ခင္ခSeptember 26, 20141min22911
” ညချမ်းချိန် “   လောကဓာတ်တစ်ခွင်ဝယ် နေမင်းအရောင်ရယ်က ပျောက်ခါသွားပြီး မိုးတိမ်ကြားက ထွက်ပေါ်လာတဲ့လမင်းရောင်ရယ် နေ့အခါလိုလင်းအားမသာပေမယ့် ထွန်းလင်းကာ တောက်ပပေးပါလို့ ကျေးဌက်တို သံသာတိတ်သာပ တစ်နေ့တာခရီး ရပ်ကာအနားယူတော့မှာမို့ အိပ်စက်ဖို့ လူသားတွေပြင်ဆင်ကြပြီ တစ်ချို့ရယ် ညဥ့်ချိန်မှာတော့ ဝမ်းစာရှာ အလုပ်ခွင်ဝင်ကြတယ် တစ်ရက်ခရီး ပန်းချီကားတစ်ချပ်မှာတော့ လက်စသတ် အဆုံးရပ်မှာမို့ နေ့အရောင်အပူရယ်လျော့လာလို့ရယ် ညချမ်းချိန် ရောက်ပါပေါ့ကွယ်။


“ ပြန်လည်ပြင်ဆင်နိုင်ခွင့်မရှိသောပန်းချီကားတစ်ချပ် “   ကုန်လွန်ခဲ့သောနေ့ရက်များကို ပြန်လည်ကာစဉ်းစားမိတော့ ခေတ်ဟောင်းရုပ်ရှင်ကား ပြန်များကြည့် ရသလို တုန်လိုတုန် မူန်လိုမူန် စကားပြောသံခပ်လေးလေး ဒါပေမယ့် ခပ်ရေးရေးတော့ မှတ်မိသလိုလို။   ကုန်လွန်ခဲ့သောနေ့ရက်များမှာ ငိုချင်စရာရှိမယ် ရီချင်စရာရှိမယ် ပျော်တာတွေရှိမယ် ဝမ်းနည်းတာတွေရှိမယ် ရင်နာစရာတွေရှိမယ် ကြင်နာစရာတွေရှိမယ် မုန်းတီးခြင်းများရှိမယ် ချစ်ခြင်းတရားတွေလဲရှိမယ် ဥပေက္ခာတွေလဲရှိမယ် မရူ့ရက်စရာတွေလဲရှိမယ် တပ်မက်စရာတွေရှိမယ် မပတ်သက်ချင်တာတွေလဲရှိမယ် မေ့ထားချင်စရာလဲရှိမယ် တသသ သတိရနေစရာလဲရှိမယ် အခြေအနေ အချိန်အခါ အဖြစ်အပျက်များစွာ အကြောင်းတရားများစွာကြောင့် မရိုင်းချင်လဲရိုင်း မယဉ်ချင်လဲယဉ် မဆုံချင်လဲဆုံ မကြုံချင်လဲကြုံ မယုံချင်လဲယုံ မသိချင်လဲသိ မငြိချင်လဲငြိ မတွေ့ချင်လဲတွေ့ မရွေ့ချင်လဲရွေ့ မသွားချင်လဲသွား မထားချင်လဲထား ကံတရားစီမံရာအတိုင်း တရွေ့ရွေ့နဲ့သွားခဲ့ကြရ တကယ်ပြန်သေချာတွေးမိတော့ ကုန်လွန်ခဲ့သောနေရက်များဆိုတာ ပြန်လည်ပြင်ဆင်ခွင့် မရှိတဲ့ ပန်းချီကားတစ်ချပ်ဆိုတာ အသေချာပါဘဲ။ […]


ခင္ခSeptember 25, 20141min932
” ညနေခင်းဆည်းဆာ “     နေမင်းရယ်ကအနောက်ကိုယွန်း နေညိုချိန်ပန်းချီတစ်ချပ်လိုလှ ဆည်းဆာအလှနေဝင်ချိန် လယ်သမားတွေ လယ်တောကပြန် နွားကျောင်းသားတို့အိမ်ပြန်သလေ တစ်နေ့တာခရီး လုပ်ကာပြီးလို့ အိမ်ပြန်ကြပေါ့ အလုပ်သမားတွေ ကျောင်းသားတွေ စာသင်လို့ပြီး ထိုးပါပေါ့ ကျောင်းဆင်းခေါင်းလောင်းသံလေ ကျေးဌက်ရယ်သာသကာတို့ တစ်နေ့တာအနားယူအိပ်စက်ဖို့ အိပ်တန်းတက်အပင်ဆီသို့ တိုးဝှေ့တာ ဆူဆူညံလို့ နေလင်းရောင်အားတွေဖျော့ရွယ် ညနေခင်းဆည်းဆာ အချိန်အခါပါကွယ်။     ခင်ခ။


ခင္ခSeptember 24, 20141min922
” နေ့မွန်းတည့် “     နေရာစုံအတော်များများ တစ်ကမ္ဘာလုံးသတ်မှတ်ထားသလား နေ့လည်ခင်းဆယ့်နှစ်ဝန်းကျင်မှာတော့ ဝမ်းဗိုက်က တကျုတ်ကျုတ်မည်သံနဲ့ အစာအိမ်အားဖြည့်ပါတဲ့နေလည်စာ စားကြပါရဲ့မွန်းတည့်ချိန်အခါ ဘုန်းတော်ကြီးနဲ့ကိုရင်မှာတော့ မွန်းတည့်ကာနေ့လွဲညစာမစားပါလို့ သီလစောင့်သူအတူတူပေဘဲ နေမင်းကပူပြင်းလှခေါင်းတည့်တည့်ရွယ် နေ့မွန်းတည့် အချိန်အခါပါကွယ်။     ခင်ခ။


    “ပထဆုံးသောအတွေအကြုံ”   အရပ်ထဲမှာဗိုလ်ကျ ဘယ်သူ့မှ ဂရုမစိုက်တဲ့ လူမိုက် သူ့ထက်မိုက်တဲ့ အခြားအရပ်ကလူမိုက် ဝင်ရိုက်သွားတော့ ခံစားရတာ စပ်ဖျဉ်းဖျဉ်း။   သခင်အားကိုးနဲ့ မဲမဲမြင်သမျှ ခြံအပြင်မထွက်ဘဲဟောင်နေတဲ့ခွေး အဝေးက ဂဲနဲ့ ထုသွားတော့ ခံစားရတာ စပ်ဖျဉ်းဖျဉ်း။   ဘယ်သူမှ ငါ့မထိရဲလို့ ဟန်တစ်ခွဲသားနဲ့ မာန်တက်နေတဲ့သူ ခပ်မှန်မှန်နေတဲ့သူကိုသွားကလိတော့ မအေနှမအစုံ ငါ နဲ့ ကိုင်တုတ်တာခံလိုက်ရတော့ စပ်ဖျဥ်းဖျဉ်း။   ကိုပေါက်လက်ဆောင်အတွေးစဉ် 22-9-2014  


ခင္ခSeptember 23, 20141min1084
” မနက်မိုးလင်း “   အရှေ့ကထွက်ပေါ်နေမင်း လင်းရောင်ဖြာလောကဓာတ်နွေးစေဖို့ ထွန်းတောက်ကာဖြန့်လေတယ် ကျေးဌက်တို့အိပ်တန်းထသံ ဆူဆူညံနဲ့ တေးဆိုဖွဲ့ လယ်သမားကလယ်တောဆင်းပြီ အလုပ်သမားကသွားဖို့ရယ်ဟန်ပြင် ကျောင်းသားငယ်စာကျက်သံဖွဲ့ ခဏနေကျောင်းသွားရတော့မယ်ဟဲ့ အိမ်ရှင်မတွေ ဈေးခြင်းကိုဆွဲ လင်းကြက်ရယ်တွန်သံသာနဲ့ နုတ်ဆက်ကာဟစ်ကာကြွေးပါတဲ့ တစ်နေ့တာပန်းချီကားဖွင့်ဖို့ရွယ် မနက်မိုးလင်း အချိန်အခါပါကွယ်။     ခင်ခ။


ခင္ခSeptember 23, 20141min1102
” လင်းအာရုံ “   အရှေ့တစ်ခွင် လောကဓာတ်က တိုးထွက်လာမယ့် နေမင်းအရောင် ရောင်နီသန်းပါပေါ့ မြို့ဦးကျောင်းအုန်းမောင်းသံက ပျံလွင့်ကာကျက်သရေဖြာတယ် အမေအိုဆွမ်းချက်ဖို့မီးကိုမွှေးလို့ ဈေးရောင်းထွက်မည့်ဈေးသည်များရယ် မိုးလင်းရင်ခင်းကာရောင်းစို့ ဈေးသို့သွားဖို့ရယ်ဟန်တပြင်ပြင် ပဲပြုတ်သယ်ထွက်ကာရောင်းဖို့ သူလဲဘဲပြင်ဆင်ရပြီ လဖက်ရည်ဆိုင်မှပရိတ်သံက တိုးညှင်းကာထွက်စပြုတယ် နေ့တစ်နေ့ပြန်ကာစမယ်ရွယ် အာရုံတက်အချိန်အခါပါကွယ်။     ခင်ခ။


ကာရံSeptember 22, 20141min962
နောက်ဆုံးကဗျာ အကြောက်ဆုံးသောအရာလေးက အမုန်း အလိုချင်ဆုံးတမ်းတမှုက အကြင်နာ ဖေးမလှည့်ပါကွာ အတွေးညတွေထဲမှာ မွန်းကျပ်နေစဲ ဆွံအသွားတဲ့နှလုံးသား အသုံးချခံခဲ့ရခြေပြီ ခရမ်းရောင်လွင်ပြင်အနားမှာ မင်းပေးခဲ့ဝေသနာတစ်ချို့ စာသားတစ်ပုဒ်ငါရေးလို့ပေါ့ ပုပ်အစ်နံ့စော်နေတဲ့ မေတ္တာတစ်မျိုးကို မာယာလေးနှောပြီး မုသားပန်းကန်တစ်ချက်ပေါ်မှာ လှပစွာ ဘယ်လိုပဲဖန်တီး ဖန်တီး ခဏတာအတွက်တော့ စံရတာပေါ့လေ ရှိပါစေတော့ ကာရန်တွေကိုရိုက်ချိုးခဲ့ငါ ဆက်ရန်စာသား ရှာမရပြီမို့ ငါကတော့လေ ဖန်တီးမှုတိုတာ နောက်ဆုံးသောကဗျာ ကာရံ{13.3.2014} အမြဲစိမ်းတောလေး ဖန်ဆင်းပေးလှည့်ပါ မျှော်လင့်ချက်တစ်ဖက်ကမ်းမှာ အလွမ်းမိုးတွေချွေကျနေတယ် ရိုးတံပြိုင်းပြိုင်းမို့ မေတ္တာတိမ်တိုက်လဲ အုံ့စိုင်းလို့နေခြေပြီ ရွက်ခြောက်မဝေတော့တဲ့ ကမ်းစပ်နံဘေးမှာ အကြင်နာရေလှိုင်းလဲ နီးတစ်ခါ ဝေးတစ်လှည့်ပေါ့ အလွမ်းတွေကိုစု ငါတစ်ယောက်ထဲခရုကောက်ခဲ့ဖူးတယ် စုဆောင်းထားခဲ့တာ ၁၅၀ဝ ပြည့်လုလုမို့ ထွေးပွေ့ယုယခဲ့ သူမသိခဲ့တာတော့ သေချာတာပေါ့ အရူးတစ်ပိုင်းမို့ စူးစမ်းဖူးခဲ့တဲ့အချစ်ကလေ ဆယ်ကျော်သက်အရွယ် မဟုတ်ခဲ့ပါဘူး ရေပြင်ကငြိမ်ချင်ပေမယ့် […]


ခင္ခSeptember 22, 20141min100
” ဖိနပ်တရံ “   ခြေဖဝါးတော်နုနု သွေးခြေဥမစိုးလို့ ဖိနပ်တရံဝယ်ကာပေးမိ နင်းပြားခြေထိနှိမ့်ချတတ်သူ အကျွန်ုပ်ကိုမူ အထင်ရယ်မကြီး အတင်စီးနှင့် ပြောရက်ခဲ့ပြီး နုတ်ဆက်ထွက်ခွါခြေဗလာကြောင့် လှမ်းသွားထင်ကျန်ခြေရာနံဘေး သွေးစက်လေးတွေ လိုက်ခါငေးပြီး လက်ဝယ်ကျန်ခဲ့ တစ်ရံဖိနပ်ကို ကျစ်ကျစ်ပါအောင်ဆုပ်မိလို့သာ ကျန်ခဲ့သူရင်ထဲ မချိတင်ကဲ ဖြစ်အင်ထဲမှာ ရပ်နေမိတာ ကိုယ်တစ်ယောက်ပါ။     ခင်ခ။


ခင္ခSeptember 22, 20141min14811
” သိလော့ မြန်မာ “   တစ်ထီးတစ်နန်း မင်းမူအုပ်စိုး တစ်သွေးတစ်သံ အမိန့်သံနဲ့ ရေဗူးပေါက်တာ မလိုချင်ပါ ရေပါတာဘဲ ဖြစ်စေခဲ့ကာ အရာရာဟာ ပြီးပြည်စုံတာ မဖြစ်နိုင်တော့ ဖုံးကာကွယ်ဝှက် ဝိုင်းကာလိမ်လျှက် ဖြစ်တယ်ပြောကြား ထိုနောက်များမှာ စတေးခံသွား ရှိသော်ညားလည်း မှတ်ခါမထား မင်းခယောက်ျား ထိုသူများစွာ ခေါင်းငြိမ့်လိမ်ခဲ့ လက်ညိုးထောင်မပျက် ပြည်ပျက်တဲ့ထိ ပြုနေသမျှ ထိုကာလမှာ တိုင်းပြည်ကောင်းစား မမြင်ညားပြီ တွန်းလှန်သတိ ထကြွရှိဖို့ သိလော့မြန်မာ အိုမြန်မာတို့။     ခင်ခ။


ကာရံSeptember 20, 20141min1236
ဘဝခရီးသယ် ကံတရားဆိုတာ ချိုသလား ခါးသလား ဘဝရထားဥဩသံတစ်ချို့ နံဘေးအနား ခုတ်မောင်းစဲ အဝေးတစ်နေရာဆုံမယ့် လမ်းဟောင်းလေးလဲ တစ်ရွှေ့ရွှေ့ပေါ့ ခရီးစဉ်တစ်ကွေ့မှာ သူနဲ့ဆုံဖူးခဲ့တယ် ပုဝါကလေးဖြန့်ကျဲရင်း ရနံ့သင်းသင်းလေးပါ တစ်သက်စာမေ့မရပေမယ့် ဘဝရထားကတော့ ခွဲခွာခဲ့တယ်မေ ခွင့်ကြုံရင်ဆုံချင်ပါသေးတယ် ဒုက္ခပင်လယ်ထဲမှာတော့ စုန်တစ်ခါ ဆန်တစ်လှည့်မို့မေရယ် ချစ်တက်အောင် သင်ပေးခဲ့တယ်နော် တစ်ဖက်ကမ်းအဝေးမှာ ရှိနိုးနိုးနဲ့ မာနကိုရွက်လွှင့်စဲပါ ဖူးစာမကြုံလေတော့လဲ အမုန်းပင်လယ်ကို ဖြတ်ကျော်ကာစီးမျောတုန်းမို့ မေရယ် ဆုံဆည်းခွင့်လေ ခဏလေးဖြစ်ဖြစ်တော့ ဘဝရထားပေါ်မှာ မျှော်လင့်ရင်း ကာရံ{15.3.2014}


ကာရံSeptember 20, 20141min1044
ကျမျက်ရည်ခမ်းပါစေသား ရတက်မအေး ပူးဆွေးမှု့ကြုံ လောဘဘေးမှ လွတ်ချင်ပါလည်း သောကအတွေး နေရာပေးရင်း မောဟသက်ပြင်း ပင့်သက်ခိုက်မှာ ပါးပြင်ထက် ကျမျက်ရည် ခမ်းဖူးတယ် အဆင့်အတန်း အမြင့်မမှန်းပေမယ့် လူလူချင်းဆက်ဆံမှုက နိ်မ့်ကျသတဲ့လား အတိတ်ဘဝ အခြေမလှပေမယ့် ငါလေ ကြိုးစားစဲပါ ဘဝကတော့ တမာမျိုးမို့ သကြားဆိုတာ ဘယ်လိုအရသာပါလိမ့် မာနရှိတာပေါ့ မိသားစုဆိုတာလေး အသိစိတ်နဲ့ ခဝါချထားတာ မင်းမသိပါဘူးလေ ရက်စက်တက်တာပေါ့ ဒါပေမယ့် ငါမိုက်ရူးရဲ မဆန်တက်ဘူး ပြောကြတယ်နော် တရားသောလောကကြီးတဲ့ ဟုတ်မယ် သူတို့ပြောတဲ့စကား ဖြူပါတယ်ဆိုတဲ့ စံပယ်တောင် ညစ်သွားတယ် သံသရာခရီးမှာ အနာတရရှိတာ မဆန်းပါဘူး လွမ်းခြင်း ဆွေးခြင်းဆိုတာ ငါ့တို့အတွက် အမောပြေရေတစ်ခွက်လောက် တန်ဖိုးမရှိပါဘူးလေ ပန်းတိုင်မရောက်သေးတော့လဲ နွေနေပူ ခရောင်းလမ်း ကျောခိုင်းရင်း ကျမျက်ရည် ခမ်းပါစေသား ကာရံ […]


alinsettSeptember 20, 20142min31121
” Adolph Eichmann ကို ဝေဖန်ခြင်း ” = အလင်းဆက်(Gazette) ——————————————————————— ” All There is to know about Adolph Eichmann ” Eyes            …..medium Hair            …..medium Weight          …..medium Hight           …..medium Distinguishing Features         …..none Number of Fingers    […]