mg wineDecember 20, 20111min2226
ဟုတ်လေလားမဟုတ်လေလားမသိ၊ မောင်ဝိုင်းငတိကိုအီးမေးတစ်စောင်ပို့လာပါတယ်။ဆောင်းပါးထုတ်ချင်ပါတယ်တဲ့ စာမူခတော့မပေးနိုင်ပါ စာအုပ်လက်ဆောင်ရမယ်လို့ပြောပါတယ်။ဂေဇက်ကဆေးဆောင်းပါးတွေနဲ့ တခြားဆိုက်မှာရေးတဲ့ ဆောင်းပါးတွေကိုထုတ်ချင်ပါတယ် ကိုယ်တစ်ယောက်ထဲတော့မဟုတ်ဘူးတဲ့ စုပေါင်းပါ။ မောင်ဝိုင်းက အခု ပုသိမ်က အထည်ကိုတောဆင်းရောင်း၊ပင်လယ်ထွက်ကုန်တွေကို ယူ ပုသိမ်မှာရောင်းလုပ်စားနေပါတယ်။ဒီလိုလူအတွက် စာတဆောင်ပေတဖွဲ့ဖြစ်လာမယ်ဆိုရင် ဝမ်းသာတာပေါ့ ကို….ခင်ဗျာထုတ်ပါထုတ်ပါ စာအုပ်ထုတ်ပါ။ဆေးဆိုတော့ ဆရာထက်ပြောပြတာတွေ ကိုရေးထားတာမို့ လိုရမယ်ရ သူကိုပြောပြလိုက်ပါတယ် တကယ်တော့ လေးစားချင်ယောင်ဆောင်ပြီးနောင် ဆေးအကြောင်းတွေပြောအောင်ပါ။ ဆိုက်တွေမှာတကယ်တော်တဲ့ လူတွေအများကြီးရှိပါတယ် စာစောင်တွေမှာမရေးကြပေမယ့် စာရေးကောင်းကြပါတယ်။ဂေဇက်ကလူတွေ အကုန်လုံးနီးပါးကောင်းကြတော်ကြပါပေတယ်။သူတို့ရေးတဲ့ စာတွေ က အဆင့်မြင့်ကြပါတယ်။တကယ် စာကောင်းပေကောင်းတွေကို စုပေါင်း ထုတ်ပေးမယ်ဆိုရင် အင်မတန်မှ ကောင်းပါပေတယ်။အိပ်မက်ပေးသလိုတော့ မလုပ်ပါနဲ့ ဗျာနော်။ တကယ်ထုတ်မလား ညာထုတ်မလား လို့ပဲမေးလိုက်ချင်ပါတယ်။လူကို မလှည့်စားနဲ့….. ကို..ရေ။


ムラカミDecember 15, 201110min29614
ဘောလုံးအကြောင်း ရေးမလို့ပါဗျာ .. (ပေါ့ပေါ့ပါးပါးဖြစ်အောင် ကျုပ် နဲ့ မိတ်ဆွေ တယောက်ယောက် စကားလက်ဆုံပြောတဲ့ ဟန် နဲ့ရေးမယ်ဗျာ..ကဲ စပြီ) ဂီ။ သည်မယ်ကိုယ့်လူ ..ဘောလုံး သမိုင်းမှာ အကောင်းဆုံးတောင်ပံ ကစားသမား ဘယ်သူလဲ သိလား ? ဆွေ။ သိတာပေါ့ကွ ... L.Messi လား ? C. Ronaldo လား ? ဂီ။ မဟုတ်ဘူးဗျ။ ဆွေ။ ဘာလို့လဲ? ဩ .....နှစ် အနည်းငယ်ပဲ ပေးဆပ်ရသေးလို့။ ခုနေ သေသွား ကျိုးသွားရင် workdone သိပ်မများသေးလို့ .....အကောင်းဆုံး စာရင်း မဝင်ဘူးလို့ ငြင်းချင်တာလား? ဂီ။ ဆိုပါဦးဗျာ.. ဆွေ။ ကဲ ဒါဆို ဟုတ်ပြီကွာ ဒါဆို G.Best ကွာ .. R.Giggsကွာ ... P.Nedved […]


thit minDecember 14, 20119min39569
ဤပို့စ်သည် စင်စစ်အားဖြင့် ပို့စ်ပါစာသားများတင်မက ကော်မန့်များကိုပါ သေချာစွာ ဖတ်ရှူ့ဝေဖန် ဆွေးနွေးစေလိုကြောင်း မေတ္တာဖြင့် ပြောကြားလိုပါသည်။ ကျနော် စိတ်ကူးယဉ်ဖူးပါတယ်။ မန်းဂေဇက်ကို ဆီမီနာ ခန်းမ တခုလို၊ ကွန်ဖရင့်-ညီလာခံ ခန်းမတခုလိုပါ။ ကျနော်မှမဟုတ်ပါဘူး။ ဘယ်သူမဆို ဦးဆောင်ဆွေးနွေးလို့ရပါတယ်။ဆိုလိုတာက တော့ပစ်တခုအပေါ်မှာ သဘောတူတာ၊ ညင်းတာ၊အဟောင်းထဲက ကောင်းတာတွေကို အတည်ပြုတာ၊ အသစ်ထဲကကောင်းတာတွေ ကိုဆက်လက်ဆွေးနွေးအတည်ပြုနိုင်တဲ့အထိသွားတာ၊ အကြံဉာဏ်သစ်တွေ ဖော်ထုတ်တာ၊လက်တွေ့ လုပ်နိုင်တာလေးတွေကို သတ်မှတ်ဖော်ထုတ်ကြည့်တာမျိုးတွေ လုပ်ချင်ခဲ့တာပါ။ တနည်းပြောရရင် မရှိသေးတဲ့”Awareness” ကိုကျနော်ကိုယ်တိုင်အပါအဝင်အားလုံးကို “ရရှိလာ”စေချင်လို့ပါ။ တယောက်သိတဲ့အသိအမြင် အတွေးကောင်းတွေကို နောက်တယောက်နဲ့ ပေါင်းခြင်းအားဖြင့်ပိုမိုကောင်းမွန် သော အတွေးသစ်တွေရလာမှာမို့ကောင်းသာအတွေးသစ် သို့ ဆိုပြီး “ဂေဇက်ခွန်အား-အတွေးများ” ဆီမီနာ ကို စ လုပ်ကြည့်ချင်ပါတယ်။ GSS= Gazette Special Seminar မှာ မည်သူမဆိုပါဝင်၍ […]


ムラカミDecember 13, 20112min42340
Psychology of Needs for Human Being ငယ်ရွယ်သူ ညီညီမလေးများအတွက်  ကိုသစ် စာတွေ ကို အတိုင်းအတာလေး တခုထိ နားလည်စေဖို့ အတွက် ပေါင်းကူး အနေနဲ့ အခြေခံကျတဲ့ psychology ကိုရေးသားတင်ဆက်ပါ့မယ်ခင်ဗျ… (ဆြာသမားများအတွက် မရည်ရွယ်ပါခင်ဗျား..)     Psychology ဟာ ကျနော် ကျွမ်းကျင်တတ်မြောက်တဲ့ field မဟုတ်တဲ့အတွက် အမှားအယွင်း အကျအပေါက်များ ပါခဲ့မယ်ဆိုရင် အားမနာတမ်း ဝေဖန် ထောက်ပြနိုင်ကြပါသည်ခင်ဗျား။   လူသားတွေအတွက် ရှင်သန်ဖို့ လိုအပ်တဲ့ အခြေခံအချက်တွေကို ဆွေးနွေးတင်ပြထားတဲ့ မော်ဒယ်၂ခု မိတ်ဆက်ချင်ပါတယ် ..သိပြီး နားလည်ပြီးသူများ ကို မရည်စူးဘဲ မသိသေး မကြားဖူးသေးတဲ့ စာဖတ်သူ တွေအတွက် သာ ရည်စူးပါတယ်ခင်ဗျား ။ ဤပိုစ့်ကို […]


thit minDecember 10, 20111min45232
ကြားဘူးတာလေးပြောပြချင်ပါတယ်။ ဒီသီချင်းလေးကိုတော့ သိကြမယ်ထင်ပါရဲ့နော်။ ~~~စိတ်မှာတအုံ့ နွေးနွေး~~အဆုံးမခံနိုင်သေး~~~မင်းသခင်မလေး ခမြာ မှာ သိပ်ကိုစွဲလန်းနေရှာ~~ ပြန်ရွေးလို့ရခဲ့ရင်~~ပြန်ရွေးလို့ ပေးလိုက်ချင်တယ်~~ဘီးနံပါတ် OK O122 L)အိုကေ သုံည တစ်နှစ်နှစ် အယ်လ်~~ ဟုတ်ကဲ့၊ အဲဒီ သီချင်းလေးရဲ့ စကားလုံးလေးတွေထဲက အို ကေ သုံညထဲက သုံညကို အိုကေရဲ့ ရှေ့ကိုပို့၊ ဟိုး နောက်ဆုံးက အယ်လ်ကို ရှေ့ဆုံးကိုပို့၊လိုက်ရင် ( LOOK )လို့ဖြစ်သွားရော မဟုတ်လား။ အားလုံး ပေါင်းဖတ်လိုက်တော့ ( LOOK 122 ) ပါတဲ့။ ဖေဖော်ဝါရီ ၁၂ ရက်ကိုကြည့်ခိုင်းတာ ဘာ အဓိပ္ပါယ်လဲ? ဟုတ်ကဲ့ပါ။ ပင်လုံစာချုပ် ကို အလေး ထားပါလို့ ရေးတာဖြစ်ပါတယ်တဲ့။ ဟုတ်မဟုတ်တော့ ကိုယ်ဟာကိုလွတ်လပ်စွာ ဆုံးဖြတ်ပါနော်။ […]


thit minDecember 8, 20111min36021
အပိုင်းနှစ်ကိုဆက်မပြောခင်အရင်ဟာလေးကိုနဲနဲရှင်းပါရစေ။ ၁။အသက်ရှင်သန်နေနိုင်မှု (Sustenance) ၂။ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု (Self-esteem) ၃။သူတပါးအသုံးချခံဘဝမှ လွတ်မြောက်မှု (Freedom from servitude) ဆိုတဲ့ ၃ မျိုးသော ဖွံ့ဖြိုးမှုတန်ဖိုးဟာ တကယ်တော့ “ရှိရဲ့လား” “လုပ်နိုင်ရဲ့လား” ဆိုတဲ့အခြေအနေ၊အနေအထားတွေနဲ့ များစွာပါတ်သက်ပါတယ်။ အသက်ရှင်သန်နေနိုင်မှုဆိုတဲ့ အချက်ကို ရဘို့ လူတယောက်ဟာ ဘွဲ့ရပေမဲ့ဆိုက်ကားနင်းနေရမယ်၊ ဆရာဝန်ကဈေးရောင်းနေရမယ်ဆိုတဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးထားနိုင်သောဘဝကိုပိုင်ဆိုင်မှု မရှိနိုင်တော့ပါဘူး။ သူတပါးရဲ့အသုံးချခံလည်း ဖြစ်ဖို့နီးစပ်လှပါတယ်။ လတ်တလောခေါင်းပေါ်လောင်နေတဲ့မီးက စားဝတ်နေရေး အဓိကပါနေတဲ့ အသက်ရှင်သန်နေနိုင်မှု (အမှတ်စဉ် ၁)ပေါ့။ အဲဒီအတွက်ပေးဆပ်ရမှာ၊ အို ……ပေးဆပ်နေကြရတာလေ။ ပေးဆပ်နေကြရဘဝတွေ(အမှတ်စဉ် ၂) နဲ့လွတ်လပ်ခွင့်တွေ(အမှတ်စဉ် ၃)။ အဲဒီလို “ဖြစ်အောင်”  လုပ်တာဘယ်သူလည်းလို့မေးရတော့မှာပါဘဲ။ (#1) အတွင်းတာဝန်ရှိသူ နဲ့ (#2) အပြင်တာဝန်ရှိသူ   လို့ ရိုးရိုးလေး ၂မျိုးစဉ်းစားပါနော်။ (#1) က […]


asiamastersDecember 5, 20111min2219
  ၁။         တည်ကြည်ဖြောင့်မတ်တဲ့ လူသားတစ်ဦးဖြစ်လာဖို့၊ ကောင်းမွန်တဲ့ဘဝကို ပိုင်ဆိုင်မှုအတွက် လိုအပ်တဲ့ အခြေခံမူ တွေထဲက ရိုးသားခြင်းဟာ အလွန်အရေးကြီးတယ်။ လူတွေမှာ ရိုးသားသူများနဲ့ ရိုးရှင်းသူများဆိုပြီးနှစ်မျိုးရှိတယ်။   ၂။         ရိုးရှင်းသူဆိုတာကို အင်္ဂလိပ်လိုအားဖြင့် Simple လို့ခေါ်ပါတယ်။ Simple ရဲ့ အနက်ကတော့ A person who doesn’t want to think and change လို့ဆိုပါတယ်။ ဆိုလိုတဲ့သဘောကတော့ စဉ်းကိုမစဉ်းစားလိုတော့ သူတွေ၊ အပြောင်းအလဲ တစ်ခုလည်းမလုပ်လိုတော့သူတွေကို ခေါ်တာဖြစ်ပါတယ်။ တစ်ချို့ လူသားတွေဟာ စဉ်းစားပြီးလုပ်ရမယ့် ကိစ္စမျိုး ဆိုရင် ဘာမှမလုပ်လိုတော့ပါ။ သူတစ်ပါးပြောတာကိုအကုန်ယုံတယ်။ သူတစ်ပါးခိုင်းတာ အကုန်လုပ်တယ်။ မိမိက ဦးဆောင်ဖို့မစဉ်းစား။ သူများနောက်လိုက်အဖြစ်နဲ့သာ နေလိုသူများဖြစ်ပါတယ်။ တစ်ချို့လူများကတော့ အပြောင်းအလဲ ဆိုလို့ […]


kaiDecember 3, 20113min23114
(ယူအက်စ်၊ ဥရောပ တို့ကနေ..)  မြန်မာပြည်ကို စီးပွားရေးပိတ်ဆို့ထားတာတွေ ရုပ်သိမ်းဖို့ တရုတ်ကတိုက်တွန်းတောင်းဆိုထားတဲ့သတင်း ဖတ်ရပါတယ်..။ Myanmar ပေါ်က Sanctions တွေ Lift ပေးမှာလား..? ဆိုပြီးတော့ Sanctions ကိစ္စဦးတည် ခေါင်းစဉ်တပ်လိုက်ပါတယ်.။ ကြားထဲ.. မြန်မာပြည် စူပါပါဝါ(အမေရိကား)နဲ့.တရုတ်ပြည် ကစားတဲ့ကြား ညပ်နိုင်သလားလည်း.. ဖြည့်ရေးသွားချင်တာပါ..။ အဲဒါ.. နည်းနည်း ဦးနှောက်တွင်း မုန်တိုင်းဆင်ကြည့်မလားလို့..။ Sanctions ဖယ်ပေးမယ်ဆို.. ဘယ်တော့လောက်လည်း..။ ဘယ်လိုဖြစ်နိုင်သလည်း..။ လူထုအနေနဲ့.. ဘာတွေလုပ်ရမလည်း..။ ဘာတွေပြင်ဆင်ရမလည်း.. စသဖြင့်ပါ..။ လောလောဆယ်တော့.. အမေရိကပြည်ထောင်စုရဲ့. စတုတ္ထအကြီးဆုံးဝန်ထမ်းရာထူး( အစိုးရအဖွဲ့ တတိယအကြီးဆုံးရာထူး) ရှင် ဟီလာရီကလင်တန် သွားထားပါတယ်..။ သူမက..  အီးလဲဗာန်းမီဒီယာသတင်းအရ အောက်ကအတိုင်း ပြောထားပါတယ်တဲ့..။ “ကျွန်မအနေနဲ့ မြန်မာအစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့တာကတော့ လုံလောက်တဲ့ တိုးတက်မှုများ ရှိခဲ့မယ်ဆိုရင်တော့ […]


asiamastersDecember 2, 20111min862
    ၁။       ရှင်သန်နေတဲ့အရာတွေဟာ လှုပ်ရှားမှုနဲ့ကြီးထွားမှုရှိတယ်။ ရှင်သန်နေတဲ့လူသားတွေဟာ အမြဲတမ်း ပြောင်းလဲ နေတယ်။ ပြောင်းလဲနိုင်တဲ့အလျှောက်လေ့ကျင့်ပေးလို့ရတယ်။ လေ့ကျင့်ထားတဲ့အတိုင်းသာပြုမှုကြလေ့ရှိတယ်။ လေ့ကျင့်ပေးမှု တွေဟာတစ်ခါတစ်ရံ ရည်ရွယ်ပြီးလုပ်တာတွေရှိသလို မရည်ရွယ်ပဲနဲ့သဘာဝအလျှောက် လေ့ကျင့် ပေးသလို ဖြစ်နေတာမျိုးတွေလည်းရှိတယ်။ အများအားဖြင့် တံငါနားနီးရင် တံငါအဖြစ်များတယ်။ မုဆိုးနားနီးရင် မုဆိုးအဖြစ်များတယ်။ လူတစ်ဦးတစ်ယောက်မှာသော်လည်းကောင်း၊ မိသားစုတစ်ခုမှာသော်လည်းကောင်း၊ လူ့အသိုင်းအဝိုင်းတစ်ခုမှာသော်လည်းကောင်း လက်ခံထားတဲ့ တန်ဖိုးတွေ၊ အစဉ်အလာတွေ၊ ကိုးကွယ်မှုတွေနဲ့ ရှင်သန်မှုပုံစံတွေရှိတယ်။ ဒါတွေကို ကားချာလ် (Culture) လို့ခေါ်တယ်။ လူ့အသိုင်းအဝိုင်းတွေအမျိုးမျိုးရှိသလို ကားချာလ် (Culture) တွေလည်းအမျိုးမျိုးရှိတယ်။ ငယ်ရွယ်တဲ့လူတွေကို မိမိတို့လူ့အသိုင်းအဝိုင်းရဲ့ လိုချင်တဲ့ ပုံစံကိုရအောင် ပုံသွင်းလေ့ကျင့်သင်ကြားပေးတာကို အက်ဂျူကေးရှင်း (Education) လို့ခေါ်တယ်။ လူသားတွေဟာ ဝင်ငွေဆင်းရဲခြင်း၊ အတတ်ဆင်းရဲခြင်းတို့ဖြစ်လာပြီဆိုရင် ဒီလူ့အသိုင်းအဝိုင်းရဲ့ လိုချင်တဲ့ပုံစံမှားယွင်း နေတာ လည်းဖြစ်နိုင်သလို ပုံသွင်းလေ့ကျင့်ပေးခြင်း […]


asiamastersDecember 1, 20111min973
  ၁။         လူသားတွေမှာ ခွန်အားကြီးမားလာတာကောင်းတယ်။ မိမိရှင်သန်ခွင့်ရတဲ့အချိန်အတွင်းမှာ ခွန်အားရှိအောင် အမြဲကြိုးပမ်းနေရမယ်။ လူသားတွေမှာရှိတဲ့ ခွန်အားတွေကို ကိုယ်ကာယခွန်အားနဲ့ စိတ်ပိုင်းဆိုင်ရာ ခွန်အားဆိုပြီး နှစ်ပိုင်း ခွဲနိုင်တယ်။ ဒီခွန်အားနှစ်မျိုးစလုံး တိုးတက် လာမှသာ အမှန်တကယ် ခွန်အားကြီးသူတွေဖြစ်လာကြတယ်။ ဒီနေ့ ခေတ်ကာလဟာ ပြိုင်ဆိုင်မှုနဲ့ဖေါက်ပြန်မှုတွေ အလွန်ကြီးမားလာတဲ့အတွက် ခွန်အားနည်းပါးသူတွေ၊ ခွန်အားယုတ်လျှော့ နေသူတွေဟာ ဆက်ပြီးရှင်သန်ဖို့တောင် သိပ်မလွယ်ပါဘူး။ ပြိုင်ဆိုင်မှုဆိုတဲ့ နေရာမှာ လူသားတစ်ဦးနဲ့ တစ်ဦးချင်း ပြိုင်ဆိုင်မှုတွေသာမက လုပ်ငန်းငယ်လေးတွေလည်း ပြိုင်နေရပါတယ်။ လုပ်ငန်းကြီးတွေလည်း ပြိုင်ရပါတယ်။ အဖွဲ့ အစည်းတွေလည်း ပြိုင်နေရတာဖြစ်ပါတယ်။ မပြိုင်နိုင်သူတွေဟာ ပြုတ်ပြတ်ပြီးကျန်နေခဲ့တာပါပဲ။ ပြိုင်နိုင်မဲ့အနေ အထားမျိုး သန်စွမ်းမှာသာလျှင် ရှင်သန်နေထိုင်နိုင်မှာဖြစ်ပါတယ်။  Survival of the fittest. ခွန်အားရှိမှ ရှင်သန်မှာဖြစ်တယ်။   ၂။         လူသားတစ်ဦးဖြစ်လာရင် […]


asiamastersNovember 30, 20111min791
  ၁။       လူသားတွေအတွက် ကောင်းခြင်းဘက်နဲ့ ဆိုးခြင်းဘက်ဆိုပြီး နှစ်မျိုးရှိတယ်။ ကောင်းခြင်းဘက်ဟာ အလင်း ရောင်နဲ့ တူပြီး၊ ဆိုးခြင်းဘက်ဟာ အမှောင်ထုနဲ့တူတယ်။ လူ့လောကဆိုတာက အမှောင်ဖုံးနေတဲ့ ဆိုးခြင်းဘက် နဲ့သာအစပြုတယ်။ အလင်းရောင်နဲ့တူတဲ့ကောင်းခြင်းဟာ သေးငယ်သော်လည်း ကြီးစွာသော အမှောင်ထုကို ဖြိုခွင်း နိုင်လေ့ရှိတယ်။ ကောင်းခြင်းဘက်ကိုလိုလားသူများဟာ အမြဲတစေ ပြင်းထန်တဲ့ စမ်းသပ်မှုများကို ခံရစမြဲဖြစ်တယ်။   ၂။       လူသားတွေရဲ့ ကောင်းခြင်းဘက်ဆိုတာက လူသားတွေရဲ့ ကောင်းကျိုး ကိုလိုလားခြင်းပဲဖြစ်ပါတယ်။ လူသား တွေရဲ့ကောင်းကျိုးကိုလိုလားခြင်းဆိုတာက လူသားတစ်ဦးကို ရုပ်ပိုင်းအရသော်လည်းကောင်း၊ စိတ်ပိုင်း ဆိုင်ရာ အရသော်လည်းကောင်း ကျန်းမာရေးကောင်းစေလိုခြင်း၊ ရုပ်ပိုင်းအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရ သော်လည်းကောင်း ခွန်အားတိုးတက်စေလိုခြင်း၊ အရေအတွက်တိုးပွားလာစေလိုခြင်း၊ နာကျင်မှုနှင့် ဝေဒနာနည်းပါး စေလိုခြင်း၊ သက်တမ်းစေ့အောင် နေရစေလိုခြင်းတွေဖြစ်တယ်။   ၃။       လူသားတွေရဲ့ […]


weiweiNovember 30, 20111min59461
ကျွန်မလူမှန်းစသိတတ်တဲ့အရွယ်ကထဲက ကုလားထိုင်များကို အလွန်ကြိုက်ပါသည်။ ကုလားထိုင်ပေါ်မှာ ထိုင်နေရတာကိုက ဇိမ်ရှိတယ်လို့ထင်တတ်ပါသည်။ ကုလားထိုင်ပေါ်မှာထိုင်ပြီး စာအုပ်ဖတ်သည်။ တီဗီကြည့်သည်။ ဗွီဒီယိုရုပ်ရှင်ကြည့်သည်။ မိသားစုတွေနဲ့ စကားစမြည်ပြောကြပါသည်။ ထိုင်နေရင်းနဲ့ တွေးနေမိတာတွေလဲ ရှိခဲ့ပါသည်။ အဲဒီတုန်းက ထိုင်ခဲ့တဲ့ ကုလားထိုင်က ရိုးရိုး ကြိမ်နဲ့ယက်ထားတဲ့ သစ်သားဆက်တီ (old model) တစ်ခုသာဖြစ်ခဲ့ပါသည်။ နဲနဲအတန်းကြီးလာပြီး ၉ တန်း ၁ဝ တန်းလောက်အချိန်မှာ ကျွန်မတဆင့်တက်ပြီး ပက်လက်ကုလားထိုင်လိုချင်တယ်လို့ ပူဆာခဲ့ဖူးပါသည်။ ဘာပဲလိုချင်လိုချင် အဖိုးကိုသာပူဆာရတာမို့ အဖိုးကို ပက်လက်ကုလားထိုင်နဲ့စာဖတ်ရတာ အရမ်းဇိမ်ရှိလို့ ပက်လက်ကုထားထိုင် (ခြေထောက်ပါတင်လို့ရတဲ့ဟာ) ဝယ်ပေးပါလို့ ပူဆာခဲ့ဖူးပါသည်။ ဖိုးဖိုးက အဲဒါတော့ သဘောမတူဘူးတဲ့ … ဖိုးဖိုးကိုယ်တိုင်လဲ မသုံးဘူး။ အိမ်မှာလဲ တစ်ခါမှ မဝယ်ထားခဲ့ဖူးပါဘူး။ ဖိုးဖိုးက ပုံပြင်တစ်ခုပြောပြတယ်။ ဖိုးဖိုးတို့ငယ်ငယ်က သူတို့တွေနေတဲ့ရပ်ကွက်ထဲမှာ အရမ်းအလုပ်လုပ်တဲ့ […]