black chawNovember 24, 20111min23515
ထုံးစံအတိုင်း ဘလက်တစ်ယောက် စာဖတ်ဖြစ်ပြန်သည်ပေါ့ခင်ဗျာ။ ထုံးစံအတိုင်း သိလာတာလေးတွေ ပြန်ရှယ်တယ်ပေါ့ဗျာ။ pooch တင်ခဲ့တဲ့ မနုသလူသားဆိုတဲ့ ပို့စ်လေးကို ပြန်ဖတ်ရင်း ရခဲလှတဲ့လူ့ဘဝ ဆိုတာကြီးကို နည်းနည်း (နည်းနည်းလို့ပြောတယ်နော်) စိတ်ဝင်စားမိသွားပါ တယ်။ အဲဒါနဲ့ ဖတ်လက်စ မေတ္တာရှင် ရွှေပြည်သာ ရေးတဲ့ သင်လူတစ်ယောက်ဖြစ်ပြီလား ဆိုတဲ့ စာအုပ်ကို ပြန်ကိုင်ဖြစ်ပြန်ပါတယ်ဗျာ။ ဟိုတစ်ခါ ကုလားအစ်နဲ့ မြန်မာအစ် ဆိုတာလေး ပါတဲ့ စာအုပ်ပါပဲ။ ဘာသာရေးဘက် တစ်ချက်လှည့်တယ်ပေါ့ဗျာ။ ဘာသာရေးဆိုလို့ မဖတ်ပဲပြန်ထွက်မသွားပါနဲ့ ဗျို့။ ပေါ့ပေါ့ပါးပါးလေး ပါ။ ပေါ့ပေါ့ပါးပါး သာဖတ်ပြီး ပေါ့ပေါ့ပါးပါးသာ သဘောထားလို့ရတဲ့ ဘာသာရေး ပါခင်ဗျာ။ အဲဒီမှာ လည်း pooch ပြောသလိုပါပဲ။ ပခုံးနှစ်ဘက်ကြားက ခေါင်းပေါက်တိုင်းကို လူ လို့ မသတ်မှတ်နိုင်သေးပါတဲ့။ အခုရေးပြမှာ […]


who whoNovember 23, 20111min1326
ဘာရယ်မဟုတ် လုပ်ရင်း ကိုင်ရင်း ဉာဏ်ပေါ်ခိုက် ပေါ်လာရတဲ့ feeling လေးတစ်ခု ပြန် share ချင်တာနဲ့ ။ ကျနော် အခုတလော အချိန်ပြည့်ကိုပဲ စွန့်လွှတ်နေရတယ်လို့ နှလုံးသွင်းနေမိတယ်။ ထိုင်နေရင်းနဲ့ကိုပဲ ဪ..ငါ့ ခန္ဓာထဲက နာမ်တရားတွေဟာ (၁)စက္ကန့်မှာ ကုဋေ (၁)သိန်းပျက် ပျက်နေလို့ ထိုင်နေရင်းနဲ့ သူတို့ကို စွန့်နေရပါလား။ ရုပ်တရားတွေဟာလည်း (၁)စက္ကန့်မှာ ကုဋေ (၅၀၀၀)ကျော် ပျက်နေကြလို့ စက္ကန့်နဲ့အမျှကိုပဲ ဒီရုပ်၊နာမ်တွေကို စွန့်နေရပါလား။ အခုထိုင်ရင်းနဲ့လည်း စွန့်နေရတယ်။ သွားရင်းလာရင်း၊ စားရင်း သောက်ရင်းနဲ့ သူတို့တွေဟာ တပျက်တည်းပျက်လိုက်နေသမျှ ကိုယ်ကလည်း တစွန့်ထဲစွန့်နေရပါလားနော်။ နောက် ကိုယ်ရှင်သန်နေရတာတွေဟာ အချိန်တွေလည်း တစ်စက္ကန့်ပြီး တစ်စက္ကန့် ကုန်ဆုံးကုန်လို့ အချိန်တွေကိုစွန့်နေရတယ်။ နောက် အလုပ်လုပ်လို့ ပင်ပန်းတဲ့အခါလည်း ငါ့ရဲ့ခွန်အားတွေ […]


ko noNovember 19, 20111min1285
ဖေ့စ်ဘွတ်အကောင့် အားဖွင့် လိုက်မိချိန်တွင် နာမည်ကျော် ဒီဇိုင် နာ ဆရာမြင့်မောင်ကျော် share ပေးပို့ထားသော ဗီဒီယိုဖိုင်ကိုချက် ချင်းပင်ဖွင့်ကြည့်လိုက်မိသည်။ အကြောင်းအရာ ခေါင်းစဉ်ကပင် မဖွင့်ကြည့်ဘဲ မနေနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။ “ကောင်းကင်ပေါ်တွင်ဈာန်ကြွ နေသောရဟန္တာ” ဟူသည့်ခေါင်း စဉ်ဖြစ်ပါသည်။အဆိုပါ ဗီဒီယိုဖိုင် အားချက်ချင်း ပင်ဝင်ရောက်ကြည့်ရူ လိုက် ချိန်တွင် ယင်းနေရာ ဒေသရှိ ဖူးမြော်သူတို့၏ အသံများနှင့် အတူ မြစ်ပြင် အထက် အတော်ခပ်လှမ်းလှမ်း ရှိရဟန္တာ ကိုယ်တော်မြတ် ဈာန်ဖြင့် ကြွနေသည် ကိုလွန်စွာ ဝေးကွာနေခြင်း ကြောင့် မသဲမကွဲ အနေအထားဖြင့် ဖူးတွေ့ လိုက်ရပါသည်။ ဗီဒီယိုရိုက် ကူးနေသူအား မြင်ရပါ့ မလားဟု မေးမြန်းသော အသံနှင့်မြင်ရတယ် ဒီမှာလေ ဟူသော အသံကိုစတင် ကြားလိုက်ရသည်။ ယင်းနောက် […]


z-ZNovember 18, 20111min366113
ဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို ့ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူပေါင်း ဆောင်ရွှက် ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့ အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာရေး အဖြစ် ရွှေးချယ်ခဲ့ကြောင်း သိရှိရသည်။ ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် (၂၀၀)ကျော် ကရွှေးချယ်ခဲ့ခြင်း ဖြစ်ပြီး ပိုပြီး အံ့ဩဖို့ ကောင်းသည်မှာ ပါဝင် ရွှေးချယ်ခဲ့သည့် ဘာသာရေး ခေါင်းဆောင် အများစုသည် ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက် ကျော်လွန်ပြီး ဆန္ဒမဲပေး ခဲ့ကြခြင်းဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး၏ သုတေသနညွန် ကြားရေးမှူး Jonna Hult ကပြောကြားရာတွင် “ကမ္ဘာ့အမွန်မြတ်ဆုံး အကောင်းဆုံး ဘာသာတရား ဗုဒ္ဓဘာသာက ရရှိခဲ့တာ အံ့ဩစရာမရှိပါဘူး၊ […]


who whoNovember 10, 20111min1158
သေခြင်းနှင့်ပတ်သက်လို့ ငယ်စဉ်ကတည်းက ခုချိန်ထိ အမျိုးမျိုး ခံစားချက်တွေက ပြောင်းလဲလာလိုက်တာ ခုလက်ရှိ စာရေးနေတဲ့ အချိန်မှာ ရှိ နေတဲ့ သေခြင်းအပေါ် အမြင်လေးကို သုံးသပ်မိနေပြန်ပါပြီ။ ကျနော့အနေနဲ့ လူ့ဘဝရဲ့ အရေးကြီးဆုံး အလုပ်ဟာ အပါယ်လွတ် ရေး ကြိုးပမ်းဖို့ပဲဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့ အသေမဦးခင် ဉာဏ် ဦးအောင် ကြိုးစားရပါ တော့သည်။ အဲလို ကြိုးစားရင်းကမှ ကိုယ့်ခန္ဓာတွင်းက ရုပ်၊ နာမ်တရားတွေရဲ့ တရစပ် သေပျောက်နေပုံကို မျက်ဝါးထင်ထင် တွေ့လိုက်ရပါတယ်။ အဲဒီ အချိန်မှာပဲ ကြောက်စိတ်တွေ ဝင်လာခဲ့ဖူးပါတယ်။ ဘာကို ကြောက်တာလဲဆိုတော့ ဖြစ်သမျှတွေအားလုံးဟာ ပျက်ခြင်းနဲ့သာ အဆုံးသတ်နေပါလားဆိုတဲ့ ဖြစ်ခြင်း၊ ပျက်ခြင်းသဘောလေးတွေကို ကြည့်ရင်း နဲ့ပဲ သိနေတာ တွေပါ ပျက်လိုက် နေပြန်တာကြောင့် ဖြစ်ပါတယ်။ ဘာများ […]


koyin sithuNovember 10, 20111min26929
တစ်နေ့သ၌ ကျွန်ုပ်သည် ပြည်မြို့မှ ရန်ကုန်မြို့သို့ ရထားနှင့်ပြန်ရန်အတွက် မီးရထားဘူတာသို့ နံက် (၄) နာရီခန့်တွင် တည်းခိုသောပရိယတ္တိ စာသင်တိုက်မှ ဆိုက်ကားဖြင့် ထွက်လာခဲ့လေ၏။ မီးရထား ဘူတာသို့ ရောက်သော အခါတွင် ရထားထွက်ရန် ၄၅ မိနစ်ခန့် လိုနေသေးသောကြောင့် ကျွန်ုပ်နှင့် ဆိုက်ကားသမားသည် ဘူတာရုံနှင့် မလှမ်းမကမ်းရှိ လဘက်ရည်ဆိုင်သို့ သွားကာ လဘက်ရည် တစ်ယောက်တစ်ခွက်မှာ ယူသောက်နေမိ၏။ ကျွန်ုပ်တို့ ဝင်ရောက် လဘက်ရည်သောက်သော ဆိုင်တွင် စားပွဲခုံ(၉)ခုံရှိ၏။ ဆိုင်ထဲတွင် နှစ်ခုံတစ်တန်းဖြင့် (၆)လုံး ချထား၍ အပြင်ဘက်တွင် စားပွဲခုံလေးလုံး ချထားလေ၏။ ကျွန်ုပ်နှင့် ဆိုက်ကားသမားသည်လည်း ဆိုင်အပြင်ဘက် ခုံများတွင် ကျွန်ုပ်ကဲ့သို့ ခရီးသွားများ လဘက်ရည် သောက်နေသောကြောင့် ခုံများ ပြည့်နေသောကြောင့် ဆိုင်အတွင်းသို့ ဝင်ကာ တံခါးနောက်ဘက် […]


who whoNovember 9, 20111min560
ကျနော် မသိသေးတာတွေ သိလာရပြီးတဲ့နောက် ကျနော့ အတွေး များ ထဲမှာက ဒီလွတ်မြောက်ရာလမ်းရဲ့ မှတ်တိုင်များနှင့် သေခြင်း အကြောင်း တွေသာ ပြည့်နေပါတော့သည်။ ကျနော်စဉ်းစားကြည့်သည်။ ကျနော်လို နလပိန်းတုံးတောင် ခုမှသိပြီး ခုပဲ လွတ်မြောက်ရာလမ်းကို လျှောက်ချင် လာတယ်ဆိုတော့ သူများတွေကရော မသိကြသေးတာလား။ ဒါမှ မဟုတ် သိ ပြီးတော့ပဲ မလျှောက်ကြသေးတာလား ။ ဘာလို့ပါလိမ့် လို့ လျှာတွေ ရှည်နေ ပြန်ပါတယ်။ ကျနော်ကတော့ အရင်တုန်းက မသိခဲ့သေးတုန်းကတော့ ဘဝ ကြီးဟာ ဘာမှလည်း မဟုတ်သလို ခံစားရတယ်။ ခုတော့ အော် လူ့ဘဝ ရခြင်းသည်ပင် တန်ဖိုးမဖြတ်နိုင်ပါလားလို့ တန်ဖိုးထားတတ်လာပြီလေ။ နောက်ပြီး သေခြင်းတရား နှင့် ပတ်သက်လို့လည်း ကျနော် အပါယ်က လွတ် […]


who whoNovember 8, 20111min55
ဒီနေ့လည်း သိချင်တာလေးတွေ ရှိသေးတာကြောင့် ဆက်လို့ ဆွေးနွေး ဖြစ်ကြပါတယ်။ “ကျနော် မနေ့က မေးခွင့်မရလိုက်တဲ့ သိချင်တာလေးတွေ ရှိသေးလို့ ဒီနေ့လည်း ပြောပြပေးပါဦး။” “ရပါတယ်။ ကိုယ်သိသလောက်တော့ ပြောပြပါ့မယ်။” “မနေ့က ပြောတဲ့ အပါယ်က လွတ်ဖို့ ရုန်းတဲ့ကိစ္စလေ။ အဲဒီမှာ ကျနော် သိချင် တာက အဲလို တစ်မဂ် တစ်ဖိုလ်မှ ရအောင်အားမထုတ်နိုင်သေးသူသည် သေ လို့ နတ်ပြည်တို့ ဘာတို့ စတဲ့ အထက်ဘုံတွေကို ရောက်ရင်တော့ အပါယ်က လွတ်မသွားပေဘူးလား။” “ဘယ်ကလာ …တစ်မဂ် တစ်ဖိုလ်မှ ရအောင် ရောက်အောင် အားထုတ်မထား ပဲ သေခဲ့လို့ နတ်ပြည်ကို ရောက်လည်းပဲ သူဟာ အဲဒီနတ်သက်ကုန်ရင် အပါယ်ကို ရောက်သွားနိုင်သေးတယ်လေ။ ဒါကြောင့် စိတ်မချရဘူးလို့ ပြောတာပေါ့။ […]


zoeNovember 7, 20118min17432
တနင်္ဂနွေနေ့ က ထိုင်ပေ နဲ့ ၂၅မိုင် (၄၄.၃ ကီလိုမီတာ) အကွာမှာ ရှိတဲ့ ကျုံးလိ မြို့ Jhongli  Jhongliရတနာဝါသ ဘုန်းတော်ကြီးကျောင်း (Yatanavasa Buddhist Temple) www.yatanavasatemple.ning.comမှာကျင်းပတဲ့ ဘုံကထိန်စုပေါင်း အလှူပွဲကို ရောက်ခဲ့ပါတယ် ။ မနက် ၉နာရီ မှာ ကျင်အန်း Jingan MRT Jingan_Station ဂိတ် မှာ အဝေးပြေး e-go ဘတ်စ စီး သွား ပါတယ် ။ ၉ နာရီခွဲ လောက်မှာ ကျုံးလိ မြို့ Jhongli  ကိုရောက်ပါတယ် ။ မြို့တွင်း ဘတ်စ စီး ပြီး ဘုန်းကြီးကျောင်း ကို ရောက် ပါတယ် ။ ၁ဝနာရီ လောက် […]


KyaemonNovember 7, 201114min19416
ဒုသမတ  Dr. Sai Mauk Kham   နဲ့အဖွဲ့တို့က လေဆိပ်မှာ ကြိုဆိုပြီး၊ ရွှေတိဂုံပုံတူ  Uppatasanti  စေတီတွင် သမတဦးသိန်းစိန်၊ ဘုန်းကြီး အ ပါး ၆၀၀ဝ နဲ့ဒါယကာ ဒါယိကာမများ ကြွရောက် ဖူး မျော် ကြတယ်လို့သိရ Chinese Buddha sacred tooth relic arrives in Myanmar_XINHUANET     Chinese Buddha sacred tooth relic conveyed to Myanmar for obeisance http://news.xinhuanet.com/english2010/culture/2011-11/06/c_131231898.htm NAY PYI TAW, Nov. 6 (Xinhua) — A Chinese Buddha sacred tooth […]


KyaemonNovember 7, 20119min980
ဘာသာရေး ရာဦးစီးဌာနဒါရိုက်တာ Wang Zuoan  ဦးဆောင်တဲ့အဖွဲ့ အပါအဝင် သာသနာရေးဝန်ကြီး သူရ မြင့်အောင်တို့က စွယ်   တော်ကို အထူး လေယာဉ် နဲ့ပင့်ဆောင်လာ၊ နေပြည်တော်၊ မန်းတလေး၊နဲ့ရန်ကုန် မြို့ကြီး များတွင် ဖူးမြော် နိုင်တယ်  လို့သတင်း ထွက် Sacred tooth relic of Lord Buddha to head for Myanmar from Beijing_XINHUANET http://news.xinhuanet.com/english2010/photo/2011-11/06/c_131231592.htm Sacred relic goes to Myanmar CCTV News – CNTV English http://english.cntv.cn/20111107/104859.shtml Myanmar Latest News » Blog Archive » Sacred […]


who whoNovember 7, 20111min884
သေခြင်းနှင့်ပတ်သက်၍ သိခွင့်ရခဲ့သမျှကား…. သင်္ကြန်တွင်းကာလ ရိပ်သာရဲ့ အဆောင် တစ်ခုအတွင်းမှ တီးတိုး တရားဆွေးနွေးပွဲလေး တစ်ခု ။ “ ဘယ်လို …ကျနော် နားမလည်လို့ သေချာလေး ပြောပြပေးပါဦးနော်။” အဆောင်ဖော် တစ်ယောက်အား မေးလိုက်ခြင်းဖြစ်သည်။ “အင်း…ဒီလိုလေ ။ ကျနော်တို့ အခု အားထုတ်ကြတယ်ဆိုတဲ့ ရည်ရွယ်ချက် က အပါယ်လေးဘုံက လွတ်ဖို့က အဓိကပဲမလား။ ” “အင်းပေါ့။ ဒါကြောင့်လည်း ဆရာတော်တွေက အပါယ်လွတ်ဖို့ကို ကြိုးစားဖို့ ပြောနေတာပေါ့။ ဒါပေမယ့် ကျနော် မသိတာက အဲလို လွတ်အောင်ကျ ဘယ် လို ကြိုးစားရသလဲဆိုတာရယ်။ ဘယ်လို အခြေအနေမျိုးကျမှ လွတ်မှာလဲ ဆို တာရယ် အဲဒါလေး အရင် သိချင်တယ်။” “ဟုတ်ကဲ့ပါ။ အဲဒါကို ဆွေးနွေးရမယ်ဆိုရင် […]