နှုတ်ခွန်းဆက်သလိုက်ပါ၏ သူကြီးနှင့်တကွ ရွာသူရွာသားများခင်ဗျာ။ ယခုအချိန်ကစပြီး ဘာသာပြန်သတင်းလေးများ ပြန်လည်ခံစားနိုင်ရန်စတင်လိုက်ပီ ဖြစ်ပါကြောင်း… အနာဂတ်ကာလတွင် ပင်လယ်သမုဒ္ဒရာထဲရှိ လျပ်စစ်စွမ်းအင်ထုတ် လေရဟတ်ကြီးများအတွက် အလုပ်ခေါ်စာများသည် အလုပ်သမားများအဖို့ အလွန်မျက်စိကျဖွယ်ရာခေါင်းစဉ်များ ဖြစ်လာပေဦးမည်။ ဘယ်လ်ဂျီယမ်ကုမ္ပဏီတစ်ခု၏ အဆိုအရ အလုပ်သမားများအတွက် အလွန်ခေတ်ဆန်၍ နေချင့်စဖွယ်နေရာများ တွဲဖက်ပါဝင် တည်ဆောက်ထားသည့် အလွန်ကြီးမားသော လေရဟတ်ကြီးများသည် အနာဂတ်ကာလ၌ အမှန်တကယ် ဖြစ်ပေါ်လာမည်ဟု ဆိုပါသည်။ ဥရောပ လေစွမ်းအင်ဆိုင်ရာအသင်းကြီး ( European Wind Energy Association ) ၏ အစီရင်ခံစာ၌ အဆိုပါ လေရဟတ်များမှာ ၂၀၃ဝ ခုနှစ်ပတ်ဝန်းကျင်တွင် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အလုပ်အကိုင်ပေါင်း ၃ သိန်းခန့် ဖန်တီးပေးနိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ထိုလေရဟတ်ကြီးများတွင်နေထိုင်မည့် ပြုပြင်ထိန်းသိမ်းရေးအဖွဲ့သားများနှင့် ပညာရှင်များသည် တာဘိုင်များပေါ်၌ တွဲဖက်တည်ဆောက်ထားသောနေရာများ၌ နေထိုင်ရမည်ဖြစ်ကာ အတိုင်းအဆမရှိ […]