Zaw WonnaSeptember 29, 20121min21812
ကော်ရှုတယ်ဆိုတာ စက်ဘီး ဘီးဖာတဲ့ကော်၊ ဒါမှမဟုတ် PVC ပိုက်ဆက်တဲ့ကော် စတဲ့ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ကော်မျိုးကို ရှုတာပဲ ဖြစ်ပါတယ်။ ကော်တွေကို လက်ထဲ၊ ပလတ်စတစ်အိတ်ထဲ ထည့်ပြီးတော့ နှာခေါင်းနဲ့ အနံ့ကို ရှုတာပါ။ မူးယစ်ဆေးဝါး သုံးစွဲသလိုမျိုးပါပဲ။ ကျနော့်စိတ်ထင်တော့ ကော်ကထွက်လာတဲ့ အငွေ့ဟာ အဆိပ်အတောက် ဖြစ်စေပြီး ဦးနှောက်ရဲ့ လုပ်ဆောင်ပုံတွေကို ကမောက်ကမ ဖြစ်စေတာမျိုး ဖြစ်ပါလိမ့်မယ်။ ကျန်းမာရေးအတွက် အတော့်ကို ဆိုးဆိုးရွားရွား ထိခိုက်စေမယ့် ကိစ္စလို့ မြင်ပါတယ်။ ကျနော် စတင် တွေ့ဖူးတာကတော့ ထိုင်းနိုင်ငံ နယ်စပ်ဒေသက ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေဆီမှာပါ။ ကော်ရှုပြီးရင် ဘယ်လို ခံစားရသလဲဆိုတော့ ဟိုးအဝေးမှာ ရှိတဲ့ အရာတွေဟာ ကိုယ်နဲ့ နီးနီးလေးမှာ ရှိသလိုမျိုး အာရုံလှည့်စားမှု ဖြစ်စေပါတယ်တဲ့။ […]


Zaw WonnaSeptember 28, 20121min34219
ရန်ကုန်၊ တာမွေမြို့နယ်၊ မေတ္တာညွန့်ရပ်ကွက်၊ မေတ္တာညွန့် ဘူတာရုံ အနီးက စက်မှု (၁) လမ်းထိပ်တွင် အမြဲ ဂိတ်ထိုးလေ့ရှိသော ဆိုက်ကားသမား တစ်ယောက်ရှိသည်။ တစ်ကိုယ်ရေ တစ်ကာယသမားဖြစ်ပြီး သူ့နာမည်ကို ရပ်ကွက်က လွယ်အိတ်ဟု ခေါ်ကြသည်။ ပြီးခဲ့သည့် (18.9.2012) နေ့က နံနက် ဆယ်နာရီခွဲခန့်တွင် တာမွေရဲစခန်းမှ ရဲဝန်ထမ်း သုံးဦး ၎င်းထံ ရောက်ရှိလာကာ “မင်းလားကွ လွယ်အိတ်ဆိုတာ” ဟု မေးမြန်းပြီးနောက် နံပါတ်တုတ်ဖြင့် ရိုက်နှက်ကာ ဖမ်းဆီးသွားကြသည်။ ထိုနေ့ ညနေပိုင်းတွင် လွယ်အိတ်သည် မျက်နှာညိုမဲ ဖူးယောင်ဒါဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ ညိုမဲ ဒါဏ်ရာများဖြင့် ရပ်ကွက်သို့ ပြန်ရောက်လာသည်။ ၎င်း၏ အဆိုအရ ရဲစခန်းမှ သင်္ကန်းကျွန်း၊ စံပြဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံမှ ရပ်ကွက်သို့ လမ်းလျှောက်ပြန်ခဲ့ကြောင်း […]


Zaw WonnaMarch 19, 20121min1273
၁။ မခေါ်မဖြစ် ခေါ်ဆိုရမည့် ကိစ္စများ အတွက်သာ အသုံးပြုပြီး ဖုန်းခေါ်ဆိုချိန်ကိုလည်း တိုတောင်းပါစေ။ နှစ်မိနစ် မျှသော ဖုန်းခေါ်ဆိုချိန်သည် ဦးနှောက်၏ သဘာဝ လျှပ်စစ်လှိုင်းများအား တစ်နာရီကျော် ကြာသည် အထိပြောင်းလဲစေသည်။ ၂။ ကလေးငယ်များအား အရေးပေါ် ကိစ္စမျိုးတွင်သာ ဖုန်းအသုံးပြုခွင့် ပြုပါ။ ကလေးငယ်များ၏ တည်ဆောက်ဆဲ ဖြစ်သော ဦးခေါင်းခွံသည် ရောင်ခြည်များအား ပိုမိုနက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်စေနိုင်သည်။ ၃။ ပုံမှန် အသုံးပြုသည့် ဝါယာဖြင့် ပြုလုပ်ထားသည့် နားကြပ်အစား လေပိုက် နားကြပ် (air tube headset ) ကို သုံးပါ။ ဝါယာဖြင့် ပြုလုပ်ထားသည့် နားကြပ်များသည် နားပြွန်အတွင်းသို့ ရောင်ခြည် ဝင်ရောက်မှု ဖြစ်စေနိုင်သည်။ ထို့အပြင် အသံဖမ်းတိုင် (antenna) […]


Zaw WonnaMarch 18, 20121min31112
မြတ်ခိုင်။ ။ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွှေးကောက်ပွဲအတွက် နေရာအနှံ့ လိုက်ပြီးမဲဆွယ်နေတဲ့အချိန်မှာ အဘတို့ဘက်က ငြိမ်နေတာ ဘာကြောင့်လဲ ? အောင်သောင်း။ ။ မငြိမ်ပါဘူး။ သူလို့ အုံးအုံးကျွတ်ကျွတ် မလုပ်တာ တစ်ခုပါပဲ။ အရှေ့အလယ်ပိုင်းပုံ သဏ္ဍန်တွေဖမ်းနေတာပေါ့။ ရှိလည်းရှိမှာပေါ့။ လူထုတွေ တအားထောက်ခံတယ် ဆိုတဲ့ ပုံပန်းကို သုူက ပြနေတာ ဒါကတော့ နိုင်ငံရေးအရ Image ကောင်းအောင်ပေါ့ဗျာ။ ဒါက လူထုတွေ တအားထောက်ခံတယ်။ ကြိုဆိုတယ်ပေါ့ဗျာ။ ဒါက လုပ်လိုလွယ်တဲ့ ကိစ္စပါ။ အခုလည်းပဲ ဟိုက ဒီက ခေါ်ထားရင်ရပါတယ်။ မြို့ခံတွေ ဘယ်လောက် ပေါတယ်။ နယ်ခံတွေ ဘယ်လောက်ပေါတယ်ပေါ့။ အဲ့လိုနဲ့ သူကို မဲပေးမယ်လို့ ပြောလို့မရပါဘူး။ ဟုတ်လား။ ဘယ်သူ့မဲပေးမယ်လို့လည်း ဒီမှာ သိပ်ဆုံးဖြတ်လို့မရပါဘူး။ တကယ်တမ်းကျတော့ […]


Zaw WonnaMarch 17, 20121min1494
တွေ့ရပြန်ပြီ။ အခုတလောမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီကို ဝေဖန်တိုက်ခိုက်နေတဲ့ ဝက်ဘ်ဆိုက်တွေ၊ ဘလော့ဂ်တွေ တော်တော်များများ တွေ့လာရပါတယ်။ Facebook ထဲမှာလည်း အတော်များများ တွေ့မိပါတယ်။ သူတို့ဟာ ဘယ်နိုင်ငံရေးပါတီက၊ ဒါမှမဟုတ် ဘယ်သူ့ လက်ကိုင်တုတ်လဲ ဆိုတာကိုတော့ မသိပါ။ ဒါပေမဲ့ ရည်ရွယ်ချက် ရှိရှိ လုပ်နေတာကိုတော့ သတိထားမိပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်က ဘယ်လို ဆိုတာကိုလည်း အတိအကျ မသိပေမယ့် ဒီလို ဝေဖန်တိုက်ခိုက်ခြင်းအားဖြင့် သူတို့ရဲ့ ရည်ရွယ်ချက်တွေ ထမြောက်အောင်မြင်မယ်လို့ ထင်ထားပုံ ရပါတယ်။ ဒါပေမယ့် သူတို့ မတွက်မိတာက ဒေါ်အောင်ဆန်းစုကြည်ကို အခြေခံလူထု လူတန်းစား အသီးသီးက ဘာကြောင့် ထောက်ခံကြတယ် ဆိုတာပါ။ နိုင်ငံခြားမှာနေ၊ နိုင်ငံခြားသားနဲ့ လက်ထပ်ပြီးမှ မြန်မာ့နိုင်ငံရေးအတွက် ဆောင်ရွက်နေတဲ့ သူ့ကို […]


Zaw WonnaMarch 17, 20121min23111
The Gamer မပြီးဆုံးနိုင်သော invite များနှင့် updates များဖြင့် စိတ်အနှောင့်အယှက် ပေးသူများ။ The Event Coordinator မိမိတွင် ဖြစ်ပျက်သမျှ အသေးအဖွဲမှအစ အရာရာတိုင်းကို တင်ပြလိုသဖြင့် လူတိုင်းအား invite လိုက်လုပ်နေသူများ။ The Desperate Marketer ၎င်းတို့သည် Facebook ပေါ်တွင် ဈေးကွက်ဖော်ဆောင်လိုခြင်း ဖြစ်သော်လည်း သူငယ်ချင်း အားလုံးအား spam များ ဖြန့်ဝေသကဲ့သို့ ဖြစ်နေတတ်သည်။  The Horrible Photo Tagger သင့်အနေဖြင့် သင့်မိသားစု သို့မဟုတ် လုပ်ဖော်ကိုင်ဖက်များအား သိမြင်စေလိုခြင်း ရှိ၊ မရှိကို ဂရုမထားပဲ ဓါတ်ပုံတွင် tag လုပ်တတ်ကြသူများ။ The Rash Facebook ပေါ်တွင် သင့်နောက်မှ တကောက်ကောက် […]


Zaw WonnaMarch 16, 20121min26411
TIM VERNON / SCIENCE PHOTO LIBRARY အမျိုးသမီးများ အနေဖြင့် ကိုယ်ဝန်ဆောင်ချိန်တွင် မိုဘိုင်းဖုန်း သုံးစွဲခြင်းဖြင့် ကလေးငယ်၏ ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း သုတေသီများက သတိပေး ပြောဆိုလိုက်သည်။ Yale School of Medicine မှ သုတေသီများက မိုဘိုင်းဖုန်းမှ ထွက်လာသော ရောင်ခြည်များသည် သန္ဓေသား၏ ဦးနှောက်ဖွံ့ဖြိုးမှုကို ထိခိုက်စေပြီး မူမမှန်သည့် အခြေအနေကို ဖြစ်ပေါ်စေကြောင်း ကြွက်များကို အခြေခံ စမ်းသပ်သည့် လေ့လာချက်များအရ သိရှိရခြင်း ဖြစ်သည်။ မွေးဖွားလာသည့် ကလေးငယ် အနေဖြင့် မှတ်ဉာဏ်နည်းခြင်း၊ စိုးရိမ်စိတ်များခြင်းနှင့် အပြုအမူဆိုင်ရာ ပြဿနာများ {Attention deficit hyperactivity disorder (ADHD)} ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ ကြွက်များနှင့် စမ်းသပ်ရာတွင် ဖွင့်ထားသော […]


Zaw WonnaJanuary 13, 20121min18010
uscampaignforburma.org ဒီနေ့ဟာ မြန်မာပြည်ရဲ့ နိုင်ငံရေးသမိုင်းမှာ ထူးခြားတဲ့ နေ့တစ်နေ့အဖြစ် ရှိနေမှာပါ။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးနီးပါး လွတ်မြောက်ခွင့်ရတဲ့နေ့ ဖြစ်လို့ပါပဲ။ လက်ရှိအစိုးရ အနေနဲ့ ဒီမိုကရေစီ အစိုးရ ပီသဖို့အတွက် အရေးပါတဲ့ လုပ်ဆောင်ချက် တစ်ခုလို့ မြင်ပါတယ်။ ပြီးတော့ ဒီနိုင်ငံရေးအကျဉ်းသား ကိစ္စက နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုတွေနဲ့လည်း ဆက်စပ်နေတာမို့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း မလုပ်မဖြစ်တဲ့ ကိစ္စတစ်ခုပါ။ အခုတော့ မြန်မာပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ အချက်တစ်ခု ပြည့်ဝသွားတဲ့အတွက် အားလုံးဝမ်းသာကြမှာပါ။ ကျနော့်အတွက်တော့ အမေစုလွတ်တဲ့နေ့ရယ်၊ ဧရာဝတီရေကာတာ စီမံကိန်း ရပ်နားကြောင်း ကြေညာတဲ့နေ့ရယ်၊ ဒီနေ့ရယ်က နှစ်ပေါင်းများစွာအတွင်း အပျော်ဆုံး နေ့ရက်တွေ ဖြစ်ခဲ့ပါတယ်။ တစ်ခုရှိတာက အခုလွှတ်ပေးတဲ့ ဥပဒေ ပုဒ်မ […]


Zaw WonnaJanuary 1, 20121min19310
ဇန်နဝါရီ ၂။ နိုင်ငံရေး အကျဉ်းသားများ၊ HIV ဝေဒနာရှင်များနှင့် ဂီရိမုန်တိုင်းဒဏ်ခံ ပြည်သူများအတွက် ရံပုံငွေ ရှာဖွေသော ဈေးရောင်းပွဲကို NLD ဌာနချုပ်တွင် စတင်ပြုလုပ်ခဲ့သည်။ ဇန်နဝါရီ ၁၇။ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ညွှန်ကြားချက်ဖြင့် ပထမဆုံး အခြေခံပညာအဆင့် အခမဲ့ ပညာသင်ကျောင်းကို ရန်ကုန်ုတိုင်း၊ လှိုင်သာယာမြို့နယ်တွင် ယနေ့မနက် ဖွင့်လှစ်လိုက်သည်။ ဇန်နဝါရီ ၂၃။ ကချင်ပြည်နယ်တွင် ပထမဆုံး ရေအားလျှပ်စစ် စက်ရုံအဖြစ် တနှစ် ပျမ်းမျှပမာဏ ကီလိုဝပ်နာရီ သန်းပေါင်း (၁ဝ၆၅) ထုတ်လုပ်နိုင်မည့်  တာပိန် (၁) စက်ရုံကို ယမန်နေ့က ဝန်ကြီးချုပ် ဦးသိန်းစိန်က ဖွင့်လှစ်ခဲ့သည်။ ဇန်နဝါရီ ၂၆။ ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးရေး အစီအစဉ်အရ ရောင်းချရန် ကျန်ရှိနေသည့် ဝန်ကြီးဌာန […]


Zaw WonnaDecember 29, 20111min811
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် (၁၉၇၄ – ၁၉၈၈) ၁၉၇၄၊ မတ်လ ၂ ရက်။   ။ တော်လှန်ရေးကောင်စီက သိမ်းပိုက်ရယူထားသော နိုင်ငံတော် အချုပ်အခြာအာဏာကို နိုင်ငံတော်ကောင်စီ ဥက္ကဌ ဦးနေဝင်းထံ လွှဲပြောင်းပေးအပ်ခဲ့သည်။ ၁၉၇၄၊ ဇွန်လ ၆ ရက်။   ။ အင်းစိန် မီးရထားစက်ခေါင်းရုံ၊ သမိုင်း ချည်မျှင်နှင့် အထည်စက်၊ အုတ်ကျင်း ဂုံနီစက်၊ ဆင်မလိုက် သင်္ဘောကျင်းတို့မှ စတင်ကာ အလုပ်သမား သပိတ်ကြီး ပေါ်ပေါက်ခဲ့ရာ စစ်တပ်က ပစ်ခတ်နှိမ်နင်းခဲ့သည်။ ၁၉၇၄၊ ဇွန်လ ၁၈ ရက်။   ။ လက်နက်ကိုင် သောင်းကျန်းသူများအား အမြစ်ပြတ် ခြေမှုန်းနိုင်ရန်အတွက် ဖြတ် (၄) ဖြတ် အစီအစဉ်ကို တရားဝင်ချမှတ်ပြီး အကောင်အထည်ဖော်ခဲ့သည်။ ၁၉၇၄၊ ဇွန်လ […]


Zaw WonnaDecember 29, 20111min770
တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ – ၁၉၇၄) ၁၉၆၂၊ မတ်လ ၂ ရက်။   ။ နံနက် (၂) နာရီမှ စတင်ကာ ဝန်ကြီးချုပ်ဦးနုနှင့် တကွ နိုင်ငံရေး ခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းများ ပြုလုပ်ခဲ့သည်။ နံနက် ၈ နာရီ၊ ၂၅ မိနစ်တွင် မြန်မာ့အသံက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်း၏ နိုင်ငံတော်အာဏာကို ဗမာ့တပ်မတော်က တာဝန်ယူ စောင့်ရှောက်လိုက်ပြီဖြစ်ကြောင်းနှင့် တော်လှန်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။ ၁၉၆၂၊ မတ်လ ၃ ရက်။  ။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ တရားဝင် ရွေးကောက် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော်နှင့် လူမျိုးစုလွှတ်တော်တို့ကို ဖျက်သိမ်းကြောင်း တော်လှန်ရေးကောင်စီက ကြေညာခဲ့သည်။ ၁၉၆၂၊ မတ်လ ရ ရက်။   ။ တော်လှန်ရေးကောင်စီ၏ […]


Zaw WonnaDecember 25, 20111min992
Photo: Xinhua, dated May 4, shows a fishing boat stranded on the cracked bed of Poyang Lake in Jiujiang တရုတ်နိုင်ငံတွင် သဘာဝရေကန်ပေါင်း ၂၄၀၀ဝ ခန့်ရှိ၏။ သို့သော် သဘာဝပတ်ဝန်းကျင် ထိမ်းသိမ်းရေး အဖွဲ့တစ်ခု၏ ထုတ်ပြန်ချက်အရ နှစ်စဉ်နှစ်တိုင်း ရေကန်ပေါင်း ၂ဝ ခန့်မှာ ရေကန်ကောခြင်းနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ စုစုပေါင်း စတုရန်းကီလိုမီတာပေါင်း ၈၃၀၀ဝ ခန့် နေရာယူထားသည့် တရုတ်နိုင်ငံရှိ သဘာဝရေကန်များမှာ  ရေကြီးခြင်း၊ မိုးခေါင်ခြင်းတို့ အပါအဝင် သဘာဝပတ်ဝန်းကျင် ညီညွတ်မှုကို ထိန်းချုပ်ပေးနိုင်သည့် အရေးပါသော အရင်းအမြစ်များ ဖြစ်သည်။ တရုတ်နိုင်ငံရှိ ရေကန်များမှာ လူတို့၏ ပယောဂကြောင့် […]


Zaw WonnaDecember 25, 20111min641
အိမ်စောင့် အစိုးရခေတ် (၁၉၅၈ – ၁၉၆၂) ၁၉၅၈၊ စက်တင်ဘာလ ၂၆ ရက်။   ။ ညဘက်တွင် ဦးနုက ဗိုလ်ချုပ်ကြီးနေဝင်းအား အာဏာလွှဲအပ်ကြောင်း မြန်မာ့အသံမှ အရေးကြီးမိန့်ခွန်းအဖြစ် ကြေညာခဲ့သည်။ ၁၉၅၈၊ စက်တင်ဘာလ ၂၈ ရက်။   ။ ဗကသ၊ ရကသ၊ တကသတို့က ကြီးမှုးပြီး တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦးတွင် အမှုဆောင်များ ဆွေးနွေးကြကာ စစ်တပ်မှ အာဏာသိမ်းခြင်းနှင့် ပတ်သက်၍ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ၁၉၅၈၊ စက်တင်ဘာလ ၃ဝ ရက်။   ။ ကျောင်းသားသမဂ္ဂ ကြီး (၃) ခုက ဦးစီးပြီး ကျောင်းသားထု အစည်းအဝေးတရပ် တက္ကသိုလ်ကျောင်းသား သမဂ္ဂ အဆောက်အဦးတွင် ထပ်မံကျင်းပခဲ့သည်။ ထို့နောက် ဘတ်စ်ကား (၂၆) […]