naywoon niApril 15, 20151min28616
ဇွဲဆု ပူ​လောင် ပြင်​းရှတဲ့ ဧပြီလရဲ့ ​နေလည်​ခင်​း အပူဒဏ်​ကိုအလူးအလဲ ခံစားရင်​းက ည​နေပိုင်​း​ရောက်​​တော့ လက်​ဖက်​ရည်​ဆိုင်​ဖက်​ ထွက်​လာခဲ့တယ်​ ။ ​နေဝန်​းနီ တို့မြို့မှာက လည်​ပတ်​စရာ မရှိ ပန်​းခြံ မရှိ ရုပ်​ရှင်​ရုံ မရှိ (ရုံအခွံ​တော့ရှိ​သေး တစ်​နှစ်​လုံး​နေမှ ဝါဆိုလပြည်​့​နေ့ရယ်​ တန်​​ဆောင်​တိုင်​ ​လေးငါးရယ်​ရယ်​ပဲ ပြတယ်​ ) မာဆတ်​ ​ကေတီဗွီ (No) နိုး ။ ကန်​ကြီးကြီးမားမားဆိုတာလည်​း နတ္တ္ထိ ။ စိတ်​​ပြေလက်​​ပျောက်​ လမ်​း​လျှောက်​ထွက်​စရာမရှိ ။ ပိုက်​ဆံ ​လေးပိုပိုလျှံလျှံ ရှိရင်​​တော့ ​ဖော်​​ဖော်​​ရွေ​ရွေ ​လောကွပ်​​လျှော်​မဲ့ ဘီယာဆိုင်​​တွေပဲရှိတယ်​ ။ နို့မဟုတ်​ရင်​​တော့ ည​နေပိုင်​း ပိုက်​ဆံ နှစ်​ရာနဲ့ လက်​ဖက်​ရည်​တစ်​ခွက်​​သောက်​ လမ်​းသွားလမ်​းလာ​လေးထိုင်​ကြည်​့ ။ အကြမ်​းအိုးနှစ်​လုံး​လောက်​​သောက်​ရင်​း ​လေကန်​ လို့ရတဲ့ လက်​ဖက်​ရည်​ဆိုင်​​လေးကို […]


kotun winlattApril 15, 20151min1425
ဒီနေ့ကျနော် GTI တက်တုန်းကခင်မင်ခဲ့ရတဲ့ သူငယ်ချင်းနှစ်ယောက်နဲ့ ပြန်ဆုံခဲ့ရတယ်…. ဆုံခဲ့ရတယ်ဆိုတာက သူတို့နှစ်ယောက် ကျနော့်ဆီကို လာခဲ့ကြလို့ပါပဲ …. ကျနော်က အိမ်ကနေ ဘယ်မှ မသွားဖြစ် မခွာဖြစ်ခဲ့တာ တော်တော်လေးကြာခဲ့ပြီ မဟုတ်လား … မဆုံဖြစ်တာကြာနေပြီဖြစ်တဲ့သူငယ်ချင်းတွေနဲ့ ဆုံရတော့ ဝမ်းသာရတာပေါ့ ပျော်ရွှင်ရတာပေါ့ … သူတို့နှစ်ယောက်ထဲက တစ်ယောက်နဲ့ပတ်သက်ပြီး ကျောင်းတက်တုန်းက အမှတ်တရလေးတွေကို ပြန်ပြီး အမှတ်ရမိ လွမ်းမိပါရဲ …. ပထမတစ်ယောက်ကတော့ GTI ညကျောင်းတက်ကတည်းက ခင်မင်ခဲ့ရပြီး GTI နေ့ကျောင်းပြောင်းတက်ကြရတော့ မေဂျာကွဲသွားပေမယ့် အခင်မပျက် အတွဲမပျက်ခဲ့တဲ့ သူငယ်ချင်း ဒီကောင်နဲ့ ပတ်သက်ပြီး ကျနော့်အတွက် အမှတ်တရတွေကများသား…… ဒီကောင်လို့ သုံးလိုက်တဲ့အတွက် အမှတ်ရစရာ တစ်ခုတိုးလာပြန်ပါရော….. ကျနော်မုံရွာမှာ အဝေးသင်စာမေးပွဲဖြေဖို့ အနီးကပ်သင်တန်းတက်ရင်း ခင်ခဲ့ရတဲ့ မြင်းမူမြို့က သူငယ်ချင်းတစ်ယောက်အကြောင်းပါ။ […]


kotun winlattApril 14, 20151min23010
အရှေ့အနောက်တောင်မြောက် တောင်တန်းများ ဝန်းရံထားသည့် ချိုင့်ဝှမ်းလွင်ပြင်လေးကို ချောင်းငယ်လေးတစ်ခုကား ကွေ့ကာဝိုက်ကာ စီးဆင်းနေသည်။ ဒီနေရာလေးသည်ကား ပြည်နယ်နှင့်ပြည်မခွဲခြားထားသည့်နယ်စပ်ဒေသလေးတစ်ခု …. ဒီချောင်း ဒီလွင်ပြင်လေးကို အမှီပြုကာ ရှေးယခင်ကတည်းက တည်ရှိနေခဲ့သည့် အိမ်ခြေတစ်ရာခန့်ရှိသည့် ရွာကလေး ……. ရွာကလေး၏ အရှေ့ဘက်တွင် ထန်းပင်လေးများ ပေါက်ရောက်နေသည့် တောင်ကုန်းလေးတစ်ခုရှိပြီး ထိုတောင်ကုန်းလေးပေါ်တွင် စေတီငယ် ရှစ်ဆူဝန်းရံထားသည့် စေတီလေးတစ်ဆူကို ဖူးတွေ့ရသည်။ ရွာ၏အလယ်တောင်ကုန်းလေးတွင်ကား စေတီငယ် တစ်ဆူ၊ သိမ်ကျောင်းတစ်ခု၊ ရုပ်ပွားတော်ထားရှိရာ အဆောက်အဦးကား တောင်မြောက်တန်းပြီးနေရာယူလျှက်ရှိပြီး ယင်း၏နောက်တွင်ကား ဘုန်းတော်ကြီးကျောင်းကို တွေ့ရသည်။ ရွာလေးမှာ အခြားရွာလေးများနှင့် အလှမ်းဝေးပြီး တိတ်ဆိတ်အေးချမ်းသည်မို့ ရွာခံအများစုမှာ ရိုးသားကြသူ ရှေးရိုးစွဲအယူအဆရှိသူများ ဖြစ်ကြသည်။ ဘုန်းတော်ကြီးကျောင်းတွင်ကား ကျောင်းထိုင်ဆရာတော် ဦးတေဇနိယနှင့် ဦးဇင်း သောမန နှစ်ပါးရှိပြီး ကိုရင်ငယ်များ ဘုန်းကြီးကျောင်းသားများနှင့် ကျောင်းဝင်းအတွင်းတွင် […]


kotun winlattApril 13, 20151min1756
ကျယ်ပြန့်သော လွင်ပြင်ကြီး၏ အဆုံးမှာ ဖွေးဖွေးလှုပ်နေသော ရေများကို မျက်စိတစ်ဆုံး မြင်နေရချေသည်။ ရေများပတ်လည်ဝိုင်းနေသည့် အလယ်တစ်နေရာတွင် ထုံးစေတီဖွေးဖွေးကို ကြည်ညိုဖွယ်မြင်တွေ့နေရပြန်၏။ ဤနယ်မြေကား စိုင်းခွန်ဖ အုပ်ချုပ်မင်းလုပ်ရာနယ်မြေ …. ဒီနယ်မြေကို ကျူးကျော်ဝင်ရောက်လာသည့် တာတာလူမျိုးများနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့သည့် စစ်မြေပြင် ……………………….. စစ်မြေပြင်တစ်ခုလုံး သွေးညှီနံ့တို့ဖြင့်လွှမ်းမိုးနေ၏ ……ရွက်ဖျင်တဲလေးများမှာလည်း အစီအရီ ရွက်ဖျင်တဲငယ်တိုင်းတွင် ကျားဖြူခေါင်းအမှတ်အသားပါ အလံများမှာ လေညှင်းနှင့်အတူတူ တလွှင့်လွှင့် …. ရွက်ဖျင်တဲများနှင့် မနီမဝေးတွင် တိုက်ပွဲအတွင်း ကျဆုံးသွားကြသည့် စစ်သည်ရဲမက်များကို မြှုပ်နှံထားဟန်ရှိသည့် မြေပုံများကား ညီညီညာညာ ….. ရွက်ဖျင်တဲများအတွင်းမှ ဒဏ်ရာရ ရဲမက်တို့၏ ညာဉ်းညူသံများ …. ရွက်ဖျင်တဲအပြင်ဘက်များတွင် တိုက်ပွဲဝင်ခဲ့ရသဖြင့် ခြေကုန်လက်ပန်းကျပြီး အနားယူနေကြသူများ… သူတို့အားလုံး၏ မျက်နှာများပေါ်တွင်ကား အောင်နိုင်ခြင်း၏ အရသာကို ခံစားနေရသည့် အရိပ်အယောင်များကား […]


kotun winlattApril 12, 20151min1778
အလံထူခွင့် မရရှာတဲ့ ရွာကလေး …. @@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@ အရှေ့အနောက်တောင်မြောက် ပတ်ပတ်လည် တောင်များဝန်းရံနေသည့် ချိုင့်ဝှမ်းလွင်ပြင်ငယ်လေး၏ ကုန့်မြင့်လေးတစ်ခုပေါ်တွင် ဖိုခနောက်ဆိုင် ပေါက်ရောက်နေသည့် ထန်းပင်လေးသုံးပင်ကား ထိုးထိုးထောင်ထောင် …. အခြားအပင်များကြား၌ ထူးခြားနေ၏။ ယင်းထန်းပင်များ၏ အောက်ခြေတွင် ထန်းလက်မိုး ထန်းလက်ကာထားသည့် တဲငယ်တစ်ခု …. ယင်းတဲလေးအတွင်းတွင် လုလင်ပျိုလေးဦးတို့သည် အမြုပ်တစီစီထနေသည့် ဝါးပိုးဝါးအတွင်းမှ ပင်ကျရည်(ဝါ)ထန်းရည်ကို ခွက်ပုံသဏ္ဍာန်ပြုလုပ်ထားသည့် ဝါးဆစ်ပိုင်းလေးများဖြင့် တငြိမ့်ငြိမ့်သောက်နေကြသည်။ စကားပြောသံကား သိပ်မကြားရချေ။ ခဏအကြာ “ကိုယ်တော်လေး … ကင်ခိုင်းထားတဲ့ ကြက်ကင် ရပါပြီဘုရား…” ဟူသည့် အသံနှင့်အတူ တောကြက်တစ်ကောင်လုံးကို တံစိုဖြင့်လျှိုကာ ကင်ထားသည့် ကြက်ကင်ကို ကိုင်လျှက် ထန်းထဲအတွင်းသို့ ထန်းသမား စိုင်းလျှံ ဝင်လာသည်။ ခဏက တိတ်ဆိတ်စွာ ထန်းရည်သောက်နေသည့် လူလေးဦးထဲမှ အသားဖြူဖြူ […]


ムラカミApril 8, 20151min25212
​ကျော်​ကံနိမ်​့​နေသဗျ ​ကျော်​့ကို ပါလမီရှင်​ ပါဆိုပီး တူမ​ချောကိုအပ်​တဲ့အန်​တီတ​ယောက်​​ပေါ့ ဒီ​နေ့ သူ ​သေ​တော့မယ်​လို့​ပြောလာတယ်​ မိမိဂီ ဘယ်​​နေနိုင်​မလဲဗျာ ဟုတ်​တယ်​မလား ကိုယ်​့ကို တူမ​ချော​ချော​လေးလာ​ပေး​နေတဲ့အန်​တီ​လေ ​ချော​မွေ့​အောင်​စီစဉ်​​ပေးရမ​ပေါ့ ထိပ်​ဆုံးဗျာ မွဲချင်​မွဲပဇီကျုပ်​ပက်​ဆံနဲ့ကျုပ်​ အန်​တီ့နာမည်​ပါတဲ့ ယက်​​တောင်​အလက်​ နှစ်​ရာ မြို့မခင်​ ကမျျှာမယ်​ဗျာ တရားစာအုပ်​ ပုစိ​ကွေး​လေး​တေကို​တော့ ရွာ့တရားသမားလူကြီးသူမ​တွေဖြစ်​တဲ့ အာတျိီးးဒုံ့တို့ ဦးပါတို့ကို​မေးရမယ်​ ကို​ကျောက်​ဆီ ကွာစိမှာ​ပေးမယ်​ဗျာ ကို​ဆွေက ဖဲပြင်​ထားလိမ်​့မယ်​ ကိုဘလက်​ကားကို ထိုင်​ခုံဖြုတ်​ပီးကနုတ်​ဆင်​မယ်​ဗျာ ကို​ကျော်​သူ​တောင်​မျက်​ယီ ဘူးသီးလုံး​လောက်​ကျရ​စေ့မယ်​ ​ခြေသလုံးဖက်​ရင်​ဖက်​ရပဇီ ကမတ်​ကို ဘိုက​လေးမုန်​့ဟင်​းခါး စပွန်​ဆာ​တောင်​းမယ်​ဗျာ မွ​ဝေက သူ့မိတ်​​ဆွေ မွဆူးဆိုင်​က သင်္ကန်​းဝယ်​လှူလိမ်​့မယ်​ ရွာထဲမှာ အာအပြဲဆုံး တာ​မွေလူမိုက်​ဇာယိကို ဧယဉ်​ကျူးခိုင်​းမယ်​ဗျာ ကဲ​ပြော ဘာလို​သေးတုန်​း လိုအပ်​ရင်​ ဥမိုက်​ ဥဆာ နဲ့ဥနို ကို ဒုံလဘ ခနဝတ်​ခိုင်​းပီး […]


Sine SantApril 8, 20151min67239
ရန်ဖြစ်ခြင်း အနုပညာ **************** လူတစ်ယောက်နဲ ့တစ်ယောက်ရန်ဖြစ် စကားများကြ တာကို အနုပညာ တစ်ရပ် ပဲလို ့ပြောရင် ရူးနေတာလား ကြောင် တောင်တောင်လို ့ပြောခံ ရမှာသေချာပါတယ် ။ စာပေအနုပညာ ၊ ပန်းချီအနုပညာ ၊ ရုပ်ရှင် အနုပညာ စသည်ဖြင့် အနုပညာများစွာ ရှိနေ အထဲ ရန်ဖြစ်ခြင်း အနုပညာ ကို လည်း ထည့်သွင်းခံစား ကြည့် မိပါတယ် ။ စကားများရန်ဖြစ် ခြင်းကြောင့် မလိုအပ်တဲ့ဆိုးကျိုး တွေရှိသလို တန်ဖိုးမဖြတ်နိုင်တဲ့ ကောင်းကျိုးတွေ အသိဉာဏ်တွေ တိုးတက်ရရှိ လာနိုင်တယ် လို ့ပြောရင် လက်ခံမယ့်သူရှိပါ့မလားး? အသေးအမွှားကိစ္စတွေနဲ ့စကားများရန်ဖြစ် ပြီး ရိုက်ကြ ကွဲကြ နဲ ့လူသတ်မှုတွေ ဖြစ်တာ […]


Travis ZawApril 7, 20151min2759
ခိုးလိုးခုလု (https://www.facebook.com/tin.nyunt.338/posts/796382620446220) ကျွန်တော်က သူ့ကို “ကိုဝေ” လို့ခေါ်လိုက်ရပေမယ့် စိတ်ထဲကတော့ မကောင်းဘူး။ သူ့ရုပ်သွင်က အရင်နဲ့ မတူဘူး။ အရမ်းကို ချုံးကျနေတယ်။ ယခင်ကဆိုရင် အသားအရေကလည်း ဖြူဖြူဝင်းဝင်း၊ မျက်နှာက လည်း ဖောင်းဖောင်း၊ တကယ့်ကို ကြည်ညိုစရာကောင်းတယ်။ ကြည်ညိုရပေမပေါ့ တစ်ချိန်ကဆိုရင် သူက ဒီရွာမှာ ကျောင်းထိုင်ဆရာတော်ကိုး။ ရွာက ဘုန်းတော်ကြီးကျောင်းတွေမှာ သံဃဝေယျဝစ္စလုပ်ကိုင်ဖို့နဲ့ စာသင်ပေးဖို့ဆိုပြီးတော့ ပညာရေးဌာနကနေ ဘုန်းတော်ကြီးကျောင်းသင် မူလတန်းလေးတွေဖွင့်ပေးဖို့ အကူအညီပေးပါဆိုတဲ့ ညွှန်ကြားချက်ရောက်လာ တယ်။ ကျွန်တော်လည်း ရွာလယ်ကျောင်းဆရာတော်ဆီသွားပြီး မူလတန်းလေးတွေဖွင့်ပါ။ ကျွန်တော့်ကျောင်း ကြီးနဲ့တွဲဘက်ထားရမယ်။ ဆရာတော့်ကျောင်းက ကျောင်းသားလေးတွေလည်း စာလည်းတတ်၊ ဆရာတော် အတွက်လည်း အဖော်ရတာပေါ့ဆိုတော့ ဆရာတော်က ကောင်းသားပဲ ဒကာကြီးပဲ ကြည့်စီစဉ်ပေးပါဆိုတာနဲ့ ဘုန်းတော်ကြီးကျောင်း မူလတန်းဖွင့်ရေး ရွာနဲ့ဆွေးနွေးပြီး ဖြစ်အောင်လုပ်ကြရတယ်။ […]


ムラカミApril 7, 20151min1746
မာမီ ကျုပ်​မိန်​းမယူ​တော့မလို့ ဘာဗျ ဘယ်​သူ့သားသမီးလဲဟုတ်​စ စပ်​စုထှာ မလိုဘာဘု သူ့ယူမှာ သူ့မိဘယူမှာမှမဟုတ်​ဘဲ ကြားရာအရပ်​ကသာမြန်​မြန်​ပျံခဲ့ချီ အ​မေသဘူမ​တောလို့ပါဆိုပီး ဖြတ်​ခဲ့တဲ့ ယဲဇား​ဟောင်​း​တေ ဝိုင်​းမရိုက်​ခင်​ ရွာထဲကလူ​တေကို​တော့ ဖိတ်​ဖူးဗျာ ဒင်​းတို့က ချဉ်​စရာ အ​ဖေ့စဂါး ငှါး​ပြောရရင်​ ရိုက်​ကွင်​း၁၂ကွင်​း တကွင်​းမှမလွတ်​သူ​တွေ ​ကျော်​့သဒို့သမီးက လှသဗျ သူ့အမျိုး​တွေလည်​း လှမှာဗဲ ဆို​တော့ နှူးဘာ ​အေတဒက်​ဘွဲ့ရ က​ဆွေတို့ ကမတ်​တို့ကို ဖိတ်​မရဝူးဗျ တ​ယောက်​က ​တော်​ကီအင်​မတန်​​မြောက်​ပြီး တ​ယောက်​က ဆီပုလင်​းခါးချိတ်​ထားတာရယ်​ အဲ ကိုအမဲဆီကိုလည်​းဖိတ်​မရဝူးရယ်​ သူကျ ​လေ​အေး​အေး​လေးနဲ့ထိုင်​ရိတတ်​တာရယ်​ နာမည်​ကိုက ဆိုင်​စိုး​မောင်​ တဲ့ဗျာ အိုးဟိုး ​မေ့​တော့မလို့ တာ​မွေလူမိုက်​​တွေ့မ​ရှောင်​မဇာယိ လည်​းဖိတ်​မရဝူးဗျ အဆဲအဆိုကကြမ်​းပါသဘိနဲ့ ကျ​နော်​့အမျိုးသမီး​လေး လန်​့သွားပါ့မယ်​ ဒီလို ဘီလူးမျိုးအစ်​မ​တော်​ထားတာ သိရင်​ ဟို သမ္မန်​ မာလိမ်​မှူးက​တော်​ […]


naywoon niApril 6, 20151min1364
​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း-၁၄ နားနား​နေ​နေ ရွာက ရွာကြီး​ပေမယ်​လို့ မြို့နဲ့ သိပ်​အလှမ်​း​ဝေးတဲ့ ​နေရာ မဟုတ်​တာရယ်​ ။ နိုင်​ငံခြားထွက်​တဲ့သူ​ပေါတာရယ်​ ။ လွန်​ခဲ့နှစ်​ထိ သီးနှံ​ဈေးကွက်​​ကောင်​းခဲ့ တာ ရယ်​​ကြောင်​့ မှတ်​ပုံတင်​ အသစ်​လုပ်​မဲ့ သူက သိပ်​မရှိပါဘူး ။ ဆယ်​့ရှစ်​နှစ်​ပြည်​့လို့ လဲမဲ့သူ​တွေပဲရှိတယ်​ ။ အရင်​က ရွာမှာဆင်​းလုပ်​မ​ပေးလို့ တစ်​ချို့လည်​း မသိလို့မလာကြဘူး ။ တစ်​ချို့လည်​း ခရီးလွန်​​နေကြ ဆို​တော့ မ​နေ့က လူ ​ခြောက်​ဆယ်​​လောက်​နဲ့ နားလိုက်​ရတယ်​ ။ ဒီ​နေ့​တော့ နားနား​နေ​နေ နဲ့ ​ဖြေး​ဖြေးပဲ လုပ်​သွားရုံ ။ ​နောက်​​နေ့ ချိန်​းထားတာက ကြီးအင်​း ဆိုတဲ ့ အုပ်​စု ။ အရင်​က ​တောင်​ရိုး ရှစ်​အုပ်​စု လို့ […]


ဗုံဗုံApril 3, 20151min71326
ဟိုနေ့ကအလှူပြီးပြီဆိုတော့ တန်ဆောင်မုန်းလရွာပြဇာတ်ကျန်သေးတယ်…. ရွာမှာတန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်နေ့ကနေ ၄ရက်နေ့အထိ ပွဲကတယ်ဗျ.. လပြည့်နေ့မှာ ဘုန်းကြီးကြောင်းက ဘုရားကိုသွားပင့် ပြီးရင်ညပိုင်းမှာ ကာလသားတွေက ဘုရားကို အိမ်တစ်အိမ်ရဲ့ သောက်ရေအိုးစင်ပေါ်မှာ အိမ်ရှင်မသိအောင်ထားခဲ့တာ မနက်လင်းတို့တွေ့တဲ့အိမ်ရှင်က သဲဖြူခင်း ရာဇမတ်ကာပြီး ဘုရားဒကါဖြစ်ရော… အဲ.. ဘုုရားရောက်လာပြီဆိုတော့ အလှူခံလို့ရပြီပေါ့.. လပြည့်နေညနေပိုင်းကစပြီး အပျိုလေး လူပျိုလေးတွေက ရွာနီးချုပ်စပ်အလှူခံထွက်ရတယ်…. ညနေ၆ နာရီလောက်ကထွက်ရင် ည ၁၂ ကျော်မှ ပြန်ရောက်တော့တာ တစ်အိမ်ဝင်တစ်အိမ်ထွက်ဆိုတော့လေ… က ပြပါအုံးဆိုတဲ့အိမ်ကို ကပြရသေးတာ… အလှူခံက ရိုးရိုးမဟုတ်ဘူးဗျ တီးဝိုင်းနဲ့သွားရတာ…. ကျုပ်တို့ရွာက လူငယ်တွေအကုန်လုံးဗုံတီးတတ်တယ်ရယ်.. ကြက်ခြံရှိတဲ့အိမ်က ကြက်ဥအလုံးနှစ်ဆယ်အစိတ်အဲ့လိုထည့်ပေးလိုက်တာ…. ကြက်ဥတောင်းကြီးရွက်ရတာကတစ်မျိုး ..သများတော့ သများလိုက်ရတဲ့အခါမျိုးဆိုရင် အိပ်ကပ်များများပါတဲ့အကျီဝတ်ပြီး ဖလားကိုင်တာဘဲ..   တစ်ရွာနဲ့တစ်ရွာ နည်းနည်းလှမ်းတယ်… သချိုင်းကဖြတ်သွားရသေး နှင်းတွေကခြေထောက်တွေကို ရွှဲလို့ .. […]


naywoon niApril 3, 20151min1224
ရှိ​တော့ရှိတယ်​ ရှားတယ်​ သည်​က​နေ့ ကိုယ်​့အလုပ်​နဲ့ ကိုယ်​ ရှုပ်​​နေတာမို့ အုပ်​ချုပ်​​ရေးမှူးနဲ့ ​နေ့လည်​​နေခင်​း အားလပ်​ချိန်​မရ ။ စကားလည်​းမ​ပြောဖြစ်​ ။ ဝန်​ခံရမယ်​ဆို သူ့အ​ပေါ်အမြင်​သိပ်​မကြည်​ခဲ့ ။ ဘယ်​့နဲ့ ဗျာ ​သွေးအမျိုးအစားခွဲတဲ့ လက်​မှတ်​ကိစ္စ ။ ရုံးက​တောင်​ နယ်​လှည်​့ မြို့နဲ့ အ​တော်​အတန်​ ​ဝေးတဲ့​နေရာ မို့ ​ဖြေ​လျော့ ထားတဲ့ကိစ္စ ။ သူက ​သွေးစစ်​ လက်​မှတ်​ပါမှ လုပ်​​ပေးပါတဲ့ ။ သူက စည်​းကမ်​းထုတ်​ထားတဲ့ ကိစ္စ ဖြစ်​​နေလို့ အဲ့ကိစ္စ ​ဖြေ​လျော့ ​ပေးလိုက်​ရင်​ ​နောက်​ သူထုတ်​မဲ့ စည်​းကမ်​း​တွေ လိုက်​နာမှု ​ပေါ့​လျော့မှာစိုးလို့ပါတဲ့ ။ ဟုတ်​​တော့လည်​း ဟုတ်​တယ်​ ။ ဗမာလူမျိုး သိတဲ့အတိုင်​း ။ ​ရှေ့ကတစ်​မျိုး​ပြောထား ။ […]


naywoon niMarch 31, 20151min1718
​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း -၁၂ စာကြည်​့တိုက်​မှူး လည်​း ရှိသတဲ့ စာကြည်​့တိုက်​ ဆိုတာနဲ့ ​နေဝန်​းနီ စိတ်​ဝင်​စားသွားပါတယ်​ ။ တစ်​ချို့ရွာ​တွေမှာ​တော့ စာကြည်​့တိုက်​အတွက်​ ​မြေ​နေရာ​တော့ ရွာလယ်​​ခေါင်​မှာ ယူထားပါရဲ့ ။ ကွက်​လပ်​ ။ တစ်​ချို့ရွာ​တွေကျ​တော့လည်​း အ​ဆောက်​အဦး လှူမဲ့သူရှိတာ​တောင်​ ​မြေ​နေရာမရှိလို့ ။ ခု​တော့ အ​ဆောက်​အဦး ပါရှိပြီး ​နေဝန်​းနီတို့ အလုပ်​ လုက်​ဖို့​တောင်​ ကျယ်​ဝန်​းတယ်​ဆို​တော့ ။ စိတ်​ဝင်​တစား​မေးကြည်​့မိတယ်​ ။ “စာကြည်​့တိုက်​ဆို​တော့ လူရှုပ်​​နေမလား ရွာမှာ စာကြည်​့တိုက်​နဲ့ဆို​တော့ မြို့​ပေါ်ရပ်​ကွက်​​တွေထက်​ သာတာ​ပေါ့ဗျာ ကျုပ်​တို့ဆီမှာ စာပိတ်​တိုက်​တို့ စာ​လှောင်​တိုက်​တို့ပဲရှိတာ ။ စာအုပ်​​တွေ ထည်​့ပိတ်​ပြီး ​သော့ခတ်​ထားတာရယ်​ ။ ဘီရိုထဲ စာအုပ်​​တွေထည်​့​လှောင်​ပြီး ​သော့​ပျောက်​​နေတာရယ်​ ” ​ပေါ့ ။ […]