ခင္ခJuly 31, 20141min26117
” လက်ဆွဲမနုတ်ဆက်ဘဲ လက်သီးချင်းထိုးရတော့မလို “   လက်သည် ပြင်ပအရာဝတ္ထုများနှင့် အစဉ်ထိတွေ့နေသည့်အတွက် ဗက်တီးရီးယားမျိုးစုံဖြင့် ပြည့်နက်နေ သည်ကိုအကြောင်းပြု၍ နိုင်ငံတကာတွင် လက်ဆွဲနှုတ်ဆက်ခြင်းထက် လက်သီးချင်းဖွဖွထိုး၍ နှုတ်ဆက်ခြင်း ကိုရွေးချယ်ကျင့်သုံးလာကြကြောင်းသိရပါသည်။ တံခါးလက်ကိုင်ဘုကို ကိုင်သောအခါ၊ ဖုန်းအသုံးပြုသောအခါ ဘတ်စ်ကားပေါ်တက်သည့်အခါ အစရှိသဖြင့် မလွဲမရှောင်သာသော အခြေအနေများတွင် လက်ဖြင့်အရာဝတ္ထုမျိုးစုံကို ကိုင်မိကြသည့်အခါ ဗက်တီးရီးယား ပိုးမွှားများစွာ လက်ပေါ်သို့ကူးလာနိုင်ပါသည်။ ထိုအခါ လက်ကို ချက်ခြင်းဆေးရန် အမြဲအဆင်မပြေနိုင်သဖြင့် ထိုလက်ဖြင့် ကိုင်တွယ်ပွတ်သပ်မိသော ခန္ဓာကိုယ်အစိတ်အပိုင်းနှင့် အခြားအရာဝတ္ထုများတွင် ထိုပိုမွှားများ ထပ်ဆင့်ကူးသွားသည့်အတွက် ပတ်ဝန်း ကျင်တွင် ပိုးမွှားတွေနဲ့ပြည့်နိုင်ပြီး လက်တွင်လည်းရှိနိုင်သည်ဟုဆိုပါသည်။ ထိုသို့ လက်မှတဆင့် ပိုးမွှားကူးစက်မှုကို ကာကွယ်နိုင်ရန် လူအများက လက်သီးချင်းထိတွေ့ နှုတ်ဆက်ခြင်းကို ဦးစားပေးလာကြခြင်းဖြစ်ပြီး သိပ္ပံပညာရှင်များကလည်း လက်ဆွဲနှုတ်ဆက်ခြင်း လက်သီးထိုးနှုတ်ဆက်ခြင်း ကြောင့်ကူးစက်နိုင်သည့် ဗက်တီးရီးယားပိုးမွှား […]


ムラカミJuly 29, 20144min3629
ဘောလုံးအကြောင်း မရေးရတာ နည်းနည်း ကြာသွားသမို့ ..ရေးလိုက်အုံးမယ်ဗျို့…။ ခုတလောက နိုင်ငံအသင်း ပွဲတွေ ပြီးဆုံးသွားခဲ့ပြီး ကလပ်အသင်းတွေကလည်း ရာသီကြို ခြေစမ်းပွဲတွေချည်း ကန်နေတာမို့ …အသင်းရဲ့ခြေစွမ်းဆိုတာ ပြောဖို့ (ရင်ခုန်စရာမကောင်းသေး) စောသေးတဲ့ ကာလလည်းဖြစ်.. အပြောင်းအရွှေ့ ရာသီ ရဲ့ ခြေ၂ချောင်း ဈေးကွက်ကလည်း ဂျာနယ်တွေက ဝေဝေဆာဆာဖော်ပြနေတာမို့… ရေးကွက် အတော် ကျပ်တာကလား ..။ အဲ့လိုနဲ့ ဖေ့စ်ဘုတ်ပေါ်က ရွာ့ဘောလုံးဝါသနာရှင် ဂရုထဲ မယ် ရေးစရာလေးတခု သွားတွေ့မိလို့ စရေးဖြစ်တယ် ပြောရမယ်ဗျ။ စမေးတဲ့လူက ရွာသား မင်းခန့်ကျော် ခင်ဗျ… သူမေးထားတာက ဘောလုံးတကွင်းရဲ့ အလျား × အနံ ဂိုးပေါက် အကျယ် × အမြင့် အစရှိတဲ့ ဘောလုံးကွင်း တခုရဲ့ အတိုင်းအတာလေးသိချင်ပါတယ်။ […]


ခင္ခJuly 29, 20141min24910
” သတိပြုဖွယ် (၈) သွယ် “   သုတေသီဆရာဝန်တွေရဲ့ အသက်ရှည်စေရာ အကြောင်းတရား (၈) ချက်ကိုရေးပြမလို့ပါ။ ပထမဆုံးအချက် ငါး နှင့် ဟင်းရွက် များများစားပေးပါ။ ရေနေငါးတွင်ပါဝင်သော အဆီသည် လူခန္ဓာကိုယ်ကို အကျိုးပြုစေပြီး ကုန်းနေတိရစ္ဆာန်မှာပါတဲ့ အဆီကတော့ ဒုက္ခပေးတာမို့ ငါး များများ စားသင့်ပါတယ်။ စစ်တမ်းအရလည်း မြေထဲပင်လယ် ဝန်းကျင်မှာနေတဲ့သူတွေက ငါး ကိုပိုအဓိက စားသုံးကြ တာမို့ သူတို့တွေဟာ အသက်ပို ရှည်ကြကြောင်း သုတေသီတွေကဆိုပါတယ်၊ ပြီးတော့ ဟင်းသီးဟင်းရွက် စားပေးပါ ဟင်းသီးဟင်းရွက် စားခြင်းဟာ ခန္ဓာကိုယ်တွင် မလိုအပ်သော အဆီများဖြစ်ပေါ် ဝိတ်တက်မှုကို ထိန်းသိမ်းသလို သူတို့မှာပါတဲ့ သဘာဝဓာတ်တွေကလည်း ကျန်းမာရေးကို အထောက်အပံဖြစ်စေပါတယ်၊ ဒါပေမယ့် ဟင်းရွက်ကို အလွန် နွမ်းသွားအောင် […]


ခင္ခJuly 28, 20141min32616
  ” ဓာတ်စာ -၂ “ တစ်ခါတလေကြားဖူးကြမယ် ထင်ပါတယ် တိုင်းရင်းဆေးကုထုံးမှာ ” ဓာတ်စာ ” ဆိုတဲ့ စကားရပ်ကိုပါ။ ဆေးမသောက်လိုသူတွေအတွက် အစာနဲ့ ဝေဒနာသက်သာအောင် ကုသတာကို ဓာတ်စာလို့ ခေါ်ပါတယ်။ ွ အဲဒီ ဓာတ်စာ တွေကို ဖတ်ဖူးမှတ်ဖူးတဲ့ တိုလီမိုလီစာပေစုတွေထဲကနေ ပြန်စုစည်းပြီးရေးခဲ့တာရဲ့ နောက်ဆက် တွဲအနေနဲ့ ထပ်မံပြီးဆက်ရေးပါရစေ။ ( ” ဓာတ်စာ-၁ ” – https://myanmargazette.net/201430 )   ၃၆။ ဆီးပူ ဆီးနည်း ဆီနီ မြင်းခွာရွက်သုပ်စားပါ၊ မြင်းခွာရွက်ဟင်းချို ဟင်းခါးသောက်ပါ၊ မြင်းခွာရွက်ပြုတ်ရည်ကို သကြားအနည်းငယ် နှင့်သောက်ပါ။ သို့တည်းမဟုတ် ကျောက်ဖရုံသီး ဟင်းချိုချက်သောက်ပါ။ သို့တည်းမဟုတ် ဘူးသီးပြုတ် နိုင်နိုင်စားပါ။ ၃၇။ လေးဖက်နာ […]


ခင္ခJuly 26, 20141min39413
” ဓာတ်စာ-၁ “ တစ်ခါတလေကြားဖူးကြမယ် ထင်ပါတယ် တိုင်းရင်းဆေးကုထုံးမှာ ” ဓာတ်စာ ” ဆိုတဲ့ စကားရပ်ကိုပါ။ ဓာတ်စာ ဆိုတာဘာလဲလို့ဆိုရင် ဆေးသောက်ခိုင်းပြီး ကုသတာမျိုးမဟုတ်ဘဲ ဆေးသောက်ရမှာ ကြောက်တဲ့သူတွေ ဆေးမသောက်ချင်သူတွေအတွက် အစားအသောက်တစ်ခုခုပြုလုပ်စားခိုင်းပြီး ဝေဒနာကို သက်သာ စေတာမျိုး ကိုပြောတာလေ။ အဲဒီ ဓာတ်စာ တွေကို ဖတ်ဖူးမှတ်ဖူးတဲ့ တိုလီမိုလီစာပေစုတွေထဲကနေ ပြန်စုစည်းပြီးအခုလို ရေးလိုက်ပါတယ်။ ၁။ ရင်ဘတ်နာ၊ လေထိုးလေအောင့် ဖျားရောဂါ ဒန့်သလွန်သီးကို ငါးရံ ငါးခူ ငါးကြင်း ငါးပနော် တစ်ခုခုနှင့် ချက်စားပါ။ ၂။ မီးယပ်ချမ်း၊ လေထိုးလေအောင့် ဒန့်သလွန်သီးနှင့်ငါးရံ ချက်စားပါ။ ၃။ အစာမကြေ ဝက်သားပြုတ်၊ ငရုတ်သီးစိမ်း၊ ရှောက်သီး တို့သုပ်စားပါ။ ၄။ ကိုယ်ရေကိုယ်သားပူသော် ချဉ်ပေါင်နှင့်ပုဇွန် […]


ခင္ခJuly 22, 20141min22016
” သေ ပြီ ဆ ရာ “   ” သူငယ်ချင်း ဘာမှ မစားဘူးလား မှာလေကွာ လဘက်ရည်နဲ့ဆို ဆာမှာပေါ့ ” ” ငါက ထမင်းကြမ်းနဲ့ပဲပြုတ်ဆီဆမ်း မနက်က အိမ်မှာစားလာသေးတာကွ၊ ငါတို့က နယ်သားတွေဆိုတော့ မနက်ဆိုလည်း ထမင်းကြမ်းနဲ့ ပဲပြုတ် ဒါမှမဟုတ် အကြော်နဲ့ စားလိုက်ရမှ နေ့လည်စာလည်း ထမင်းဘဲ အားရပါးရစားလိုက်ရမှာ တင်းတိမ်ကြတာလေ ” ” ဒါဆို မင်းတို့ မိသားစုက ထမင်းကို မိန်ရေယှက်ရေ စားကြတယ်နဲ့တူတယ်နော် ” ” ဟုတ်တယ် ငါ့အဖေရော အမေရော ငါနှမလေးရော နဲ့ ငါက ထမင်းဘဲ အပြတ်အဝတီးကြတာ အခြားသရေစာ မုန့်တွေကို စားခဲတယ်လေ ထမင်းမစားဘဲ ခေါက်ဆွဲကြော်တို့ […]


ခင္ခJuly 21, 20141min44715
“ဆံပင်အကြောင်း တစေ့တစောင်း”   ကျုပ်တို့အရွယ် မငယ်တော့ပြီမို့ ဆံဖြူလို့သွားကျိုး ထုံးစံမျိုးလေမို့ ။   ဆိုသလိုပါဘဲ မနေ့က ညနေကျုပ်ဆံပင်ညှပ် ဆံပင်ဆေးဆိုး သွားလုပ်တော့ အဲဒီဆိုင်အမျိုးသမီးငယ် တစ်ယောက်ဆံပင်အလှပြင်ရင်း ဆိုင်က ကလေးမလေးနဲ့ စကားစမြည်းပြောနေတဲ့ထဲက ” ဟိုတလောက ဆံပင်ကောက်၊ဆေးဆိုးလုပ်ပြီး သိပ်မကြာဘူး ဘာလို့မှန်းမသိ အစားဘဲအစားမှားလေလားမသိ ဆံပင်တွေ အဆုပ်လိုက် အဆုပ်လိုက် ကျွတ်လိုက်တာ အဲဒါ ဆံပင်ပြန်ပေါင်းတင်ပြီး အခုလိုဆံပင်သားပြန်တက်အောင်မနဲ ဂရုစိုက်မွေးခဲ့ရတာ” အဲလိုစကားကြားခဲ့မိလိုက်လို့ လူ၏ ဦးခေါင်းအရေပြားက တွင်းငယ်လေးများမှ ပေါက်နေတဲ့ ဆံပင်အကြောင်း ဖတ်ခဲ့မှတ်ခဲ့သလောက် ပြန်ပြီးဖောက်သည်ချ မျှဝေအုံးမှဘဲလို့ အတွေးဖြစ်မိတယ်။ လူ၏ ဦးခေါင်းအရေပြားတွင် တွင်းငယ်လေးများမှ ဆံပင်သည်ပေါက်နေခြင်းဖြစ်ပြီး အဲဒီတွင်းငယ်လေး အောက်ခြေတွင် အဖုငယ်လေးရှိပါသည်။ ထိုအဖုငယ်လေးသည် ဆံပင်၏အမြစ်ဖြစ်ပေသည်၊ ထိုဆံပင်၏ အမြစ်သည် အရောင်ဖြူပြီး […]


မြသဲ ( 17082011 )July 21, 20141min38631
ဟုတ်ကဲ့ ရေးမယ်လို့ရည်ရွယ်တာကတော့ ပထမဆုံးချက်ဖူးတဲ့ဟင်းလေးတခွက်အကြောင်းပါ။ ဟင်းတခွက်ထဲနဲ့တော့ စာကဘာမှမရှိနိုင်တာမို့ အစာပလာလေးနဲနဲထည့်ပရစေ။ 😆 ဟုတ်ကဲ့ အရင်ကတော့ ကျွန်မဟာ အိမ်ကဖူးဖူးမှုတ်၊ 🙂 စာကလွဲလို့ဘာမှမလုပ်ရဘူးပေါ့ရှင်။ ထမင်းပွဲရှေ့ရောက်ပေါ့။ အဲ့ဆယ်တန်းလဲပြီးရော မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲ ဂုဏ်ထူးတဘာသာနဲ့ပဲအောင်တော့ အမျက်တော်ရှခံရတာပေါ့ရှင်။ :b: အိမ်မှာ မျက်နှာမရဖြစ်နေတုန်း အမှတ်စာရင်းထွက်လာတော့ အမှတ်တွေအားလုံး နှစ်မှတ်၊ သုံးမှတ်နဲ့ချည်းကပ်ပြုတ်ပြီး ဂုဏ်ထူးထွက်တဲ့ဘာသာကလဲ ၁၀ဝ နားနီးဆိုတော့ အရင်နှစ်အမှတ်အရ သွားဆေးတက္ကသိုလ် ဝင်တယ်ပေါ့။ :buu: ( ကြုံတုန်းလေးကြွား 🙂 အဲ့ဟုတ်ပေါင် ) နဲနဲမျက်နှာလေးပြန်ရလာမလိုလိုပေါ့ရှင်။ :boss: ဟုတ်ကဲ့ ကံဇာတာများ ဘယ်လောက်မျက်နှာသာမပေးသလဲဆိုတော့ ကျွန်မအောင်တဲ့နှစ်မှ ဂုဏ်ထူးတွေများလို့ အမှတ်တွေမြင့်သတဲ့။ သွားဆေးကပြုတ်ပြီး တိမွေးကုရောက်သွားသပေါ့ရှင်။ :b: အိုက်မှာ မျက်နှာမရခြေထောက်ရပေါ့ရှင်။ အခြေအနေတွေပိုဆိုးသွားသပေါ့။ အဲ့တုန်းက ခုခေတ်လို တိရိစ္ဆာန်တွေကို တယူတယမွေးတဲ့ခေတ်လဲမဟုတ်၊ […]


ဇီဇီJuly 21, 20142min82963
အဟိ။ ပန်းကန်တွေ အဖြူအမည်းပြောင်းပြီး အသစ်ဝယ်ပြီးကတည်းက ဒီ ၂ ယောက်ကို မညှင်းရသေးလို့ တင်လိုက်တယ်။ နို့မို့ ဖွဘုတ်မှာဗျာ။ သူများတွေ ဗိုက်ဆာနေချိန်ဆို ဓာတ်ပုံတွေ တက်လာပါပြီ။ အနော်တို့ ကို ညှင်းချက်က ဂလိုပါ ဆို … :mrgreenn: ဒီထဲမှာ ဂွဇွတ်လိ(ခ) ရရင်ဖြင့် ကိုကို ကျောက်ရယ်လေ အိမ်မပြန်ခင် ချတ်ဘောက်ကနေ မမနှင်းကို ခိုင်းထားသဗျ။ ကြက်သွန်ကို ဘယ်လိုလှီးထားးးး ဘယ် အသီးအနှံကို ဘယ်ပုံဘယ်နှယ် လုပ်ပေါ့ဗျာ။ ကိုယ်ဘယ်နှမိနစ် အတွင်းပြန်လာမယ်လေး ဘာလေးပေါ့။ အဲဂလို။   :mrgreenn: အဲ။ မပြီးသေးဘူးးး ချက်ပြီး ပြုတ်ပြီး သူက စားချင်နေပြီဗျ။ အဲလာ မမနှင်းက အလှဆင်ပြီး ဓာတ်ပုံရိုက်တာကို သူက စိတ်မရှည် အော်ချင်ဟောက်ချင် […]


ကုိ ထြဋ္July 14, 20142min23012
ကဏန်း မဆလာ ၃၀၀ဝ ကျပ်… ယိုးဒယား သဘောင်္သီးထောင်း  ၅၀ဝ ကျပ်… ဒါက ဖရီးကစ် ဟင်းချို … ကျွန်တော်တို့ ၂ ယောက်သွားစားရင် ဒီတိုင်း အရိုးပိုများတယ်.. အခုကတော့ ၃ ခွက်ခွဲပေးထားလို့… 🙂 ငါးနီတူသုပ်  ၅၀ဝ ကျပ်… ငါးသံပုရာပေါင်း  ၄၀၀ဝ ကျပ်… ဒါဈေးအကြီးဆုံးပဲ… ပင်လယ်စာ တုန်ယမ်း  ၃၅၀ဝ ကျပ်… ကင်းမွန်သုပ်  ၁၅၀ဝ ကျပ်… ငါးခဲပတ် ၄၀၀ဝ ကျပ်… မနေ့က သွားစားတာ အားလုံး ၁ရ ယောက် ကျတာ ၆သောင်းခွဲပဲ ကျတယ်.. ဒါတောင် ပက်ပက်စက်စက် စားတာနော်… ပါဆယ်ပါပါသေး… အအေးဆို အသီးဖျော်ရည်တွေသောက်နဲ့… အဟီး.. ဒါလေးက ပုံကို […]


၄နှစ်တခါ ကျဉ်းပလေ့ရှိသော ဖီဖာ ကမာ္ဘ့ဖလား ဘောလုံးပြိုင်ပွဲ ကား ယခု၂၀၁၄ ခုနှစ်တွင်မူချိမ့်ချိမ့်သဲသဲ ကျင်းပ ပြီးဆီး ခဲ့လေပြီ။ ပွဲစဉ်တလျောက် အမေရိက တိုက် ကိုယ်စားပြု နဲ့ ဥရောပအသင်း ကိုယ်စားပြု အသင်းများ ထိပ်တိုက်တွေ့ဆုံမှု များ ပြင်းထန်ခဲ့သည့် ပြိုင်ပွဲ၏ အကျဉ်းချုပ်သုံးသပ်ချက်အား  ရေးသားတင်ပြရသော်   ၁။ အုပ်စုအဆင့်           ၁-၁။ အုပ်စု(က) (အုပ်စုဗိုလ် း ဘရာဇီး ။ အုပ်စု ဒုတိယ း မက်ဟီကို) အုပ်စု-က တွင် အိမ်ရှင်ဘရာဇီး ၊ မက်ဟီကို ၊ ခရိုအေးရှား နှင့် ကင်မရွန်း အသင်းတို့ပါဝင်ခဲ့ပြီး ခန့်မှန်းသူအများစု တွေးဆသလိုပင် အမေရိကတိုက် အသင်း၂သင်းပင်ဖြစ်သော အိမ်ရှင်ဘရာဇီးနှင့် မက်ဟီကို […]


ဇီဇီJuly 8, 20144min915102
  ဟိ.။  :mrgreenn: ခေါင်းစဉ်က ဘယ်သူပေးဖူးလဲတော့ မသိ။ ပြင်သင့်ရင်ပြင်ပေးမယ်။ ဆရာမင်းလူလည်း ရေးဖူးပါရဲ့။ လက်ဖက်ရည်ဆိုင်ထိုင်တာကို အပြစ်မပြောဖို့ ဝတ္ထုလို ဆောင်းပါးလိုမျိုးလေးးး။ ဖတ်ပြီး သဘောကျဖူးရဲ့။ အရင်ကတော့ နှိုင်းယှဉ်စရာ သိပ်မရှိလို့ လက်ဖက်ရည်ဆိုင်ထိုင်ရင် ကို ဝေလေလေမှတ်ပြီး အပြောခံရတာ….။ ခုများတော့ အရက် ဘီယာဆိုင်က ရှောင်မလွတ်တာနဲ့ပဲ လက်ဖက်ရည်ဆိုင်လေး ထိုင်တာကို မပြောသာတော့…..။ ကျနော့ အကျင့်က လည်း လက်ဖက်ရည်ကို ဆိုင်မှာ ထိုင်သောက်ရမှ….။ ထိုင်တာတောင် ခုံပုလေးတွေနဲ့မှ ထိုင်သောက်ချင်တာ……။ ပလက်ဖောင်း မညီမညာမှာ ခုံပုပု ခနော်နီ ခနော်နဲ့လေးတွေနဲ့ ထိုင် စကားပြော…။ လမ်းမှာ ဖြတ်သွားဖြတ်လာ ဟိုကြည့်ဒီကြည့်… လက်ဖက်ရည်ကုန်သွားရင် (အဲ ကျနော်က နောက်တစ်ခွက် ထပ်မှာတယ်၊ ဟိ) အဲဒီ […]


ကုိ ထြဋ္July 5, 20141min33921
ကဲ.. ကဲ… ဒီတလ သွားမယ်၊ ဝါးမယ်၊ မြိုမယ်၊ ဆို့မယ်… အစီအစဉ်လေးကနေ ပြန်လည်ကြိုဆိုပါတယ်… ဟီး.. တခါမှကို  မလုပ်ဖူးသေးဘဲနဲ့ ကြိုဆိုနေတာ.. နောက်တလဆိုရင်တော့ တကယ်ပြောလို့ရပါပြီ… 🙂 ဒီတလမှာတော့ ကျွန်တော်တို့ သွားစားဖြစ်တဲ့ ဆိုင်လေးကတော့… စမ်းချောင်း ဗဟိုလမ်းနဲ့ ညောင်တုန်းလမ်းထောင့်က ရွှေဟင်္သာတ ဆိုင်လေးပဲ ဖြစ်ပါတယ်… ဒီဆိုင်လေးကိုတော့ ကျွန်တော်ရယ်၊ မဟေသီရယ် သွားရောက်ခဲ့ပါတယ်… အခင်းအကျင်းလေးကတော့ မိုက်ပါတယ်.. အမိုးတွေကို အပြည့်မထုတ်ထားပါဘူး.. စည်ပင်ခွန်ရှောင်ချင်လို့ပါ… မိုးရွာရင်တော့ ထုတ်ပါတယ်.. ဒါပေမဲ့ ရေပေါ်စားသောက်ဆိုင်လေးပေါ့… စည်ပင်ကမရှင်းနိုင်တော့ မြောင်းတွေပိတ်ပြီး ရေမဆင်းနိုင်လို့… ခွိခွိ… Kitchen ကလဲ ၂ နေရာတောင် ရှိပါတယ်.. တနေရာကတော့ အထဲမှာ ဖြစ်ပြီး.. နောက်တနေရာကတော့ လမ်းပေါ်မှာပါ… ဒါမှ အနံ့ […]