alinsettJanuary 3, 20171min1684
ဂွဇွတ်တောင်ပေါ်မှ မျှစ်ကြော်ပြုံး၏ စိန်ခေါ်သံ —မျှစ်ကြော်ရဲ့ ပထမလက်သီး မော်ဒန်ကဗျာဆရာတွေဟာ ကာရံမလိုဘူးလို့ စွဲကိုင်ပြောမယ်ဆိုရင်၊ အတွေးအမြင်သာ အဓိကလို့ ပြောမယ်ဆိုရင်. . .” (ဝင့်ပြုံးမြင့်) ——– အဲ့ဒီ ပထမလက်သီးချက်ကို အရင် ရှင်းပါရစေ။ ခေတ်သစ်အနုပညာသမားတွေကို “ဆရာမ ဝင့်ပြုံးမြင့်” ထင်တော်မူနေတာကိုက လွဲတွဲတွဲလေး ဖြစ်နေပါတယ်။ ကျွန်တော်တို့(မော်ဒန်သမားတွေ)က ကဗျာမှာ ကာရန် မလိုဘူး လို့ ယူဆတာ မဟုတ်ပါဘူး။ ကာရန် မပါလည်း ကဗျာ ဖြစ်တယ်လို့သာ ယူဆတာပါ။ ”ကာရန်ပါမှ ကဗျာ”ဆိုတဲ့ ”ဘောင်”ကြီးကို ဖြိုချလိုက်ကြရုံပါ။ (ထပ်ပြောပါရစေ။ နှစ်ထပ်ရှိအောင် ပြန် ဖတ်ပေးပါဦး။ ”ကာရန် ပါမှ ကဗျာ ဆိုတဲ့ ဘောင်ကြီးကို ဖြိုချလိုက်ကြရုံပါ”) ကာရန်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ ကဗျာ ရေးလို့ […]


ko sixJanuary 2, 20171min1002
အဲဒီနေ့ဟာ ကောင်းကင်ကိုဖြစ်စေ မြေကြီးကိုဖြစ်စေ မိဘကိုဖြစ်စေ တိုင်တည်ပြီး ရှင်သန်မှုမှာ အချည်းနှီးမဖြစ်စေဖို့ ဝိမုတ္တိလမ်းပေါ်က လမ်းညွှန်မြားတစ်ကြောင်းဖြစ်ကြောင်း ဂရုတစိုက် မောင်းနှင်ရမယ့် တဏှာတပ်ယဉ်တစ်ခုပါ။ မွေးနေ့ဆိုတာ သေဖို့အတွက် လှေကား တစ်ထစ်တက်တာလား။ တစ်ထစ်ဆင်းတာလား။ မရဏက မွေးနေ့နဲ့ဖြားယောင်းပြီး အသက်ရှင်ခြင်းမှာ မလိမ့်တပတ်ပျော်နေစေတယ်။ ငယ်ရွယ်မှုကိုပြပြီး အနိစ္စကို သတင်းအမှောင်ချထားတဲ့ နိုင်ငံဖြစ်​​နေတယ်​။ ပရိဒေဝကို အမှုန့်ကြိတ်ထားတဲ့ ပေါင်ဒါစက်ရုံတစ်ရုံဖြစ်​နတယ်​ တကယ်ဆို မွေးနေ့ဆိုတာ သေဖို့အတွက် မွေးဖွားလာတဲ့ မရဏဖွား ဖြစ်တယ်ဆိုတာက အမှန်တရားစစ်စစ်ပါ ကိုယ့်လူရယ်။ ကိုစစ် 1၊ 1၊ 2017 တနင်္ဂ​​နွေနေ့ ××××××


ဒီတစ်ခါတော့ အမျိုးသားတွေ သဘောကျမယ့် ကဗျာ နှစ်ပုဒ်ပါ။ ယမကာလုလင် တွေ မူးနေပြီဆိုတော့လေ  သူတို့ ကဗျာပါ မူးသွားပါရော။ The Drunk Poem  ဆိုတဲ့ ကဗျာကတော့ စာဆိုရှင် အမည်မသိ။ အင်းလေ မူးနေရင်း စပ်တာဆိုတော့ သူ့ဟာသူ မေ့သွားမှာပေါ့။ ဒါပေမယ့် လူတွေကတော့ မမေ့ဘူး။ အဲဒီကဗျာထဲက အသုံးအနှုန်းတွေ ဒီကနေ့အထိ သုံးစွဲနေတုန်း။ လုံးဝခေတ်မတိမ်သေးတဲ့ အသုံးအနှုန်းကတော့ (၁)  Starkle, starkle, little twink  =  Twinkle  Twinkle  little star (၂)   The alcofluence of incohol  =  The  influence of alcohol (၃)    slort of […]


”  ၁၆ အလွန် ၁ရ   “ မျျှော်လင့်ခြင်းတွေ တစ်လှေကြီးနဲ့ ကြိုဆိုခဲ့တဲ့ တစ်ဆယ့်ခြောက် မရေရာခြင်း များစွာနဲ့လွန်မြောက်ပါတော့မယ်။ တ ဒီ ထဲဒီ ခဲ့ကြတဲ့ ကျနော်များကရော လက်တွေ့မှာ ညီခဲ့ကြပါသလား။ “ပြောင်းလဲချိန်တန်ပြီ” ပီသအောင် မြည်နိုင်ကြပေမယ့် လက်တွေ့မှာ ကြည်မြတဲ့ဂီတတေးသွား တော့ဖြစ်မလာပေဘူး။ ကျောက်ဆောင်ကမ်းပါးကို လက်သန်းအားတွေနဲ့ ဖြိုခဲ့ကြပေမယ့် ရှေ့ဆက်ကြတဲ့ခရီးမှာ ကိုယ့်အား ကိုယ်မကိုး လက်ညှိုးတွေသာ အပြန်အလှန်ထိုးနေတော့ ရှေ့မတိုးနောက်မဆုတ် အရင်ဇာတ်ထုတ်ဟောင်းဘဲ ကောင်း သယောင် ပြန်ပြောင်း ကာ တသူ ကလဲ တ ပေ သပေါ့။ တီးလုံးက အသစ် ဇာတ်ခုံကတော့ အဟောင်း ဇာတ်ညွှန်းကိုတော့ နည်းနည်းလေးပြောင်း ဒါပေမယ့် ဇာတ်ရံတွေကအဟောင်းဆိုပြန်တော့ မင်းသားမင်းသမီး ဘယ်လောက်ပြောင်းပြောင်း ကြည့်ရတဲ့အရသာက […]


kaiDecember 27, 20162min1502
၂၀၁၆ နှစ်ဟောင်းကို နှုတ်ဆက်လို့ ၂၀၁ရ နှစ်သစ်ကိုကြိုဆိုနေကြတဲ့ ခုလိုချိန်ခါမျိုးမှာ အနာဂတ်ကို မျှော်မှန်းပြီးကြည့်တတ်ကြတာ လူ့သဘာဝပါ။ ဒီတော့အနာဂတ်မှာလုပ်မဲ့ကိုင်မဲ့ကိစ္စလေးတွေကို English လို ဘယ်လိုများဖေါ်ရပြရမည်းလို့ မေးသင့်ပါတယ်။ စင်စစ်အနာဂတ်ကို English လို(၄)မျိုးဖော်ပြနိုင်ပါတယ်။ ဒီလမှာတော့ (၃)မျိုးကိုသာဦးစားပေးပြီးဖော်ပြပေးပါမယ်။ ဦးစွာပထမအနာဂတ်ကို simple future tense ကိုသုံးပြီး ဖော်ပြနိုင်ပါတယ်။ သူ့ရဲ့ form လေးက လွယ်ပါတယ်။ ကြိယာ base form ရဲ့ရှေ့မှာ will လေးထည့်ပေးလိုက်ရုံပါဘဲ။ ဒီတော့ “I will visit Burma in the summer.” “I will buy a home in September.” “I will get a new […]


”   စိတ်  မာဆတ်”   မရီချင်ဘဲ ရီ မတည်ချင်ဘဲတည် နေ့စဉ်နဲ့အမျှ ဟန်ဆောင် နေရခြင်း အတွက် စိတ်အငြီးပြေချင်ရင် ဖွဘုတ် အတွင်းကို ဝင်ပါလေ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၆၁၂၁၆


alinsettDecember 26, 20161min52924
(နေပြည်တော်နဲ့ ပတ်သက်ပြီး ဟိုးအရင်က ပိုစ့်တစ်ပုဒ် ရေးဖူးပါတယ်။ နေပြည်တော်မြို့ထဲကို ပထမဆုံးအခေါက် အလည်သဘော ရောက်ခဲ့ပြီး ပြန်အလာမှာ “သန့်ချင်ယောင် ဆောင်ထားတဲ့ မြို့တစ်မြို့” ဆိုတဲ့ နာမည်နဲ့ ရေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ……. ဆိုင်ကယ် ကယ်ရီသမားတွေ၊ ကားသမားတွေရဲ့ လူလည်ကျပုံတွေ၊ သမာသမတ် မရှိတဲ့ ပတ်ဝန်းကျင်တွေနဲ့ ကြုံခဲ့ရလို့ အစာမကြေဖြစ်ပြီး ရေးခဲ့တာဆိုပါတော့။ အခုလည်း နောက်တစ်ခေါက်မက ရောက်ခဲ့ပြန်ပါပြီ။ သွားရင်း လာရင်းနဲ့ပဲ ဟိုစပ်စပ် ဒီစပ်စပ်ကြည့်မိ၊ ကြည့်သောသူ မြင်၏၊ မြင်ပေမဲ့ လျှာယားတတ်သူမှ ပြောချင်ဆိုချင် လျှာအယားဖြေချင်လာတာပါ။ ဆိုတော့ … နည်းနည်း လျှာ အယားဖြေမယ်နော်။ ) ————————————————————- နေပြည်တော် မြို့ထဲကို ရောက်ပြီ ဆိုရင် … ဒါ…နေပြည်တော်ထဲ […]


သူ့ခေတ်သူ့အခါက တီထွင်မှု အားအကောင်းဆုံး ကဗျာစာဆိုတော်ကြီးကတော့ E.E. Cummings (၁၈၉၄- ၁၉၆၂) ပဲဖြစ်ပါတယ်။ သူဟာ ကလေး ဘဝကတည်းက တနေ့ ကဗျာဆရာဖြစ်ရမယ်လို့  စိတ်ပိုင်းဖြတ်ထားခဲ့သူပါ။ အသက် ၈ နှစ်ကနေ  ၂၂ နှစ်အထိ သူဟာ တစ်ရက်ကို ကဗျာတစ်ပုဒ် နှုန်း စပ်ခဲ့ပါတယ်။ ကာရံနဘေ တွေနဲ့ ထုံးမီစံကျ ကဗျာပေါင်းမြောက်များစွာကို လေ့လာနေရင်းနဲ့ သူ့ကိုယ်ပိုင်ကဗျာတွေ စပ်ခဲ့တာဖြစ်ပါတယ်။ ဒီလိုနဲ့  ၁၉၁၆ ခုမှာ ဟားဗတ်တက္ကသိုလ် ရောက်သွားချိန်ကစပြီး (အသက် ၂၂ ကစပြီး) သူဟာ ရုတ်ချည်းပြောင်းလဲသွားခဲ့တယ်။ ကာရံယူပုံ စသဖြင့် ကဗျာ ထုံးတမ်းစဉ်လာ အားလုံးကို လွှတ်ချလိုက်ပြီး သူဟာ အဆန်းသစ်ဆုံး ကဗျာတွေကို ဖန်တီးတော့တာပါပဲ။ သာသာစကားရဲ့ စကားလုံးအားကိုယူပြီး စပ်တဲ့သူ့ကဗျာတွေဟာ […]


Foolish GirlDecember 20, 20161min1174
စက်ရုပ်ဆန်တဲ့နေထိုင်မှုဘဝကိုမုန်းတီးတယ် ဟုတ်လား ဟား ဟား ဟား လူဆိုတာစက်ရုပ်နဲ့ဘာများကွာသလဲ စဉ်းစားတတ်တဲ့ဦးနှောက်ပါတာနဲ့မပါတာပဲကွာတယ် ဒါတောင်အခန်းလွတ်နေတဲ့သူတွေကခပ်များများရယ် လူတွေလုပ်နေတဲ့ကိစ္စအဝအဝတွေကလည်း သံပတ်ပေးထားတဲ့စက်ရုပ်လိုပဲ တစ်နေ့တစ်နေ့ဒါတွေပဲလုပ်နေရတာပဲ အသက်ရှင်နေသရွေ့ ဘယ်မှာနေနေ ဘယ်ကိုရောက်ရောက် ဒီစက်ရုပ်လိုဖြစ်နေတဲ့ ဘဝထဲကနေရုန်းထွက်လို့ရမှာမဟုတ်ဘူးလေ


Foolish GirlDecember 20, 20161min1294
သွက်လက်ချက်ချာတဲ့ ငယ်ငယ်တုန်းကငါ အမြဲတတ်ကြွလန်းလန်းဆန်းဆန်းနေတတ်တဲ့ ငယ်ငယ်တုန်းကငါ ကိုယ်ကိုတိုင်သာမက သူများတွေကိုပျော်ရွှင်မှုတွေပေးတတ်တဲ့ငါ ဘာသာရေးလည်းမပျက်ကွက် မငြီးမငြူ လုပ်တတ်တဲ့ငါ အဲဒီ ငါဟာ ခု ဘယ်များရောက်သွားတာလဲ ဘာတွေများလုပ်နေတာလဲ ပြန်လာခဲ့ပါ ဒါပေမယ့် သေချာပြန်စဉ်းစားကြည့်လိုက်မှ အဲဒီငါ ကို အဝေးကိုရောက်စေမိတာလည်း ငါပါပဲလား ဩ ရိုးသားတဲ့ ချစ်စရာကောင်းတဲ့ ငါကို ကြောက်မတ်ဖွယ်အတ္တကြီးတဲ့ ငါလွမ်းမိုးခံရချိန်ကစပြီး ငါဟာ ငါမဟုတ်တော့ပါလား??????? ငါ့ဘဝကိုပြန်လိုချင်တယ် ငါဘာလုပ်ရမှာလဲ?????? တစ်ခါတစ်ခါ ထွက်ပြေးချင် လာတယ် အဆင်ပြေသွားမှာပါလို့အားတင်းထားပေမယ့် ငါနလန်မထူနိုင်ဘူး ငါဟာငါမဟုတ်ဘူး ငါဟာငါမဟုတ်ဘူး မုန်းတယ် ငါ့ကိုယ်ငါလည်းမချစ်တတ်တော့ဘူး မုန်းတယ် မုန်းတယ် အရာရာအားလုံးကိုမုန်းတယ် #######################  


အောင် မိုးသူDecember 20, 20162min2978
တစ်ရက်က Youtube ထဲမှာ Soysauce Chicken ဆိုပြီး တွေ့တာနဲ့ လက်တည့်စမ်းပြီး အစီအစဉ်မှာ ချက်လိုက်တယ်။ လွယ်ပါတယ်။ ပထမဆုံး ကြက်တစ်ကောင်လုံးကို စင်အောင်ဆေးပြီး ဗိုက်ထဲကို စပါးလင်တစ်ပင် ဒါးပြားရိုက် ၊ ကြက်သွန်ဖြူ ၃မွှာ ၊ ဂျင်း လက်တစ်ဆစ် ၊ ကြက်သွန်ြျွိတ် နှစ်ပင်ကို ထည့်။ ပြီးရင် ပွက်ပွက်ဆူတဲ့ရေထဲ ကြက်ကို တစ်ဝက်ပဲ မြုပ်အောင်နျစ်ပြီး အဖုံးအုပ် ငါးမိနစ်လောက်ထား ပြီးရင် နောက်တစ်ခြမ်းကို လှည့်ပေး အဖုံးအုပ်ထားထား ၊ ပြီးရင် ဆယ် ပြုတ်ရည် တစ်ဇလုံလောက်ယူ ဖယ်ထား။ ကျန်တာ သွန်ပြဏ်။ နောက် ဒယ်အိုးထဲ ဆီနည်းနည်းထည့် ဂျင်းတစ်ပြားကို ဒါးပြားရိုက် ဆီပူထဲကြော် စောနက ကြက်ကို ဆီထဲထည့် ပြီးရင ်ပြုတ်ရည်ဖယ်ထားတာကို ထည့် ပြီးရင ်ပဲငံပြာရည် (၆)ဇွန်းလောက်ထည့် […]


Mon LayDecember 19, 20161min2020
ဒီတစ်ခါရေးတဲ့ ပို့စ်က တော့ ခရီးသွား ပို့စ် မဟုတ်ပါဘူး။ မွန်လေးရဲ ့ ခရီးသွားပို့စ်အောက်မှာ သူများတွေက ဒီလိုခရီးတွေသွားပြီး ပျော်ဖို့ ကောင်းလိုက်တာ..ငါတို့မှာကျ အဲလိုပျော်ရွှင်မှု တောင်မရှိပါလားလို့ လာမန့်သွားတဲ့သူကိုမြင်ပြီး ရေးချင်စိတ်ပေါက်သွားလို့ ပျော်ရွှင်မှုဆိုတာ ဘာလဲလို့ ပြန်ရှယ်ချင်တာပါ။ ပျော်ရွင်မှု ့ဆိုတာ ကိုယ်တိုင်ဖန်တီးယူမှရတာမျိုးပါ။ တစ်နည်းအားဖြင့် ကိုယ့်ကို ဘယ်အရာ ကပျော်ရွှင်စေနိုင်လဲ၊ ကိုယ်ဘာလုပ်လိုက်ရင် ပျော်သွားသလဲပေါ့နော်။ အဲလိုဆန်းစစ် တတ် ရင်..ပျော်ရွှင်မှုဆိုတာရှိလာမှာပါ။ အဲဒါကလည်း ကိုယ့်ရဲ ့ဝါသနာကိုအခြေခံလိမ့်မယ်လု့ိ မွန်လေးကတော့ထင်တယ်။ ဥပမာ..အဆိုတော်တွေဆို..သီချင်းဆိုနေရတာကိုက သူ့ရဲ ့ဝါသနာတစ်ခုလိုဖြစ်ပြီး ကိုယ်လုပ်ချင် တာလုပ်နေရတော့ ပျော်နေတာ…ပျော်ရလို့ကို သီချင်းဆိုတာမျိုးပေ့ါ။ အခကြေးငွေရလို့ ဆိုတဲ့သူ ကတော့ တမျိုးပေါ့။ မွန်လေးဆို စာဖတ်၊စာရေးရတာ ဝါသနာပါတယ်။ ဘယ်လိုဝါသနာပါသွားလဲဆိုရင် ရတန်းနှစ် လောက်တုန်းက တီဗွီမှာ ကိုရီးယားကား […]


aye.kkDecember 18, 20161min2668
တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ ့တစ်ယောက် ကောင်းမွန်သောနေရာ ကောင်းမွန်တဲ့အချိန်အခါ ကောင်းမွန်သောတွေ့ဆုံတဲ့ အချိန်အခါ,နေရာဒေသအလိုက်၊တွေ့ဆုံကြခဲ့ရင် အများအားဖြင့်တော့၊မင်္ဂလာပါနော်။ မင်္ဂလာပါခင်ဗျာလို့နှုတ်ဆက်ကြပါတယ်။ အရမ်းရင်းနှီးတဲ့သူငယ်ချင်း,အချင်းချင်းဆိုရင်တော့ စားပြီးလား?သူငယ်ချင်း နေကောင်းရဲ ့လား?သူငယ်ချင်းလို့နှုတ်ဆက်ကြတာ၊များပါတယ်။ ကိုယ့်ထက်အသက်အားဖြင့်၊ဂုဏ်ဝါကြီးသူများကိုတော့ မင်္ဂလာပါရှင်၊မင်္ဂလာပါခင်ဗျာလို့နှုတ်ခွန်းဆက်သကြပါတယ်။ အပြန်အလှန်၊အားမနာတမ်းခင်မင်ရင်းနှီးကြတဲ့၊လူငယ်သဘာဝအရ နှုတ်ဆက်ကြရင်တော့၊(အထူး)အားဖြစ်တော့တွေ့ချင်ရင်ရသားနဲ ့၊လာချင်ရင်အနီးကလေး ဖြစ်ရဲ ့နဲ ့မတွေ့မဆုံပဲနေကြတာ၊ကြာမိတဲ့အခါ(အကြောင်းကြောင်းကြောင့်လဲပါတာပေါ့နော်)၊ ကိစ္စ,ဝိစ္စရှိမှလာတွေ့တဲ့အခါကြရင်တော့၊သရဲလာခြောက်တာလား?၊သေပြီအောက်မေ့?လို့ စသဖြင့်ပြောဆိုနှုတ်ဆက်တတ်ကြပါတယ်။ တစ်ခါတော့ကိုယ်တွေ့အဖြစ်လေးပါ။ အရမ်းခင်တဲ့သူငယ်ချင်းနဲ ့မမျော်လင့်ဘဲပြန်တွေ့တော့၊မင်းထမင်းစားပြီးလားလို့?ဆိုပြီး ဝမ်းသာအားရနှုတ်ခွန်းဆက်မေးပါတယ်။ ကိုယ်ကလည်း မစားရသေးတာမို့၊မစားရသေးဘူးလို ့ အမှန်အတိုင်းပဲဖြေလိုက်ပါတယ်။ သူကလည်းကျွေးချင်တဲ့စေတနာသဒ္ဓါထက်သန်နေတော့၊လက်ကိုအတင်းဆွဲပြီး နီးရာစားသောက်ဆိုင်ထဲ၊ခေါ်ပြီးကျွေးတော့တာပါ။ ငြင်းရခက်တော့မစားချင်လည်းစားလိုက်ရပါတယ်။ တစ်ခါကလည်း၊အကြောင်းကိစ္စတခုနဲ ့သူငယ်ချင်းအိမ်ရောက်သွားတော့၊ထမင်းစားပြီးလားလို့၊နှုတ်ခွန်းဆက်စကား အဖြစ်အမေးခံရပြန်ပါတယ်။ စားပြီးပြီပြောပြတော့၊စားပြီးလဲမရဘူး။ မင်းကြိုက်တတ်တဲ့ဟာ,ငါလုပ်ကျွေးမယ်၊စားပြီးမှပြန်ပါလို့ပြောပြီး၊မရှိရှိတာနဲ ့အကောင်းမွန်ဆုံးဖြစ်အောင် ကိုယ်တိုင်ချက်ပြုတ်ကြော်လှော်ပြီး၊ပူပူနွေးနွေးချကျွေးပါတယ်။စားပြီးပြောပြလည်းမရ၊အတင်းကျွေးနေတော့ အားနာပြီးစားတော့၊ဗိုက်အင့်ပြီးနေရခက်သွားပါတယ်။ သူငယ်ချင်းကိုယ်တိုင်လဲ၊အစာကြေဆေးကိုအနားမှာအသင့်ချထားပေးတော့၊ ကိုယ့်မှာသူ့ကိုဘာပြောရမှန်းမသိအောင် စိတ်ထဲလေးစားမိသွားပါတယ်။ သူငယ်ချင်းတွေဆုံရင်,ဆုံတဲ့အခါတိုင်း၊သူငယ်ချင်းအားလုံးရဲ ့ဆက်ဆံမှုတွေက တစ်ပုံစံတည်းလိုအမြဲဖြစ်နေတော့၊ဗုဒ္ဓဘာသာဖြစ်ရတာ၊အလိုလိုဂုဏ်ယူမိပါတယ်။လေးစားမိပါတယ်။ တစ်ခါကအသိမွတ်စလင်အိမ်သွားဘူးပါတယ်။ထမင်းစားပြီးလား?လို့အရင်ဦးစွာနှုတ်ခွန်းဆက်မေးပါတယ်။ အိမ်ကနေထမင်းစားပြီးမှရောက်သွားတာမို့၊စားပြီးပြောပြလည်းမရပါဘူး။ ထမင်းစားပြီးမှပြန်ပါ။မစားရင်မခင်လို့ဆိုတော့၊အင်မတန်ကိုအားနာပြီး၊မစားချင်လည်းသူတို့စိတ်ကြေနပ်အောင် စားခဲ့ရပါတယ်။ ကိုယ့်ကိုယ်ကိုတရုတ်ကပြားမှန်းလည်း,သူတို့သိကြပါတယ်။တရုတ်သွေးစပ်နေတာမို့၊မွတ်စလင်အိမ်က ထမင်းဟင်းတွေကိုတော့မစားချင်တာကအမှန်ပါ။ သူတို့စေတနာသဒ္ဓါတရားကောင်းလွန်းနေတာကို၊စိတ်ကခံစားမိပါတယ်။ ဘယ်ဘာသာရယ်လို့တော့၊ကိုယ့်အနေနဲ့ကမခွဲခြားမိတော့တာ၊အမှန်ပါ၊ဗုဒ္ဓဘာသာဖြစ်မှလဲမဟုတ်ဘူးပေါ့နော်။ တစ်ဦးနဲ့တစ်ဦး၊တစ်ယောက်နဲ့တစ်ယောက် အရမ်းခင်မင်ရင်းနှီးခဲ့ရင်၊ရင်ထဲမှာကျွေးချင်မွေးချင်တဲ့စေတနာ,သဒ္ဓါတရားထက်သန်လွန်းလှတဲ့ စိတ်စေတနာအရ ကောင်းမွန်တဲ့အချိန်,ကောင်းမွန်တဲ့နေရာလိုမျိုးမှာတွေ့ဆုံခဲ့ကြရင် ချိုသာခွန်းဆက်,နှုတ်ဆက်ကြပါလျှင် မင်္ဂလာရှိတဲ့နှုတ်ခွန်းဆက်စကားလေးက ထမင်းစားပြီးလား?ဆိုတဲ့နှုတ်ခွန်းဆက်စကားကို ကိုယ့်ကိုယ်ကိုတိုင်၊အင်မတန်နှစ်သက်သဘောကျမိရပါတယ်။။။ […]