https://myanmargazette.net/135130/arts-humanities မန်းဂေဇက်ကို ဝင်ရောက် ဖတ်ရှုရေးသား နေကြသော ဦးဦး၊ကိုကို၊ဒေါ်ဒေါ်၊မမနှင့်တကွ အားလုံးသော စာပေချစ်မြတ်နိူးသူ အပေါင်းတို့ ခင်ဗျား အထက်မှာ ဖော်ပြထားတဲ့ လင့်ခ်လေးကတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ကျနော်အဆိုပြု တင်ပြဖိတ်ခေါ်တဲ့ အကြောင်းအရာလေးကို မဖတ်မိလိုက်သူများ ဖတ်ပီးသော်လည်း အဓိပ္ပါယ် အမှတ်မှားနေသူများ ရှိပါက သိရှိနိူင်စေရန်  ပြန်လည် တင်ပြပေးလိုက်ပါတယ်။ အချိန်ရရင် ဖတ်ရှုသုံးသပ်ကြပါကုန်။ ကျနော် ပြီးခဲ့တဲ့လက တလလုံး ခရီးသွားနေရပါတယ်။ ဒါပေသိ ရောက်တဲ့အရပ်မှာ အင်တာနက် သုံးခွင့်ကြုံတိုင်း မေးလ်ဖွင့်စစ်၊ ပြီးရင် ဘယ်သူများပို့လာမလဲ ဆိုပီးရှာ နောက် ကျနော့်သူငယ်ချင်းတွေကို လှမ်းမေးရနဲ့ ကိုယ်စတဲ့ ဇာတ်လမ်းကို ကိုယ်နိူင်အောင်ကဖို့ ပြင်ရပါတယ်။ တကယ်ကံကောင်းချင်တော့ တလလုံးကို ၃ယောက်ဘဲ ကျနော့်ဆီ ပို့လာပါတယ် … 🙁 ဒါဟာ ၁၊ တင်ထားတဲ့ပို့စ်ကို မဖတ်ဖြစ်မိ သော်လည်းကောင်း ၂၊ မိမိကိုယ်တိုင်က လွတ်လွတ်လပ်လပ် ရေးသားခြင်၍သော်လည်းကောင်း ၃၊ ပြိုင်ပွဲလို့ […]


ယခုတလော ကျနော်တို့ရွာ မန်းဂေဇက်မှာ ဟိုအရေး ဒီအရေး ဘာအရေး ညာအရေးတွေကြောင့် ငြင်းကျ ခုံကျ ဆဲကြ ဆိုကြနဲ့ တော်တော်လေး ရှုပ်ရှက်ခက်နေတယ်။ မန်းဂေဇက်ဆိုတာ လူတော်တော် များများရဲ့ စိတ်ဝင်စားမှုကို ခံရပီး လက်တဲ့စမ်းချင်သူတွေ သွေးတိုးစမ်းချင်သူတွေပါ လှုပ်လှုပ်ရှားရှား အုတ်အော် သောင်းတင်း ဖြစ်လာပါတယ် ပြောချင်တာက ကျနော်တို့ရေးတာတွေပဲဖတ် ခင်ဗျားတို့ မလုပ်ရဘူးလို့ ခွဲခြားပြောဆို ချင်တာမဟုတ်ပါ လာပါ ဖတ်ပါ ဆွေးနွေးပါ ဘယ်သူ့မှ သောက်ဂရု မစိုက်တောင် ဆာဗာလေးတာလေးတော့ ဂရုစိုက်စေချင်တယ် ခုတလော ဝင်လာတဲ့ သူတွေ တော်တော်များများက မန်းဂေဇက်ကို သူတို့မြင်ခဲ့ တွေခဲ့ ဝင်ခဲ့ ဆဲခဲ့ ရေးခဲ့ဖူးကြတဲ့ ဆိုဒ်တကာ ဆိုဒ်တွေလို ဝင်လာကြ ဆွေးနွေးတာထက် ထင်ရာမြင်ရာပြောပီး ဆဲကြ အပေါ်ကရေးထားတဲ့ […]


မနေ့က အိတုံ ပို့စ်ကို သေချာဖတ်ဖြစ်တယ်။ သူတွေးနိူင် ရေးနိူင်တာလေးကို သဘောကျမိပါတယ်။ ဘယ်လိုဘဲ ဖြစ်နေပါစေ ကျနော်တို့ ပတ်ဝင်းကျင်ကို ကျနော်တို့ တည်ဆောက်ရပါတော့မယ်။ သူ့ပို့စ်မှာ ကွန်းမင့်ရေးကာနီး ဦးနေးချား ပို့စ်လဲတွေ့မိတော့ ဆက်စပ်မှုရှိလို့ ထပ်ပီးဖတ်ဖြစ်ပါတယ်။ တိုက်ဆိုင်ချင်တော့ အလုပ်သွားကာနီး ထုံးစံအတိုင်း အခန်းကထွက်ရင် အမှိုက်ထုပ်က ပါစမြဲမို့ ဒီပို့စ်လေးကို တင်လိုက်တာပါ။ ဒီနေရာမျာ စနစ်တွေ မူတွေ လူတွေ ဘာကိုဦးတည်ရမလဲ ကွဲပြားစေချင်ပါတယ်။ ခက်တာက လွယ်လွယ်လေးကို ကျနော် တို့ဆီက လူတွေ မလိုက်နာကြခြင်းပါဘဲ။ အလွန် စိတ်ကုန်စရာ ကောင်းပါတယ်…. မှတ်မှတ်ရရ ပြီးခဲ့တဲ့ အခေါက် ရန်ကုန်ရောက်တော့ ကျောက်မြောင်းထဲက ကျနော့် သူငယ်ချင်းအိမ် သွားလည်ပါတယ်။ စကားပြောနေရင်း ချောင်းဆိုးလို့ ချွဲဟပ်မိတော့ တံတွေး ထွေးချင်လာပါတယ်။ […]


အကြွေးသင့် ကျုပ်လေ ဒင်းတို့ကို စောင့်မျှော်နေခဲ့ရတာပါအေ ဒါပေမယ့် .. ဒင်းတို့မလာခဲ့ပါဘူး 🙁 ကျုပ်လေ ဒင်းတို့ဆီက စကားလေးတစ်ခွန်းနဲ့ မျှော်နေခဲ့ရသူပါအေ ဒါပေမယ့် ဒင်းတို့ အလေးမထားခဲ့ပါဘူး..။ ကျုပ်လေ ဒင်းတို့ကိုသတိရလို့ တိတ်တိတ်လေး ဆဲနေမိတာ.. ဒါပေမယ့် ဒင်းတို့ကဂရုမစိုက်ခဲ့ပါဘူး..။ ကျုပ်လေ ဒင်းတို့နဲ့ပတ်သတ်သမျှ အကုန်မှတ်သားခဲ့တာပါ.. ဒါပေမယ့် ဒင်းတို့မေ့ထားခဲ့တယ်နော်..။ ကျုပ်လေ ဒင်းတို့အကြောင်းတွေ တွေးတိုင်းကျိန်တတ်နေခဲ့တာ.. ဒါပေမယ့် ဒင်းတို့အတွေးထဲမှာ ကျုပ်မရှိခဲ့ဘူးလေ..။ ကျုပ်လေ လမ်းပေါ်မှာ ဒင်းတို့ဆိုင်ကယ်တွေ ဖြတ်သွားတိုင်း ဒင်းတို့ဝင်လာမလား မျှော်နေမိသူပါအေ… ဒါပေမယ့်အေ ဒင်းတို့အမြဲတမ်း ကျုပ်ကို ဥပေက္ခာတွေပဲ ပေးခဲ့တယ်နော…ဟင်း…ဟင်း ဒင်းတို့ပြောတဲ့ ( နောက်ရက်ကျ ) ဆိုတဲ့ စကားက ဒါပဲလား……… ကျုပ်မှာ မျှော်လင့်ခြင်းတွေနဲ့အတူ နေ့ပြန်တိုးဆိုတဲ့ အရိပ်ဆိုးကြီးက နေဝင်ချိန်တိုင်းမှာ […]


ကာတွန်းကဏ္ဍကို စတင်ပေးလိုက်ပါဘီ လောလောဆယ်တော့ ရွာထဲက ကိုကမ်းဝေးရဲ့ မူပိုင်လက်ရာတွေနဲ့ စတင်ပေးလိုက်ပါတယ်။ ကိုရွှေတိုက်စိုး ဆွဲတာနဲ့ ကျနော်ဆွဲထားတာတွေ ပြင်နေတုန်းမို့ နည်းနည်းနောက်ကျပါတယ်။ စိတ်ရှေ သည်းခံပေးကြပါ ခင်ဗျ…..။                                          


မင်္ဂလာပါ ရွာသူ/သား အပေါင်းတို့ခင်ဗျ ကျနော် ကာတွန်းကို စိတ်ဝင်စားသူတစ်ယောက်ပါ အချိန်ရရင်လဲ စိတ်ကူးရှိတာလေးတွေ ဆွဲတတ်ပါတယ်။ နောက်စာအရေးသားမှာလဲ သရော်စာဖက်ကို ပိုအားသန်ပါတယ် အဲဒီတော့ ကျနော်ရွာထဲမှာ ကိုယ့်ပတ်ဝင်းကျင်(ဝါ)ကိုယ်သိမှီတဲ့ အပိုင်းလေးတွေကို သရော်စာပုံစံ ကာတွန်းလေးတွေ ရေးဆွဲပီး တင်ချင်ပါတယ်။ ဒီနေရာမှာ ကျနော် တယောက်ထဲ ဆိုရင်ဖြင့် အိုင်ဒီယာပိုင်းမှာ အားနည်းမယ်လို့ ထင်မိပါတယ်။ ဆိုတော့ ရွာသူ/ရွားသားတွေလဲ ဝိုင်းဝန်း အားဖြည့်ပေးမယ် ဆိုရင်ဖြင့် ပိုပီးစည်ပင်မယ်လို့ ယူဆမိပါတယ်။ နောက်တခုက တကွက်ဟာသလေးတွေနဲ့ ရွာသူ/သားတွေရဲ့ တနေ့တာ နွမ်းနယ်မှုတွေကို ပြေပျောက်စေဖို့လဲ ရည်ရွယ်ပါတယ်။ ရွာထဲမှာတော့ ကောမစ်ပိုင်းမှာ ကိုကမ်းဝေးရှိပါတယ် နောက် ကိုအင်ဇာဂီလဲ ရှိပါတယ် ကျနော်ကလဲ အားဖြည့်ပေးမှာပါ။ ဟာသပိုင်းမှာလဲ ရွာထဲမှာ ဦးကြောင်၊ ကိုအောင်ပု၊ ကိုပေ၊ကိုဗိုက် စသဖြင့်ပေါ့ […]


ဟလို ဟလို တက်စတီ ဝမ်းတူး သရီး……အန်းနီး ဘေါ်ဒီ ဟီးရ် ဟုတ်ကဲ့ မူလ ကျနော့်ပို့စ် ခေါင်းစဉ်က ဒါလေးပါ” ယူကန်ဂတ် တမ်န်းကျပ်စ် ဖရီးအန်န်သစ်ဇ့် ပို့စ်” လူစိတ်ဝင်စားမှု နည်းမှာစိုးလို့ နည်းနည်းပွဲဆူအောင် ပြောင်းထားပေးပါတယ် 🙂  🙂 ဒီလိုပါ ခုတေလော ရွာထဲမှာ မမ်ဘာ အသစ်တွေနဲ့ အဟောင်းတွေကြား ငွေကြေးကွာဟမှုတွေ ဖြစ်ပေါ်နေသမို့ …သုံးကြောင်း ရှစ်လုံးပို့စ်တွေ၊ နှစ်ကြောင်း သုံးလုံး ပို့စ်တွေ ပေါ်ထွက်လာပါတယ်။ လူတွေ တော်တော်များများလဲ မသိတာထက် မသိချင်ယောင်ဆောင်ပီး ၁ဝကို အပြေးအလွှားယူနေကြရပါတယ်။ အသစ်တွေကလဲ ရူးသလို ပေါသလိုနဲ့ တင်လာကြသလို အဟောင်းတွေကလဲ နဂိုရှိရင်း ပိတ်သတ်အခံနဲ့ နားလည် ပါးရိုက်တွေ လုပ်လာဂျဘာပီ။ ကောင်းပါတယ်… ကောင်းပါတယ် ဒါဟာ […]


ဩောင်း နမော ဗုဒ္ဓ နုဘာဝေန။ နမော ဓမ္မာ နုဘာဝေန။ နမော သံဃာ နုဘာဝေန မင်္ဂလာ အပေါင်းနဲ့ ပြည်စုံတော်မူသော နံနက်ခင်း ဖြစ်ပါစေသတည်း…………………   ရန်ကုန်မြို့နေ   လူအပေါင်း ဘပ်စ်ကား ကျပ်ခြင်းမှ             ကင်းဝေးပါစေ မန်းလေးမြို့နေ လူအပေါင်း မီးပျက်ခြင်းမှ                         ကင်းဝေးပါစေ ရခိုင်ပြည်နေ    လူအပေါင်း ရိုဟင်ဂျာ အရေးမှ                    ကင်းဝေးပါစေ အပျိုကြီး         အပေါင်း လင်မရခြင်းမှ                             ကင်းဝေးပါစေ လူပျိုကြီး         အပေါင်း သူများစုံတွဲတွေ ငေးရခြင်းဘဝမှ     ကင်းဝေးပါစေ……….   ဒီရက်ပိုင်း အလုပ်တော်တော် ပိနေပါသည်။ အိပ်ရေးလည်းပျက် ခေါင်းတွေလဲ တော်တော်နောက်နေသည်။ ဘာဘဲ ဖြစ်ဖြစ် MG ကတော့ ကိုယ့်ခရေဇီမို့ အမြဲဖတ်ဖြစ်သည။် ခုတလော ရွာထဲမလဲ ဟိုကိစ္စတွေကြောင့် အတော်အတန်ကို ဆူညံရှုပ်ထွေးနေသည်။ […]


  ဂုတ်ထိပ်တံတား မြန်မာ့လှည်း မြင်တော့မြင်ဘူးတယ် နေရာမသိလို့ ရှေးက ဘုန်းကြီးတွေနဲ့ ဘုန်းကြီးကျောင်း ဧရာဝတီမြစ်ထဲက မြန်မာ့လှေတော် ကုန်းဘောင်ခေတ်နှောင်း မြန်မာအမျိုးသမီး မြေဝိုင်းဇာတ်အဖွဲ့ မန်းလေး အကျဉ်းထောင် ကုန်သည်လမ်း၊ ရန်ကုန် နန်းဦးကျောင်း မပုပ်မသိုးတဲ့ ရဟန်းတော်ရဲ့ ရုပ်ကလာပ် ဆိပ်ကမ်းနဲ့ လှေတွေ ဗြိတိသျှနဲ့ အိန္ဒိယတပ်တွေ မန်းလေးမှာ စစ်ရေးပြနေပုံ ဆင်ထိန်းတွေ ရှင်ပြုပွဲ ဘုန်းကြီးပျံ ပုံတွေက အများကြီးကျန်ပါသေးတယ်။ နောင်များ အချိန်ရရင်ဖြင့် ထပ်ပြီးတင်ပေးပါ့မယ်……….။


ဒီလ ၂၈ရက်နေ့ကစပြီး မြန်မာ့တပ်မတော်က ကေအိုင်အိုကို အပြီးသတ် ချေမှုန်းတော့မည် ဖြစ်ကြောင်း သတင်းထွက်လာတယ် ဆိုလိုတာက ငြိ်မ်းချမ်းရေးဆိုတဲ့ဘက်ကို မသွားတော့ဘူးပေါ့ တဘက်မှာ ကောင်းသလို တဘက်မှာလည်း မကောင်းတာတွေ အများကြီး ရှိနေပြန်ရော ကျနော်ကတော့ ဒီသတင်းက ကောလဟာလ ဖြစ်ပါစေလို့ဘဲ ဆုတောင်းချင်တယ်။မူဆယ်ဘက်က လာတဲ့ သတင်းအရ ခုရက်ပိုင်း အတွင်းမှာဘဲ ကုန်ကားတွေကို လက်နက်ကိုင်တချို့က ဖောက်ခွဲဖြစ်တယ်လို့ ကြားရတယ် ကျနော်ကတော့ မယုံဘူး ဒါပေမဲ့ သေသေချာချာ မေးကြည့်တော့ ဒီသတင်းက မှန်နေပြန်ရော။ကျနော်ကတော့ သူတို့တွေ ရူးများနေသလားလို့ အောက်မေ့တယ် ကိုယ့်နယ်မြေ ကိုယ့်ဒေသမှာ ကိုယ်ကစပြီး အမှားမလုပ် သင့်ဘူးလို့ထင်တယ်။ ကာကွယ်ရေးဦးစီးချုပ်ရုံးနဲ့ အစိုးရအဖွဲ့ထဲက လုံခြုံရေးကောင်စီဘက်ကတော့ မိုးရာသီအပြီးသတ် ချေမှုန်းရေးဘက်ကို အားသာနေကြတယ်။ပေါ်လစီအရ ပြန်ကြည့်ရင်လဲ အစိုးရစစ်တပ်အနေနဲ့ကလဲ ပြည်တွင်းလက်နက်ကိုင်တွေအပေါ်မှာ စစ်ရေးအရ […]


၂၀၁၂၊ ဧပြီလ ၂ရရက်နေ့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် အဲယားပူစီ (Air Pussy) ဥက္ကဋ္ဌ ဦးကြောင်ကြီးမှ ၂၀၁၅ သမ္မတ ရွေးကောက်ပွဲတွင် ပါဝင်ရွေးကောက်ခံသွားမည် ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းစုများအား သူ၏မျိုးဆက် ကြောင်လေးမှ ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ဦးကြောင်ကြီးလက်အောက်တွင် ကြောင်ထရေးဒင်း(Cat Trading)၊ပူစီယူနိူက်တက် အက်ဖ်စီ(PUFC)နှင့် ပူစီများကြီးထွားရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဘဏ်(PGD Bank)၊ပူစီကွန်စထရက်ရှင်ဂရု(Pussy Construction Group) အပါအဝင် အခြားစီးပွားရေးလုပ်ငန်းများမှ ရင်းနှီးမြှုပ်နှံသူများနှင့် ဝန်ထမ်းအင်အားမှာ ထောင်ဂဏန်း ရှိသဖြင့်ထောက်ခံ အားကောင်းနိူင်ကြောင်း သူနှင့်မကင်းမရှင်းသော အသိုင်းအဝိုင်းမှ ကြားသိရသည်။မတ်လအတွင်းကလဲ ကြောင်လေးမှာ(ECU) ဥရောပကြောင်သမဂ္ဂနှင့် အမှုရင်ဆိုင်ခဲ့ရာ အနိူင်ရရှိထားသဖြင့် စီးပွားရေးလုပ်ငန်းများနှင့် ပြည်ပရင်းနှီးမြှပ်နှံမှုများ ကျယ်ပြန့်စွာ ဆက်လက်လုပ်ကိုင် နိူင်တော့မည် ဖြစ်သည်။ ကိုးကားသတင်း  Pussy Weekly News, April 28 […]


                        ဒီနေ့ ကျွန်တော်လဲ မန်းဂေဇက်ရဲ့ ထင်ရှားသောပုဂ္ဂိုလ်ကြီးများနှင့်အင်တာဗျူးကဏ္ဍအတွက် အဘကို ရက်ချိန်းယူထားသဖြင့် ဖုန်းလှမ်းဆက်ရာ အကြိမ်၅၀ဝခန့် ခေါ်ဆိုသောလည်း အဆက်သွယ်ကမရ ကိုယ်ကဗျူးပါမယ်ဆိုမှ ပြန်မေးတဲ့ မေးခွန်းပေါင်းက ၈သောင်းလောက်ရှိမည် ထင်သည်၊ နောက်မှ မထူးသည့်အဆုံး တယ်လီပသီနည်းသုံး၍ လှမ်းဆက်မှဘဲ ရတော့သည်၊ ဒါတောင် အဘက ရှရန့်ဇာတ်ကားမှ ကြောင်ကလေးအကြောင်း ပွတ်စ်အင်ဘုစ် ဆိုတာကြည့်တာ မပြီးသေး၍ ခဏစောင့်နေရသေးသည်၊ အတော်လေးကြာမှ အေးရပြီကွ ဆိုလို့ စပြီးမေးဖြစ်သည်……………….။ ရဲစည်။    ။အဘ အခုတစ်လော အကောင်အထည်ဖေါ်ဖြစ်သွားတဲ့ အပြောင်းအလဲလေး အကြောင်းရှင်းပြပါအုံး ခင်ဗျ။ အဘ ။    ။အိမ်း….ဒီလိုကွ လွန်ခဲ့တဲ့ ၅နှစ်လောက်ကပေါ့ အဘအိပ်မက်တာ သိပ်မကောင်းဘူး၊ မနက်ကျ အဘရဲ့ဂမီ္ဘရအကြံပေးကို ပြောပြတော့ တိုင်းပြည်ထူးခြားမယ်တဲ့ ဒါနဲ့ဘဲ မင်းတို့ကြီးတော်ကြီးက ယတြာချေမယ် လုပ်ရော အဘကတော့ […]


ရွာထဲမှာ ဒီနှစ်သင်္ကြန်ရဲ့ အဝတ်အစားကိစ္စ တော်တော်လေး အငြင်းအခုန်ဖြစ်နေကြတာ ဖတ်ရပါတယ်။ဘာမှတော့ မဝေဖန်ရဲပါဘူး။ကိုယ်တိုင်လည်း ကိလေသာ မကုန်တော့ အများရှေ့တော့ မကောင်းဘူးပေါ့ ပြီးမှ တံတွေးကို ဂလုကနဲ မြိုချရတော့တယ်။ကျွန်တော့်လိုလူတွေကလဲ အများသားဗျ……။ လူငယ်တွေဘက်ကလဲ မသိတာတော့ မဟုတ်ဘူးဗျ သူတို့ကလည်း ဒီအချိန်ရောက်မှ ဒီလိုလုပ်ကြရတာတဲ့လေ။အခုခေတ်မှာက အင်တာနက်ထဲ နင့်ပြွန်တို့၊ စာအုပ်မျက်နှာတို့ ရှိနေတော့ လူကအိမ်ပြန်မရောက်သေးဘူး ဒါ့ပုံက ရောက်နေပီ။ဒီတော့ ခွေးနှစ်ကောင်ကိုက်တာ ရပ်ကွက်လူကြီး သွားခေါ်ဖို့မလိုဘူး မလာလို့လဲ ဆဲဖို့မလိုဘူး နီးစပ်တဲ့သူက   ရေနဲ့ဖြန်းပေးလိုက်ပါ နည်းနည်းတော့ ရှဲသွားလိမ့်မယ်။အခုကိစ္စက အဲလောက်တော့မလွယ်ဘူး သို့ပေမဲ့ဒါကို နိူင်ငံက ပညာရေး အဆင့်အတန်းနိမ့်လို့၊ အစိုးရမကောင်းလို့ ဘာဖြစ်လို့ ညာဖြစ်လို့ ဆိုတဲ့ ခေါင်းစဉ်အကြီးတွေတပ်ပြီး ကိုယ်တွေက စပေးလိုက်ရင် နောက်ကလူငယ်တွေကလဲ အဲဒီနှပ်ကြောင်း အတိုင်း သံယောင်လိုက်လာလိမ့်မယ်။နောက်ပြီး […]