manawphyulayJanuary 28, 20111min650
မန္တလေး Barcamp ပွဲကို ဖေဖော်ဝါရီ ၁၂ ရက် ၁၃ ရက်နေ့များတွင် စည်းကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။


ဆူးJanuary 18, 20111min33029
တနေ့က မုန့်ဝယ်စားရင်းနဲ့ အတွေးတခု ဝင်မိတယ်။ J Donut က မုန့်က တခု ၄၀ဝကျပ် ဈေးကတော့ မတက်ဘူး မုန့်က ၃ချိုး၁ချိုးလောက် သေးသွားတယ်။ မုန့်သားသားလေး လို့ ပြောရအောင်ကို သေးသွားတာ။ ဘန်ကောက်မှာ ဒိုးနပ် ဘာဆိုလည်း မသိတော့ဘူး မုန့်ဝယ်စားတယ်။ ၁၂ဘတ် ကျတယ် မြန်မာ ပေါက်ဈေး ၃ဝ နဲ့ မြှောက်တော့ ၃၆ဝကျပ်ပေါ့.. မုန့် အရွယ်ကလည်း ဂျေဒိုးနပ်ထက် အများကြီး ပိုကြီးတယ် အရသာလည်း ပိုဆွဲဆောင်မှု ရှိတယ်။ မုန့်တွေ ဘာလို့ ဈေးကွာရတာလဲ.. မြန်မာပြည်မှ အရင်းအမြစ် ဖြစ်တဲ့ ဂျုံလည်း ထွက်တာဘဲ လုပ်အားခလည်း ဈေးသက်သာတယ်။ အခွန်အတုတ်များ ကြီးမားနေ သလား။ စားသုံးသူတွေ နည်းလို့ […]


myohan006January 12, 20111min25110
သူငယ်ချင်းတစ်ယောက်က လာမေးပါတယ်။ “ငါ့ကောင်မလေးကို Gmail password ပေးသိထားတယ်ကွာ။ နောက် ငါ တစ်နေ့ တစ်နေ့ ချက်သမျှတွေလဲ ပြီးတာနဲ့ Trash ထဲထိလိုက်ဖျက်တော့ သူဘာမှ မသိဘူး” အားလုံးအဆင်ပြေတယ်။ မပြေတာက ငါ တစ်နေ့တစ်နေ့ အင်တာနက် သုံးပြီး ကြည့်သမျှ Web Site အားလုံးနီးပါး သူသိနေတယ်။ ဘာလို့လဲ။ အဲလိုမေးတော့ ကျွန်တော်သဘောကျသွားပါတယ်။ တော်တော်များများလဲ သိပြီးဖြစ်မှာပါ။ Google account စဖွင့်ကတည်းက “Enable  Web History ” ဆိုတာလေးကို ကျွန်တော်တို့တွေ Check ဖြုတ်ခဲ့ဖို့ သတိမထားဖြစ်ကြတာများပါတယ်။ အဲ့ဒီတော့ Google က ကျွန်တော်တို့ mail ကို Sign in ဝင်ပြီးတာနဲ့ ကြည့်သမျျှ Siteအားလုံးကို […]


myohan006January 12, 20111min1354
အရင်က web page တွေ ကိုရေးတဲ့ HTML 4 နေရာကို ခုတော့ HTML 5 နေရာယူဖို့အတွက် ပေါ်ထွက်လို့လာပါပြီ။ HTML 5 ပေါ်လာတဲ့နောက်မှာ တော့ စဉ်းစားစရာက ကိုယ်သုံးနေတဲ့  Browser  က ဒီတိုးတက်လာတဲ့နည်းပညာ ကို လိုက်မှီရဲ့လားဆိုတဲ့ အတွေးတွေ လဲ ဝင်လာကြမှာဖြစ်ပါတယ်။ စာရေးသူ ကိုယ်တိုင်လဲ ဒီအတွေးလေးဝင်လာလို့ အများသူငါ အတွက် အထောက်အကူ ရနိုင်အောင် ဒီစာလေးကို ရေးရခြင်းဖြစ်ပါတယ်။ ဘယ်လိုသိနိုင်မှာလဲ http://html5test.com/ ကို သွားကြည့်လိုက်ပါ။ ခုဖော်ပြထားတဲ့ Website က ခုကိုယ်လက်ရှိသုံးနေတဲ့ Browser က HTML 5 ကို ဘယ်လောက်Support ပေးနိုင်တယ်ဆိုတာ စမ်းစစ်ပေးပါတယ်။ HTML 5 Support […]


weiweiJanuary 2, 20111min39724
တရုတ်နှစ် ၁၂ နှစ်ကို အစဉ်အတိုင်း စီလိုက်ရင် Rat, Ox, Tiger, Rabbit, Dragon, Snake, Horse, Sheep, Monkey, Rooster, Dog, Pig 2011 မှာ ကျရောက်မဲ့ ယုန်နှစ်က သတ္ထုယုန်နှစ်ဖြစ်ပါတယ်။ အကောင်တစ်မျိုးကို (၅) မျိုး ပြန်ခွဲတယ်။ ယုန်မှာလဲ … သတ္ထုယုန်၊ ရေယုန်၊ သစ်သားယုန်၊ မီးယုန်နဲ့ မြေယုန်ဆိုပြီးရှိသေးတယ်။ ယုန်တစ်မျိုးက နှစ်ပေါင်း (၆၀) မှာမှ တစ်ကြိမ်သာကျရောက်မှာဖြစ်ပါတယ်။ အသေးစိတ်သိချင်ရင်တော့ ဂေါဂယ်ထဲမှာ ရှာဖတ်လို့ရပါတယ်။ ယုန်ဆိုတာက ပညာရှိမို့လို့ ယုန်နှစ်မွေးတဲ့သူတွေက ပညာဉာဏ်ကြီးတယ်လို့ အကြမ်းဖျဉ်းပဲ မှတ်ထားသားဖူးပါတယ်။ အကောင် ၁၂ ကောင်နဲ့ ပတ်သက်ပြီး ကြားဖူး သိဖူးတာလေးတွေ ဗဟုသုတရအောင် မှတ်မိသလောက် […]


weiweiDecember 19, 20101min26715
သောဝါစဿတာ ဧတံ မင်္ဂလ မုတ္တမံ ဆုံးမရလွယ်ကူခြင်းသည် မြတ်သော မင်္ဂလာဖြစ်၏။ ထုံးစံအတိုင်းပဲ ငယ်ငယ်တုန်းက အကြောင်းကို စဉ်းစားမိပါတယ်။ ကျွန်မတွေ့ဖူးကြုံဖူးသလောက်တော့ လူတော်တော်များများဟာ ဆုံးမရမလွယ်ပါဘူး။ ကိုယ့်လုပ်တာမှန်တယ် ကိုယ်ထင်တာမှန်တယ်လို့ ထင်နေကြလို့ ဆုံးမဖို့ဝေးလို့ ဝေဖန်မိရင်တောင်မှ မကြိုက်ကြပါဘူး။ တစ်ခုခုကို သိတဲ့သူက ပြောပြရင်လဲ သူကဘယ်လောက်သိလို့ ဆရာလုပ်တာလဲဆိုပြီးလဲ ထင်ကြပါတယ်။ ဝေးဝေးမကြည့်ပါနဲ့ အိမ်မှာ မိဘက သားသမီးကိုပြောရင်တောင် မိဘတွေကို သူတို့ခောတ်ကနဲ့မတူဘူး သူတို့မသိပဲဝင်ပါတယ်ဆိုပြီး စိတ်ဆိုးလေ့ရှိပါတယ်။ ကျွန်မ ကလေးတုန်းကတော့ ဆုံးမမှာကို မကြိုက်လို့ မခံချင်လို့ အတတ်နိုင်ဆုံး လိမ်မာအောင် ကြိုးစားပြီးနေခဲ့ဖူးပါတယ်။ အဲဒီလိုနေတဲ့ကြားထဲက အမြင်မတော်လို့ ဆုံးမတာကိုခံလိုက်ရရင် သေချာမှတ်ထားပြီး နောက်တစ်ခါမလုပ်မိအောင်သတိထားလိုက်ပါတယ်။ ကလေးတုန်းကတော့ မိဘ ဘိုးဘွားတွေကို ချစ်ခင်လေးစားတဲ့စိတ်ရှိနေတော့ သူတို့တွေနဲ့လဲ အဆင်ပြေပြေနေနိုင်ခဲ့ပါတယ်။ အဆင်မပြေခြင်းကတော့ ၁ဝ […]


ၾကယ္ေလးDecember 18, 20101min32421
ဆယ်စု နှစ်ပေါင်းများစွာ ပညာရေးတာဝန်များကို ကျရာ ဒေသများတွင် တာဝန်ထမ်းဆောင်ခဲ့ကြအပြီး အငြိမ်းစား ယူထားကြသူ မြန်မာကျောင်းဆရာအိုများမှာ လူမှုဒုက္ခ အဝဝကို ခါးစည်း ခံရလျက် ရှိကြောင်း သတင်းရရှိသည်။ မန္တလေးတက္ကသိုလ် သမိုင်းဌာနမှာ နှစ် ၃ဝ ကျော် ကထိကတာဝန်ယူခဲ့အပြီး အငြိမ်းစားယူထားသူ ဆရာကြီးတစ်ဦးမှ မောက္ခသို့ ရင်ဖွင့်ပြောပြခဲ့သည်။ “အဘတို့ ရတဲ့ ပင်စင် လစာက လုံးဝကို မလောက်မငပါ။ လမ်းစရိတ်နဲ့ လဖက်ရည်ဖိုးမျှသာ ရှိတယ်။ ပင်စင်တစ်ခုတည်းနဲ့ အမှီပြုထားရတော့ ဘယ်လိုမှ စားလို့သောက်လို့ မဝဘူး။” ရှမ်းပြည်နယ် တောင်ကြီး အထကကျောင်းတွင် ကျောင်းအုပ်လုပ်ခဲ့သူ အသက် ၇၁ နှစ်အရွယ်ရှိ ဆရာကြီး ဦးစိုင်းမင်းလွင်မှ မိသားစု ကလည်းမထောက်ပံ့နိုင်သဖြင့် တပည့်ဟောင်းများအိမ်သု့ိ တစ်အိမ်တက်ဆင်း လိုက်လံ တောင်းစားရင်း ကျန်ရှိနေသည့် […]


weiweiDecember 15, 20101min47823
တရုတ်စာလုံးတွေကို တစ်လုံးမှ မသိသောသူများအတွက် ဗဟုသုတပါ။ ကျွန်မတို့ မြန်မာပေမယ့် မြန်မာစာကို မသင်ထားဘူး မတတ်ဘူးဆိုရင် ကကြီးကို ပုတ်လောက်ရေးပြထားရင်တော့ ဘာရေးထားမှန်း မသိနိုင်ဘူး။ အင်္ဂလိပ်စာကို မသင်ဖူးရင်လည်း A ကို ပုတ်လောက်ရေးပြလဲ ဘာရေးထားမှန်း မသိနိုင်ဘူး။ ဒါပေမယ့် တရုတ်စာလုံးကတော့ အဲဒီလိုမဟုတ်ဘူး။ တရုတ်စာမသင်ထားပေမယ့် စာလုံးတွေကို ခန့်မှန်းလို့ရပါတယ်။ တရုတ်စာလုံးတွေက ပန်းချီကနေလာတာမို့လို့ပါ။ ဟိုရှေးတုန်းက သင်္ကေတအနေနဲ့သတ်မှတ်ကြရာမှာ မျက်စိနဲ့မြင်ရတဲ့သဏ္ဍာန်နဲ့ နီးစပ်ရာကို စာလုံးအနေနဲ့ တဖြည်းဖြည်း ပြောင်းသုံးခဲ့ကြလို့ပါပဲ။ အဲဒါကြောင့် အခုပို့စ်ကို ဖတ်ပြီးရင် အနဲဆုံး စာလုံးနဲနဲလောက်ကို မှန်းကြည့်နိုင်ဖို့ နည်းလမ်းလေးနဲနဲပြောပြချင်လို့ပါ။ မြန်မာတွေပြောလေ့ရှိတယ့် ပဲပင်ပေါက်စာလုံးတွေထဲက လွယ်တာလေးနဲနဲကို ရှင်းပြချင်ပါတယ်။ တစ်ဆိုတဲ့ စာလုံးကို တရုတ်က 一 (yi) ယီး လို့ ရေးတယ်။ အခြစ်ကလေးက […]


ၾကယ္ေလးDecember 5, 20101min1225
ပဋိပက္ခဖြေရှင်းရေး၊ အကြမ်းဖက်မှု နှိမ်နင်းတိုက်ဖျက် ရေးဆိုင်ရာ သင်တန်းတွေမှာ ကာ ကွယ် စောင့်ရှောက်ခြင်းနဲ့ ပတ်သက်ပြီး ဘာသာရပ်နှစ်မျိုးကို သင်ကြားလေ့ရှိပါတယ်။ ပထမတမျိုးက Critical Infrastructure Protection ဖြစ်ပြီး၊ ဒုတိယတမျိုးကတော့ close protection ဖြစ်ပါတယ်။ လူတဦးတယောက် (သို့မဟုတ်) အုပ်စုတခုကို အနီး ကပ် ကာကွယ်စောင့်ရှောက်ရတဲ့အခါမှာ စောင့်ရှောက်ခံရသူ (သို့မဟုတ်) အုပ်စုတခုမှာ အရေးပါတဲ့ပုဂ္ဂိုလ် (Very Important Person- VIP) တွေ ပါဝင်နေတတ်ပါတယ်။ ဒါ ကြောင့်လဲ VIP/ Close Protection လို့ လုံခြုံရေးလောကမှာ ခေါ်ဝေါ်သုံးနှုံးပါတယ်။ ယေဘုယျအားဖြင့် လူသားတွေဟာ ကိုယ့်ကိုကိုယ် ကာကွယ်စောင့်ရှောက် လေ့ရှိကြပါ တယ်။ ဥပဒေရဲ့ ကာကွယ်စောင့်ရှောက်မှုကိုလဲ ခံယူလေ့ရှိကြပါတယ်။ ဒါပေမယ့် နိုင်ငံ […]


zinmyotunNovember 28, 20101min550
ရင်ထဲက အာဃာတ….. လူတိုင်းမှာ အာဃာတတို့အမုန်းတရားတို့ဆိုတာရှိကြပါတယ်။ အဲဒါတွေကကိုယ့်ဘဝ တိုးတက်ရာတိုးတက်ကြောင်းကို ပိတ်ဆို့စေတဲ့အတားအဆီးတွေ ပဲလေ။ အဲဒါကြောင့်စာဖတ်သူများအာဃာတ ရဲ့ ဆိုးကျိုးကိုသိစေရန်ဒီပုံပြင်လေးကို ရေးလိုက်ခြင်းဖြစ်ပါတယ်။ ရင်ထဲက အာဃာတ တစ်ခါက တောအုပ်တစ်အုပ်ဂူကြီးတစ်ဂူ ထဲမှာလူခြောက်ယောက်ရှိနေတယ်။ သူတို့ ကခရီးသွားတွေပါ ။လက်ထဲမှာလည်းထငိး တစ်ချောင်းစီကိုင်လို့ ပေါ့။ သူတို့အလယ်မှာဖိုထားတဲ့ မီးဖိုကနောက်ဆုံးမီးတောက်ကိုအားအင်ချိနဲ့စွာတောက်လို့ပေါ့။ ပထမလူက သူနဲ့မျက်နှာချင်းဆိုင်ကလူကိုူကြည့်လိုက်တယ်။ သူကမျက်နှာဖြူလူမျိုးလေ။ မျက်နှာချင်းဆိုင်က လူကိုကြည့်ပြီး `ဟင် ငမည်းပါလား ဒီလိုလူမျိုးနဲ့မှလာတွေ့ရတယ် ` လို့ဆိုပြီးမီးပုံကိုကျောခိုင်းပြီးထိုင်လိုက်တယ် ။ သူနဲ့မျက်နှာချင်းဆိုင်အာဖရိကသားကြီး က လည်း ဟင်ငါတို့ကိုတစ်သက်လုံး ဖိနှိပ်လာတဲ့မျက်နှာဖြူပါလားဆိုပြီး ကျောပေးလိုက်ပြန်တယ်။ တတိယလူကသူဌေးဖြစ်ပြီးစတုတ္ထလူကတော့ ဆင်းရဲသားဖြစ်ပါတယ်။ သူဌေးက ဟင်ဆင်းရဲသားပါလား ဒီကောင်ငါ့ဆီကဘာတွေ ခိုးမလဲမသိဘူး ဆိုပြီးတွေးနေတယ်။ ဆင်းရဲသားကလည်း ဟင်း ဒီလူ့ မလိုင်တွေက လုံးဝထောင့်မကျိုးဘူး ။ မရှိခိုးနိုးထင်နေတယ်။ […]


zinmyotunNovember 28, 20101min580
ဖားလေးနှစ်ကောင် တစ်နေ့တော့ ဖားတစ်သင်းဟာ တောကြီးမျက်မည်းထဲမှာ ခရီးလှည့်နေကြတယ်။ အဲလိုလည့်နေတုန်း သစ်ရွက်တွေ ဖုံးနေလို့ မမြင်သာတဲ့ တွင်းနက်ကြီး တစ်တွင်းထဲကို သူတို့အုပ်စုထဲက နှစ်ကောင် ကျသွားပါလေရော။ ဟား… ကျန်တဲ့ဖားတွေလည်း တွင်းနှုတ်ခမ်းမှာ ဝိုင်းနေကြတာပေါ့။ တွင်းကြီး ဘယ်လောက် နက်သလဲဆိုတာကို တွင်းနှုတ်ခမ်းမှာ ဝိုင်းနေတဲ့ ဖားတွေက မြင်သွားတဲ့အခါ ကျသွားတဲ့ ဖားနှစ်ကောင်ကို သူတို့က သည်လိုပြောတယ်။ “မင်းတို့တော့ သွားပြီ… ဘယ်လိုမှ ပြန်တက်လို့ ရမှာ မဟုတ်တော့ဘူး တွင်းထဲမှာပဲ မင်းတို့နှစ်ကောင် သေရတော့မယ်” တဲ့။ တွင်းထဲကျနေတဲ့ ဖားနှစ်ကောင်ကလည်း သူတို့အဖော်တွေ ပြောတဲ့စကားကို လစ်လျူရှုလိုက်ပြီး သူတို့ကိုယ်စွမ်း ရှိသလောက် တွင်းနှုတ်ခမ်းဆီ အတင်း ခုန်တက်ကြတော့တာပေါ့… ဝိုင်းကြည့်နေတဲ့ တွင်းနှုတ်ခမ်းက ဖားတွေကလည်း တစ်ခါတည်းကို သံပြိုင် အော်ကြပြန်ပါလေရော… […]


manawphyulayNovember 25, 20101min680
Speaker : Daw Khaing Khaing Tin (British Council Teaching Centre) Date : Friday 26 November 2010 Time : 5:00 to 6:00 p.m. Venue : British Council Library Registration : register online or at the library desk သင်နိုင်ငံခြားသို့ပြောင်းရွှေ့ရန်စီစဉ်နေပါသလား။ သင်နိုင်ငံခြားမှာ သွားရောက်ပညာသင်ကြားရန် စီစဉ်နေပါသလား။ တက္ကသိုလ် ကောလိပ်များ ရဲ့ ဝင်ခွင့်လိုအဎ်ချက် နဲ့ ပြည်ဝင်ခွင့်ဗီဇာ လိုအပ်ချက်တွေ ပြည့်မှီဖို့ IELTS (International English Language Testing System) က […]