“ဘာ….ဟုတ်လို့လားဟယ် နင်တို့ကလည်း စိတ်ထင်ရာတွေ လျောက်ပြောနေတယ်၊ ဒီခေတ်ကြီးမှာ ဒါမျိုးဆိုတာ ယုံတမ်းစကားတွေပါ၊ မလိုသူတွေ သွားပုပ်လေလွင့် ပြောတဲ့စကားနေမှာပါ။ အရင်ကဆိုရင်တော့ ယုံမယ်၊ အခု အင်တာနက်မှာ မွန်းဂေးSex ဆိုက်နေ့တိုင်းတက် သတင်းဖလှယ်၊ ကွန်းမန့်တွေဖတ်နေလို့ မအ တော့ဘူး။ မောင်မင်းကြီးသား မှောင်ခို ကျန်းမာပါစေ၊ ချမ်းသာပါစေ..။” မနက် စောစောစီးစီး ပျံ့လွှင့်လာသော သတင်းအပေါ် ပဲပြုတ်သည် ဒေါ်ဘုမ၏ တုံ့ပြန်စကားဖြစ်သည်။ ကောလဟာလသတင်း သယ်ဆောင်လာသူ မောင်ကြောင် မှန်းချက်နှင့်နှမ်းထွက် မကိုက်သဖြင့် မျက်နှာရှုံ့မဲ့သွားသည်။ ယခင်က သူဘာပြောပြော ပါးစပ် အဟောင်းသား နားထောင်လေ့ရှိသူ အဒေါ်ကြီး ပြန်လှန်မေးခွန်း ထုတ်တတ်လာချေပြီ။ ဒေါ်ဘုမ မနက်ဈေးထွက်ပြီးလျင် အရင်လို ရပ်ကွက်ရှိ အိမ်ပေါက်စေ့ အတင်းထိုင်မတုပ်တော့ဘဲ အင်တာနက်ဆိုင်သွား ချက်တင်တက်နေသည်ဟု သိုးသိုးသန့်သန့် ကြားမိတာ […]


Moe ZOctober 31, 20111min25727
မှန်ထဲကကိုယ့်ပုံကိုယ်ကြည့်မိတော့ အပျော်လွန်နေတဲ့ပုံက ဖုံးမရဖိမရ မျက်နှာပေါ်မှာအတိုင်းသား။                            အင်း … ဒီလောက်ကြီးသိသာနေလို့တော့မဖြစ်ဘူး၊ နည်းနည်းတော့ဟန်ဆောင်ရဦးမယ်။ ဘယ်လောက်ကြီးပဲ ကျေနပ်ပျော်ရွှင်နေဦးတော့ မျက်နှာ အမူအရာမှာ လုံးဝပေါ်နေလို့မဖြစ်။ ကိုယ်ကမိန်းကလေး အသက် ၃၄ နှစ်ပြည့်ပြီးတဲ့အထိ ယင်ဖိုတောင်မသန်းခဲ့ဖူးတာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်းသိနေတာပဲ။ အိမ်ထောင်ကျပြီးတဲ့ သူငယ်ချင်းတွေရဲ့ပျော်ရွှင်စရာမိသားစုလေးတွေတွေ့ရင် အားကျစိတ်ဖြစ်မိပေမယ့် လုံးဝမပေါ်လွင်စေပဲ သူတို့ကကိုယ့်ကို ပြန်အားကျအောင်နေပြနိုင်ခဲ့သူပဲ။ အခုမှကြီးဒေါ်တွေကောင်းမှုနဲ့ နိုင်ငံခြားကပြန်လာတဲ့ သဘောင်္သားတစ်ယောက်က ကမ်းလှမ်းလို့စွံရတော့မယ်။ သတို့သားလောင်းက ကိုယ့်ထက် ၃ နှစ်လောက်ငယ်နေတာတော့ သိပ်သဘောမကျပေမယ့် ကိုယ်တိုင်ကလည်းအစွမ်းအစရှိသူ (ယောက်ျားတွေနဲ့ပတ်သက်ရင်)မဟုတ်တော့ လက်ခံလိုက်ပါတယ်။ ပုံစံကတော့ မိန်းကလေးတွေကျမယ့် ရုပ်ရည်မျိုးပဲ။ သဘောင်္သားတွေက သိပ်စိတ်မချရပေမယ့် သူ့အမေနဲ့ကိုယ့်အဒေါ်က သူငယ်ချင်းအရင်းခေါက်ခေါက် အသိုင်းအဝိုင်းလည်းမဆိုးဘူးဆိုပြီး မိဘတွေကသဘောတူကြတယ်လေ။ မနက်ဖြန်ဆိုရင်လူကြီးစုံရာရှေ့ စေ့စပ်ရတော့မယ်၊ ၁ လခြားပြီးမင်္ဂလာပွဲလုပ်မှာဆိုတော့ လုပ်စရာတွေကလည်းများသား။    အရင်ဆုံးကိုယ်အရမ်းကြိုက်တဲ့ ကော်ဖီတောင်ဖြတ်ထားတယ် အသားအရည်အတွက်မကောင်းဘူးဆိုလို့၊ မင်္ဂလာပွဲမှာ […]


မြန်မာတိုင်း(မ်) အတွဲ ၂၈ ၊ အမှတ် ၅၄၁ (၂၈၊၁၀-၃၊၁၁၊၂၀၁၁) စာမျက်နှာ ၂၆ မှာ “ အဆင့်မြင့်နည်းပညာသုံး အဝတ်လျှော်စက်များ” ဆို တာလေး ဖတ်လိုက်ရပါတယ်။ (၁) ဒီ အဝတ်လျှော်စက်ကြီးက T-Drive Function နဲ့ Filter ပါဝင်ပါတယ်။ သူ့ရဲ့စွမ်းဆောင်ရည်တွေကတော့ အဝတ်မနာပါဘူး၊ ခေါက်ရိုးမကျိုး၊ မတွန့်ကြေတဲ့အပြင် လျှော်နေစဉ်မှာ အဝတ်လျှော်စက် အများစုလို အဝတ်တွေကို လုံးထွေးမပစ်ပါဘူးတဲ့။ အလေးချိန်က ကိုးကီလိုဂရမ်။ (၂) ဒီ အဝတ်လျှော်စက်ကတော့ ဟိုတယ်တို့ ဘာတို့ မှာ laundry ပိုင်း သုံးဖို့ပါတဲ့။ ၁၁ ကီလိုဂရမ်တောင်ရှိတာ မို့ ကြီးတယ်ဆိုရမှာပါ။ (၃) ဒီ အဝတ်လျှော်စက်ကတော့ အဝတ်လျှော်တဲ့ အပိုင်းရော ၊ အခြောက်ခံတဲ့ […]


ငယ်စဉ်က ရုရှားစာရေးဆရာကြီး လီယိုတော်စတွိုင်းရေးတဲ့ လူပေါကြီးအီဗန်ဝတ္ထု ဖတ်ဖူးပါတယ်။ (အထင်မကြီးနဲ့ ဘာသာပြန်)။ အသေးစိတ် မမှတ်မိပေမဲ့ ဆိုင်တာကို ကိုးကားပါရစေ။ လူပေါကြီးဆိုသော်လဲ မင်းသိင်္ခဝတ္ထုထဲက ဇာတ်ကောင်စရိုက် အတိုင်းပြောကြေးဆိုရင် လူစွမ်းကောင်း ဒါမှမဟုတ် ဂန္ဓာရီခရီးသည် ဖြစ်နိုင်ပါတယ်။ အီဗန်မှာ လောဘ၊ ဒေါသ မရှိဘူး။ ပကတိ ရိုးသားဖြူစင်တယ်။ အကိုနှစ်ဦးကတော့ သူလိုငါလို အတ္တကြီးသူများ ဖြစ်ပါတယ်။ အရွယ်ရောက်တော့ အကိုနှစ်ဦး အိမ်ထောင်ပြုကြပြီး မိဘသေလို့ အမွေခွဲတဲ့ အခါမှာလည်း ကျွဲနွားရွှေငွေတွေကို သူတို့ပဲ အကုန်သိမ်းတယ်။ အီဗန်ကတော့ ယူရကောင်း၊ နာရကောင်းမှန်း မသိဘူး။ တနေ့မတော့ အီဗန်တယောက် လယ်ထဲမှာ ထွန်သွားနဲ့ညှိနေတဲ့ မှင်စာတကောင် ဖမ်းမိတယ်။ မသတ်ဘဲ လွှတ်လိုက်လို့ မှင်စာက လိုရာဆုမန်းနိုင်တဲ့ ဆေးမြစ်သုံးခုပေးတယ်။ ဆေးမြစ်တခုကို အကိုကြီးက […]


ေတေလOctober 27, 20111min2338
သံတွဲခရိုင်အုပ်ချုပ်ရေးမှုးရဲ.လုပ်ရပ်များကိုအထူးစစ်ဆေးစောင့်ကြည့်ရန် လိုအပ်နေပါကြောင်း ရွာသူရွာသားမိတ်ဆွေများသိရှိရန်ဖြစ်ပါတယ် ဘင်္ဂလားဒေရှ်.ပို.ရန် နွားလှေတစ်စီးပင်လယ်ထဲထွက်ရင် ခရိုင်အုပ်ချုပ်ရေးမှုးကိုသုံးသိန်းဆက်ကြေးပေးဆောင်နေရာမှာ ခရိုင်အုပ်ချုပ်ရေးမှုးက သူအတွက်နည်းနေတယ်ဆိုပြီးတော့နောက်ထပ်တစ်သိန်းထပ်မံတောင်းနေလို ့ ယခုတော့စုစုပေါင်းလေးသိန်းပေးနေရပါကြောင်းသိရှိရပါတယ် ဂျိတ္တော အပါအဝင်ပင်လယ်ကမ်းခြေ ငါးလှမ်းကွက်များကိုယခင်နှစ်တစ်ကွက်ကိုငါးသောင်းကျပ်ကနေ ယခုနှစ်တော့သုံးသောင်းငါးထောင်အထိလျော့ချပေးလိုက်ပါပြီဗျို. ကမ်းခြေရှိငါးလှမ်းတဲ့အကွက်တွေကအကွက်၂၀ဝကျော်ဆိုတော့ တစ်ကွက်ကိုသုံးသောင်းငါးထောင်နဲ.စုစုပေါင်းကောက်ခံရငွေကသိန်း၇ဝကျော်ပေါ့နော်…. ကောက်ခံရငွေသိန်း၇ဝကျော်ကိုဘယ်နေရာတွေမှာအသုံးပြုမှာလည်း……… သံတွဲမြို.နယ်ဖွံဖြိုးတိုးတတ်ရေးအတွက်သုံးစွဲမယ်ဆိုရင်တော့ ဒေသခံတွေကကန်.ကွက်ရန်မရှိကြောင်းဒေသခံတွေရဲ.ပြောဆိုသံတွေကြားနေရပါတယ် ရွာသူရွာသားမိတ်ဆွေအပေါင်းတို.ရေ…. အထက်ဖေါ်ပြပါငွေတွေကို ဘယ်နေရာတွေမှာ သံတွဲ ခရိုင်အုပ်ချုပ်ရေးမှုးသုံးမှာလည်းဆိုတာကိုဝိုင်းဝန်းစဉ်းစားကြည်.လိုက်ကြဦးနော်….


ဘဘOctober 22, 20111min16211
The Voice Weekly Journal Vol.7/ No.45 စာမျက်နာ ၃၉ က ညိမ်းသူရေးထားတဲ့ အင်တာဗျူးပါ ခေါင်းစီးက” အထူးကုဆရာဝန်ဆိုတိုင်း ချင့်ချိန်ယုံကြပါလို့”ဖြစ်ပါတယ်။ အတိုချုံး က – လူနာက သဘော်သားတယောက် ၊ ဗိုက်နာလို့ အထူးကုဆေးခန်း” သုခကမာ႓” မှာပြတယ်။ အူအတက် ခွဲထုတ် လိုက်တယ်။ နောက်ဆက်တွဲ ပြက်သနာ နဲ့( အနာပိုးဝင်၊ လေမလည်၊ ဝမ်းမသွား၊ ဗိုက်ဖောင်း) လာလို့ ဒုတိယတခါ ခွဲခန်း ဝင်ရတယ်။ နောက်တော့ ရန်ကုန်ဆေးရုံကြီးကို လွှဲတယ် ၊ လူနာ က ဆုံးသွားတယ်။ ( အသေးစိတ် Procedure လဲ Voiceက ရေးမထားဘူး) ၈ရက်နေ့ မှာ အထူးကု ဆေးခန်းပြ […]


amatminOctober 21, 20111min29429
တလောလေးက ဂျာနယ်အတော်များများမှာ.. မွေးစကလေးတွေကိုလူမဆန်စွာပဲ.စွန့်ပစ်တယ်ဆိုတဲ့ သတင်းတချို့ဖတ်လိုက်ရတာရယ် ပြီးတော့ကိုယ်ပတ်ဝန်းကျင်မှာ. နောက်ထပ်အလားတူဖြစ်ရပ်ကလေးတွေကြားသိရတာနဲ့ပဲ..ဒီပို့စ်လေးကိုရေးဖို့ စိတ်ကူးမိတာပါ.. မွေးစကလေးတွေကို.မိဘတွေက.မလိုချင်လို့စွန့်ပစ်ကြတယ်ဆိုတာက အနီးအနားပတ်ဝန်းကျင်မှာအဆင်ပြေသလို စွန့်ပစ်ကြတာဆိုတော့.လူတွေသိပြီး.သတင်းတွေထွက်လာတာပေါ့ဗျာ.. ကျွန်တောပြောချင်တာက.အဲဒီအဆင့်ကိုမရောက်မှီပဲ.လူမဖြစ်သေးတာလေးတွေကို လွယ်လွယ်ကူကူစွန့်ပစ်နေကြတဲ့ ဖြစ်ရပ်တွေလဲအပုံအပင်ရှိလာကြပြီဆိုတာကို.ပြောချင်တာပါ.. တမြန်နေ့ကပေါ့..ငယ်သူငယ်ချင်းတယောက်ကျွန်တော့ဆီ.ရောက်လာတယ်. သူနဲ့မတွေ့တာကြာနေပြီဆိုတော့မိန်းမယူသွားပြီတောင်ထင်နေတာလေ.စကားပြောကြည့်တော့မရသေးပါဘူးတဲ့. အခုလာတာကလည်းသူ့ကောင်မလေးနဲ့ပက်သက်ပြီး တိုင်ပင်ချင်လို့ပါ ပေါ့..ဒါနဲ့ပဲ.ဟကောင်ရ မင်းမိန်းမယူဖို့ဆိုရင်မင်းမိဘတွေကိုတိုင်ပင်ပေါ့ဟ ငါကလူပျိုတိုင်ပင်လည်းဘာမှမသိဘူး (ကြော်ငြာတာမဟုတ်ပါဗျာ) ဘာမှလည်းအကြံမပေးတတ်ဘူးဆိုတော့.အဲ့ဂလို မဟုတ်ပါဘူးတဲ့ဗျာ.. အခုဟာက ဒင်းတို့နှစ်ယောက်.ကဲချင်တိုင်းကဲ.ဖြစ်သလိုနေလာကြပြီး. နောက်လူတိုးမဲ့ပြသာနာပေါ်နေလို့.. သူတို့ကလဲ မယူချင်သေးကြဘူးဆိုတော့.အဲဒါကို ဘယ်လိုရှင်းရင်ကောင်းမလဲလို့ လာတိုင်ပင်တာပါတဲ့..ပြောရရင်တော့သူခိုးသေဖော်ညှိတာပေါ့နော်.. အမှန်တော့ သူ့အသက်အရွယ်.နဲ့ ငွေကြေးပိုင်းအရဆိုရင်လည်း.ယူမယ်ဆိုယူသင့်သလို ယူလည်းယူနိုင်တဲ့အနေအထားပါ..ဒါပေမဲ့ သူတို့ကတော့လက်မထပ်ချင်သေးဘူးဆိုတဲ့.အကြောင်းကိုပြောပြီး ဒီကလေးကိုမယူဖို့တွင်တွင်ကိုငြင်းနေတာပဲ.. ကိုယ့်အနေ နဲ့ကတော့ဖြစ်ပြီးတဲ့နောက်ဆက်တွဲလေးကို. လူသားဆန်ဆန်တာဝန်ယူဖို့.ကောင်းရာကောင်းကြောင်းပဲအကြံပေးလိုက်တယ်. ဖျက်ချတယ်ဆိုတဲ့.လူမဆန်တဲ့လုပ်ရပ်ကိုတော့လုံးဝ မစဉ်းစားသင့်ကြောင်းလည်းပြောမိတယ်.. အဲဒီမှာ သူတို့ဘက်က ဘယ်လိုစကားတွေထွက်လာလဲဆိုတော့.တခြားသူငယ်ချင်းတွေတုန်းကလည်း.. အဲလိုပဲအဆင်ပြေသလို ရှင်းလိုက်ကြတာပဲ..အခုကြည့်ပါအုံး ဘယ်လောက်အေးအေးဆေးဆေးနဲ့ လွတ်လပ်နေကြသလဲပေါ့ဗျာ.. (နှစ်ယောက်.သုံးယောက်မကဘူးနော်).. သူပြောတဲ့သူငယ်ချင်းဆိုတာတွေက လည်းကျွန်တော်နဲ့ခင်မင်တဲ့ သူငယ်ချင်းတွေပါ ပဲ..အပေါင်အအသင်းတွေကြားမှာတော့ ပုံမှန်အားဖြင့် ကူညီရိုင်းပင်းချင်စိတ်ရှိတဲ့ဆက်ဆံရေးကောင်းမွန်သူတွေပါပဲ.. […]


Don Juan RonaldOctober 15, 20111min1136
ပြီးခဲ့တဲ့တနင်္လာနေ့၊ ကျနော်တို့ရဲ့မြို့တော်ထိုင်ပေ ( Taipei )တွင်၊တရုတ်သမတနိုင်ငံ ( Republic of China ,also known as Taiwan )၏နှစ်၁၀ဝပြည့်အထိမ်းအမှတ်ပျော်ပွဲရွှင်ပွဲနှင့်စစ်ရေးပြပွဲ့များ စည်စည်ကားကားသိုက်သိုက်မြိုက်မြိုက်ကျင်းပခဲ့ပါသည်။ ၎င်းပွဲသို့တက်ရောက်လာသောနို င်ငံခြားရောက်တရုတ်(Oversea Chinese )၂၀၀၀ဝကျော်ထဲမှာဗမာပြည်မှအယောက်၆၀ဝကျော်ပါဝင်ကြောင်းသိရှိရပါသည်။ နှစ်ပေါင်း၁၀ဝကျော်တုံးကတရုတ်သမတနိုင်ငံသည်အာရှတွင်ပထမဦးဆုံးသော ဒီမိုဂရေစီနိုင်ငံကြီးဖြစ်ခဲ့ပေမဲ့၊တရုတ်လူမျိုး အများစုမှာနှစ်ပေါင်း၁၀ဝကျော်အတွင်းဒီမိုဂရေစီကိုလုံးဝခံစားခွင့်မရှိခဲ့ပါ၊ လွန်ခဲ့သည့်နှစ်၂ဝမှစ၍ထိုင်ဝမ်ကျွန်းမှာ သာဒီမိုဂရေစီအပြည့်အဝခံစားခွင့်ရှိလာကြသည်။ net ပေါ်မှာဒီလိုဟာသတခုရှိတယ်၊ တရုတ်တွေအများဆုံးနေထိုင်တဲ့အရပ်ဒေသ၄ခုရှိတယ်။ ပထမ-ဟောင်ကောင်မှာနေတဲ့တရုတ်တွေဆိုရင်၊ ဥပဒေကန့်သတ်ထားတာကနေလွဲရင်ဘာမဆိုလုပ်၍ရသည်။ ဒုတိယ-စင်ကာပူမှာနေတဲ့တရုတ်တွေဆိုရင်ဥပဒေဘောင်တွင်း၊ ခွင့်ပြုထားသည်မှလွဲရင်ဘာမှမလုပ်ရဘူး။ တတိယ-ထိုင်ဝမ်မှာနေတဲ့တရုတ်တွေဟာ ဥပဒေဘောင်အတွင်း၊ဘောင်အပြင်အကုန်လုပ်လို့ရတယ်။ စတုတ္ထ-တရုတ်ပြည်မကြီးမှာနေတဲ့တရုတ်တွေဆိုရင် ဥပဒေဘောင်အတွင်းဘောင်အပြင်အကုန်ဘာမှမလုပ်ရဘူး။   တရုတ်သမတနိုင်ငံတည်ပြီးခါစ၊မန်ချူးမင်းဆက်၏လက်ကျန်စစ်အာဏာရှင်များသည် နယ်ချဲ့များ၏ထောက်ခံမှုဖြင့်နှစ်ပေါင်း၂ဝနီးပါးအချင်းချင်းတိုက်ခိုက်သတ်ဖြတ်ခဲ့သည်။ စစ်အာဏာရှင်ကြီးလည်းဟုတ်၊မျိုးချစ်သူရဲကောင်းလည်းဖြစ်တဲ့ခေါင်းဆောင်ကြီး ချန်ကေရှိတ််သည်ကူမင်တန်အစိုးရကိုဦးဆောင်၍တရုတ်ပြည်ကြီးကို united ဖြစ်အောင်လုပ်နိုင်ခဲ့သော်လည်း၊များမကြာခင်တရုတ်ကွန်မြူနစ်၏ ဆူပူသောင်းကျန်းမှုကြောင့်ပြည်တွင်းစစ်ပြန်ဖြစ်လာသည်၊ ကွန်မြူနစ်များကိုအပြီးသတ်သုတ်သင်ပြီးခါနီးအချိန်မှာဖက်ဆစ်ဂျပန်များအလုံးအရင်းနှင့်ကျူးကျော်ဝင်ရောက်လာ၍၊ချန်ကေရှိတ်သည်ကွန်မြူနစ်များနှင့် peace လုပ်လိုက်ရသည်။ ချန်ကေရှိတ်သည်ရှိသမျှအင်အားဖြင်ရှေ့တန်းတွင် ဂျပန်တွေနှင့်စစ်တိုက်နေတဲ့အခါကွန်မြူနစ်များသည်နောက်ကွယ်မှာအင်အားစုစည်းနေသည်။ နဂိုမှညံ့ဖျင်းချည့်နဲ့ချူချာနေတဲ့တရုတ်တွေဟာဂျပန်တွေကို အရှုံးကြီးဘဲရှုံးနေပြီးပင်လယ်ကမ်းခြေတခုလုံးဂျပန်တွေက သိမ်းပိုက်သွားလိုက်တော့သည်။ နောက်ဆုံး US ကလူအင်အားရောငွေအင်အားရောအလုံးအရင်းနှင့် တရုတ်ကိုထောက်ပံကူညီပြီး၊ဖက်ဆစ်ဂျပန်များကို ၁၉၄၅ခုနှစ်တွင်အောင်မြင်စွာတိုက်ထုတ်ခဲ့သည်။ ထို့နောက်၁၉၄၉ခုနှစ်တွင်အင်အားချည့်နဲ့ပြီးလက်ပမ်းကျနေသော […]


ယခုခေတ်ဟာ2011ရာစုနှစ်အားဖြင့် နှစ်ဆယ့်တရာစုရောက်နေပြီလေ။ ဒါပင့်မဲ့အိုင်တို့မြန်မာပြည်ကြီးလွန်ခဲ့တဲ့ အနှစ်20လောက်ကလောက်တောင်မချမ်းသာတဲ့ အပြင် တဖြည်းဖြည်းနဲ့မွဲပြီးဆင်ရလြာတယ်။ မြန်မာလူမျိုူးတွေကိုမွဲတထက်မွဲ ပြာတထက်ပြာအောင်ဘယ်သူတွေလုပ်နေလဲဆိုတာအိုင်မသိဘူးလေ။ သိလည်း ပြောရဲပါဘူးနော်ဟုတ်ဘူးလား။ မြန်မာပြည်လွန်ခဲ့အနှစ်20ပြန်လည်အောင်မေ့မိတယ်လေ။ ဘာလိုလဲဆိုတောခုနှစ်အားဖြင့်1994လောက်တောမြန်ာမပြည်ဟာတခါးပိတ်စီးပွားရေးဝါလေ။ မတိုးတက် မခေတ်မီသေးဘူးနော်။ ဒါပင်မဲ့မဆင်းရဲတာတောအမှန်လေ။ ဆင်းရဲတဲ့ သူတွေကလည်း ရွှေဂေါင်းပြောင်လို့ မြန်မာပြည်မှာခေါ်တဲ့ ဘဲဥလောက်က အလုံးများများမိသားစုတစု လောက်လောက်ငငစားနိုင်တယ်လေ။ အဲဒီကစပြီးတောတဖြည်းဖြည်းနဲ့1996နှစ်ကြသောvisiting myanmar လို့ခေါ်တဲ့ မြန်မာပြည်နှင့်နိုင်ငံတကာကူးလူးဆက်ဆန်ရေးဆိုတဲ့ တခါးဖွင့်ဝါဒစတင်ကျင့်သုံးလို်တာလေ။ အဲဒီကစပြီးတောမြန်မာလူမျိုးတွေလည်း တဖြည်းဖြည်းဆင်းရဲလာလိုက်တာအခုတောချမ်းသာတဲ့ သူတွေမှာဘဲဥဆိုတဦးတလုံးကျ စားရတဲ့ ဘဝမျိုးရောက်နေပြီလားတောမသိဘူေးလ။ ကမ္ဘာမှာ1945လောက်စပြီးတောစစ်အေးတိုက်ပွဲတွေကလွဲလို့တနိုင်ငံနဲ့တနိုင်ငံစိပွားရေးစစ်ဘဲတိုက်တောတယ်လေ။ အဲဒီစိပွားရေးစစ်ပွဲတွေဘေးထွက်ဆိုးကျိုးတွေကမဖွံးဖြိုးသေးတဲ့ မြန်မာပြည်လိုနိုင်ငံမျိုးပ်ိုပြီးတောခံရတယ်လေ။ အဲဒီဟာတွေဖြစ်ချိန်တန်လိုဖြစ်လာတယ်လေ။ ်ဲဒီစစ်ကိုဘယ်လိုကာကွယ်မလဲဆိုမစဥ်းစားဘဲကိုယ်ကောင်းစားဖို့စဉ်းစားနေတဲ့ လူတချို့ကြောင့်မြန်မာပြည်ခေတ်လဲနောက်ကျနိုင်င့လည်း မွဲတေလာပြီး ကမ္ဘာအဆင်းရဲဆုံးနိုင်ငံတွေစာရင်းမှာတောင်ပါဝင်ခဲ့ရပြီးလေ။ သယံဇတတွေဒီလောက်ပေါဒီလောက်မျာေးနတောတောင်မြန်မာပြည်နှင့်မြန်မာလူမျိုးတွေဆင်းရဲရတော်တော်ရင်နာဖို့ကောင်းတယ်လေ။ ဗိုလ်ချုပ်အောင်ဆန်းသာရှိသေးရင်သူနိုင်ငံသူအရ တိုက်ပေးခဲ့မြန်မာပြည်ကြီးဘယ်လောက်များကြည့်ကြည့်ပြီး ဝမ်းနည်းလိုက်မလဲဆိုတွေးကြည့်တာနဲ့တင်သိနိုင်တယ်နော်။ မြန်မာပြည်နှင့်အိုင်တိုဗိုလ်ချုပ်အဆက်သွယ်ဖြတ်တာနှစ်20ကျော်လေ။ ဒင်းတို့တွေသေသွားတဲ့ ဗိုလ်ချုပ် မျက်နှာကြည့်ရမှာကြောက်လဲေ ကြာက်ရှက်လည်း ရှက်လို့နဲ့တူတယ်ထင်ပါတယ်လေ။ ကျောင်းတွေအိုင်တို့ငယ်ငယ်ကဆိုနိုင်ငံတော်အလံအောက်ဗိုလ်ချုပ်ပုံလေ အမြဲအလေးပြုနေရတာကိုသွေးထဲမှာပိုးကောင်လေးတွေ သွာနေသလို တရွှရွှနဲ့လေနိုင်ငံအတွက်တခုခုလုပ်ပေးချင်စိတ်တွေတဖွးဖွးပေါ့နော်.။ အိုင်တို့၈တန်းနှစ်လောက်စပြီးတော […]


မနေ့ကလဘက်ရည်ဆိုင်ထိုင်ရင်း ကုန်ကားသမားမိတ်ဆွေအချို့ရဲ့ ညီးညူသံကိုကြားရပါတယ်။ ကုန်တင်တဲ့အခါမှာအာစီယံစံချိန်စံညွှန်း အတိုင်းတင်ရမယ်ဆိုတဲ့သတ်မှတ်ချက်တွေကြောင့်လို့ဆိုပါတယ်။ အခုတလောလမ်းတွေရဲ့ကတ္တားတွေဟာ ယာဉ်တန်ချိန်ကိုသတ်မှတ်ရာမှာ တပြေးညီမဟုတ်ပဲအမျိုးမျိုးဖြစ်နေတယ်လို့ဆိုပါတယ်။တချို့နေရာတွေက ဗွီအိုင်စီမှာပါတဲ့ယာဉ်တန် ကုန်တန်ကိုပဲ လက်ခံပြီး တချို့နေရာတွေမှာ တော့သတ်မှတ်ထားတဲ့တန်ကိုလက်ခံတယ်ဆိုပါတယ်။ တချို့နေရာတွေမှာကတ္တားချိန်တဲ့အဖွဲ့ကလက်ခံပေမဲ့ ယာဉ်စစ်ဆေးတဲ့ ဆောက်လုပ်ရေးအဖွဲ့ကလက်မခံဘူးလို့ဆိုပါတယ်။ အချို့ကားတွေဟာယာဉ်မှတ်ပုံတင်စာအုပ်ထဲရေးထားတဲ့သတ်မှတ်ချက် အတိုင်းဆိုရင် ကုန်လုံးဝတင်လို့မရတော့လောက်အောင်ဖြစ်နေတယ် လို့ဆိုပါတယ်။ ဘာကြောင့်ဒီလိုဖြစ်ရသလဲဆိုရင်၊ သူတို့ကားတွေဟာ အော်ရီဂျင်နယ်အတိုင်းမဟုတ်ပဲပြုပြင်ထားကြတာပါ။  ကားတစ်စီး ကို ဝယ်လာပြီးရင် ဖရိန်ကိုပိုမိုတောင့်တင်းအောင် ထပ်ပိုးကြပါတယ်။ တန်းတွေကိုပါလာတဲ့တန်းထက်တန်ချိန်ပိုတင်နိုင်တဲ့တန်းတွေပြောင်းလဲ တပ်ဆင်ကြပါတယ်။ဂွေတွေပြောင်းပါတယ်၊တာယာဆိုဒ်တွေပြောင်းပါ တယ်။ အဲဒီအခါမှာယာဉ်ရဲ့တန်ချိန်ဟာ ကုန်မတင်ရသေးပေမဲ့ ယာဉ်မှတ်ပုံတင်မှာပါတဲ့ ယာဉ်+ ကုန်ရဲ့ တန်ချိန်နဲ့ညီသွားတဲ့အတွက် ကုန်တင်လို့မရတော့ပါဘူး။ ဘာကြောင့်ဒီလိုလုပ်ကြရတာလဲဆိုတော့ (၁)ကုန်ပိုတင်ချင်လို့လုပ်ကြတာပါ၊ဘာလို့များကုန်ကိုပိုတင်ချင်ကြသလဲ ဆိုတော့ ကားတစ်စီးကိုသူတို့ဝယ်ထားရတဲ့ဝယ်ရင်းဈေးနဲ့ ဒီကားကို ပြန်ခိုင်းစားတဲ့နေရာမှာတွက်ချေကိုက်အောင်လုပ်ရတာလို့ဆိုပါတယ်။ ဥပမာ ကားတစ်စီးကိုသိန်းတစ်ရာရင်း ဝယ်ထားပြီး လုပ်စားလို့ တစ်ခေါက်ကို နှစ်သိန်းမြတ်မယ်ဆိုရင် သိန်းသုံးရာနဲ့ပေးဝယ်ထားရတဲ့ကားဟာ တစ်ခေါက်ကို ငါးသိန်းလောက် မြတ်သင့်တာပေါ့ ။ […]


water-melonOctober 13, 20111min51534
ခေတ်ရေစီးကြောင်း တိုးတက်လာတာနှင့်အမျှ ဆုတ်ယုတ်မှုတွေလည်း တိုးတက်လာပြီတယ်။ ပြောချင်တာတော့ ခေတ်စားနေတဲ့ စပွန်ဆာ ကိစ္စလေးပါဘဲ။ မော်ဒယ်လောကမှာ အသုုံးများသလို ပြင်ပလောကမှာလည်း ရှိပါတယ်။ မြန်မာပြည်မှာက မိန်းကလေးတော်တော်များများက မော်ဒယ်ဖြစ်ချင်ကြပါတယ်(ကောင်းသောမြန်မာမိန်းကလေးများမပါပါ)။ ဟိုတစ်လောက ကြားလိုက်ရသေးတယ်။(…….)မော်ဒယ်သင်တန်းတက်နေတဲ့ ကောင်မလေးတစ်ယောက်က သူ့ကိုစပွန်ဆာရှာပေးပါတဲ့။ သွားရောပေါ့ဗျာ မြန်မာမိန်းကလေး ဆိုတဲ့ ဂုဏ်ပုဒ်က ကုန်းကောက်စရာမရှိအောင် ဖြစ်သွားတယ်။ ဒီလိုမိန်းကလေးတွေရှိနေလို့လဲ စပွန်ဆာတွေက ငမ်းငမ်းတက်နေကြတာလေ။ စပွန်ဆာတွေက ဘာလိုချင်လဲဝယ်ပေးမယ်။ ပြီးရင်သူ့လိုအင်ဖြည့်ပေါ့။ ကျွန်တော်တို့ရဲ့ သူငယ်ချင်းတစ်ယောက် ပါဘဲ သူကအဆိုတော် ဖြစ်ချင်တာ။စပွန်ဆာလည်းရရော သီချင်းခွေထွက်သွားတယ်။ ပြီးတော့သူနဲ့စပွန်ဆာ ဇာတ်လမ်းခွေက မြင်မကောင်းအောင် ပလူပျံလာတယ်။ တကယ်တော့ စိတ်မကောင်းဘူး တို့မြန်မာမိန်းကလေးတွေ ဒီလိုဖြစ်ကုန်ပြီလား။ ဘာလို့လဲ အဝတ်အစားတွေကို လန်ပျံလျှံကျအောင် ဝတ်တတ်ကြတယ်။ ဗိုက်ဖော်ချက်ဖော် အကုန်ဖော်ကြတယ်။ ရိုင်းရိုင်းပြောရရင် ယောက်ျားမရမှာစိုးနေကြတာလား။ facebook မှာဆိုပိုဆိုးတယ် […]


မိုးကြိုးလက်နက် သိကြား စက်   အခုတလော  တယ်လီဖုန်းလိုင်းတွေ   မကြာခဏပြတ်တောက်နေပါတယ်။ ဆက်သွယ်ရေးနဲ့နီးစပ်တဲ့ သူတွေကို  မေးကြည့်လိုက်တော့   ရာသီဥတုမကောင်းတဲ့အချိန်မှာ စက်တွေ ပိတ်ထားရကြောင်းပြောပါတယ်။  တန်ဘိုးကြီးတဲ့ စက်ပစ္စည်းတွေကို မိုးကြိုးထိပြီး ပျက်စီးမှာစိုးလို့  ဖြစ်ပါတယ်။   ဒီလိုကြိုတင်ပြီးပိတ်လိုက်ရင် နာရီပိုင်းပဲ  အဆက်အသွယ် ပြတ်တောက်နိုင်ပေမဲ့၊  မိုးကြိုးထိသွားရင်ရက်နဲ့ချီပြီးကြာသွားနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ့်မြို့ပေါ်မှာရာသီဥတု ကောင်းနေပေမဲ့ဆက်သွယ်ရေးဆက်ကြောင်းတွေရဲ့အရင်းဖက်ကြတဲ့မြို့နဲ့ ထိမ်းချုပ်တဲ့မြို့တွေက ပိတ်လိုက်ရင်လည်းဆက်သွယ်မှုပြတ်တောက်သွားတယ်လို့သိရပါတယ်။ ဒီအကြောင်းနဲ့  ဆက်စပ်ပြီး မိုးကြိုးအကြောင်းစဉ်းစားမိပါတယ်။ မိုးဦးကျရာသီနဲ့  အခုလို မိုးနှောင်းပိုင်း ရာသီတွေ ဟာ  မိုးကြိုးပစ်မှုအများဆုံးရှိနိုင်တဲ့အချိန်ပါ။ မိုးကြိုး ပစ်ရခြင်း  အကြောင်း အကြမ်းဖျင်းသိထားတာက ပူရာကနေရုတ်တရက်  အေး ၊အေးရာက ရုတ်တရက်ပူ တဲ့ကာလဟာ လေထု သိပ်သည်းဆတွေ အမျိုးမျိုးပြောင်းပြီး တိမ်တွေရဲ့ရွေ့ရှားမှုဟာလည်းအရမ်းများလာ တယ်လို့ဆိုပါတယ်။ ဒီတိမ်တွေထဲမှာ လျှပ်စစ် ဓါတ်ဖိုဆောင်တဲ့ တိမ်တွေနဲ့ […]


(ပုံစံအားဖြင့် သူတစ်ပါးပစ္စည်းကို မခိုးရခြင်း)  သူတစ်ပါးပစ္စည်းကို ခိုးယူနေကြမည်ဆိုပါက ထိုခိုးသူကြောင့် ပတ်ဝန်းကျင်ဟာ ငြိမ်းအေးမှာမဟုတ်တော့ပါဘူး။ လူ့ငြိမ်းအေးမှုကို ထိခိုက်စေတာမို့ လူသားတိုင်း သူတစ်ပါးပစ္စည်းဥစ္စာကို မခိုးဖို့လိုက်နာ စောင့်ထိန်းသင့်ပေသည်။ ဒါဟာပုံစံအားဖြင့် ပေါ်အောင်ပြောရတာပါ။ ဒီပုံစံထဲမှာ ကိုယ့်ဘဝနဲ့ဆိုင်တာတွေကို ဖြည့်ကြည့်ကြမယ်ဆိုရင် သူတစ်ပါး ပစ္စည်းဥစ္စာ ဘာကြောင့် မခိုးသင့်လဲဆိုတာကို ထပ်မံစိစစ်ကြည့်မယ်ဆိုရင် ကိုယ်မရသင့် တာကို ရယူနေမယ်ဆိုရင် ဒီသူရဲ့ လူ့အရည်အချင်းလို့ဆိုရတဲ့ တန်ဘိုးဟာတဖြည်းဖြည်းချင်း ကျဆင်းသွားပါလိမ့်မယ်။ ဥပမာအားဖြင့် စာမေးပွဲမှာ စာခိုးချပြီးအောင်ခဲ့တဲ့ကျောင်းသားဟာ သူ့ဘဝမှာ အောင်မြင်ဖို့အတွက် ကိုယ့်အရည်အချင်းအမှန်ကိုု အားကိုးယုံကြည်မှု လျော့နည်းသွား ပါလိမ့်မယ်။ အချောင်သမားစိတ်ဓာတ်တွေဖြစ်သွားတာမို့ ကောင်းမွန်တဲ့ လူ့အရည်အချင်းများပျက်စီးသွားတာသည် ကိုယ်နဲ့ မထိုက်တန်သေးတဲ့ အခြေအနေရဖို့ စာမေးပွဲ ခန်းထဲမှာ စာခိုးချခဲ့တာက စခဲ့တာပါပဲ။ ကိုယ်နဲ့ မထိုက်တန်တာ မရသင့်တာကို ယူမိခဲ့တဲ့ (စာခိုးချခဲ့တဲ့) […]