alinsettOctober 27, 20161min2978
မရှက်တမ်း ဝန်ခံကြေးဆိုရင်. . . မနက် မိုးလင်းတာနဲ့ မသောက်ရရင် မနေနိုင်ဘူး ဖြစ်လာတာ။ မသောက်ရရင် ကတုန်ကယင်ကြီး။ အဟုတ်ပြောတာ။ (အခု ခေတ်စားနေတဲ့စကားနဲ့ ပြောရရင် အသားတွေတောင် တဆတ်ဆတ်တုန်တယ်တို့ ဘာတို့ပေါ့- *ဤကား စကားချပ်) သောက်လိုက်တော့မှ ရွှင်မြူးတက်ကြွလာတာ။ အဟုတ်ပါဆို။ မနက် မနက် ရုံးကို ပြေးရချိန်ဆို အိမ်ကနေ ကားထုတ်ပြီး ပါရမီလမ်းပေါ် ရောက်တယ်ဆိုရင်ကိုပဲ လမ်းတွေက ပိတ်။ တိုးဟယ် ကျော်ဟယ် ခွဟယ်နဲ့ သွားကြိုရမယ့် ကိုယ့်ရုံးကအရာရှိအိမ် (တာမွေဘက်ကို) ရောက်ချိန်နဲ့ -ကိုယ့်အိမ်က ထွက်ချိန်ကြားမှာ ဆိုင်တစ်ဆိုင်ဆိုင်ထဲ ဝင်ပြီး ထိုင်သောက်ဖို့ အချိန်မရဘူး။ အဲ့တော့ ဆိုင်ကနေ ဝယ်လာ။ ကားပေါ်ရောက်တော့မှ မီးပွိုင့်မိတုန်း—- (ကားပေါ်မှာ ခွက်မပါတော့) ဆိုင်ကနေ ဝယ်လာတာလေးကို […]


alinsettOctober 26, 20161min3194
                        ”မနက်ဖြန်ကို မော့သောက်ဖို့ ကြံနေတဲ့ကောင်လေး” ^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^ ”အနက်ရောင်ညအစစ်”တို့ ဆုံးခန်းတိုင်ခဲ့ပြီ။ ”အဖြူရောင် မိုးလင်းခြင်းအစစ်”တို့ စင်ကြယ်စွာ လာလိမ့်မည်. . .     အဲ့သည်လို ယုံကြည်ချက်နဲ့ပဲ. . .။ ကိုယ့်ပေတံနဲ့ကိုယ် တိုင်းထွာထားတဲ့ အစစ်အမှန်တွေရယ်. . . အတုအယောင်တွေရယ်ကို ကိုယ့်လက်နဲ့ပဲ . . . အသာအယာ ဖယ်ရှားပစ်လိုက်တဲ့အခါမှာတော့. . .     မနက်ဖြန်ဟာ. . . လက်ကျန် မော့ဖို့ ရှိနေသေးတဲ့ ”ဝီစကီလက်နှစ်ဆစ်လောက်”နီးပါး. . . […]


ကုိ ထြဋ္October 25, 20161min78019
-တကယ်တော့ ဒီပို့စ်က ဖေ့စ်ဘွတ်မှာ တင်ထားတာပါ… -ဖြစ်ပုံက ဒီလိုပါ… -အချိန်နည်းနည်းအားတာနဲ့ နေ့လည်စားထမင်းချိုင့်ကို လင်မယားနှစ်ယောက် ဦးသူဆေးနေကြပါ… -တရက်ကျတော့ ရုံးထဲက တယောက်က ချိုင့်ဆေးတာ မိန်းမတွေအလုပ်လေတဲ့… -ဒါနဲ့ ကျွန်တော်လဲ ပြောပါတယ်… ဒါဆို ကျွန်တော့်မိန်းမ ဘာလို့ အလုပ်လာလဲလို့…??? -လစာ မလောက်လို့လေတဲ့… -ယောကျာင်္းအလုပ်ဖြစ်တဲ့ စီးပွားရှာတာကို မိန်းမက လိုက်လုပ်နေရတော့ မိန်းမအလုပ်လို ဖြစ်နေတဲ့ သတ်မှတ်ထားတဲ့ ချိုင့်ဆေးခြင်းကို ကျွန်တော်လုပ်တာ မျှတပါတယ်… -ဒါနဲ့ပဲ -“နားတော့ နည်းနည်းခါးမယ်ဗျ ကိုယ့်ထမင်းကိုယ်စားပြီး ကြီးဒေါ်နွားကျောင်းချင်သူများတချို့အတွက်တော့… ကိုယ်ကိုယ်တိုင်ရော အောင်မြင်တဲ့ မိသားစုတခု တည်ထောင်နိုင်ပြီလား အရင်မေးပါ… မိသားစုအတွက်၊ မျိုးဆက်အတွက် ဘာ Plan တွေ ဆွဲထားပြီလဲ… သူလိုကိုယ်လိုနဲ့တော့ ဂိုက်လာမဖမ်းပါနဲ့…. -ကိုယ်လင်ကိုယ်မယားကွယ် အဆင်ပြေပြီး လင်အလုပ် […]


KyaemonOctober 25, 20164min6086
            ========     ကနေဒါ က ယူအက်စ် ဆီကို နှစ်စဉ်တင်ပို့ရောင်းချတယ်၊     သန်းချီ $ ရတယ်၊ ရခန်းမယ် တံငါတွေငတ်မယ် နိုင်ငံပျောက်မယ်     မစ် ကိုကယ်တင်ကြပါ     ယူအက်စ်က”လူလည်” လုပ်တာ လို့ လုံးဝ မ ပါပါ၊       ========                      


alinsettOctober 24, 20161min24510
“ဒေါသတကြီး တရားပြရှာတဲ့ ကိုယ်တော်” —————————————————————————————————————————————————- ရုံးပိတ်ရက်မို့ ကိုယ်ရေးကိုယ်တာ ကိစ္စတစ်ခုကြောင့် ရန်ကုန်မြို့အစွန်ဘက်ကို ဘတ်စ် စီးပြီး ကိုယ် … ထွက်လာခဲ့တယ်။ ရန်ကုန်မြို့တွင်း ဘတ်စ်တို့ ထုံးစံအတိုင်း ကားကစုတ် လမ်းကပျက်တော့…အိပဲ့အိပဲ့။ အဲ့ဒီအခြေအနေကြားမှာကိုက ဘတ်စ်မောင်းသူတို့ ထုံးစံအတိုင်း အတင်းတိုးဝင်၊ အတင်းထိုးထွက် ကျော်လိုက်၊ ခွလိုက် ဆဲလိုက်၊ ဆိုလိုက်… မောင်းနှင်လာရာနောက်…ကိုယ်လည်း ကိုယ့်ထုံးစံအတိုင်း ဟိုဒီ ကြည့်ရင်း လိုက်ပါလာခဲ့တယ်။ မင်္ဂလာဒုံအကျော်….ထောက်ကြန့်နား ရောက်ခါနီးကျတော့ မှတ်တိုင်မဟုတ်တဲ့တစ်နေရာမှာ ထိုးရပ်လိုက်တယ်။ ဆင်းမယ့်သူ မရှိဘဲ ဘာလို့ ရပ်ပါလိမ့်လို့… တွေးပြီး အကဲခတ်လိုက်တော့…. ကိုယ် စီးလာတဲ့ကားရဲ့ အရှေ့မှာ ဘတ်စ်တစ်စီး ရပ်ထားတယ်။ အဲ့ကားပေါ်ကနေ ခရီးသွားလာသူတွေ…ပြုံတိုးပြီး..ဆင်းလာကြတယ်။ အော်… ရှေ့ကားက ပျက်သွားလို့ပေါ့လေ။ နှစ်စီးကို တစ်စီးတည်းမှာ ပေါင်းရတော့ […]


Mon LayOctober 22, 20161min26912
၁။ ကျွန်တော်ကသင်္ဘောသားဆိုတော့..  သင်္ဘောစလိုက်ကတည်းကတစ်ခါမှရန်ကုန်မှာသင်္ကြန်ဆိုတာကြီးနဲ ့လုံးလုံးဆုံကိုမဆုံဖြစ်တော့ပါ။ သင်္ကြန်ရောက်ရင်..  အမြဲသင်္ဘောပေါ်ကြီးမှာပဲဆိုတော့.. ဒီနှစ်သင်္ကြန်တော့ရန်ကုန်မှာရှိတုန်းရှိခိုက်အမုန်းကဲမယ်ဆိုပြီးမဏ္ဍပ်ကောင်းကောင်းတစ်ခုမှာဒီနေ ့ပဲသူငယ်ချင်းဘော်ဒါတွေနဲ ့All day ticketဝယ်ပစ်ပလိုက်တယ်။ ၂။ သင်္ကြန်ရက်ကိုကျရောက်လို့လာပါပြီ။ မဏ္ဍပ်ပေါ်မတက်သေးဘဲ.. ပြည်လမ်းရဲ  ့မဏ္ဍပ်ရှေ  ့မာလာဆောင်ရှေ  ့မှာပဲဘော်ဒါတွေ အတူစုပြီးစားသောက်နေလိုက်ကြသေးသည်။ မာလာဆောင်ရှေ  ့မှာစားသောက်ဆိုင်တန်းတွေကအလျှံအပယ်။ ကိုယ့်အုပ်စုနဲ ့ကိုယ်ထိုင်ကြစားကြသောက်ကြစကားပြောကြနှင့်။ မဏ္ဍပ်ကလည်း၉နာရီထိရေမဖွင့်သေးဘဲ.. သီချင်းတွေအကျယ်ကြီးဖွင့်ထားတာဆိုတော့.. စားလို့သောက်လို့ကလည်းကောင်းနေရောပေါ့.အမျိုးအစားအစုံအလင်နဲ ့လှပနေကြတဲ့ကောင်မလေးတွေဆိုတာလည်းပေါရောပေါ့.. ခုမှပဲတစ်နေရာထဲမှာအပြည့်အဝဖီလင်ကလည်းကောင်းနေရော။ တစ်နေကုန်ကိုမဏ္ဍပ်ပေါ်မတက်ဘဲအောက်မှာသယ်ရင်းဘော်ဒါတွေနဲ ့စကားပြော၊ အရက်ထိုင်သောက်၊ ဖြတ်သွားဖြတ်လာစကီလေးတွေကိုလည်းရှိုးနေရတာ.. .. တယ်ကောင်းတဲ့ဖီးလ်ပဲ။ ၃။ သင်္ကြန်ဒုတိယနေ ့ကိုရောက်လို ့လာပါပြီ။ ဒီနေ ့လည်းဘော်ဘော်တို ့ကမတက်သေးဘဲအောက်မှာပဲစားလို့သောက်လို့ကောင်းနေပြန်ရော။  ဒီနေ ့တော့.. ၁၁နာရီမှမဏ္ဍပ်တက်ကြမယ်ဆိုပြီးမဏ္ဍပ်ပေါ်တက်.. လူတွေကလည်းပြည့်ကျပ်ညပ်။  DJကလည်းကောင်းတစ်ချက်မကောင်းတစ်ချက်နဲ ့ကရတဲ့ဖီးလ်ကမကောင်းလာတော့အကုန်သူအောက်ကိုပဲပြန်ဆင်းကြတော့တယ်။ ကျွန်တော်တို့ နေ ့လည်စာစားနေကြတဲ့အချိန်မှာ ကောင်မလေး၂ယောက်နဲ ့ကောင်လေး၁ယောက်ကျွန်တော်တို့ ဝိုင်းထဲကို ရောက်လာကြတယ်။ ကျွန်တော့်ဘော်ဒါတစ်ယောက်နဲ […]


Mon LayOctober 21, 20161min27511
လူတိုုင်းက အမြဲ ပြောနေတာ ရှိတယ်။ အမြဲလွဲမှားနေတဲ့ ကိစ္စကတော့ နင့်အလုုပ်က ခရီးသွားရတယ်နော်။ အားကျလုိုက်တာ။ နင်က ပိုုက်ဆံရှိတော့ ခရီးသွားနိုုင်မှာပေ့ါ ဆိုုတာပါဘဲ။ တကယ်တော့ ကိုုယ်ဟာ ပိုုက်ဆံချမ်းသာတဲ့မိဘဆီက မွေးဖွားလာတာလဲ မဟုုတ်ပါဘူး။ ဒါပေမဲ့ ကိုုယ့်မှာ ခရီးကိုုချစ်တယ်ဆုိုတာထက် ပိုုတဲ့ စိတ်ခံစားချက်ရှိနေတာတစ်ခုုပဲ ရှိပါတယ်။ အဲဒီစိတ်ကြောင့်ပဲဒီခရီးတွေကိုုသွားဖြစ်သွားတာပါ။ ခရီးသွားဖိုု့ ပိုုက်ဆံဟာ မလိုုတာ မဟုုတ်ပါဘူး။ လိုုအပ်ပါတယ်။ ဒါပေမဲ့ ခရီးသွားတာကိုု အရမ်းခုုန်မင်တဲ့ သူတွေကတော့ ပိုုက်ဆံချမ်းသာခြင်း ရှိခြင်းဆိုုတာထက် ပြင်းပြတဲ့ စိတ်။ ကြိုတင်ပလန်နိုုင်ခြင်း (ဈေးသက်သာတယ်လေ) မဖြစ်ဖြစ်အောင်လုုပ်ခြင်းတွေက သူတိုု့ ခရီးစဉ်တွေကိုု အလှပဆုုံးဖြစ်စေတဲ့ အဓိက အရာတွေဖြစ်မယ်လိုု့ထင်ပါတယ်။ credit.. နောက်ဆုံးအနေနဲ ့ပြောရရင် ကြိုတင်ပြင်ဆင်ပြီး ပြင်းပြတဲ့ ဆန္ဒရှိရင် ဘာမဆိုုဖြစ်ပါတယ်။ အခုုလဲ နှစ်လတိတိ […]


alinsettOctober 21, 20161min22912
”ကျွန်တော် အသက် ကြီးပြီ” ————————————————— လွန်ခဲ့သော နှစ်တွေတုန်းက ကျွန်တော့်မှာ ပြဿ နာတွေ များပြားလှစွာ ရှိခဲ့သည်။ ကိုယ် မိုက်မဲဆိုးသွမ်းသောကြောင့် တက်လာသည့် ပြဿ နာများ မဟုတ်ဘဲ တစ်မိသားစုလုံးနှင့် ဆိုင်သည့် မိသားစုပြဿ နာများ၊ အိမ်တွင်းရေး ပဋိပက္ခများသာ ဖြစ်ပါသည်။ ထိုစိတ်ညစ်စရာ အခြေအနေများကို ၂ နှစ်ကျော် ၃ နှစ်နီးပါး ရင်ဆိုင်ရသောအခါ ကျွန်တော့်မှာ သွေးရူးသွေးတန်း ပြေးထွက်သွားပြီး စိတ်ဖြေသိမ့်ဖို့ရာ နေရာများ ရှိရန် လိုအပ်လာခဲ့သည်။ ထိုနှစ်များအတွင်း မိဘ မောင်နှမများ ပါဝင်ဖွဲ့စည်းထားသော မိသားစုနှင့် ဝေးရာကိုသာ ပြေးထွက်သွားချင်သည့်စိတ်ဖြင့် တကယ်လည်း ပစ်ခွါ ထွက်သွားခဲ့ဖူးသည်။ အထူးသဖြင့် သီတင်းကျွတ်လိုမျိုး မိသားစု စုံညီစုဝေးမည့်ကာလတွေမှာ ကျွန်တော် အိမ်မှာ ရှိမနေတော့ပေ။ […]


“မိတ်ဆွေကောင်း” မိတ်ဆွေကောင်းဆိုတာ လမ်းပျောက်လျှင် အလင်းပြ လမ်းဘေးကျလျှင် တွဲခေါ် လမ်းချော်လျှင်ပြန်ဆွဲ လမ်းမှားလျှင် ပြန်တည့် လဲကျလျှင် မထူ အားငယ်နေရင် ဖေးမ တတ်နိုင်သလောက် ကူရပါမယ်။ “ဖြစ်ချင်ရာဖြစ် နင့်အပြစ်နင်ခံ” ဆိုသဟာမှန်သလိုလို ဆိုပေမယ့် မိတ်ဆွေကောင်းမှန်ရင် ဘာဖြစ်ဖြစ် ပစ်မထားသင့်ပါဘူး။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၁၁၀၁၆  


Foolish GirlOctober 19, 20161min943
ပျော်ရွင်မှုတစ်ခုကြောင့် ငါအလွန်ပျော်ရွှင်ခဲ့တယ် ဘာကိုမှသတိမရဘဲပေါ့ ဒါပေမယ့် ပျော်ရွှင်မှုကသူ့တစ်ကိုယ်တည်းမလာဘဲ သူ့အခြွေအရံအပေါင်းအသင်းတွေပါခေါ်လာတယ် သူ့အခြွေအရံအပေါင်းအသင်းတွေက ဝမ်းနည်းပူဆွေးခြင်းတွေဆိုတာ သိလိုက်ရတဲ့အချိန်မှာ သူတို့က ငါ့ဧည့်ခန်းထဲမှာ ကျကျနနနေရာယူနှင့်ခဲ့ကြပြီးပြီ။


Kabyar Phyu PhyuOctober 19, 20161min38112
☆ ပျိုမျစ်နုပျိုတဲ့ နေ့တစ်နေ့ ကောင်းကင်ကြီးက ပြာလဲ့လဲ့ အိပ်မက်တွေကလည်း မက်ကောင်းတုန်းမှာ … ကျွန်မဟာ သူငယ်ချင်းတစ်ယောက်ကို ကောက်ရခဲ့တယ်။ ☆ သူဟာ အရောင်အဆင်း မရှိပေမဲ့ နူးညံ့မှုအသွင်နဲ့ နက်ရှိုင်းတယ် ပုံဖော်ပြလို့မရပေမဲ့ သူ့ကိုတော့ လူတိုင်းသိတယ်။ ☆ သူ နဲ့ ကျွန်မဟာ တဖြည်းဖြည်းနဲ့ ရင်းနှီးကျွမ်းဝင်လာလိုက်တာ သူမရှိရင် ကျွန်မဘဝကြီးပျက်လေမလားတောင် ထင်မိပါရဲ့ ကျွန်မကတော့ သူ့ကို နာမည်တပ်လိုက်တယ် ‘အချစ်’ လို့လေ။ ☆ သို့သော်… အိုမင်းရင့်ရော်လာတဲ့ နေ့တစ်နေ့ ကောင်းကင်ကြီးက မှုံမှိုင်းမှိုင်း အိမ်မက်တွေလည်း ပျောက်ဆုံးသွားတဲ့ အချိန်မှာတော့ အချစ် နဲ့ ကျွန်မ စီးချင်းထိုးကြတယ်။ ☆ အချစ်ကြောင့် ကျွန်မ ဝမ်းနည်းပူလောင်ရတယ်။ အချစ်ကြောင့် ကျွန်မ နာကျင် ခံပြင်းရတယ်။ […]


”  လိုအပ်ချက် များ’   လွန်လေပြီးသော အတိတ် ဖြစ်တည်နေဆဲ ပစ္စုပ္ပန် ရောက်မလာသေးသော အနာဂါတ် ကဏ္ဍသုံးရပ်စလုံးမှာ မင်း ရှိနေဘို့လိုအပ်တယ်။   ကိုပေါက်လက်ဆောင်အလင်းပုံရိပ်များ ၁၆၁၀၁၆


နွေဦးOctober 18, 20161min2447
လူတိုင်း မှားတတ်ကြပါတယ်နော်.. ကျွန်တော်လဲ မှားတတ်တာဘဲ.. ခင်ဗျားတို့လဲ မှားတတ်ကြတာဘဲ.. ကိုယ့်ကြောင့်လဲ မှားတတ်တာဘဲ စက်ကြောင့်လဲ မှားတတ်တာဘဲ.. မှားတဲ့အခါ…… “ဟလိုဟလို…” ” ဒေါ်လုံးကြီးတင်ရှိလား..” ” ဖုန်းမှားနေပါတယ်…” ” ဂျလောက် ဂွပ် ..” မှားတယ်လို့ပြောတာကို ခင်ဗျားက ဘာမှပြန်မပြောဘဲ ဂွပ်ဆို ချပစ်တတ်တဲ့သူလား… “ဟလိုဟလို…” “ရန်ကနားရေရန်ကနားရေ ဂန်ဂျီမကို ဖုန်းပေးလိုက်စမ်း..” “အကို ဖုန်းမှားနေတယ်..” “အေး မရှိရင် ဗေတားကို ပေးပြောလိုက်..” “ဟေ့လူ ဖုန်းမှားဆက်နေတယ်လေဗျာ..” “အော်..ဟုတ်လား…” “ဂွပ် ဂျလောက်.” ဖုန်းမှားတာကို နှစ်ခါလောက်ပြောမှ ဟုတ်လား ဆိုပြီး ဖုန်းချပစ်တတ်တဲ့ သူမျိုးထဲ ခင်ဗျား ပါသလား.. “ဟလို…” “ဟလို..ဟလို..ဒေါ်လေးတို့အိမ်ကလား. ” “ဘယ်သူ့ဆီဆက်တာလဲခင်ဗျား..” မေးရတော့တာပေါ့.. အိမ်မှာက ဒေါ်လေး […]