lu ta loneApril 29, 20101min1473
ငယ်ကတည်းက အမေ ဘုန်းကြီးကျောင်းသွားတိုင်း လိုက်တော့ ဘုန်းကြီးကျောင်းဆိုတာ ကိုယ်နဲ. သိပ်စိမ်းလှတဲ့ နေရာတခု မဟုတ်ဘူးပေ့ါနော်.. ဘုန်းကြီးကျောင်းက အစပြုလို. ဘာသာရေးဆိုတာ ပိုပြီးစိတ်ဝင်စား လာမိတာပါဘဲ .. အမေ သွားလေရာ နောက်လိုက်တော့ ဥပုဒ် စောင့်သွားလည်း ပါတော့တာပေါ့ အစကတော့ ဘုန်းကြီးကျောင်းမှာ မုန့်စားရ ကစားရ ပြီးတေ့ာ ပုံပြင်လည်းနားထောင်ရတော့ သွားမယ်ဆို တက်ကြွ နေတာဘဲ… ဘုန်းကြီးကျောင်းက မုန်.တွေကလည်း အလွန် အရသာရှိတာလား ဈေးထဲက မုန့်အရသာ နဲ.မတူဘူးလေ အလှူရှင်တွေရဲ. စေတနာပါ ပေါင်းထားလို.လားမသိ.. ထန်းသီးမုန့်တို. ငှက်ပျောသီး ဇနွင်းမကင်းတို. ဘိန်းမုန့်တို.ဆိုတာ အရသာရှိမှရှိ .. ဘုန်းဘုန်းက ရှေ.က တရားချပေးရင် လူကြီးတွေနဲ.အပြိုင် လိုက် အော်ရတာကိုလည်း ပျော်တာကိုး.. ပုံတိုပတ်စလေး တွေနဲ. […]


lu ta loneApril 29, 20101min71426
အမေ – လူထုဒေါ်အမာ က ကလျာမဂ္ဂဇင်း မှာ ပြောထားတာလေးကို မြန်မာမိန်းခလေးများ သတိပြုမိစေဖို့ ပြန်လည်ရေးသားပေးလိုက်ပါတယ်။ အမေပြောခဲ့တာက ဒီလိုပါ – မြန်မာမတွေရဲ့ အမျိုသားဝတ်စုံဆိုတဲ့အခါကျတော့ အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့ အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့ ဝတ်စုံအဖြစ်သတ်မှတ်ရဦးမှာပါပဲ။ ဟိန္ဒူအမျိုးသမီးများကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့အမျိုးသားဝတ်စုံပါပဲ။ ဒါဟာ အခုပြသနာလုပ်နေရတယ်။ အမျိုးသားဝတ်စုံရှိနေချင်သေးလား၊ မရှိချင်တော့ဘူးလားဆိုတာကို ငြင်းခုန်နေရတယ်။ ဘာပြုလို့လဲဆိုတော့ ဒီခေတ် တက်လူမိန်းကလေးတွေက ခါးမှာထမီမဝတ်ကြတော့ဘဲနဲ့ စကတ် တို့ ၊ ဘောင်းဘီ တို့ ဝတ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီ မဟုတ်ပဲနဲ့ ထဘီယောင်ဆောင်ထားတဲ့ အဝတ်တမျိုးပါ။ သူက ခါးပေါ်မှာတော့ဝတ်တယ်။ ဒါပေမယ့် ထဘီလို လုံလုံခြုံခြုံ ချီထားဖုံးထားတဲ့ အဝတ်အထည်မျိုးမဟုတ်ဘူး။ […]


BayoteApril 28, 20101min852
ချစ်သူ့ သဘောထား။ အသပြာအားကိုး အန်ကယ်ဘိုးဘိုး အောက်ပိုင်းမြင် ဝါဒီများအား ဆန့်ကျင်ကြ။ ရင်ခွင်တော် တည်ငြိမ်ရေးနှင့် အကြင်နာ တိုးတက်ရေးကို နှောင့်ယှက် ဖျက်ဆီးသူ ကြာကူလီများအား ဆန့်ကျင်ကြ။ တူနှစ်ကို၏ အတွင်းရေးကို ဝင်ရောက် စွတ်ဖက်သော မိဘ ဆွေမျိုးများအား ဆန့်ကျင်ကြ။ ဆိုင်တွင်း ဆိုင်ပြင် အရက်သမားများအား ဘုံရန်သူ အဖြစ် သတ်မှတ် ရှောင်ရှားကြ။ နှလုံးသားရေး ဦးတည်ချက် ( ၄ ) ရပ်……… ရင်ခွင်တော် တည်ငြိမ်ရေး၊ ရင်ခုန်သံ အေးချမ်း သာယာရေးနှင့် အနမ်း ဥပဒေ စီုးမီုးရေး။ နှစ်ဦးသား ပြေလည် စည်းလုံး ညီညွတ်ရေး။ ခိုင်မာသည့် အသည်းပုံ အကြင်နာ အမြူတေသစ် ဖြစ်ပေါ်လာရေး။ ဖြစ်ပေါ်လာသည့် အသည်းပုံ အကြင်နာ […]


lu ta loneApril 28, 20101min1196
အနမ်းဆိုတာ ချစ်သူနှစ်ယောက်အမှတ်တရ အတူရှိနေခဲ့တဲ့အချိန်လေးတွေကို ဘယ်တော့မှမမေ့တော့အောင် မော်ကွန်းထိုးပေးတဲ့ သင်္ကေတလေးတစ်ခုဖြစ်ပါတယ်။ အနောက်တိုင်း သုတေသီတွေက စိတ်ဖိစီးတဲ့ဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ ဝေဒနာရှင်တွေတောင် ချစ်သူရဲ့အနမ်းကြောင့် အားအင်သစ်တွေ တိုးပွားလန်းဆန်း လာတယ်လို့ ထောက်ခံထားကြတာပါ ဒီတော့ ပူလောင်တဲ့၊ ရမ္မက်ဆန်တဲ့အနမ်းတွေကို ခဏလောက်မေ့ထားပြီး ယစ်မူးကြည်မွေ့စရာ ရင်ခုန်သံလေးတွေကို ပိုင်ဆိုင်စေမယ့် အနမ်းလေးတွေကို ခုလိုမျိုးအမျိုးအစားခွဲကြည့်ကြရအောင်။ ၁။ နတ်သမီးအနမ်း ချိုမြိန်ပြီး သက်သောင့်သက်သာရှိစေတဲ့ အနမ်းလို့ အချစ်ကျမ်းဆရာတွေက အဓိပ္ပာယ်ဖွင့်ကြပါတယ်။ ဒီအနမ်းဟာ ကိုယ့်ချစ်သူရဲ့မျက်လုံးအထက်နားကို ခပ်ဖွဖွလေးနမ်းတာကို ဆိုလိုပါသတဲ့။ တချို့ကလည်း ရှက်စနိုးမှေးမှိတ်ထားတဲ့ချစ်သူရဲ့ မျက်ဝန်းလေးတွေကို ယုယုယယနမ်းတာကို ခေါ်တာပါလို့ပြောကြပြန်တယ်။ ၂။ ပါးပြင်အနမ်း နေရာတကာမှာတွေ့နိုင်တဲ့ အနမ်းတစ်ခုပါ။မိဘတွေကလည်း သားသမီးလေးတွေကို နမ်းကြတာတွေ့ဖူးကြမှာပေါ့။ အဓိပ္ပာယ်ကတော့ နူးနူးညံ့ညံ့ချစ်မြတ်နိုးတယ်လို့ ကိုယ်အမူအယာနဲ့ဖော်ပြတဲ့သဘောမျိုးပါပဲ။ ချစ်သူချင်းဆိုရင်တော့ ‘မင်းကို တကယ်ချစ်တာပါ’လို့ ပါးစပ်ကမပြောဘဲ အနမ်းနဲ့အသိပေးလိုက်တာဆိုရင်လည်း […]


lu ta loneApril 26, 20101min18012
မိန်းမမာယာ သဲကိုးဖြာလိုပဲ… ယောကျာင်္းလေးတွေမှာလည်း ရှိပါတယ် ခင်ဗျာ… ၁  အမျိုးဂုဏ်ကိုပြတတ်ခြင်း ၂  ပညာဂုဏ်ကိုပြတတ်ခြင်း ၃  ပစ်စည်းဂုဏ်ကိုပြတတ်ခြင်း(ဥစ်စာပစ်စည်းကိုပြောတာပါ) ၄  ဝမ်းသာဝမ်းနည်းပြုတတ်ခြင်း ၅  အဆက်မပြတ်နောက်ယောင်ခံတတ်ခြင်း ၆  အစားအသောက် လက်ဆောင်ပေးကမ်းခြင်း ၇  မြှောက်စားချီးမွမ်းတတ်ခြင်း ၈  အဝတ်အစားပြောင်းလွဲတတ်ခြင်း ၉  ကိုယ်ကာယ တောင့်တင်းကျန်းမာခြင်းကို ပြခြင်း ယောကျာင်္းမာယာကျတော့ ပဲ ၉ ဖြာပေါ့… ပဲကတော့ ပိုဈေးကြီးမယ်ထင်ပါတယ်… 😛


BayoteApril 22, 20101min1063
ဒီလိုနဲ့ ၁လ ပြည့်တော့ စင်ကာပူ နဲ့ မြန်မာ မတည့်ချိန် ဖြစ်ပါလေရော။ ၁လသွားတိုးတော့ မရခဲ့ဘူး။ ဒါနဲ့ မလေးကို အများနည်းတူ စတေးရှောင်တာပေါ့။ ပြန်ထွက်တော့ ဝိုက်ကဒ် မြန်အပ်ခဲ့တယ်။ ကျောပိုးအိတ်လေးကိုလွယ်ယင်းပေါ.။ မလေးနယ်စပ်နားထိ MRT စီးခဲ့တယ်။ ပြီးတော့တံတားနားအထိ ဘတ်စ်ကားစီးခဲ့တယ်။ တံတားကျော်တော့ မလေးရှား ဂိတ်ရောက်ပါလေရော။ ဟဲဟဲ..မလေးရှားက တခြား အာရှနိုင်ငံလိုဘဲ။ လူဝင်မှူက ရစ်တာ ခံရတာများပါတယ်။ Passport ထဲ ရင်းဂစ်၂ဝ လောက်ဆိုယင်တော့ အဆင်ပြေတာပေါ.။ ကျနော်တော့ ပေးစရာလိုဘဲ အဆင်ပြေလိုက်တယ်။ ဒီလိုနဲ့ မလေးရောက်ခဲ့တယ်။ အဲဒီမ စ တာဘဲ။ နိုင်ငံသား . .အရမ်းတန်ဘိုးရှိပါလားဆိုတာ။ ဘာလို့လဲဆိုတော့ နိုင်ငံမဲ့သွားတဲ့ Passport မရှိ Overstay တွေပေါ.။ မြန်မာလည်းမပြန်နိုင် […]


lu ta loneApril 21, 20101min2058
ကတိဆိုတာ ဖောက်ဖျက်ဖို့ စရန်တဝက်လား….? သစ်စာဆိုတာကရော လူလိမ်တွေရဲ့ သုံးနေကျ လှည့်ကွက်တခုလား…….? အခု ပြောမှာတော့ ကတိအကြောင်းလေးပါ.. ဘုန်းကြီးဝတ်ရင်းနဲ့ လူတလုံးလိုပဲ ဒုလ်လဘတယောက်နဲ့ ပြောဖြစ်တဲ့ အကြောင်းလေးပါ… အထက်ပါဖော်ပြခဲ့သလိုပဲ ကတိဆိုတာ ဖောက်ဖျက်ဖို့ စရန်တဝက်လား….? ကျွန်တော်ကတော့ မထင်ဘူး.. ကတိဆိုတာ နောက်ထား..   ဆိုခဲလေ၊ မြဲစေ ဆိုတဲ့ စကားကိုတောင်တန်ဖိုးထားရမှာလို့… ကတိဆိုတာက စာချုပ်စာတန်းနဲ့ ချုပ်ဆိုတဲ့ နှစ်ဦးသဘောတူညီချက် စာချုပ်လိုပဲလို့ ထင်တယ်… ကတိဆိုမှ တည်ရမှာလား…  ကိုယ်ပြောသမျှကို ကိုယ်တာဝန်ယူရမှာပဲလေ… ဆိုခဲလေ၊ မြဲစေ ဆိုတဲ့ စကားက အဲဒါကို ဆိုလိုတာလို့… နောက်တမျိုးက ကတိဆိုတာ လူတယောက်ရဲ့ ယုံကြည်မှု၊ တန်ဖိုး နည်းနည်းထပ်မြင့်ပြီး ပြောရင် သိက်ခါဆိုလည်း ဟုတ်တယ်လို့… ဥပမာဆိုပါတော့.. ကောင်မလေးက ဆိုင်တဆိုင်မှာ […]


mickylayApril 20, 20101min1154
1-ရယ်မောပါ သင့်အနေနဲ့ အူလှိုက်သည်းလှိုက် ရယ်မောပြီးနောက်ပိုင်းမှာ ပိုပြီးနေလို့ ထိုင်လို့ကောင်းလာတာမျိုး ခံစားဖူးမှာပါ ။ ရယ်မောပြီးချိန်မှာ ပုံမှန်အနေထား ပြန်ရောက်သွားပြီဆိုရင် သင့်ရဲ့စိတ်ညစ်စရာ ပြသနာတွေထဲက ခဏတာ လွတ် မြောက်ခွင့် ရသွားလို့ ပိုပြီးလန်းဆန်းသစ်လွင်လာတာကို ခံစားမိမှာပါ။ဒါဟာ လတ်ဆတ်တဲ့ အမြင်သစ် ၊ အတွေးသစ် တွေရရှိဖို့ နည်းကောင်းတစ်ခုပါပဲ။ 2-အနားယူချိန် သတ်မှတ်ပါ.. တစ်ခဏတာ စိတ်ကိုအနားပေးပြီး သင့်ရဲ့စိတ်ကူးတွေထဲမှာ မျောနေပါစေ။ ဒါမှမဟုတ် ( 10 )မိနစ်လောက် ကိုယ်နှစ် သက် ရာ ဘလော့ဂ်တွေကို ဝင်ကြည့်တာဖြစ်ဖြစ် ၊ စိတ်ရှင်းသွားအောင် လမ်းလျှောက်တာဖြစ်ဖြစ် လုပ်ပေးပါ။ ဒီလို အနားယူချိန်လေး ထားပေးခြင်းအားဖြင့် သင့်စိတ်ကို တစ်ဖန်ပြန်လည် လန်းဆန်းစေနိုင်ပါတယ်။ 3-သင့်မှာ အရာအားလုံးတော့ မရှိနိုင်တာ သဘောပေါက်ပါ ပိုကောင်းတဲ့အရာကို […]


BayoteApril 9, 20101min1183
ဒီလိုနဲ့ ကျနော် အများပြောကြတဲ့ စင်္ကာပူ ဆိုတာကို ရောက်ခဲ့တော့တယ်။ သူငယ်ချင်းက လာကြိုပါတယ်။ ပြီးတော့ Passport တောင်းပြီး ကဒ်လေးတစ်ခုလုပ်လာတယ်။ပြီးတော့ သူတို့ခေါ် MRTပေါ် တက်ခဲ့တော့တယ်။ ကျနော်တွေ့ခဲ့တာ တစ်ခု က စည်းကမ်းကြီးတာတစ်ခု ပါ။ ဘယ်အရာမဆို စည်းနဲ့ ဘောင်နဲ့မှ တိုးတက်တယ်ဆိုတာသိခဲ့ရတယ်။ ကျနော် တခြားနိုင်ငံရောက်နေပါပြီ။ ကျနော့်ရင်ထဲမှာ ငါဒီနိုင်ငံသားလေးဖြစ်ယင်ကောင်းမှာပေါ့။ ကဒ်တွေလည်း အမျိုးမျိုးပေါ့။ Spass, EP, PR, Citizen ပေါ့။ ကျနော်က တော့ တစ်လနေခွင့်ကဒ်ပေါ့။ တိုက်တာတွေကလည်း အမြင့်ကြီးပေါ့။ မီးတွေကလည်း ညဆို ထိန်ထိန်လင်းလို့။ နိုင်ငံချမ်းသာတာကိုတွေ့လိုက်ရတယ်။ အဲကျနော် ပြောချင်တာ က နိုင်ငံသားအခွင့်အရေး။ သူတို့နိုင်ငံသားဆို အကြွေးဝယ်လို့ရတယ်။ ဆေးရုံ အလကားတက်လို့ရတယ်။ လစဉ်လေးနဲ့ ဝယ်လို့ရတယ်။ ဪ […]


lu ta loneApril 3, 20101min711
ရှေ့လာမည့် ကပွဲအတွက် ဆယ်ကျော်သက်အရွယ် ကောင်မလေးတယောက်သည် ဆံပင်ကို ပုံစံသစ်အမျိုးမျိုးဖြင့် ဆင်ယဉ်ထုံးဖွဲ့ကြည့်နေပါသည်.. နောက်ဆုံး သူမ အကြိုက်ဆုံးပုံစံတမျိုးဖြင့် ထုံးဖွဲ့ပြီးသောအခါ သူမက  သူမဧ။် အဖေကို သဘောထားမှတ်ချက် တောင်းပါသည်.. ထို့နောက် သူမဧ။် အိပ်ခန်းသို့ ပြန်သွားသောအခါ သူမက သူမဧ။် အချစ်ဆုံး သူငယ်ချင်းကို ပြောလိုက်သည်မှာ      ” အဖိုးကြီးနဲ့ အဖွားကြီးတယောက်မှ မကြိုက်ဘူး ဆိုတော့၊ ဒါ ခေတ်မှီ ပုံစံပဲဖြစ်မယ်.. ဒီပုံပဲ ကောင်းပါတယ်..” ဆိုပဲဗျ… သဘောတရားကတော့ဗျာ..လူကြီးနဲ့ လူငယ်ကြားက Generation Gap ကို ဘယ်လို ဖယ်ရှားမလဲ ဆိုတာပါပဲ…


lu ta loneApril 3, 20101min801
Myinttar ရပ်ခံချက်တွေကို ငြင်းဖို့ အကြောင်းပြချက်ကောင်းတွေ ရှိပါတယ်.. ဥပမာ တခုခုကို ဘာလုပ်ရမှန်းမသိဘူး.. အလုပ်တွေ အရမ်းများနေလို့၊ ဒါ ကျွန်တော့်အလုပ်နဲ့ မဆိုင်ပါဘူး.. ဒါမှမဟုတ် အခြားတယောက်လုပ်ရင် ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ် ဆိုတာမျိုးတွေ ပြောနိုင်ပါတယ်… လူအတော်များများက ငြင်းရခက်နေကြတယ်.. သူတို့စိတ်ထဲမှာ အဲသည်လိုငြင်းရတာကို သဘောထားသေးသိမ်တယ်.. ကူညီချင်စိတ်မရှိဘူး.. မိတ်ဆွေတွေက ကြိုက်မှာ မဟုတ်ဘူးလို့ ခံစားတတ်ကြတယ်.. ဒါပေမဲ့ ထိုက်သင့်တဲ့ အကြောင်းတရားကြောင့် နည်းလမ်းတကျငြင်းလိုက်တဲ့အတွက် သင်အချိန်ကုန် သက်သာလိမ့်မယ်.. တခြားလူတွေ ကျေနပ်စေဖို့ အရေးမပါတဲ့ အလုပ်တွေ လုပ်နေရတာမျိုး ရှိမှာ မဟုတ်တော့ဘူး.. ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး ပီပီပြင်ပြင် လုပ်နိုင်လိမ့်မယ်.. မိတ်ဆွေတယောက်ရဲ့ အလုပ်ကို အခုမလုပ်နိုင်ဘူးဟု ပြောလိုက်တာက အခုလုပ်မယ်လို့ ပြောပြီးတော့မှ မလုပ်နိုင်တာနဲ့ စာရင် ပိုကောင်းပါသေးတယ်… […]