အာဂNovember 6, 20131min21611
သွေးဝအောင်လွေးကြပေါ့။ အိပ်ရေးပျက် ညအမှောင် လရောင်ရှင်းရှင်း ခြင်ထောင်အပေါက်မို့ မိုးအလင်း နိုးနိုးခြင်းမှာ…. ဗိုက်ကို ဖျစ်လို့….ညစ်သတ်မယ်။ အာဂ


ခင္ခNovember 6, 20131min21810
” မဲ့ပြုံး “   ပြင်ဖို့သင့်တယ် ပြောတော့ပြင်မယ်၊ ပြင်ကြရအောင် ဆွေးနွေးလုပ်တယ်၊ အချိန်မလောက်လို့ နောက်လ ဆုတ်ကွယ်၊ ပြင်ဖို့အရေး နှောင့်နှေးနိုင်ဖွယ်၊ ဒီလိုနဲ့ဘဲ ၂၀၁၅ ရောက်ပါလိမ့်မယ်၊ ပါးစပ်ကပြောပြီး လက်ကမမြန်တယ်၊ ဒီနည်းလမ်းတွေ ရိုးပါပေါ့အစိုးရရယ်၊   မဂျာအေးကိုလေဗျာ သူ့အမေရိုက်ပါလို့ မှောင်မိုက်မှာငို၊ ကိုလူပျိုထရံပေါက်က ခြေထောက်ကိုဆွဲ တွဲလဲ၊ တွဲလဲရယ်နေပါအုံး မိုးတောင်ကချုံး မုန်လုံး၊ မုန်လုံးကိုစက္ကူကပ် ကြာကလပ်နဲ့ဆွမ်းတော်တင် ပလ္လင်ပေါ်ကမျောက်ကလေး ဆင်းကာလို့ပြေး ဂျာအေး၊ မဂျာအေးကိုလေဗျာ သူအမေရိုက်ပါလို့ မှောင်မိုက်မှာငို၊ …………………. ………………….. ………………… ဂျာအေး။   ငယ်တုန်းကသီချင်း ဆုံးစမရှိငြီးရင်း ပြုံးလှမိခြင်း၊   ခင်ခ။


ငှက် ငယ်November 5, 20131min1557
– ခို ……………………….. သူတို့ မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့ ကောင်းကင်ကို ပျံသန်းဖို့ စိတ်ကူးမရှိကြဘူး……………..။ – ခို …………………. သူတို့ မှာ အတောင်ပံ တစ်စုံ ရှိလျှက်နဲ့ ဟိုး……………..အမြင့်ကို ပျံသန်းဖို့လည်း သတ္တိ မမွေးကြဘူး……………….။ – ခို ………………………. ဓာတ်ကြိုးပေါ်မှာ နား အိမ်ခေါင်ပေါ်မှာနေ……… သူများ ပေးတာ ၊ ကျွေးတာ စား အလကား ခို ကောင်တွေ………..။ စာရေးဆရာ တစ်ဦးရဲ့ စာပေဟောပြောပွဲ ထဲကပါ။ အရမ်းကောင်းတဲ့ ကဗျာ တစ်ပုဒ်ပါ…..။ ဒီကဗျာဟာ ကျွန်တော့်ကို လက်ညိုးထိုး ပြောနေတာလား? လူငယ်တွေကို ပြောနေတာလား……..? မသိဘူး……..။ ကဗျာဆရာက ဒီကနေ့ လူငယ်တွေကို ခို […]


အရိပ္စစ္November 5, 20131min1816
ခေါင်းစဉ်ကြီးကြီးမတပ်ပါနဲ့ တစ်ပွင့်ကျန်လေးလည်း မဟုုတ်ပါဘူး အလင်းပေးဖူးတဲ့ ကြယ်လေးတစ်စင်းကို မြတ်နိုးမူ့ ပိုလွန်းရုံလေး ပိုင်ဆိုင်ချင်တဲ့ အရာတွေထဲမှာ ကြယ်လေးကိုပဲလား အဲဒီတုန်းက အခိုက်အတန့်လေးကိုပဲလား ခုထက်ထိကို  မှူန်ပျပျ..။    ။  ( ဆရာ လင်္ကာရည်ကျော်၏ တစ်ပွင့်ကျန် စာအုပ်အား  ခံစားရေးဖွဲ့သည် )                                          အရိပ်စစ်


naywoon niNovember 3, 20131min1114
အဲဒိမြို့က တစ်​ခြားမြို့​တွေနဲ့ လုံးဝကို မတူတဲ့မြို့ဖြစ်​တယ်​,….. မြို့က ကိုယ်​ချင်​းစာတရားကို ဝါးမြိုလိုက်​​တော့ ကိုယ်​ချင်​းစာတရားကလည်​း အားကျမခံ စည်​းကမ်​းကို ပီ​ကေလိုဝါးပြီး အယူသည်​းမှု​တွေနဲ့ ဟန်​​ဆောင်​ခြင်​း​တွေကို ပြန်​​ထွေးထုတ်​လိုက်​တယ်​ …….. အဲဒိ​နေ့ကစပြီး မြို့ဟာ ……. ​မှော်​ဝင်​သွား​တော့တာပါပဲ စည်​ပင်​က အမှိုက်​လာမသိမ်​းတာနဲ့ပဲ ကိုယ်​့အမှိုက်​ကိုယ်​ မီးရှို့ဖျက်​ဆီးရပါတယ်​ဆိုတဲ့ ဆင်​​ခြေလိုပါပဲ …….. စည်​းကမ်​းမဲ့ချင်​တာနဲ့ပဲ ဓ​လေ့ ထုံးစံ ဆိုတာနဲ့ အကာအကွယ်​ယူထားပြီး အသံချဲ ့စက်​ကိုမီးကုန်​ယမ်​းကုန်​ဖွင်​့ပြီး မိုးလင်​းကတည်​းက မြို့ဟာ သက်​ဝင်​လှုပ်​ရှား​နေ​ပေါ့,……. မိုးလင်​းကတည်​းက အသံချဲ့စက်​ဟာ မိုးစုန်​းစုန်​းချုပ်​တဲ့အထိမနားနိုင်​ရှာ​သေးဘူး…….. မြို့ရဲ့တစ်​​နေရာမဟုတ်​ တစ်​​နေရာ အလှူခံ မင်္ဂလာ​ဆောင်​နဲ့ ထီသည်​ကစပြီး ကြွက်​​ဆေး​ရောင်​းတဲ့သူအဆုံး အသံချဲ ့စက်​ဟာပါရင်​ မပြီး​တော့ဘူး (အရပ်​​လေးကိုမှအားမနာ) ဒါတင်​ပဲလား …..မဟုတ်​​သေးဘူး ဖုန်​း​ပြောတဲ့သူ​တွေများလာပြီး လူ​တွေကိုယ်​တိုင်​ကိုယ်​က အသံချဲ ့စက်​​တွေဖြစ်​လို့ အသံ​တွေကျယ်​လာပြီး […]


zaw winNovember 3, 20131min831
– တချောင်းသောလက် အားမရှိပါ ငါးချောင်းသောလက် ပေါင်းစပ်ပါမှ အားရှိပါ၏ ရွှေမြန်မာတွေ လက်သီးဆုပ်ထားကြ။ – ပြိုင်ဘက်ကိုအနိုင်ယူ တောင့်တင်းတဲ့လက်သီး ဘာမထီမြန်မာဟာ ကမ္ဘာမှာထိပ်သီး အနှိမ်ခံ အပစ်ပယ်ခံ တနေ့ကျရင် ဒင်းတို့ကို အနိုင်ယူမဲ့ ငါတို့ရဲ့လက်သီး။ – ငါတို့ချင်း မညီညွတ်လို့ သွေးကွဲနေကြတဲ့အခါ ဒင်းတို့ရဲ့မြေမှာ ရွာဇနပုဒ်မှ ကျောက်စိမ်းမြို့တော် ဖွံ့ဖြိုးဆဲနိုင်ငံမှ ချမ်းသာတဲ့နိုင်ငံ ငါတို့ကိုမှီပြီး ဂုတ်သွေးစုပ်ကြ နွားကွဲရင် ကျားကိုက်တဲ့ဥပမာ ရင်နာတဲ့အဖြစ်ဆိုးများ ပြည်တွင်းစစ်ပြေးဒုက္ခသည်များ – ပေါင်းစည်းပါ နားလည်မှုပေး လိုက်လျောပါ ညီညွတ်သွေးစည်းကြပါ လက်ချောင်းလေးတွေ ပေါင်းစုလို့ လက်သီးဆုပ်ပြီး အားမာန်ပြပါ ဒါဟာ ကမ္ဘာမှာ မြန်မာဟေ့လို့ ခေါင်းမော့ကာ စွမ်းရည်ပြပါ။ မင်းသုတ 15း00 P.M. 2.11.2013


– – – – – ========================= ဝုတ် … ဝုတ် … ဒါ .. ကျုပ်ရဲ့ ငါ ထင်တဲ့ အသံ … ဒီအသံ ခပ်ပြင်းပြင်းဆို “ခင်ဗျားတော့ သေတော့မယ်” လို့ အဓိပ္ပါယ်ရတယ်။ ကိန် … ကိန် … ဒါ … ကျုပ်ရဲ့ တပ်ခေါက်ပြန်တဲ့ အသံ ဒီအသံ “ကျုပ် နာတယ်။ ကျုပ် ကြောက်တယ်” လို့ အဓိပ္ပါယ် ရပါတယ်။ အကယ်၍ … ကျုပ် ဖင်မြှီးလေးများ ရမ်းတန်း ရမ်းတန်း ဖြစ်နေပြီဆို ခင်ဗျားကို ခင်မင်ပါသည် ဟု ဆိုပါတယ်။ “………. ဝုတ် … ဝုတ် […]


Kyi LwinOctober 31, 20131min951
မင်္ဂလာပါ ။ မန်းဂေဇက် ရွာသားများ ခုတလောတော့ သည်းခံဖတ်ရှု အားပေးကြပါလို့ မေတ္တာရပ်ခံရတော့မှာပဲ။ ဘာလို့လဲဆိုတော့ ဖတ်မိတဲ့ ကဗျာ များကို လက်ဆင့်ကမ်းချင်တဲ့ စိတ်ကြောင့် ဒီနေရာမှာ ကိုယ်တိုင်ရေးမဟုတ်ပဲ ။ ကူးပေး လိုက်ရတာတွေအတွက် အားနာ မိပါတယ်။ ကိုယ်တိုင် ရေးချင်တာတွေက အကြောင်းအရာ ရလိုက်  လက်က စာရေးတဲ့ဆီ မရောက်နိုင် တဲ့ အချိန်အခါ ဖြစ်နေလေတော့ ကိုယ်တိုင်မရေးဖြစ်ပေမယ့် ကိုယ်ဖတ်ရတာလေးတွေ ဝေငှ ချင်တော့ကာ ခုလိုပဲ ကူးပေး လိုက်တာကို နားလည် ခွင့်လွှတ်တန်ကောင်းပါရဲ့လို့…။ဒီကဗျာ ကို ဖတ်ရ တဲ့အခါ တို့တိုင်းပြည်ရဲ့ ပြဇာတ် တပုဒ်ကို ကြည့်နေရသလိုမို့… လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၄  နှစ်ကတည်းက  ကပြ အသုံးတော်ခံခဲ့ကြတဲ့ သူတွေ ကို […]


သူကိုယ့်ကို မခင်တွယ်မှန်းလည်းသိပါရဲ့… ကိုယ့်ဆီကနေ အကြောင်းမရှိ အကြောင်းရှာပြီး ဝေးဝေး ထွက်ပြေးသွားချင်နေမှန်းလည်း သိပါရဲ့… ကိုယ်နဲ့ တစ်လတာ အတူနေဖို့တောင်စိတ်မကူးတာလည်း သိပါရဲ့… ကိုယ့် လိုအင်တွေကို လစ်လျူရှုတတ်မှန်းလည်း သိပါရဲ့… ကိုယ် က သူ့ကို ချစ်ရသလောက် သူကကိုယ့်ကို ပြန်မခင်တွယ်နိုင်တာကိုလည်း သေသေချာချာ သိပါရဲ့ နဲ့….   ကိုယ်ကတော့ သူ့ကိုမျှော်ပါတယ် ။ သူ့ကိုအရမ်းချစ်ပါတယ်။ သူနဲ့တွေ့ရမယ့် နေ့တွေဆို အရမ်းပျော်ပါတယ်။ သူကို ကိုယ့်နားကနေထွက်မသွားစေချင်ဘူး။ ကိုယ်နဲ့ ရက်ပေါင်းသုံးဆယ်လောက် ပြည့်ပြည့်ဝဝ အတူနေပေးရင်းကို ကျေနပ်ပါတယ်။ ဒါပေမယ့် …. ဒါပေမယ့် ပေါ့လေ… သူကတော့ နေ့မြင်ညပျောက်တဲ့ နေမင်းကြီးလို ညထွက် နေ့ဝင် တဲ့ လမင်းကြီးလို……….. ကိုယ့်အပေါ် ရက်စက်နိုင်လွန်းတယ်…. အဲ့  သူ… […]


alinsettOctober 31, 20131min30028
“ ငိုသံ ´´   _______________________   အစိုးမရတဲ့ မိုးစက်တွေ ခပ်တိုးတိုးရွာစေဖို ့. . . ကောင်းကင်ကို မော့အကြည့်မှာ . . . ကြယ်တွေ. . . ခုန်ချလို့ ကောင်းတုန်း ။   ______________________   မကြာသေးပါဘူးကွယ်. . . ကံစေရာ လမ်းကလေးထဲ မရဲတရဲပေါ့. . . . . ကိုယ်လျှောက်ခဲ့တယ် ။ တကိုယ်ကောင်းဆန်တဲ့ ရာသီနဲ့အတူပေါ့ ။   _____________________   လာစေချင်တဲ့သူ မလာဘူး မလာစေချင်တဲ့ . . . ဘယ်သံ ညာသံ မိုးသံ လေသံ မြေသံ […]


ပျိုးမိခဲ့တဲ့ ပန်းကလေး တဖြည်းဖြည်း အလှဝင် ရချင်သူတွေများ ပျားပိတုန်းက အကွက်ချောင်း အပေါင်းပေါင်းသော အန္တရာယ် ရှိလို့ရယ် မလာရအောင် ကြံဆောင်ရ ဥယျာဉ်မှုးကောင်း ရေလောင်းလို့ ပေါင်းသင် ဆောင်းအဝင် နှင်းတွေကြား နားဖို့ရယ်ဝေး အို   ပန်းကလေးရေ ထူးခြားစေတဲ့ သူ့အသွင် မြင်သူတိုင်းကငေး လှသွေးလည်းကြွယ် ချစ်စဘွယ်ဟန်များ အံ့အားသင့်စေ လူတိုင်းလေ ထိုသို့သောအခြေ ချူလိုသူတွေက များလာ ခမျာသော ဥယျာဉ်မှုး ခူးပိုင်ခွင့်ရယ် မရှိ ကြည့်လျက်နှင့် အသည်းနာ မတားသာ ဒီဘဝ မညီမျှတဲ့ သည်အခြေ သည်းကြွေလို့ လူပမ်း အပူလမ်းက ဝေဒနာ ဘယ်သူလာလို့ သိမလဲလေ ။


Kyi LwinOctober 30, 20131min1665
ဆရာတင်မိုးရဲ့ကဗျာလေးတပုဒ် ပါ။ သူ့ ခံစာမှု ကို ကွက်ကွက်ကွင်းကွင်း မြင်အောင် ပြ တတ် ရဲ့။ ဖေ့စ်ဘုတ်ခ် မှာ ဖတ် ရင်း ကူး တင်လိုက်ရပါတယ်။   ကြည်ကြည်လွင် ရန်ကုန်မြို့။   ကျွဲမလင်   အရိပ် “က” နေသလို စိတ္တဇ အရုပ်တွေပေါ်လာ ရာသီတွေမှား နာရီတွေနားနေတဲ့ ဗမာပြည်က ဖြစ်စဉ်များ။ ကိုယ့်အရောင်က မှုန်မှုန် သူ့ရောင်စုံက တလျှပ်လျှပ် ကိုယ့်ဓာတ်ပုံတောင် ကိုယ်မမည် မတည်ငြိမ်လို့ တလှုပ်လှုပ် ရေပေါ်ရေးတဲ့အရုပ်များ။ မုန်တိုင်းမွှေလို့ နင်းချေခံရတဲ့ မြန်မာ့မြေပုံ ကိုယ့်ဂုဏ်ရည်တွေ ပျောက်ပြီး အမှောက်မှောက် အမှားမှား အချောက်ချောက် အချားချား မတောက်ကြွားနိုင်တော့ပါတကား။ အိမ်အတွင်းမှာ သိမ်ဖျင်းယုတ်ညံ့၊ ဂွကလန့်တိုက် ပွဲလှန့်ပြီး ဗိုလ်လုပ် […]


အရိပ္စစ္October 30, 20131min1435
ရေစက်တဲ့ ပန်းချီကားတစ်ချပ်ပေါ်ကရောင်စုံအစက်အပျောက်လေးတွေ အလွမ်းတွေဖရိုဖရဲနဲ့ ကြိုးစားချယ်သလိုက်ပုံများ လေညှင်းလေးတွေတောင်လန့်ပြေးသွားတယ် ကံကြမ္မာမှတ်တမ်းမှာတော့ ကမ္ဘာဘယ်လောက်ခြားခြား မိုးကုတ်စက်ဝိုင်းတစ်နေရာမှာ အနည်းဆုံးတော့ ခြေစုံရပ်ပြီး လက်ဆွဲနှုတ်ဆက်ရုံလေး တစ်ခဏပဲဟုတ်ဟုတ် ထာဝရပဲဟုတ်ဟုတ် ချစ်ချစ်မုန်းမုန်း လွင့်မျောရုံသက်သက် အဲဒီပန်းချီကားထဲမှာပဲ ကိုယ့်အရိပ်ကိုပြန်တွေ့လိုက်တယ် တစ်ကနေပြန်စလို့မရတော့ပေမယ့် အရည်ပျော်ကျနေတဲ့ရေခဲမြစ်တစ်စင်းအောက်မှာ စုတ်ချက်တွေကမရပ်သေးဘူး….။                                                           အရိပ်စစ်