myanmar oscarApril 16, 20142min2719
အောက်ကပုံလေးတွေကတော့ စတုဒီသာကျွေးရင်း မိမိ အဖွဲ့သူသားအချင်းချင်း ပျော်စရာအိုးမဲသုတ်ကြတာပါ။ တခုတော့ရှိတယ်နော် အားလုံးဟာ အရက်သောက်မထားပါဘူး၊ပြောချင်တာက မျက်နှာကို အိုးမဲသုတ်တမ်း ကစားတာ ကမ္ဘာမှာ မြန်မာတနိုင်ငံတည်းရှိသလားလို့ပါ၊ဒါကို စိတ်ကူးထဲကနေတင်စားလိုက်တာပါ နာမည်က မြန်မာသနပ်ခါး လို့ပေါ့ နော်


myanmar oscarApril 16, 20142min1835
သင်္ကြန် အကျနေ့က လူငယ်ဘုံဆွမ်းလောင်းအဖွဲ့ရဲ့ စတုဒီသာကျွေးမွေးခဲ့တဲ့ အဖြစ်လေးကို မေ့မရခဲ့ပါဘူး။ လပြည့်၊လကွယ်တိုင်း ဆွမ်းလောင်းလှူနေတဲ့လူငယ်လေးတွေရဲ့ ကြိုးစားမှု ပထမခြေလှမ်းတရပ်လို့ဆိုရင်လဲ မမှားနိုင်ပါဘူးလေ။ ဘာလို့လဲဆိုတော့ တပို့တွဲကစလို့ တန်ခူးဆိုတဲ့ ဒီလအထိဆိုတဲ့ အချိန်တိုလေးအတွင်းမှာစတင်မွေးဖွားလာတဲ့ ဒီအဖွဲ့အစည်းလေးဟာ ငွေအင်အားမတောင့်တင်းသော်လဲ ရှိတဲ့ရန်ပုံငွေလေးနဲ့ စေတနာသဒ္ဓါတရားထက်သန်စွာနဲ့ အလှူတခုကိုကောင်းမှုပြုပြီး ကြည်နူးမှုအပြည့်နဲ့ ၊အပြုံးပန်းတွေဝေစွာနဲ့ ဝမ်းသာပီတိဖြစ်ခဲ့ကြရပါတယ်ဗျာ။ဒီရွာသူ၊ရွာသားများအားလုံးလဲ ဒီအလှူလေးကို သာဓုခေါ်ပေးကြပါလို့ နိုးဆော်လိုက်ရပါတယ်ခင်ဗျာ………..။ အော်…ပြောရဦးမယ် ကျန်သွားလို့ နှစ်ဆန်း(၁) ရက်နေ့မှာ သက်ကြီး ဘိုးဘွား၊မိဘတွေကို ပူဇော်ပွဲလေး လုပ်ပေးဦးမှာတဲ့ဗျာ………..


alinsettApril 11, 20147min43427
  အဟမ်းးး   ပြောရမယ့်အကြောင်းအရာက ထူးထူးခြားခြားဆိုတော့ လည်ချောင်းအရင်ရှင်းရပါတယ်။   ခပ်တည်တည်ရေးပါ့မယ်။ ဒညင်းဝက်ဆိုတဲ့ ကျနော်. . . စာတော်တော်များများရေးဖူး ပါတယ်။  စာမျိုးစုံပေါ့ဗျာ။ ဝတ္ထုတို /ဝတ္ထုရှည် / ကဗျာ/ ဆောင်းပါး / ရသစာတမ်း/ ခရီးသွားဆောင်းပါး / သရော်စာ / ဟာသရသ / စာပေဆောင်းပါး / ဝေဖန်ရေးဆောင်းပါး စသည်ဖြင့် ပေါ့ဗျာ ။   အဲဒါတွေ ရေးခဲ့တာ. . ရေးခဲ့သမျှထဲမှာ . . . “စာပေဆုကြေညာတဲ့စာ”ဆိုတာ မပါခဲ့ပါဘူး။   အဲဒီလိုမျိုး…………. ထွေထွေလီလီတွေ ရေးခဲ့သမျှထဲမှာ . . . ဆုရသွားတဲ့ သူနဲ့ ဆုရစာမူကို ကြေငြာပေးရတဲ့ […]


    “အ လှူ တော် ဂု ဏ် ပြု မှတ် တမ်း တင် ခြင်း “   6-4-201 နေ့ မှာ ရွှေပြည်သာ မှ “ဓမ္မရံသီ သီလရှင် ကျောင်း” ကို အများဝိုင်းဝန်း လှူ ဒါန်းကြသော ငွေ ကျပ် သိန်း ငါး ဆယ် တိ တိ ကို အောင်မြင်စွာ လှူဒါန်း နိုင် ခဲ့ ပါ ပြီ။ ဒီ အလှူ လေး ဖြစ် မြောက် အောင် ဝိုင်း ဝန်း လှူဒါန်း ကြ သူ အ ပေါင်း နှင် ့ အလှူ […]


ဇီဇီApril 7, 20145min68850
ကေဇီ အခြောက် ယူမလားးးးးး ဟင်? ဝေ၊ သများ အခြောက်မယူချင်ဘူးးး သများ အခြောက်မကြိုက်ဘူးးး ယူပါ ကေဇီရဲ့။ ကေဇီ အတွက် စပယ်ရှယ် စီစဉ်ထားတဲ့အခြောက်တွေ။ ငင်! ရက်စက်လှချည်လား ဝေရယ်။ ကေဇီမှာ ဘဲရှိတယ်လို့ ပြောပြီးပြီလေ၊ ဘီယာနဲ့ ပေါင်းတင် (အဲ) ပေါင်းတည်ထားတယ်လေ။ အခြောက်တွေမလိုချင်ဘူးးး ဟူးးး ဟူးးးးးး ရ ရက်စာ တစ်ရက် အခြောက်တစ်မျိုး နွေရာသီစာ လေ။ ဟင်? ဘာရယ် နွေရာသီစာ? အင်းလေ။ ငါးခြောက် အမျိုးမျိုးကို သင်္ကြန်တွင်း တပတ်စာ ရေးပေးထားတာလေ၊ ထမင်းဆိုင် အတွက်… ဪ။ဟူးးးးးး! အဲဂလိုပြောပါလား ဝေရယ်။ သများက ကိုယ့် အတွေးနဲ့ကိုယ် လန့်တတ်လို့။  :mrgreenn: ဤကားးးး ကေဇီနဲ့ […]


alinsettApril 7, 20141min36439
  _____________   အခုခေတ် သင်္ကြန်ပွဲဆီကို . . . ဒီသိကြားမင်း အနေနဲ့ ဘာကိုမှ. . .စီးပြီးဆင်းမလာချင်တော့ပါဘူး။   ယဉ်ကျေးသိမ်မွေ ့မှုတွေ ပျောက်ဆုံးလာပြီ ဖြစ်တဲ့. . . ဒီခေတ်သင်္ကြန်ပွဲတွေရဲ့ အကြမ်းဆန်မှုကြား. . . သိကြားမင်းလည်း အနားကပ်လာချင်စိတ် မရှိ ။   ပြီးတော့ . . . . အစဉ်အလာ ပျက်စီးယိုယွင်းနေတဲ့ ပွဲတော်ခါးခါးကြီးနဲ့ပက်သက်ပြီး အစဉ်အလာအရ. . .သိကြားမင်းရဲ့ ခွေးသားရေ စာမျက်နှာထက် မှတ်ရမယ့်အရာတွေကလည်း များနေတာမို့ . . .စာမျက်နှာတောင် . . .ဆံ့လိမ့်မယ် မထင်. . .   ဒါကြောင့် […]


zaw winApril 6, 20141min1401
အခါခါသေခဲ့ပြီ ဒါလည်းမမှတ်၊ ဘဝတွေအခါခါပြောင်းခဲ့ပြီ ဒါလည်းမမှတ်၊ ဆင်းရဲဒုက္ခတွေ အကြိမ်ကြိမ်တွေ့ခဲ့ပြီ အမှတ်မရှိ၊ နောက်ထပ်ဘဝတွေ-သေခြင်းတရား-ဆင်းရဲဒုက္ခတွေ အကြိမ်ကြိမ်ပြောင်းလဲကြုံတွေ့ရဦးမယ်၊ သံသရာလွတ်မြောက်ခြင်းတရား ရှာဖွေ-ကျင့်ကြံ-အားထုတ်ပါတော့ကွယ်။ မင်းသုတ 17:00 PM 5.4.2014


အာဂApril 5, 20141min2015
နွေ……ရောက်ပြီလေ စာတန်းထိုးပြလိုက်တော့….။ လွယ်အိတ်အနွမ်းကလေး နံရံမှာချိတ် ကျောင်းတံခါးပိတ် ခေါင်းလောင်းသံလေးနဲ့ ကြိမ်လုံးဒဏ်လေးရဲ့ ခေတ္တအဝေးမို့ ဟိုရှေ့က ပိတောက်ပင်အိုလို သူက ကလေးပြီပြီ ပျော်ရွှင်မှုတွေ သူဝေချင်နေပြီလေ။ “မိုးဆိုတာကိုယ်ရွာချင်တဲ့အချိန် မရွာတက်သလိုပဲ” သူက နေ နဲ့လ ၊ ရွှေနဲ့မြ လို မိဘ မျိုးက သန္ဓေတည်ခဲ့တာမဟုတ်တော့ ၁ဝ နှစ်သား ကလေးတစ်ရောက်ရဲ့ ပျော်ရွှင်ခုန်ပေါက်ချင်စိတ်ကို အိမ်ရဲ့ ကြမ်းပေါက်တစ်ချောင်းမှာ သူကလေးသွေးနဲ့ ဖာထေးရင်း… လွယ်အိတ်အနွမ်းကလေး ၊ ပုခုံးမှာချိတ် အိမ်တံခါးလေးပိတ် ၊ ခေါင်းလောင်းလေးတီးလို့ သူဆိုညီးတဲ့ သီချင်းနာမည်က “ရေခဲထုပ်” တဲ့လား…။ သူကလေး ရင်ထဲမှာတော့ နေလောင်ခံထားတဲ့ ပိတောက်ကိုင်းခြောက်လို ခြောက်ကပ်နေလေရဲ့…။ (ဘဝဆိုတဲ့ နွေဟာ ကိုယ့်ရဲ့ အေးမြချင်တဲ့ စိတ်ကူးမှန်သမျှ အရည်ပျော်ကြစေနိုင်တာပဲလို့ ဒီကလေးလေးတစ်ယောက် […]


zaw winApril 2, 20141min1552
– အလုပ်အတူတူမှာ ချစ်သူမထားပါနဲ့ မင်းရင်မောရလိမ့်မယ်။ – အဝေးကချစ်သူ မင်းချစ်ခဲ့ရင် တမ်းတမ်းတတ ပိုချစ်လာလိမ့်မယ်။ – ချစ်သူ အနေဝေးတော့ ကိုယ်ဆွေးဆွေးပြီး – ချစ်နေရပါတယ်။ မင်းသုတ 19း05 PM 1.4.2014


အာဂApril 2, 20141min3319
မနက်ဖြန် ဟာ…မနက်ဖြန် လိုခပ်ယို့ယို့လေးနေပဲတာကောင်းတယ်။ မှောင်တာတွေများ နေရင် မီးထွန်းဖို့လိုအပ်တယ်။ ချစ်ခြင်းတရား က ပစ်ခွင်းလိုက်တဲ့ မြားတစ်စင်းလိုပဲ။ နေမရှိဘဲနဲ့ လတစ်စင်း ဖြစ်ခွင့်မရှိတော့ဘူးတဲ့လား။ နင်မရှိရင်ရော……ငါ……။ တိမ်တွေက ငါ့ရင်ဘတ်လိုမျိုုး စကားမပြောတတ်ဘူး။ ဒါပေမဲ့…..ခံစားမှုတွေပျံသန်းတယ်။ စိတ်စေရာလိုက်ရွေ့လျားတယ်။ နေပူရင် မိုးရွာစေချင်တယ်။ မိုးရွာရင် နေပူစေချင်တယ်။ ချစ်နေတုန်း မုန်းစေချင်တယ်။ မုန်းနေတုန်းကျပြန်ချစ်စေချင်တယ်။ အမြင့်မှာ ထိုင်နေတုန်းက လေတိုက်လို့တိုက်မှန်းမသိ။ မြေပြင်ပေါ်ဗုံးဗုံးလဲကျတော့မှ….နှလုံးသားက တအီအီနဲ့..။ သစ္စာတရားဆိုတာ တစ်ခါတစ်ခါကြတော့ ခြစ်ရာများတယ်။ မြန်မာလို့လည်း ချစ်တယ်။ မြန်မာလိုလည်း သစ္စာမဲ့တယ်။ တစ်ကမ္ဘာလုံးလည်း….အချစ်အမုန်း..နဲ့..ကိစ္စတုံးနေကြ။ ပြောပြီးသား စကားလုံးတွေကို လေထဲကနေပြန်ပြန်ဖမ်းရမယ်ဆို အမှန်တွေ..အမှားတွေ…အချင်းချင်း ခလုပ်တိုက်မိတော့မှာပဲ။ နေဝင်ချိန်ကိုပဲ တစ်ချိန်လုံး ဘဝကကြည့်ကြည့်နေရတော့ နေထွက်ချိန်ကိုတွေ့ရရင်…တစ်မျိုးကြီးပဲ..။ မိန်းကလေး။ကောင်မလေး။ယောက်ျားလေ။ကောင်လေး။ မိန်းမကြီး၊အဘွားကြီး၊ယောက်ျားကြီး၊အဘိုးကြီး။ လူတိုင်းရင်ဘတ်ထဲမှာဘာကြောင့် အချစ်သစ်ပင်ကို ပျိုုးခဲ့ကြတာလဲ။ မြေမြိုတာထက် အချစ်မြိုခံရတာခက်ခဲတယ်။ […]


zaw winApril 1, 20141min1674
စကားလေးတစ်ခွန်းဟာ ခွန်အားပါ စကားလေးတစ်ခွန်းအား တွန်းအားပါ စကားလေးတစ်ခွန်းဟာ ချစ်ချင်စရာ စကားလေးတစ်ခွန်းဟာ နာကျည်းခံပြင်းစရာ စကားလေးတစ်ခွန်းဟာ စိတ်ဓာတ်ကျစရာ သေမိန့်ပါ စကားလေးတစ်ခွန်းကြောင့် ဂလဲ့စားချေမှာ ထိန်းထိန်းသိမ်းသိမ်း သတိထားစွာပြောကြပါ။ မင်းသုတ 23:50 PM 30.3.2014


alinsettMarch 31, 20143min43022
      “ နှစ်သစ်ကို ပျစ်ပျစ်နှစ်နှစ် ကူးသွားတဲ့သင်္ကြန်. . . ´´ ___________   #မေမေရေ. . . မေမေတို့ခေတ်ရဲ့ သင်္ကြန်ပွဲ. . . တသသကျန်လောက်အောင်ယဉ်စစ လှခဲ့တယ်ဆို. . . အခု ဒီခေတ်ရဲ့သင်္ကြန်ပွဲ. . . အရိုင်းဆန်လွန်းလို့. . .ရိုးရာအလံတောင် လဲလုပြီ. . . # မေမေရေ. . ခပ်ကဲကဲ . . . နွှဲဖို့သာသိတဲ့ ဒီခေတ်ရဲ့ပွဲသင်္ကြန်. . . စူးစူးရှရှ တူးခါးတဲ့သံစဉ်အကတွေနဲ့ပေါ့ . . . နှစ်သစ်ကူးကြီး. . . မူးနေပြီမေမေ. . # […]


zaw winMarch 25, 20141min1906
မာနကို ခဝါချလို့ ဘယ်သူ့ကိုမှ မနိုင်ချင်၊ မရဏကို မနိုင်သ၍ မင်းဟာ အရှုံးသမားပင်၊ မင်းရှိတဲ့ စည်းစိမ်-အာဏာ ထားခဲ့ရမှာ အမှန်ပင်၊ ကျန်နေခဲ့တဲ့ အချိန်များမှာ သံသရာ အကျိုးမဲ့ မဖြစ်စေချင်။ (အသက် ၆ဝ နှစ်ပြည့် မွေးနေ့အမှတ်တရ) မင်းသုတ 10း26 P.M 23.3.2014