အလံထူခွင့်မရတဲ့ရွာကလေး ၁

kotun winlattApril 12, 20151min1678

အလံထူခွင့် မရရှာတဲ့ ရွာကလေး ….
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
အရှေ့အနောက်တောင်မြောက် ပတ်ပတ်လည် တောင်များဝန်းရံနေသည့် ချိုင့်ဝှမ်းလွင်ပြင်ငယ်လေး၏ ကုန့်မြင့်လေးတစ်ခုပေါ်တွင် ဖိုခနောက်ဆိုင် ပေါက်ရောက်နေသည့် ထန်းပင်လေးသုံးပင်ကား ထိုးထိုးထောင်ထောင် …. အခြားအပင်များကြား၌ ထူးခြားနေ၏။ ယင်းထန်းပင်များ၏ အောက်ခြေတွင် ထန်းလက်မိုး ထန်းလက်ကာထားသည့် တဲငယ်တစ်ခု …. ယင်းတဲလေးအတွင်းတွင် လုလင်ပျိုလေးဦးတို့သည် အမြုပ်တစီစီထနေသည့် ဝါးပိုးဝါးအတွင်းမှ ပင်ကျရည်(ဝါ)ထန်းရည်ကို ခွက်ပုံသဏ္ဍာန်ပြုလုပ်ထားသည့် ဝါးဆစ်ပိုင်းလေးများဖြင့် တငြိမ့်ငြိမ့်သောက်နေကြသည်။ စကားပြောသံကား သိပ်မကြားရချေ။ ခဏအကြာ “ကိုယ်တော်လေး … ကင်ခိုင်းထားတဲ့ ကြက်ကင် ရပါပြီဘုရား…” ဟူသည့် အသံနှင့်အတူ တောကြက်တစ်ကောင်လုံးကို တံစိုဖြင့်လျှိုကာ ကင်ထားသည့် ကြက်ကင်ကို ကိုင်လျှက် ထန်းထဲအတွင်းသို့ ထန်းသမား စိုင်းလျှံ ဝင်လာသည်။ ခဏက တိတ်ဆိတ်စွာ ထန်းရည်သောက်နေသည့် လူလေးဦးထဲမှ အသားဖြူဖြူ အရပ်မြင့်မြင့် လုလင်တစ်ဦးမှ “ကဲ …. ရောင်းရင်းတို့ အခုအချိန်ကတော့ မနက်ပိုင်း ပင်ကျရေမဟုတ်တော့ဘူးကွဲ့ … ညနေပိုင်းဖြစ်နေပြီမို့ နေကျော်ရည် ခပ်ပြင်းပြင်းကို ဒီကြက်ကင်လေးနဲ့ မြည်းကြသေးသပ ….” ဆိုပြီး စိုင်းလျှံယူလာသည့် ကြက်ကင်ပေါင်သားတစ်ခြမ်းကို ဆွဲဖဲ့ယူကာ ထန်းရည်တစ်ကျိုက်မော့ချလိုက် ကြက်သားတစ်ကိုက် စားလိုက်ဖြင့် အေးအေးဆေးဆေး သောက်ပွဲကျင်းနေတော့သည်။ ဘေးမှ လုလင်သုံးယောက်မှာလည်း ထိုနည်းနှင်နှင်ပင် ……………..
“ကိုယ်တော်လေး … ကိုယ်တော်လေး……” ဟူသည့် ခေါ်သံနှင့်အတူ ထန်းတဲအတွင်းသို့ လူတစ်ဦး ဒရောသောပါးပြေးဝင်လာသည်။ ထန်းရည်သောက်နေသူ လေးဦးအထဲမှ အသားဖြူဖြူအရပ်မြင့်မြင့်နှင့် လုလင်မှ ပြေးဝင်းလာသူကို တစ်ချက်မော့ကြည့်ကာ “ဟဲ …. ငစစ်ကောင်း နင်ဘာဖြစ်လာလို့ ဒီလောက် ပျာယာခတ်နေရတာလဲ ”
“မှန်ပါ … ကိုယ်တော်လေး ဘုရား ….. ကိုယ်တော်လေးရဲ့ ညီတော်နယ်မြေကို မြောက်ပိုင်းက တာတာလူမျိုးစုတွေ ဝင်တိုက်လို့ အခြေအနေမကောင်းဘူး ဖြစ်နေတယ်ဘုရား …. ညီတော်က ကိုယ်တော်လေးက အမြန်ဆုံးလာပြီး ကူတိုက်ပေးဖို့ ကျွန်တော်မျိုး ငစစ်ကောင်းကို စေခိုင်းလိုက်လို့ပါဘုရား”
” ဟဲ့ … ငစစ်ကောင်း နင့်အရှင်က ငါ့ရဲ့ အရိပ်အောက်မှာ မနေလိုလို့ထွက်ခွာသွားပြီး တစ်ထီးတစ်နန်းသွားထူထောင်နေတာပဲ …. ငါ့ကိုလည်း မူးယစ်သောက်စားနေလို့ဆိုပြီး … နောင်တော်ညီတော်ဆိုတဲ့ စာရင်းကိုတောင် ပယ်ဖျက်မလို့ လုပ်သေးတာမဟုတ်လား”
“မှန်လှပါ ကိုယ်တော်လေးဘုရား … အခုဆို ညီတော်ဟာ သူ့အမှားတွေကို သိမြင်နေပါပြီ …. တကယ်အခက်အခဲကြုံလာတဲ့အခါမှာ အားကိုးရာအစစ်အမှန်က ကိုယ့်သွေးရင်းသားရင်းဆိုတာကိုလည်း သဘောပေါက်နေပါပြီ ဘုရား … အရေးကြီးတာက ကိုယ်တော်လေးက စစ်ရေးစစ်ရာ စစ်ဗျူဟာတွေကို တခြား ညီတော်တွေထက် အတော်ဆုံး ဖြစ်နေတာမို့ မဖြစ်မနေ …. လာပြီး ကူတိုက်ပေးဖို့ အသနားခံအကူအညီတောင်းဖို့ ကျွန်တော်မျိုးကို စေလွှတ်လိုက်တာ ကိုယ်တော်လေး …. အကယ်၍ ကိုယ်တော်လေး လိုက်ပါပြီး စစ်ကူမတိုက်ပေးရင် ကိုယ်တော်လေးရဲ့ ညီတော် စိုင်းခွန်ဖဟာဖြင့် ရန်သူလက်တွင်းသို့ ကျရောက်တော့မှာအမှန်ဖြစ်ပါတယ်….။”
“အေးကွယ်….. ငစစ်ကောင်း သွေးသားရင်းချာက အခက်ကြုံနေတယ်ဆိုတော့လည်း ဘယ်နေလို့ရပါ့မလဲ … ညီအကိုသုံးယောက်ထဲမှာ ငါကအကြီးဆုံးမဟုတ်လား… ညီတော်တွေရဲ့အမှားကို အကြီးဖြစ်တဲ့ ငါကပဲ နားလည်ခွင့်လွှတ်ပေးရမှာပေါ့ … မင့်ရဲ့ အရှင်ကို ပြန်လျှောက်တင်လိုက်ပါ … ငါ စစ်ကူလာမယ်… ဘယ်နေ့ဘယ်ရက်တော့ သေသေချာချာမပြောလိုက်ဘူးလို့ … သို့သော် …. ညီတော် ရန်သူလက်တွင်းမကျရောက်မှီ အရောက်လာပြီး နယ်ချဲရန်သူ တာတာလူမျိုးတွေကို တိုက်ခိုက်ပေးမယ်လို့သာ လျှောက်တင်လိုက်ပါ….”
ငစစ်ကောင်းမှာ သူ၏ အရှင်သခင်ထံ သတင်းစကားအမြန်ပေးပို့ရန် ထန်းတဲအပြင်ဘက်တွင် ထားခဲ့သည့် မြင်းညိုကြီးပေါ်သို့ လွှားခနဲခုန်တက်ကာ တောင်ကုန်းလေး၏ အရှေ့ဘက် ဤနယ်မြေ၏ တစ်ခုတည်းသော ထွက်ပေါက်နေရာသို့ ဒုန်းစိုင်းထွက်ခွာသွားတော့သည်။
ထန်းတဲအတွင်းမှ ကိုယ်တော်လေးဆိုသူမှာ လက်ထဲမှ ထန်းရည်ခွက်ကို တစ်ကျိုက်မော့သောက်လိုက်ပြီး “တွေ့ကြသေးတာပေါ့ တာတာလူမျိုးတွေရယ်”ဟု နှုတ်မှ ကြိမ်းဝါးလိုက်သေး၏။
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@

8 comments

  • naywoon ni

    April 12, 2015 at 6:48 am

    ​အော်​ လူက အမူးမ​ပြေ​သေးပါဘူးဆိုမှ ထ​ရေသမားပို့စ်​နဲ့လာတိုး​နေတယ်​ 🙂

  • kai

    April 12, 2015 at 1:33 pm

    အဲဒီတာတာတွေလို့ခေါ်တာ.. မွန်ဂိုတွေပဲ..။
    ဒါပေမယ့်.. ဘယ်ကဘယ်လို.. နရသီဟပတေ့လည်း ပုဂံကပြေးရရော.. တရုတ်ပြေးမင်းဖြစ်သွားတယ်မသိ..။
    အဲဒီခေတ် ခရစ် ၁၂၈ရ က.. ပုဂံဝင်ဖျက်လိုက်တာ.. မွန်ဂိုတွေပေါ့..။
    ဂျင်ဂစ်ခန်ရဲ့မြေး.. ကူဗလိုင်ခံတပ်တွေ…။

    သမိုင်းအထောက်အထားအရ.. တရုတ်ဆိုတာ.. စိန့်တိုင်းသားကိုခေါ်သောအမည်မဟုတ်..။
    ဒေါက်တာသန်းထွန်းဆိုလိုတဲ့.. သူပုန်၊သကန်ဆိုတာပိုမှန်လောက်တယ်..။
    ဒေါက်တာသန့်မြင့်ဦး ပြောတဲ့.. ယူနန်နယ်သား..မွတ်စလင်တွေတော့ ဟုတ်ဟန်မတူ..။
    =
    Mongol invasions
    Main article: First Mongol invasion of Burma
    Battles of Mongol invasions (1277–87)
    Mongol mounted archers overcame Burmese elephant corps

    This time, Pagan could not do anything to retake Martaban because it was facing an existential threat from the north. The Mongols demanded tribute, in 1271 and again in 1273. When Narathihapate refused both times, the Mongols systematically invaded the country. The first invasion in 1277 defeated the Burmese at the battle of Ngasaunggyan, and secured their hold of Kanngai (modern-day Yingjiang, Yunnan, 112 km north of Bhamo). In 1283–1285, their forces moved south and occupied down to Tagaung and Hanlin. The king fled to Lower Burma in 1285 before agreeing to submit to the Mongols in June 1286.[16][17] Soon after the agreement was finalized, the king was assassinated in July 1287. The Mongols once again invaded south toward Pagan.[17]

    Recent research indicates that Mongol armies may not have reached Pagan itself, and that even if they did, the damage they inflicted was probably minimal.[18] But the damage was already done. All the vassal states of Pagan revolted right after the king’s death, and went their own way. In the south, Wareru, the man who had seized the governorship of Martaban in 1281, consolidated Mon-speaking regions of Lower Burma, and declared Ramannadesa (Land of the Mon) independent. In the west too, Arakan stopped paying tribute.[19] The 250-year-old Pagan Empire had ceased to exist.

  • ခင်ဇော်

    April 13, 2015 at 8:36 am

    ဖတ်ရင်း ကြက်ကင် စားချင်တော့တာပါပဲ

    :sar:

  • Wow

    April 13, 2015 at 7:35 pm

    မွန်ဂိုအင်ပါယာက နောက်ဆုံးတလုပ်လက်ယောက်သွားတာ ထင်ဒယ်

    • kai

      April 13, 2015 at 11:24 pm


      By the time of Kublai’s death in 1294, the Mongol Empire had fractured into four separate khanates or empires, each pursuing its own separate interests and objectives: the Golden Horde khanate in the northwest; the Chagatai Khanate in the west; the Ilkhanate in the southwest; and the Yuan Dynasty based in modern-day Beijing.[14] In 1304, the three western khanates briefly accepted the nominal suzerainty of the Yuan Dynasty,[15][16] but it was later overthrown by the Han Chinese Ming Dynasty in 1368. The Genghisid rulers returned to Mongolia homeland and continued rule the Post-Imperial Mongolia.
      http://en.wikipedia.org/wiki/Mongol_Empire#/media/File:Mongol_Empire_map.gif

    • မြစပဲရိုး

      April 16, 2015 at 2:00 am

      ၁၂၇၉-၁၃၆၈ ယွန်မင်းဆက် အချိန်မှာ မွန်ဂိုတွေ က တရုတ်ပြည် ကို သိမ်းလိုက်ခဲ့တာ လို့ ဖတ်ရတာဘဲ။
      အဲဒီမှာ တရုတ်ပြည် ရဲ့ တိုးတက်မှုကျ သွားတာတဲ့။

      အခု “ဤကမ္ဘာကို တရုတ်တို့ကြီးစိုးသည့်အခါဝယ်” ဆိုတဲ့ စာအုပ် ဖတ်နေတာ။
      အတော်စိတ်ဝင်စားစရာဘဲ။ :))

  • koyinmaung

    April 15, 2015 at 12:33 am

    ဆက်ဖတ်လိုက်အုံးမှ….

Leave a Reply