manawphyulayApril 30, 20151min57821
ဘယ်ရွာဒေသ၊ ဘယ်မြို့ကဟု တိကျသေချာ၊ မသိပါလည်း ဝင်လာခိုနား၊ ခရီးသွားကို နားစဉ်ခဏ၊ အားရွှင်ပျဖို့ ရင်မှ ကြိုဆို လှိုက်လှဲစွာဖြင့် လမ်းခုလတ်က ရွာကလေးပါ။ ပြည့်စုံပျော်ပါး၊ ခရီးသွားလား နွမ်းပါးထီးကျန်၊ ခရီးပြန်လား စုန်ဆန် ဖြူမည်း၊ မူမခွဲဘဲ အမြဲတစေ၊ ဧည့်ဝတ်ကျေဖို့ ဖော်ရွေကြိုဆို လှိုက်လှဲစွာဖြင့် လမ်းခုလတ်က ရွာကလေးပါ။ ဘဝတွက်တာ သိလိုရာကို စုံတကာစေ့ တွေ့ရှိရသည့် လေ့လာကြည့်ရှု၊ မှတ်တမ်းပြုသော် တစ်ခုမဝှက်၊ ကမ်းလင့်ဆက်ဖို့ မပျက်ကြိုဆို လှိုင်လှဲစွာဖြင့် လမ်းခုလတ်က ရွာကလေးပါ။ စာပေ အရေးအသား ရေးကြ မှတ်ကြ ငြင်းကြ ခုံကြ စည်းလုံးစွာဖြင့် အပြုံးမပျက် ရွာကလေးပါ။ ဧည့်သည်ခဏ၊ သင့်ဘဝတွက် ဆန္ဒလိုရာ ပြည့်ဝပါလျှင် ဘယာငြိမ်းဆိတ် ရင်ခွင်ရိပ်မှာ ချွေးသိပ်နှစ်ခြိုက် ရေးခြစ်လိုက်လေ […]


ဟိုးအရင်က စိမ်းမြမြဧရာဘေး အပျော်တေးတွေဆိုရင်း အပျိုတစ်သင်းရေခပ်ဆင်း ဝပ်စင်းဧရာ ရှိလာတာဝန် ကျေပွန်ခဲ့၏ ၊ တဖန်ထိုမှ ကာလရွေ့လာ ယခုခါဝယ် ပျက်ပြယ်သူ့အလှ မယုယသူများကြောင့် စိုးနှောင့်ဗျာပွေ ဖြစ်ရလေကြ စောက်သုံးမကျသူတို့ ဝိုင်းလို့ဖျက်ဆီး ပျက်စီးခြင်းက ငါးပါးမက ဝါးစားသွားတဲ့ မဟားတရားလူတစ်စု ပြန်ကုလို့မရတဲ့ဝေဒနာ သေရွာပါမယ့်ဒဏ်ရာ သူ့ခမျာခံနေရ ထွန်းလှတဲ့သောင်ပြင် ပြောင်းလှတဲ့ရေကြောင်း အကောင်းဆိုတာဝေး ရေကအေးပေမယ့် အရောင်ကညို ချိုစရာအကြောင်းမရှိ သနားအတိ မိဧရာ ဘယ်သူလာလို့ ကယ်ပါမည် ၊


ပိတောက်တွေဝေ နွေဆိုတာကို နူတ်ဆက်ခါနီး အထီးကျန်ခရီးက မပြီးနိူင် ယိုင်တိုင်တိုင်အတွေးတွေကြား အမေ့သား ဘာမှားလို့ အဖော်မဲ့ ပြောလှည့်ပါလား အမိမာတာ ၊


မျက်တောင်တွေ တစ်ဖျတ်ဖျတ်ခတ်နေတဲ့ကြားက အချိန်ကလေးအတွင်းမှာ ကျွန်တော်သူ့ကိုသတိရမိတယ်။ မေလဆိုရင် သူဟာကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ (၂၄)နှစ်…………….. ဘာမှမသိလိုက်တဲ့ သူ့ရဲ့အငွေ့အသက်တွေကို စိတ်မှန်းနဲ့ ကျွန်တော်တမ်းတမိနေတုန်းပဲ။   သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ မှန်းဆရင်း သူဟာ ကျွန်တော့်ကိုအားပေးသူ။   လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ (၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ.. သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်လာတယ်။ တစ်ခါတစ်ခါ အနားကပ်ပြီး စကားတစ်ခွန်းပြောတယ်။   “ဘဝ”ဆိုတာ ဒီလိုပါပဲ သားရယ်တဲ့…။ ……………………………………… တကယ်တော့………………………. သူခေါ်တဲ့အသံတောင် မမှတ်မိတော့တတဲ့ကျွန်တော့်မှာ မှောင်ပိတ်နေတဲ့ ခံစားမှုအထဲကနေ တစ်စုံတစ်ရာကို ကျွန်တော်ရှာဖွေမိတယ်။ …………………………………………… (၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ “အဖေ”ဟာ ကျွန်တော့်ဘဝထဲမှာ အလင်းတန်းတစ်ခုအဖြစ် တည်ရှိနေဆဲ မှောင်ပိတ်နေတဲ့ ခံစားမှုထဲမှာပေါ့။ ……………………………………………………   ရင်နှင့်ရင်း၍ အောင်မိုးသူ


CourageApril 22, 20151min29017
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၂ အီကြာကွေးအား တို့ထိမိခြင်း   အီကြာကွေးဆိုလို့ လက်ဘက်ရည်နဲ့ တို့စားရတဲ့ ဂျုံမှုန့်ကို ရေနဲ့ဖျောကာ နှဲ၊ ရှည်မျောမျောလေး ဖြစ်အောင်ဆွဲကာ အလည်သားကို သံပြားနဲ့ဖိ၊ ဆီပူပူထဲထည့်ကျော်ပြီးမှ ရလာတဲ့ နှစ်ချောင်းပူး စားစရာ အီကြာကွေးကို ပြောတာမဟုတ်ရပါဘူး။ မောင်ကာကြီးတို့ ငယ်စဉ်ကတည်းကနေ အခုချိန်ထိ ကြိုက်နှစ်သက်ခဲ့ရတဲ့ ဟာသသူရဲ့ကောင်း ဆရာအီကြာကွေးကို ပြောတာပါ။ ဆရာကြီးရဲ့ ဟာသတွေဖတ် သရော်စာတွေဖတ်ပြီး မောင်ကာကြီးလိုပြောင်တတ် လှောင်တတ်လာတဲ့ သူတွေလဲနည်းမှာမဟုတ်။ ဆရာကြီးရဲ့ စာတွေမှာ အမြဲတွေ့ရတတ်တဲ့ ဆန်းသစ်တဲ့ တင်စားမှုတွေ ထူးခြားတဲ့ စကားလုံးတွေကို မောင်ကာကြီးကတော့ အပြင် ဘဝမှာတောင် ယူပြီး သုံးနှုန်းခဲ့ဖူးပါရဲ့။ တစ်ကယ်တန်းကျ ဆရာအီကြာကွေးဆိုတာ စာပေအလုပ်တစ်ခုတည်းကိုပဲ တစ်စိုက်မတ်မတ်လုပ်သွားခဲ့တဲ့ purify စာရေးဆရာတစ်ယောက်ပါ။ […]


ကာရံApril 17, 20151min1375
နှစ်​သစ်​ အမုန်​းလည်​းအ​ဝေး ရှုံးထွက်​​ပြေးပြီ အပြုံးလက်​​ဆောင်​ ​ဖွေး​ဖွေး​လေးမို့ ကမ်​းလင်​့လို့ယူ အပူကင်​း​စေ နှစ်​သစ်​ကူးချိန်​ ရပါ​စေ ……. ​သောကလည်​းကင်​း ​မောဟရှင်​းတဲ့ ပန်​းခင်​း​သောလမ်​း တူ​လျှောက်​လှမ်​းမယ်​ ထာဝရလက်​​တွေမြဲပါ​စေသား အိုလူသား​ရေ နှစ်​သစ် နှစ်​သစ်​ အချစ်​စစ်​များ ပိုင်​ပါ​စေ …….. အိုဘယ်​လူသား ​ပျောက်​​သောလမ်​းစ ဘဝမှတ်​တိုင်​ ခရီးကြမ်​းများ ဆူးများကင်​းလို့ လိုရာပန်​းတိုင်​း ​ ​ရောက်​ပါ​စေ​ကြောင်​း ဆုမွန်​လည်​း​ခြွေ အပြုံးလည်​း​ဝေ ကာရံချစ်​​သော သူငယ်​ချင်​းတို့​ရေ ကာရံ ၁ရ ့၄ ့၂၀၁၄


CourageApril 13, 20151min27213
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၁ ပိတောက်ရယ် တန်ခူးရယ် သင်္ကြန်ရယ် “ပတ်ဗေပုံ တူပို တူပို တူ၊ ပတ်ဗေပုံ တူပို တူပို တူ”။ ဒီအချိန်ရောက်လာလို့ ဒီအသံလေးတွေ ကြားလိုက်ရရဖြင့် လူတွေစိတ်ထဲ ဘယ်လိုကြီးမှန်းမသိ။ ပုရွက်ဆိတ်ပဲကိုက်သလိုလို၊ ကောက်ကာငင်ကာပဲ ဝဲစွဲသွားသလိုလို ယားကျိယားကျိ ကလိကလိနဲ့ နေမထိထိုင်မသာဖြစ်နေကျ။ ထင်ပါတယ်။ မြန်မာတူရိယာထဲက ဗုံသံစဉ်တွေထဲမှာ ဒိုးဆိုတာ အလွန်မြူးတဲ့ သံစဉ်။ အဲ… အဲ့ဒီ့ ဒိုးတကာ့ ဒိုးထဲမှာလဲ သင်္ကြန်ဒိုးနဲ့ နတ်ဒိုးဆိုတာက လူတွေရဲ့စိတ်ကို မရိုးမရွနဲ့ ထကြွ ပျော်ရွှင်ချင်စိတ်တွေ အဖြစ်စေနိုင်ဆုံးပေါ့။ ဪ… ဘာလိုလိုနဲ့ သင်္ကြန်ဒိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အတာကြူးတဲ့ တန်ခူးလကိုတောင် ရောက်လာပြန်ပြီပဲ။ သင်္ကြန်ဆိုတဲ့ အသံကိုကြားလိုက်တာနဲ့ ကိုယ်တိုင် ပါဝင်ဆင်နွဲရသည်ဖြစ်စေ၊ […]


naywoon niApril 9, 20151min1417
​​လောကဓမ္မ နဲ့​သွေဖယ်​သူများ လမ်​း ရှိမှန်​းသိ​နေရက်​နဲ့ ​လျှောက်​ဖို့စိတ်​မကူးဘူး ။ ပန်​း ပွင်​့​နေမှန်​းသိရက်​နဲ့ ပန်​ဖို့စိတ်​မကူးဘူး ။ ကြမ်​း ခင်​းထားပါရက်​နဲ့ နင်​းဖို့ စိတ်​မကူးဘူး ။ လမ်​း ​ဖြောင်​့ဖြူး​နေတာကို​ရှောင်​ပြီး ခ​ယောင်​း​တောက​ရွေး​လျှောက်​သူ ။ ပန်​း ရနံ့သင်​းတာကိုဖယ်​ပြီး ​တောအရိုင်​းပန်​းမှ ပန်​ခဲ့သူ ။ ကြမ်​း ခင်​းထားတာကိုဖျက်​ပြီး အိမ်​​အောက်​ထပ်​ဆင်​း​နေတဲ့သူ ။ ဘယ်​သူလဲမ​တွေးနဲ့ ခင်​ဗျား​ကော ကျုပ်​​ကော အပါအဝင်​ ။ ​နေဝန်​းနီ 6:12 PM 2015 Apr 9


naywoon niApril 7, 20151min1538
သံသယများနဲ့ ဆက်​ဆံခြင်​း အတုအ​ယောင်​​တွေနဲ့ ကာလရှည်​ကြာစွာ ယဉ်​ပါးလာရ​လေ​တော့ ဒီကမ္ဘာ​လောကကြီးမှာ အစစ်​အမှန်​ဆိုတာကို ရှိ​သေးရဲ့လားလို့​တောင်​ သံသယဝင်​မိ ။ အစစ်​မရှိလို့ အတုနဲ့အစားထိုး အစစ်​ မတတ်​နိုင်​လို့ အတု​လေးဝယ်​ကိုင်​ အစစ်​နဲ့ အလှမ်​း​ဝေးလို့ အတု​လေးနဲ့ ဖလန်​းဖလန်​းထ ​နောက်​ဆုံး​တော့ အရက်​​သောက်​လည်​း အတု အကျႌတံဆိပ်​လည်​း အတု ဟန်​းဆက်ကလည်​းအတု ချက်​တင်​ ကလည်​းအတု ချစ်​တယ်​ ဆိုတာကလည်​းအတု စိုးရိမ်​တယ်​လို့ ​ပြော​ပေမဲ့ ရင်​ထဲကဝမ်​းသာ​နေတာ စား​သောက်​​နေတာကလည်​း အတု အားကျတယ်​ဆိုပြီး အတုယူ​နေတာကလည်​းအတု အတု အတု အတု ကမ္ဘာမှာ ဘာသာ​ရေးကလည်​း အတု ငြိမ်​းချမ်​း​ရေးကလည်​း အတု လူသားအခွင်​့အ​ရေး ဆိုတာကလည်​းအတု အစစ်​​ယောင်​​ဆောင်​တဲ့အတု အသစ်​​ယောင်​​ဆောင်​တဲ့အတု ကုသမဲ့ ​ဆေးဝါးကလည်​းအတု အတုကို အတုနဲ့ကုလို့ အတု​တွေပဲပြန်​့ကျဲ​နေခဲ့ အတုနဲ့အတု အိမ်​​ထောင်​ရက်​သားကျပြီး […]


     လာမယ့် နက်ဖြန် သဘက်ခါ မကြာတော့တဲ့ ချိန်အခါ သင်္ကြန်ဆိုတာ လာတော့မယ် ၊ ကညာနော့ပျိုရွယ်များ တင်ထားတဲ့မောင်းတွေ လောင်းလိုက်တဲ့ရေတွေကြားမှာ ယမကာကတစ်ဖက် အိုက်စ်တစ်ဖက်နဲ့ ပျက်ခဲ့ရဘဝတွေ တွက်ရေလို့မဆုံး ဘယ်သူရှုံးသလဲ ? ဘယ်သူပုန်းမလဲ ? ဝုန်းကနဲတစ်ခဏမှာ ဗုန်းဗုန်းလဲကျခဲ့တဲ့အပျိုစင်ဘဝ ငိုချင်ရုံနဲ့လည်းပြန်မရ စံရခဏ ခံကြတစ်သက် အပျော်က အပျက်ဖြစ် နှစ်ကအသစ်ကိုကူး မင်းကတော့အရူး မထူးဇာတ်မှာနစ်သူတွေလည်းရှိ ပြန်ကြည့်တော့ ကောင်းကွက်မရှိ အကြောင်းဆက်ကြည့်တော့ သင်္ကြန်ဆိုတာ ပျိုကညာတွေ အိုစရာနွေဖြစ်လာ ချစ်စရာကလေးရေ ညစ်ထေးလေတဲ့ဘဝဟာ ဘာနဲ့မှ အစားထိုးမရသမို့ သတိထားလို့ဖြင့် ပျော်စေချင် ။


naywoon niApril 6, 20151min1916
မှန်​ခြင်​း မှားခြင်​း သီဝရီ ကျိုးပျက်​ခြင်​း တစ်​ဖက်​ကမှန်​ရင်​ တစ်​ဖက်​ကမှားရလိမ်​့မယ်​ဆိုတဲ့အ​တွေး နှစ်​ဆယ်​ရာစုမှာ ထားခဲ့လိုက်​​တော့ ။ အ​ခြေအ​နေတစ်​ခုအရ နှစ်​ဘက်​စလုံးမှန်​နိုင်​သလို နှစ်​ဖက်​လုံးကလည်​းမှာ​နေနိုင်​တာပဲ ။ အားလုံး ဘက်​​ပေါင်​းစုံက ​ကောက်​ချက်​​တွေစုရုန်​း အမှန်​ အမှား ငြင်​းခုံ​နေမှု​တွေ သုံးမ​နေနဲ့ အဘယ်​ အရာက လူအများကို အကျိုးပြုမလဲ ဘယ်​ဟာက​တော့ လူအများကို ထိခိုက်​နစ်​နာ​စေလိမ်​့မလဲ အဲ့ဒိ​ပေတံနဲ့ပဲ ငါတို့ တိုင်​းတာ ဆုံးဖြတ်​ကြရ​အောင်​ ။ ကဲ …… ငြင်​းခုံ​နေတဲ့ အခန်​း​တွေတံခါးဆွဲပိတ်​ ငါတို့ ​ရှေ့ခရီးဆက်​ကြရ​အောင်​ ………. ။ ​နေဝန်​းနီ 8:24 PM 2015 Apr 6


အမှားအမှန် မရှိ အစွန်းတဖက်ရောက် အမုန်းတရားအောက်မှာ ဘဝကိုစတေး၊ အသက်ကိုပေးဖို ့ လည်ဝပ်စင်းလို ့ ခံခဲ ့ရပြီကွယ်။ ဖေကြီး၊ မေကြီး အကိုကြီးနဲ ့ အိမ်ကကျန်ရစ် ချစ်နှမတွေ ကျနော် မိုက်မှား၊ ရှိသမျှအပြစ်များ ကြေပါစေကြောင်းရယ် ဝန်ချတောင်းပန် ကန်တော ့ခဲ ့ပါရစေ။ ချစ်သော BABY…! I LOVE YOU နော်….. ရင်ထဲက စကား၊ နောက်ဆုံးစကား နင်ကြားသိအောင် တိုးဖွဖွဆိုရင်၊ ကြိုးစားပြုံးမယ် မငိုပါနဲ ့ကွယ် နှုတ်ဆက်ခဲ ့ပါတယ်။ တောတွင်းပျော်ရေ….. အဝေးက ချစ်သူငယ်ချင်း မင်းရင်ထိရှ၊ ကွဲကြေမွလည်း ခုချိန်လေးမှာ… ငါ ့ကိုရည်စူး ဆုတောင်းလေးတစ်ခု ပြုပေးလိုက်ပါ၊ သူငယ်ချင်းရာ.. ပူလောင်မှုငြိမ်း၊ အငြိုးတရားကင်းတဲ ့ […]


naywoon niApril 5, 20151min25714
ရွာအပြင်​ထုတ်​ချင်​ထုတ်​ပါ​စေ​လေ လူ​တွေကြားထဲမှာ​နေပြီး လူ​တွေနဲ့ လိုက်​​လျောညီ​ထွေမရှိ​တော့ ဇကာတင်​စာရင်​းမှာ ဂွစာ တဲ့​လေ ။ အလွဲကို လွဲ​နေမှန်​းသိသိနဲ့ မှား​နေတာ မှား​နေမှန်​းသိသိနဲ့​တော့ အားနာပါးနာ လက်​ခုပ်​လိုက်​မတီးနိုင်​တာနဲ့ ဂွစာ လို့ပဲ​ပြော​ပြော လူ့ကန်​့လန်​့လိုပဲ​ခေါ်​ခေါ် သူတို့စိတ်​ချမ်​းသာဖို့ အားလုံးကို ခွင်​့လွှတ်​ထားခဲ့သတဲ့ ။ မှန်​တာ​ပြောတတ်​တဲ့ ​ဟော့သည်​့ ပါးစပ်​ကြီးနဲ့ ဖွားဖက်​​တော်​ ဖြစ်​​နေသမျှ​တော့ မှန်​တယ်​ထင်​ရင်​ တစ်​​ရွေးသားမှ မ​လျှော့ ဆက်​ပြီး​ပြော​နေမိဦးမှာ​ပေါ့ဗျာတဲ့ ။ ​နေဝန်​းနီ 12:20AM 2015 Mar 5