ဒိုင်းကနဲ မိုးခြိမ်းသံကြား လက်များက ထီးကိုဟန်ပြင် သံစဉ်မကျလှတဲ့မိုး ဘယ်အငြိုးနဲ့ရွာ လမ်းပေါ်မှာက ဗွက်တွေတအား ဈေးက မသွားလို့မဖြစ် ညစ်လှတဲ့စိတ်က ဦးဆောင် ရှောင်ဖို့လည်း မတားသာ မိုးရွာထဲမှာ ဒေါသူပုန်ထ မကုန်နိူင်လှတဲ့ ဒီရာသီ ရှည်ကြာသည် စိတ်မှာတွေး နေနွေးနွေးနဲ့ ကောင်းကင်ပြာ ဆောင်းအဝင်မှာဖြင့် ဆုံစို့ကွာ ။


alinsettAugust 22, 20151min2038
  ဘယ်သူမှ မရှိဘဲ ထင်နေတဲ့အရိပ်   =================   .ဒီလိုပါ… .နဖူးဆီက ချွေးတစ်စက်… .ခြေမဆီ ကျသွားရာကနေ…ပြန်ကန်ထွက်လာပြီး… .နဖူးပေါ် ပြန်ရောက်…. .အသားထဲ ပြန် စိမ့်ဝင်သွားတဲ့အဖြစ်မျိုး… .ကြုံခဲ့ရစဉ်ကလို့…. ဆိုပါစို့… …… ….. …. … .. . ================= .မောင်သူရ @ Alinsett .ဩဂုတ်လ ၂၁ ။ ၂၀၁၅ ။  


ko sixAugust 21, 20151min1134
မနေ့က နောက်ပြန်ရစ်ကြည့် မိတဲ့ ကျောက်သင်ပုန်းကလေးဟာ နုညံ့မှုတွေ ြမြန်မာဆန်ဆန် အဖွေးသားလိမ်းချယ်လို့။ ကတ်သီးကတ်သတ် လွဲချော်ခဲ့ရတဲ့ ဘီးမှာလူကြိုက်များနေတဲ့အရောင်က လက်လို့။ ခုတော့ ပြန်ဆုံကြခြင်းဟာ ဘာလို့များ ကလေးကလားဆန်နေရပါလိမ့်နော်။ အောင်တန်းစားလို့ အမည်ရတဲ့ သစ်ပင်မှာ လောင်းရိပ်အတွက် ဓားစာခံဖြစ်ခဲ့ရင်း ဗန်ဂိုးလို ဝါပြခဲ့ဖူးတာ စိတ်ဖိစီးမှုစရာမဟုတ်လောက်ပါဘူး။ လူငယ်ပီပီ လောကနဲ့ဓါတ်မတည့်လာတဲ့အခါ အလကိုဟောနဲ့ ကုသခဲ့ဖူးတာ အပြစ်လား။ လူကုန်တန်တွေ ရွံရှာလှတဲံ့ ချောင်ကျကျစားပွဲဟာ ကတ်ကိုဘိန်းလို အကြံထုတ်ရမယ်နေရာလား။ နှစ်ရောင်စပ်ထားတဲ့ပုံပြင်က ငါတို့နှစ်ဦးရဲ့ ရေခြားမြေခြားဂီတ တစ်ပုဒ်ပါ။ နားလည်ရခက်တယ် မင်းပဲရွတ်ပြခဲ့တဲ့ ကဗျာတစ်ပုဒ်က ကျောသားရင်းသားမခွဲခြားပဲ နားထောင်လို့ ကောင်းတုန်း။ ကြယ်တွေကို ရေတွက်ပြီးမှ သီချင်းငြီးတတ်တဲ့ တေးသွားမှာ ဘာလို့များ မင်းမိသာစုက ကခုန်နေကြပါလိမ့်။ နယူတန်ရယ် ငါရယ်က ပန်းသီးကြွေကျတာကို တွေးကြတာချင်းတူတယ် တစ်ခုပဲ […]


ဒီမယ်ရာမ ရာဇဝင်ထဲကလို ဒဿဆိုတဲ့ငါ့ကို ခပ်လွယ်လွယ်ဖြိုဖို့များ စိတ်ကူးနေသလားကွာ သီတာဆိုတာ ရာဇဝင်မှာ ငါအရင်တွေ့ဖြစ် ယနေ့ခေတ်သစ်မှာလည်း ငါအရင်ချစ်ခဲ့သူ အူတူတူအတွေးနဲ့ လေးတင်ဦးမတဲ့လား အသာနားပါ ရာမရယ် နုပျိုခြင်းမယ် မင်းအသာရနိူင်ပေမယ့် ရုပ်ဆိုးတဲ့ ဒဿမှာလည်း ချစ်တတ်တဲ့ အသည်းပါသလို သိပ်အပိုမပြောချင် ရာဇဝင်ကို အတိတ်မှာထား ဘယ်နည်းများနဲ့ ပြိုင်မလဲ ? သွေးနဲရင် နောက်ဆုတ် ညှာမှာမဟုတ်တဲ့ အချစ်လုပွဲ ပစ်လုဆဲဆဲ သေနတ်ပြောင်းဝ နှောင်းနောင်တ မလာခင် ပစ်ကွင်းထဲကဖယ်ကွာ လက္ခဏပါခေါ်လာလည်း ဆောရီးပါပဲ ရာမရယ် ရာဇဝင်ထဲမယ် ရာမကိုထားလို့ သွားကြစို့ သီတာဒေဝီ နှစ်ကိုယ်တူညီမယ့် ကိုယ်တို့ရဲ့  အချစ်တိုင်းပြည် ။


black chawAugust 19, 20151min29814
Come Wayy ရေ လောကဓံ တရားထက် ပြင်းတဲ့ အရက် ငါ ကိုယ်တိုင် ချက် နေတယ်ကွာ ကြက်သောက်စမ်းလေးနဲ့ မြည်းကြဦးစို့…ရဲ့…။ ပြီးတော့မှ နင်လားဟဲ့ လောကဓံ နင်လားဟဲ့ လောကဓံ နင်လားဟဲ့ လောကဓံ လို့ သုံးကြိမ်တိတိ ရွတ်ပြီး ရေ လုံးဝ မရောပဲ ဇွတ်ကနဲ မော့ချ… မူးပြီဆိုတော့မှ ဖိုးမောင်လာပြီ ကဗျာကို သံနေသံထားနဲ့ (လေးဖြူ ကီးမျိုးနဲ့) ပါဖေါ့မန့် ကောင်းကောင်းနဲ့ (ဖြူဖြူကျော်သိန်း စတိုင်မျိုးနဲ့) ဟိတ်နဲ့ ဟန်နဲ့ (ဦးအောင်သောင်း ယပ်တောင်ခပ်ခံနေပုံမျိုးနဲ့) ရွတ်ထည့် လိုက်စမ်းပါ။ ကဗျာအဆုံးသတ်လေးမှာ နှလုံးသားမြို့တော်ထဲက မို့မို့မြင့်အောင် မျက်ရည်ကျသလို မင့် ဘယ်ဘက်မျက်ဝန်းရဲ့ ဒေါင့် နားလေးဆီကနေ မျက်ရည်ပေါက်ကြီးတစ်ပေါက် ပစ်ကျပစ်လိုက်စမ်းပါ အဲဒါ […]


naywoon niAugust 18, 20151min1706
တစ်​ခုခု​တော့ တစ်​ခုခုပဲ ​စေတနာ ငါးစား​တွေနဲ့ ငါးမျှားတဲ့ည​နေ လာ​နော်​ လာ ငါးက​လေး​ရေ မင်​းတို့ဖို့ တီ​ကောင်​​လေး​တွေ ။ အရင်​​နေ့ ည​နေ​တွေလိုပဲ ဒီ​နေ့လည်​း ငါးတစ်​​ကောင်​မှ မမိဘူးအ​မေ ။ ငါး​တွေကပဲ လျင်​လွန်​းတာလား ကျ​နော်​ကပဲ ကံမ​ကောင်​းတာလား တစ်​ခုခု​တော့ တစ်​ခုခုပဲ​လေ ။ ​နေဝန်​းနီ 8:12PM 2015 Aug 18


“မထူးခြားတဲ့ ညနေခင်း” မွန်းကြပ်တဲ့တစ်ရက်   ပြေးထွက်စရာ   နေရာရှာ။   ဟိုဘက်မှာ ကြည့်   မရှိ။   ဒီဘက်မှာ ကြည့် မရှိ။ စဉ်းစားမရတဲ့အဆုံး အပေါ်ပြေးတက် ခေါင်မိုးထက်မှာ လွတ်လပ်သော ကျယ်ပြန့်သော ကောင်းကင် မြင်တွေ့ ခဏ စိတ်တွေပေါ့ပါး အနားရလို့မှမဆုံးသေးခင် တစတစနဲ့ အမှောင်ဖုံး နောက်ဆုံးတော့ အရင်လို ပါဘဲလေ။ ကိုပေါက်လက်ဆောင်အတွေးစဉ် 16-8-2015


naywoon niAugust 17, 20151min741
ကမ္ဘာ​မြေကြီးနဲ့ ကြယ်​​တွေအ​ကြောင်​း ​ကောင်​းကင်​​ပေါ်ကကြယ်​​တွေကို ကမ္ဘာ​မြေကြီးက ထမ်​းပိုးမထားရ​တော့ ဝန်​ , မ​လေးရှာပါဘူး ။ ​မြေပြင်​​ပေါ်က ကြယ်​​တွေက​တော့ ကမ္ဘာ​မြေကြီးကို ခွစီး​လေ​တော့ သူတို့အတွက်​နဲ့သာ ကမ္ဘာ​မြေကြီးခမြာ စိတ်​မသက်​မသာဖြစ်​​နေရရှာတာ ။ အဲ့ဒိ​တော့ ……. ​ကောင်​းကင်​​ပေါ်က ကြယ်​​တွေ​ကြွေတာကို (တစ်​ခါတစ်​​လေ) ကမ္ဘာ​မြေကြီးက သတိမထားမိလိုက်​ပါဘူး ( တဲ့ ) ။ ​မြေပြင်​​ပေါ်က ကြယ်​​တွေ​ကြွေရင်​​တော့ သူထမ်​းပိုးထားရတဲ့ ဝန်​ ​ပေါ့သွားလို့ ကမ္ဘ​မြေကြီးခမြာ ​ပေါ့ပါးသွက်​လက်​ ( တစ်​ခါတစ်​​လေ ) သူ့ဝန်​ရိုးကို​တောင်​သူ မထိမ်​းသိမ်​းနိုင်​ရှာ​အောင်​ကို ​ပေါ့ပါးသွား​လေ​တော့ …………………………………………….. …………………………………………….. …………………………………………….. ……………………… ။ ​နေဝန်​းနီ 10:02 PM 2015 Aug 16


naywoon niAugust 16, 20151min1746
ငါ့ဘဝ စည်​းကမ်​းကမရှိ နည်​းလမ်​းလည်​းမသိ ​လျှောက်​လှမ်​းရတဲ့လမ်​းမှာ​တော့ ဆူး​တွေနဲ့ချည်​့ ။ ​နေဝန်​းနီ 9:52AM 2015 Aug 16


alinsettAugust 16, 20151min27314
ဖြစ်စဉ်   ——– ဆိုးလိုက်တာ. … ကိုယ့်ရဲ့ ဘယ်ဘက်မျက်လုံးက ကိုယ့်ရဲ့ညာဘက်မျက်လုံးကို လှမ်းကြည့်တာတောင်… မမြင်ရရှာဘူး၊၊ ——– မောင်သူရ ဩဂုတ် ၁၆၊၊ ၂၀၁၅၊၊


naywoon niAugust 16, 20151min1526
လက်​ရှိအ​ခြေအ​နေ ============== ​ဟောရတာများလွန်​းလို့ နှုတ်​​တွေလည်​း သစ်​​ခေါင်​းဖြစ်​​တော့မယ်​ ။ နာ ရတာအကြိမ်​အ​ရေတွက်​နိုင်​ခဲ့ နား​တွေလည်​း သစ်​​ခေါင်​းဖြစ်​လုခမန်​း အ​ရေးဟယ်​ အ​ကြောင်​းရယ်​​ပေါ်လာ​တော့ ​ဟောတဲ့သူမှာ​ကော နာတဲ့သူမှာပါ တရားဆိုတဲ့ အရာ ရှာလို့မ​တွေ့ဘူးတဲ့ ။ ​နေဝန်​းနီ 11:55 PM 2015 Aug 5


ကာရံAugust 16, 20151min1191
အသက်ဆက်နေမယ့်သူ အားမငယ်ပါနဲ့ နွေးထွေးတဲ့လက်တစ်စုံက မင်းဘဝအတွက် အေးမြစေမယ်လေ သောကတွေဘယ်လောက်ကြမ်းကြမ်း ဒေါသစိတ်နဲ့မဖြေရှင်းလိုက်ပါနဲ့ အနားမှာ ထာဝရရပ်တည်ပေးမည့်သူ အမုန်းတံတားခင်းချင်ခင်းပါစေ ရဲရဲသာနင်းလျှောက်လိုက်ပါ လောကကြီးက မင်းအတွက်မပြောင်းလဲရင်တောင် ငါ့နှလုံးသားက ဟောင်းသွားမှာမဟုတ်ဘူး သိပ်ချစ်တာယုံပါနော် မအေးမြသေးတဲ့မင်းဘဝထဲ ငါအလည်လာခဲ့တာမဟုတ်ဘူးမေ မငြိမ်းချမ်းသေးတဲ့ အနာဂတ် ငါအရောင်ဆိုးဖို့မဟုတ်ပါဘူး သံသရာအဆုံး တွဲလက်မြဲဖို့ ငါမင်းအတွက် အသက်ဆက်နေမယ့်သူ ကာရံ ၁၆ ့၈ ့၂၀၁၅