တစ်နေ.က အင်တာနက်ထဲက သတင်းတပုဒ်ထဲမှာပါတဲ.သင်္ကြန်မှာ မြန်မာအမျိုးသမီးအနုပညာသည်တစ်ချို. ခေတ်မီခေတ်လွန်ခေတ်လန်အောင်ဝတ်တော.ထားကြပါရဲ.သူများနိုင်ငံကလူက အင်တာဗျူးတဲ.အခါကြတော.စကားပြန်နဲ.တစ်ဆင်.ပြောရတယ်ဆိုတာလေးကိုဖတ်လိုက်ရပါတယ်။ ခုဆိုရင်မြန်မာပြည်ကနိုင်ငံပိုင်မီဒီယာတွေဖြစ်ကြတဲ. မြဝတီတို. မြန်မာ.အသံတို. MRTV-4 တို.ကနေ တစ်ယောက်နဲ.တစ်ယောက်အပြိုင်အဆိုင် ကဏ္ဌအသစ်တွေဖွင်.လို. ညစဉ်တင်ဆက်တယ်ဆိုတော.ဘာဘဲပြောပြောအရင်ကထက်စာရင်စောင်. ကြည်.သူပိုများလာတာကတော.အမှန်ပါဘဲ။ လူရွှင်တော်ရွှေဖလားတို. ဂီတတံခါးလေးဖွင်.ပါအုံးတို. ဖြေလိုက်ပါတို. ကျန်းမာပျော်ရွှင်အိမ်ထောင်ရှင်တို. ပဟေဠိနန်းတော်တို.စကားနပန်း တို.ဆိုရင်လူတိုင်းပါးစပ်ဖျားမှာရှိနေတဲ.အစီအစဉ်လေးတွေပါ။ စနေနေ.ဆိုရင်မြဝတီက ဘာလာမယ် မြန်မာ.အသံကတနင်္ဂနွေဆိုရင်ဘာလာမယ်ဆိုတာလေးက ိုလွတ်သွားမှာစိုးလို. သတိတရပြောတာလေးတွေကြားရ စောင်.ကြည်.တတ်တဲ.အကျင်.လေးတွေကိုမြင်ရတာ မြင်ရတာ မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ.ပီတိဖြစ်ပါတယ်။ ခါတိုင်း ကိုရီးယားက တရုပ်ကားလေးလာမှတီဗွီကိုဖွင်.တယ်ကျန်တဲ.အချိန်ဆိုရင်ပိတ်ထားလိုက်ပါတယ်။ အခုတော.ကိုယ်.ပြည်တွင်းဖြစ် အစီအစဉ်လေးတွေကို ကိုယ်နိုင်ငံသူနို်င်ငံသားတွေက ကြည်.ရကောင်းမှန်းသိလာတာဝမ်းသာစရာပါ။ ကိုယ်.အမျိုးက ပြတာကိုယ်မကြည်.ရင်ဘယ်သူကြည်.မှာလဲ။ ဒါပေမဲ.လည်း ကောင်းတော.ကောင်းတယ် မျက်စေ.စပ်တယ်ဆိုတာလေးတွေကပါလာပြန်ရော။ အပြစ်တင်တာတော.မဟုတ်ပါဘူးချစ်လွန်းလို. စေတနာကောင်းနဲ.မြင်တာလေးကိုပြောပြတာပါ။ တကယ်တန်းပြောချင်တာကတော. အဝတ်အစားကိစ္စပါ။ ပထမဆုံးလူကြိုက်အများဆုံးလို.ဆိုတဲ. ပဟေဠိနန်းတော်ကစပြောချင်ပါတယ်။ ကိုဆန်းထွတ်တု.ိကိုမောင်မောင်အေးတို. dream boat ကိုအားကျပါတယ်။ သူတို.လို.မလုပ်တတ်မတွေးတတ်လို.ပါ။ ဒါပေမဲ.သူတို.နှစ်ယောက်ဝတ်တာက အလန်းလွန်နေသလိုပါဘဲ။ အမြဲတမ်း […]