zaw winNovember 5, 20121min973
မင်းဟာ အမြင့်ပျံငှက်ကလေးတစ်ကောင်ပါ လှောင်အိမ်ထဲမှာမမြင်လိုပါ မင်းဟာ အနိမ့်မှာလည်း ကျက်စားလို့ရတယ် အမြင့်မှာလည်း ကျက်စားလို့ရတယ် မင်းဟာ ပတ်ဝန်းကျင်နဲ့နေလို့လည်းရတယ် တစ်ဦးထဲလည်း နေထိုင်လို့ရတယ် မင်းဟာ လွတ်လပ်မှုအပြည့်အဝရထားတဲ့ ငှက်ကလေးတစ်ကောင်ပါ လောကမှာ မင်းလုပ်ချင်တာလုပ်ယူလို့ရတယ် ကြိုက်သလိုပုံဖော်လို့ရတယ် မဆိုင်တဲ့အကြောင်းအရာတွေကို ခေါင်းထဲမှာ ထည့်မထားနဲ့ ကိုယ်ပိုင်အချိန်တွေ ဆုံးရှုံးလိမ့်မယ် လွတ်လပ်စွာပျံသန်းပါ ငှက်ကလေး မင်းရဲ့ရည်မှန်းချက်တွေအောင်မြင်ပါလိမ့်မယ်။ မင်းသုတ 3.7.2001


မြန်မာပြည်မှ ဂျော့အိုဝဲ ရှာပုံတော်ခရီး မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ အောက်တိုဘာလ ဝ၄ ရက် ၂၀၁၂ ခုနှစ် ၁၃ နာရီ ၁၆ မိနစ် နယူးဒေလီ (မဇ္ဈိမ) ။           ။ ကမ္ဘာကျော် ဗြိတိသျှ စာရေးဆရာ ဂျော့အိုဝဲ George Orwell ၏ မြန်မာပြည်တွင်း ခြေရာကောက် ခရီးစဉ်တခုကို ၂၀၁၂ ခုနှစ်၊ ဆောင်းရာသီအတွင်း စတင်ရန် ခရီးသွားလုပ်ငန်းတခုဖြစ်သည့် Slow Burma Travel က စီစဉ်နေသည်။ စာရေးဆရာကြီး ဂျော့အိုဝဲ သည် ကိုလိုနီ မြန်မာပြည်တွင် ရဲအမှုထမ်းအဖြစ် ၁၉၂ဝ စုနှစ်များက နေထိုင်ခဲ့ဖူးသည့် စစ်ကိုင်းတိုင်း၊ ကသာမြို့ထိ ဧရာဝတီ မြစ်ကြောင်း အတိုင်း ဆန်တက်ကြမည့် ခရီးစဉ်တွင် […]


Mon LayOctober 19, 20121min2708
သတ္တလောကကြီးထဲမှာနေကြတဲ့သူမှန်သ၍အချစ်အကြောင်း ပြောကြမယ်ဆိုလျှင်  မြန်မာလူမျိုး အများစုက “၁၅၀ဝ အချစ်” နဲ့ “၅၂၈မေတ္တာ” ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြပါတယ်။သမီးရည်းစား အချစ်ကို “၁၅၀ဝ အချစ်” ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ “၅၂၈ မေတ္တာ” ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ပြောဆိုလေ့ ရှိပါတယ်။ ၁၅၀ဝ ဆိုတာဘယ်လိုပေါ်လာတာလဲ? ၅၂၈ ဆိုတာဘယ်လိုပေါ်လာတာလဲ? မထင်မှတ်ဘဲ ၁၅၀၀/၅၂၈ ဆိုတဲ့ ဂဏန်းတွေ ဘာလို့ အဲလို ဖြစ်နေရတာလဲ ဆိုတာကို ဆရာမ “ဂျူး” ရေးတဲ့”မျှော်လင့်ချက် နှင့် အခြား မျက်နှာဖုံးဆောင်းပါးများ” စာအုပ်လေး ဖတ်လိုက်ရတယ်။ အဲဒီ […]


zaw winSeptember 16, 20121min903
အဖေဟာ • ရိုးသားတယ် • ရဲရင့်တယ် • ပြတ်သားတယ် • တည်ကြည်တယ် • ကြွားဝါခြင်းမရှိဘူး • အများအတွက် အနစ်နာခံတယ် • ကိုယ်ကျိုးစွန့်ခဲ့တယ် သမီးလည်း အားကျမိတယ်အဖေ အဖေဟာ သမီးရဲ့ မဟာသူရဲကောင်းကြီးပါ သမီးဂုဏ်ယူနေလျက်ပါ အဖေ့ရဲ့အမွေဆက်ခံနိုင်ဖို့ အဖေ့ခြေရာ နင်းနိုင်ဖို့ ကြိုးစားနေလျှက်ပါ နောင်ကိုလည်း ကြိုးစားနေမှာပါအဖေ မင်းသုတ 17:30 PM 13.9.2012


TTNUSeptember 12, 20122min35047
The Paradoxical Commandments (ဆန့်ကျင်ဘက် အမှန်တရားများ) by Dr. Kent M. Keith People are illogical, unreasonable, and self-centered. Love them anyway. လူတွေဟာ သဘောတရားမှန်မှန်၊ ကျိုးကြောင်းဆီလျော်စွာမတွေးကြ၊မလုပ်ကြဘူး။ တစ်ကိုယ်ကောင်းဆန်ကြတယ်။ ဘာပဲဖြစ်ဖြစ်  သူတို့ကို ချစ်ခင်လိုက်ပါ။ If you do good, people will accuse you of selfish ulterior motives. Do good anyway. မင်းကောင်းတာလုပ်ရင် လူတွေက မင်းရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အတွင်းစိတ် ကိုဖုံးထားပြီးလုပ်တယ်လို့ စွပ်စွဲကြမယ်။ ဘာပဲဖြစ်ဖြစ် ကောင်းတာလုပ်လိုက်ပါ။ If you are successful, you […]


zaw winSeptember 10, 20121min901
ဒို့နိုင်ငံမှာ ခေတ်သစ်ပြောင်းခဲ့ပြီ ဒို့ရင်ထဲမှာ အတွေးအခေါ်တွေပြောင်းခဲ့ပြီ နှစ်ပေါင်းများစွာ ဟိုလူ့ကိုညာ ဒီလူ့ကိုညာ မိမိကိုယ်ညာ ညာခဲ့ပေါင်းလည်းများခဲ့ပြီ ဒို့နိုင်ငံလည်း မွဲပြာကျခဲ့ပြီ ကိုယ့်နိုင်ငံကိုတိုးတက်စေဖို့ မိမိကိုယ်မိမိမညာဘဲ ကြိုးစားကြပါစို့ အလုပ်လုပ်ကြပါစို့ သူငယ်ချင်း။ မင်းသုတ 21:00 PM 10.9.2012


padonmarAugust 20, 20121min33219
ကျမနဲ့နေဝင်းမောင် ကျမနဲ့နေဝင်းမောင်ဟာ ဆေး(၁)မှာ တစ်တန်းတည်းသားတွေပါ။ ဒါပေမယ့် ခင်မင်တဲ့ သူငယ်ချင်းတွေတော့ မဟုတ်ခဲ့ပါဘူး။ သူက ပညာတတ်အရာရှိ မိဘကမွေးတဲ့သူဖြစ်ပြီး ကျမက ပညာမတတ်တဲ့ ကုန်သည်မိဘက မွေးတဲ့သူဆိုတော့ Orbit မတူတဲ့ အသိုင်းအဝိုင်းတွေကြားမှာ ကျောင်းနေစဉ်က သိကျွမ်းခဲ့ခြင်းတောင် မရှိပါဘူး။ 3rd MB အရောက်မှာ သူဟာ ကျမတို့အတန်းနဲ့ လမ်းခွဲခဲ့ရပါတယ်။ ကျောင်းပြီးလို့ အနှစ် ၂ဝ အကြာ သူငယ်ချင်းတွေ ပြန်ဆုံကြတဲ့ပွဲလေးမှာ နေဝင်းမောင်နဲ့ ပြန်တွေ့ခဲ့ပါတယ်။ သူရဲ့ပါတနာဖြစ်တဲ့ ကျမတို့အတန်းရဲ့ မရှိမဖြစ် ခိုင် ကမိတ်ဆက်ပေးလို့ ပြော ဖြစ်တဲ့ စကား ၄-၅ ခွန်းထက်မပိုပါဘူး။ ကျမတို့ သူငယ်ချင်းတွေ နောက်ပိုင်းမှာ အဲဒီနေဝင်းမောင် ဆိုတာ ဟိုတစ်ယောက်မလားလို့ တီးတိုးတီးတိုး လုပ်ခဲ့ကြရုံပါဘဲ။ ကျမတို့ အတန်းရဲ့ […]


Mon LayAugust 15, 20121min721
သင်လိုချင်တဲ့ ဘဝမျိုးပိုင်ဆိုင်ရရှိဖို့ အဆင်သင့်ဖြစ်ပြီလား။ အောက်မှာဖော်ပြထားတာကတော့ လိုချင်တဲ့ ဘဝမျိုးရရှိဖို့ သင်ပြုလုပ်ရမဲ့ ခြေလှမ်းခုနှစ်လှမ်းပါ။ (၁)စိတ်ကူးကြည့်ပါ         ကျွန်မတို့ အများစု တွေးထင်မိတာ ရှိပါတယ်။ ကျွန်မတို့ဟာ ဆွဲဆောင်မှုရှိမယ်၊ စမတ်ကျမယ်၊ ရိုးသားဖြောင့်မတ်မယ်၊ ဒါမှမဟုတ် အလုပ်ကြိုးစားမယ်ဆိုရင် ကျွန်မတို့ရဲ့ဘဝဟာ လိုချင်တဲ့အတိုင်း ပဉ္စလက်ဆန်ဆန် ပြောင်းလဲသွားလိမ့်မယ်။ ဒါပေမဲ့ သင်ဖြစ်ချင်တဲ့ဘဝဟာ ဘယ်လိုဘဝမျိုးဆိုလဲတာ ပြတ်ပြတ်သားသား စဉ်းစားမထားခဲ့ဘူးဆိုရင်တော့ လိုချင်တဲ့ဘဝကို ဖန်တီးနိုင်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် တစ်နှစ်၊ ငါးနှစ်၊ ဆယ်နှစ်အတွင်း သင်ရောက်ချင်တဲ့ ရည်မှန်းချက်နေရာမျိုး စဉ်းစားထားပြီး စာရွက်ထဲ ရေးချထားလိုက်ပါ။ (၂)စိတ်ကူးအိပ်မက် ကြီးကြီးမက်ပါ          “ငါးပေါင် ဝိတ်ကျရမယ်လို့ ပြောထားတဲ့လူတစ်ဦးဟာ ဆယ်ပေါင်ဝိတ်ကျသွားတယ်ဆိုတာ မရှိပါဘူး”လို့ ဟယ်လ်ဗာဆင်က ပြောပါတယ်။သူမဟာ ရည်မှန်းချက်စိတ်ပညာနဲ့ပတ်သက်ပြီး […]


Mon LayAugust 15, 20121min1025
လောကဓံသည် ၁။လာဘ =ပစ္စည်းဥစ္စာရခြင်း။ ၂။အလာဘ=ပစ္စည်းဥစ္စာမရခြင်း။ ၃။ယသ =အခြွေအရံများခြင်း။ ၄။အယသ =အခြွေအရံမရှိခြင်း။ ၅။နိန္ဒာ =အကဲ့ရဲ့ခံရခြင်း။ ၆။ပသံသာ =ချီးမွမ်းခံရခြင်း။ ၇။သုခ = ကိုယ် စိတ် ချမ်းသာခြင်း။ ၈။ဒုက္ခ = ကိုယ် စိတ် ဆင်းရဲခြင်း။ ဤသို့အားဖြင့် ရှစ်ပါးရှိပါတယ်။ ဤလောက၌ မကောင်း(၄)ပါး၊ကောင်း(၄)ပါးရှိ၏။ကောင်းသော လောကဓံနှင့် တွေ့ကြုံသောအခါ စိတ်အား ကိုယ်အား ဝမ်းသာရွှင်ပျ တကြွကြွဖြစ်နေခြင်း၊မကောင်းသော လောကဓံတရားနှင့် တွေ့ကြုံသောအခါ စိတ်အားနွဲ့ ၍ တမဲ့မဲ့ဖြစ်နေခြင်းသည် လောကဓံကြောင့် တုန်လှုပ်ခြင်းတည်း။ဝမ်းသာလွယ်သူသည် ဝမ်းနည်းလွယ်၏။ ဝမ်းသာအားကြီးသူသည် ဝမ်းနည်းအားကြီး၏။ထို့ကြောင့် အမြဲ စိတ်ချမ်းသာခြင်းကို အလိုရှိလျှင် လောကဓံတရားရှစ်ပါး ဖြစ်ရိုးဖြစ်စဉ် တရားကြောင့် (ဆိုးဆိုးကောင်းကောင်း) သိသိသာသာ ကြီး စိတ်မပြောင်းဖို့ အထူးသတိထားသင့်ကြပေသည်။ လာဘ-အလာဘ မိမိနှင့်ထိုက်တန်သော […]


alinsettAugust 9, 20121min1667
        အိပ်ပျော်စပြုပြီဟု ကျွန်တော်ထင်လိုက်ချိန်၌ သူ့ အသံအက်ကွဲထွက်လာသည်။ ”သားသိပ်မောတယ်” သူအိပ်ပျော်သွားချိန်ထိ ကျွန်တော်စောင့်သည်။ သူနှင့်ကျွန်တော့်ကြား တစ်ခုခုပျောက်ဆုံးနေခဲ့ပြီ။ စိုးရက်ပ် ကျွန်တော့်ကိုစကားပြောဖို့ နောင်တစ်နှစ် နီးပါးကြာအောင် စောင့်ရမည်ကို ကျွန်တော့်မသိဘဲ ကျွန်တော် ဆေးရုံခန်းမှ ခွာကာ ဟိုတယ်နောက်တစ်လုံးအရှာထွက်ရသည်။ …………………………………… နောက်ဆုံးတွင် စိုးရက်ပ်သည် ကျွန်တော့်ကမ်းလှမ်းချက်ဟူသမျှကို ခေါင်းမညိတ်ခေါင်းမခါ တုံဏှိဘာဝေလုပ်နေတော့သည်။ သို့သော် သူ့ပတ်တီး များကိုခွာချပြီးလျှင်၊ ဆေးရုံအဝတ်အစားကိုချွတ်ပြီးလျှင်၊ သူသည် နေအိမ်မဲ့ မိဘမဲ့ ဟာဇာရာကလေးတစ်ယောက်ဘဝကိုသာ ပြန်ရောက်ရတော့မည်ဟု သူသိ နေခဲ့သည်။ သူ့မှာ ဘာများရွေးချယ်ခွင့်ရှိဦးမည်နည်း။ သူ ဘယ်ကိုများသွား နိုင်ဦးမည်နည်း။ သို့ဖြစ်ရာ ကျွန်တော်ကသူ့ထံမှ ခေါင်းညိတ်မှုကိုတောင်းခံနေ လျှင် သူ၏လက်သင့်ခံခြင်းမဟုတ်ဘဲ အသံတိတ်အရှုံးပေးခြင်းသာ ဖြစ်နေလိမ့် မည်။ သူတမ်းတနာကျင်နေသည်က သူ့အရင်ဘဝ။ […]


ムラカミAugust 8, 20122min46840
  တခါတခါ ဂွကျတယ် ….ခည … ကျနော်တို့ ရဲ့ မျိုးရိုး နာမည် မရှိမှု က …။ တရုတ်မှာလည်း ရှိတယ်… ကိုရီးယား ဂျပန်မှာလည်း ရှိတယ်..။ အနောက်တိုင်းမှာလည်း ရှိတယ် ဆိုတော့ကာ …။ ပြောရရင် ..ဥပမာ .. David Beckham ဗျာ..။ လူနာမည် David မျိုးရိုးနာမည် Beckham ဆိုပါတော့ …။ ယဉ်ကျေးမှုအရ .. ရင်းနှီးမှု မရှိရင် ..(ဝါ) ကာယကံရှင် ခွင့်ပြုချက် မရရင် .. Mr.Beckham ပေါ့ … အဲ .. ဘော်ဒါဘော်ကျွတ် ဖြစ်ပြီ ဆိုရင်တော့ ..ဟိတ်ကောင် David ခေါ်ခွင့်ရှိရဲ့ ဆိုပါတော့ … ။ ထားပါတော့ … […]


alinsettAugust 8, 20121min744
”ကလေးတွေနေတဲ့အိမ်ဆိုတာ ဘာလဲ။ မိဘမဲ့ဂေဟာလား” စိုးရက်ပ်၏အပြုံး မှိန်ကျသွားသည်။ ”ခဏလေးပဲနေရမှာ သားရဲ့” ”ဟင့်အင်း … ဟင့်အင်း … မလုပ်ပါနဲ့” ”စိုးရက်ပ်၊ ခဏလေးနေရမှာပါ။ ကာကာ ကတိပေးတယ်” ”အရင်တုန်းက ကာကာကတိပေးတော့ သားကိုဘယ်တော့မှ မိဘမဲ့ ဂေဟာ ပြန်မပို့ဘူးဆို ” …………………………………… ”အရင်တုန်းက ကာကာကတိပေးတော့ သားကိုဘယ်တော့မှ မိဘမဲ့ ဂေဟာ ပြန်မပို့ဘူးဆို” စိုးရက်ပ် အသံအက်ကွဲနေသည်။ မျက်လုံးထဲမျက်ရည်များ အိုင်ထွန်း နေသည်။ ကျွန်တော်ကိုယ်တိုင်လည်း ကျိန်းစပ်နေသည်။ ”ဒါကမတူဘူးကွ။ ဒီနေရာက အစ္စလမ္မာဘက်လေကွာ။ ကဘူး မဟုတ် ဘူး။ ကာကာက သားဆီတချိန်လုံးလာကြည့်မှာ။ သားကို အမေရိကားသွားဖို့ ခေါ်ထုတ်နိုင်တဲ့အချိန်ထိ ကာကာအမြဲလာကြည့်မှာ” ”ဟင့်အင်း … ဟင့်အင်း … မလုပ်ပါနဲ့၊ သားကြောက်တယ်။ […]


TTNUAugust 7, 20121min42929
That’s not my job ဒါ ငါ့အလုပ်မဟုတ်ဘူး This is a story about four people named Everybody, Somebody, Anybody and Nobody. There was an important job to be done and Everybody was sure that Somebody would do it. Anybody could have done it., but Nobody did it. Somebody got angry about that, because it was Everybody’s job. […]