး၏ အိမ်တွင် ထမင်း စားသောက်ရန် သွားကြကုန်၏ ။ ထမင်းစားရုံမျှမက လက်ဖက်ရည် တို့ ကွမ်းယာတို့ ကိုလည်း ဗိုက်ကားအောင် စားသောက်ခဲ့ကြသေးသည် ။ ထိုမျှမကသေး မဲတစ်မဲလျှင် ငွေ တစ်ကျပ် ကျ ပေးမည် ဆိုက မဲလိုသလောက်ရအောင် လုပ်ပေးနိုင်သည် ဟူ၍လည်း ဆိုသေး၏ ။ မောင်ကာလီ အပြောကောင်းသောကြောင့် […]


ေယာဆရာႀကီးFebruary 29, 20121min913
ပထမအကြိမ် ပြည်သူ့လွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲကြီး မကြာမီ ကျင်းပတော့မည်။ ယောဆရာကြီးတို့ မြို့ကလေးမှာ ခြင်္သေ့နှင့် ဒေါင်း ၊ ဒေါင်းနှင့် ခြင်္သေ့ အပြိုင် အဆိုင် မဲ ဆွယ် စည်းရုံးနေကြပြီ။ ထိုထို မဲဆွယ် စည်းရုံးနေသည်ကို ယောဆရာကြီး မြင်တွေ့ခိုက် ၁၂၉၅ခုနှစ် ဝါခေါင်လ တွင် ရေးသားခဲ့သည့် ဆရာကြီး သိပ္ပံမောင်ဝ ၏ ရွေးကောက်ပွဲ ဝတ္ထုဆောင်းပါး ကို အမှတ်တရ ရှိလှသည်နှင့် ပြန်လည် ကူးယူ ဖော်ပြလိုက်ရပါသည်။ ဤဒီမိုကရေစီ ခောတ်တွင် ရွေးကောက်ပွဲတွေကား များလှပေတော့သည်။ မင်းတိုင်ပင် ရွေးကောက်ပွဲ ၊ မြူနီစီပယ် ရွေးကောက်ပွဲ ၊ ဒိစတြိတ် ကောင်စီ ရွေးကောက်ပွဲ ၊ သူကြီးရွေးကောက်ပွဲ ၊ကျေးရွာကော်မတီ ရွေးကောက်ပွဲ ၊ […]