ဟင်းတခွက်ရဲ့ ရာဇဝင်

မြသဲ ( 17082011 )July 21, 20141min27631

ဟုတ်ကဲ့ ရေးမယ်လို့ရည်ရွယ်တာကတော့ ပထမဆုံးချက်ဖူးတဲ့ဟင်းလေးတခွက်အကြောင်းပါ။ ဟင်းတခွက်ထဲနဲ့တော့ စာကဘာမှမရှိနိုင်တာမို့ အစာပလာလေးနဲနဲထည့်ပရစေ။ 😆
ဟုတ်ကဲ့ အရင်ကတော့ ကျွန်မဟာ အိမ်ကဖူးဖူးမှုတ်၊ 🙂 စာကလွဲလို့ဘာမှမလုပ်ရဘူးပေါ့ရှင်။ ထမင်းပွဲရှေ့ရောက်ပေါ့။ အဲ့ဆယ်တန်းလဲပြီးရော မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲ ဂုဏ်ထူးတဘာသာနဲ့ပဲအောင်တော့ အမျက်တော်ရှခံရတာပေါ့ရှင်။ :b: အိမ်မှာ မျက်နှာမရဖြစ်နေတုန်း အမှတ်စာရင်းထွက်လာတော့ အမှတ်တွေအားလုံး နှစ်မှတ်၊ သုံးမှတ်နဲ့ချည်းကပ်ပြုတ်ပြီး ဂုဏ်ထူးထွက်တဲ့ဘာသာကလဲ ၁၀ဝ နားနီးဆိုတော့ အရင်နှစ်အမှတ်အရ သွားဆေးတက္ကသိုလ် ဝင်တယ်ပေါ့။ :buu: ( ကြုံတုန်းလေးကြွား 🙂 အဲ့ဟုတ်ပေါင် ) နဲနဲမျက်နှာလေးပြန်ရလာမလိုလိုပေါ့ရှင်။ :boss: ဟုတ်ကဲ့ ကံဇာတာများ ဘယ်လောက်မျက်နှာသာမပေးသလဲဆိုတော့ ကျွန်မအောင်တဲ့နှစ်မှ ဂုဏ်ထူးတွေများလို့ အမှတ်တွေမြင့်သတဲ့။ သွားဆေးကပြုတ်ပြီး တိမွေးကုရောက်သွားသပေါ့ရှင်။ :b: အိုက်မှာ မျက်နှာမရခြေထောက်ရပေါ့ရှင်။ အခြေအနေတွေပိုဆိုးသွားသပေါ့။ အဲ့တုန်းက ခုခေတ်လို တိရိစ္ဆာန်တွေကို တယူတယမွေးတဲ့ခေတ်လဲမဟုတ်၊ တိရိစ္ဆာန်တွေကို ဆေးခန်းတယုတယပို့တဲ့ခေတ်လဲ မဟုတ်။ တောဖက်တွေမှာဆို နွားဆေး ထိုး၊ နွားကလေးမွေး၊ ဝက်သင်းသတ်တို့လောက်ပဲရှိတော့ မတက်ချင်ဘူးပေါ့။ :p: အဲ့ဒါနဲ့ ရိုးရိုး အင်္ဂလိပ်မေဂျာကိုပဲ ပြန်ပြောင်း။ အလုပ်တွေရှုပ်ပေါ့။ အိမ်ရဲ့ အမျက်တော်က အထွတ်အထိပ်ပေါ့ရှင်။ :chee: လူမိုက်နောက်မှအကြံရဆိုတာဒါမျိုးနဲ့တူပါရဲ့။ အဲ့တုန်းကသာ တိမွေးကုတက်ခဲ့ရင် ခုလောက်ဆို သာထိန်းဖြစ်နေလောက်ပြီ။ ဒီနေ့ခေတ်မှာတော့ တိရိစ္ဆာန်တွေကို တယုတယမွေး၊ ဆေးခန်းသွားပို့၊ ဆေးရုံတင်နဲ့။ အောင်မယ်လေး ရိုက်စားလုပ်နေတာတွေတွေ့လေ နောင်တတွေအလီလီရလေပဲ။ လက်သည်းတခါညှပ်လေးထောင်၊ အမွှေးတခါညှပ် တသောင်းအောက်ထစ်။ ရေတခါချိုး အောင်မယ်လေး အလှပြင်ရင်ဈေးတမျိုး၊ အမွှေးနံ့သာထည့်ရင်ဈေးတမျိုး။ ပါးစပ်ထဲကဈေးပဲ။ 😥 အနဲဆုံးဆေးခန်းလေးဖွင့်ပြီး ခွေးလေးတွေ၊ ကြောင်လေးတွေရဲ့အကျီ င်္လေးတွေ၊ ဖိနပ်ကလေးတွေ၊ သူတို့အသုံးအဆောင်လေးတွေ ရောင်းအုံးတော့ သထေးဖြစ်လောက်တယ်။ နှောင်းမှရတဲ့ နောင်တပေါ့ရှင်။ :byee:

အဲ့ရေးမဲ့စာဘယ်ရောက်သွားပါလိမ့်။ ဆက်ပြောမယ်နော်။ အဲ့ဒါနဲ့ အပစ်ပေးတဲ့အနေနဲ့ ဟင်းချက်ဆိုပြီး အမိန့်ကျလာတာပေါ့ရှင်။ အပစ်ပေးချက်ကတော့ ဟင်းချက်နည်းသင်မပေးပဲ ဈေးခြင်းတောင်းကြီး အိမ်ပို့လိုက်တာပါပဲ။ :hee: ခါတိုင်းဆို အမေကဈေးဆိုင်ဖွင့်ရင် အဖေက ဟင်းခြင်းတောင်းယူပြန်လာပြီး ချက်တာကိုး။ ခုတော့ ဆိုက်ကားနဲ့ ခြင်းတောင်းပဲပို့လိုက်တာ။ ဒါနဲ့ကျွန်မလဲ ကြည့်လိုက်တော့ ဝက်သား၊ ချဉ်ပေါင်ရွက်၊ မျှစ် အစရှိတာတွေတွေ့တယ်။ ဒါနဲ့ ဝက်သားကတော့ အရင်ချက်တုန်းက ကူထားဖူးတော့အိုခေပေါ့။ 😀 ကြက်သွန်ဖြူဒါးပြားရိုက်ဆီသတ်၊ ပဲငံပြာရည်အနောက်ကလေးနဲ့ ပြုတ်ကြော်လေးလုပ်။ အောင်မယ်ဟင်းချက်တာများဘာခက်သလဲပေါ့။ :buu: နောက်ချဉ်ပေါင်ရွက်သင်၊ အိုးထဲကိုမြင်ဖူးတာတွေထည့်။ မျှစ်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီး၊ အရောင်တင်မှုန့်၊ ပုဇွန်ခြောက်မှုန့်၊ ငပိ ( အဲ့တုန်းက ငပိစားသေးတယ် )၊ ငံပြာရည်၊ ဟင်းချိုမှုန့် ထည့်ပြီးလုံးတည်လိုက်တာပေါ့။ ဟုတ်ကဲ့ ချဉ်ရည်ဟင်းပွက်ပွက်ဆိုတော့ မြည်းကြည့်လိုက်တာ ချိုလိုက်တဲ့ဖြစ်ချင်း။ :harr: ပလုတုမှားကုန်ပြီထင်တယ် ချဉ်ရည်ဟင်းက မချဉ်ပဲချိုနေတာ တခုခုတော့လွဲပြီလို့သိလိုက်တယ်။ ဘာလွဲတာလဲတော့မသိဘူး။ အဲ့ဒါနဲ့ ပြန်လာရင်ဆူခံရမှာလဲကြောက်။ ဒါနဲ့ ညာဏ်နီညာဏ်နက်ထုပ်လိုက်တော့ လက်ခနဲ့ပဲအဖြေထွက်လာတယ်။ :buu: ဟင်းတခွက်သာကောင်းကောင်းမချက်တတ်တာ မဟုတ်တာလုပ်ရမယ်ဆိုတော်လိုက်တဲ့ခေါင်း။ ဒါနဲ့အဲ့ဒါကိုလက်တွေ့အကောင်အထည်ဖော်လိုက်တော့မှ ချဉ်ရည်ဟင်းကချဉ်သွားတော့တယ်။ :mrgreen: အိုးဂွတ်ရှယ်မှရှယ်ပေါ့။ ဒါနဲ့ အမေတို့ပြန်လာတော့ ထမင်းခူးခပ်ကျွေးတာပေါ့။ :sar: အမေတို့ကလဲဘာမှမပြောဘူးစားတယ်။ စားရင်းစားရင်းနဲ့မှ မျက်နှာကတမျိုးဖြစ်သွားတယ်။ ချဉ်ရည်ဟင်းကိုသောက်ကြည့်တယ်။ မွှေပြီးခပ်ကြည့်တယ်။ အဲအဲ့မှာအဖြေထွက်သွားတော့တာပဲ။ :p: နင်ချဉ်ရည်ဟင်းထဲ မန်ကျည်းသီးမှည့်တွေထည့်ထားတာလားတဲ့။ :harr: ငင် တေဘီ။ ဟမ်ဘယ်လိုသိသွားတာလဲဆိုတော့ ဒီမှာ မန်ကျည်းသီးဖတ်ကြီးတဲ့။ :b: အောင်မယ်ငီးတေဘာဘီ။ သေချာပြန်ဆယ်ထားတာကို နှစ်ဖတ်သုံးဖတ် ကျန်သွားတာ။ အိုက်မှာ ဆူတော့တာပဲ။ :chee: ချဉ်ပေါင်ရွက်ချဉ်ရည်ဟင်းကိုများ မန်ကျည်းသီးမှည့်ထည့်ချက်ရတယ်လို့ တခါမှမကြားဖူးဘူးဆိုပြီး။ ဆူလဲဆူရီလဲရီပေါ့။ အဲ့တုန်းက မန်ကျည်းမှည့်ကို ရေနဲ့ဖျော်ထည့်ရတာမသိတော့ မန်ကျည်းသီးဖတ်တွေကို ဒီအတိုင်းအိုးထဲထည့်၊ ပွက်ပွက်ဆူခိုင်းပြီး လိုချင်တဲ့ အချဉ်ဓါတ်ရမှ တဖတ်ချင်း ချွေးဒီးဒီးကျအောင်ပြန်ဆယ်ထားတာကိုး။ :mrgreen: အဲ့ဒါ မမြင်လိုက်ပဲ မန်ကျည်းသီးအဖတ်တွေကျန်သွားတာ။ အဲ့မှာပေါ်သွားတာပဲ။ အဲ့ကျမှ ဘယ်ဟင်းဘယ်လိုချက်ဆိုသင်ပေးတော့တာ။ နောက်ဆိုရင်တော့ ဟင်းချက်တာမမှားတော့ဘူး။ 🙂 အဲ့ကတဲက ဟင်းချက်နည်းကိုသေချာလေ့လာသင်ယူ ပြီးချက်တတ်သွားတာပဲ။
အဲ့ကျန်နေတာလေးတခုပဲ။ အဲ့ဒါလေးကတော့ တူးတူးသွားတာလေးတခုပဲ။ :mrgreen: အဲ့ဒီတုန်းက စပေါ်တဲ့ ဂိမ်းစက်ကပါတဲ့ မာရီယိုဂိမ်းဆော့ရင်း ဟင်းချက်တော့ ဂိမ်းထဲမျောသွားသွားပြီး ထမင်းအိုး၊ ဟင်းအိုးတွေမေ့မေ့သွားလို့ တူးနံ့ထွက်မှချည်းသိတာ။ ဆူခံရတာဆိုတာလဲဝက်ဝက်ကွဲ။ ဒါကတော့ ကျွန်မရဲ့ ပထမဆုံးဟင်းချက်တဲ့ အတွေ့အကြုံလေးပါ။ :hint:

ကျွန်မရဲ့ ပထမဆုံးဟင်းတခွက်ရဲ့ ရာဇဝင်ပေါ့ရှင်။

31 comments

  • Mr. MarGa

    July 21, 2014 at 9:14 am

    တီသဲ
    ချဉ်ပေါင်ရွက်ကို ချိုအောင်ချက်နိုင်တဲ့ စွမ်းရည်ကို လေးစားမိပါကြောင်း
    ဟီးးး
    ခုရော အဲ့လိုလေး ပြန်ချက်ကြည့်ပါလား
    အဲ့ အရသာ ထွက်ဦးမလား လို့
    အဟိ

    • TNA

      July 21, 2014 at 10:13 am

      နဲတဲ့အရည်အချင်းလားနော်။ ခုနေချိုအောင်ပြန်ချက်ပြဆိုရင်တောင် ဘယ်သူ့ဆရာတင်ရမှန်းမသိတော့ဘူး :mrgreen:

  • ဇီဇီ

    July 21, 2014 at 9:17 am

    ဟမ်မငေးးးး
    ယောက်ခမွရဲ့။
    ဘယ်နဲ့ ကိုယ့်ပေါင်တွေ ကိုယ်လှန်ထောင်းနေတာတုန်းးး
    အဟိ။ :mrgreenn:
    တော်ကြာ ဆိုင်ရှင် အလွဲနဲ့ ယောက်ခမွ အလွဲ ဆိုင်ထဲ လူမဝင်ပဲ နေဦးမယ် ။
    စောစောစီးစီး ရီသွားရလို့ ကျေးကျေးပါ။

    :mrgreen:

    • TNA

      July 21, 2014 at 10:15 am

      အဟိ စိတ်အညောင်းပြေ ဘာရယ်ညာရယ်မဟုတ်လူရှိန်အောင် ကိုယ့်အရည်အချင်းကိုယ်ထုပ်ပြရတော့တာ ပါပဲချွိရယ်။ :mrgreen:

  • surmi

    July 21, 2014 at 9:49 am

    ဟားဟား ……
    လူတိုင်းမှာ စိတ်ဝင်စားဖွယ် ပုံဝတ္ထုလေးတွေရှိစမြဲပေါ့နော …
    ကျနော့်ဘော်ဒါ တိမွေးကုနဲ့ပြီးတဲ့သူကိုတော့ ဒီလိုခေါ်ကြတာ …
    တရိစာ္ဆန်ဆရာဝန် လို့လေ :mrgreenn:
    အခေါ်ခံရတိုင်း မျက်နှာကြီးကိုပုတ်သိုးးးလို့ဗျာ :mrgreen:

    • TNA

      July 21, 2014 at 10:19 am

      အဟိ ကျန်သေးတယ် အများကြီး။ အဲ့လို အရည်အချင်းတွေပြည့်ဇုံတာ။ 🙂 အသိတယောက်က တိရိစာ္ဆန်ဆရာဝန် လူပျိုကြီး။ သူက အုပ်တံတိုင်းလှုတော့ ပန်းရံဆရာကို အုပ်တံတိုင်းမှာ သူ့နာမည်ရေး ခိုင်းတာ။ ဟိုက လက်ရေးကြီးသွားတော့ ဒေါက်တာ ———- တိရိစာ္ဆန် ဆိုပြီးပြည့်သွားရော။ အောက်ကျမှ ဆရာဝန် ကောင်းမှု့တဲ့ :mrgreen:

  • ဦးကျောက်ခဲ

    July 21, 2014 at 10:00 am

    အဟိ… မွဂျီးသဲတို့က ဆရာကျတယ်…
    ချိုနေသောချင်ပေါင်ဟင်းကို ချဉ်သွားအောင်ပြန်ချက်တယ်ဆိုတော့…
    သင်ပေးတဲ့ဆရာရှိရင်တောင် မျက်ရည် ဖရဲသီးလုံးလောက်ကျမှာပေါ့…
    တိမွေးကု မဖြစ်တာတော့ တော်သေးတယ်… မဟုတ်ရင် ရွာထဲက ကြောင်နှာဂျီးကို ကုနေရမှာ…
    တဘက်က လှည့်တွေးရင်လည်း ဆေးထိုးပီးသတ်သတ်… သင်းပဲသတ်သတ်… အဟိ အဟိ
    😀

    • TNA

      July 21, 2014 at 10:22 am

      :mrgreen: 🙂 😀 အရည်အချင်းတွေတွေ့တယ်နော်။ ထမင်းဆိုင်ဖွင့်ရင် စဖိုမှုးခန့် :mrgreen:

  • weiwei

    July 21, 2014 at 10:21 am

    ကြုံတုန်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းရရင်တော့ .. အိမ်မှာ ကျွန်မက ဟင်းချက်အညံ့ဆုံးနဲ့ မီးဖိုထဲဝင်ဖို့ လိုင်စင်တောင်မရရှာတဲ့ဘဝပါ … ဒါပေမယ့် အပြင်မှာ တစ်ယောက်ထဲ နေရတဲ့အခါမှာတော့ ဆရာကြီးလုပ်တာပဲ .. အမျိုးစုံချက်ပြီး သူငယ်ချင်းတွေကို ခေါ်ကျွေးတာ … အလကားစားရလို့လားတော့မသိဘူး .. မကောင်းဘူးလို့ ဘယ်သူကမှမပြောပဲ စားသွားကြတာချည်းပဲ … အဲဒါနဲ့ပဲ ကိုယ့်ဟာကိုယ်အထင်ကြီးပဲ တစ်မျိုးပြီးတစ်မျိုးချက်တာ …
    တစ်ယောက်ထဲနေဖြစ်တာများတော့ ဟင်းချက်လိုက်တိုင်း ဝက်စတူးဟင်း၊ ကြက်စတူးဟင်းတွေကတော့ ကြိမ်ဖန်များစွာပေါ့ .. 🙂

    • TNA

      July 21, 2014 at 10:23 am

      အဟိ မဝေက အသားပဲစတူးတာ။ ကျွန်မက ထမင်းပါ စတူးလုပ်ပစ်တာ 😀

  • ဒါဂကိုယ့်ကိုရန်လုပ်တဲ့ပို့စ်မဟုတ်လို့ ကောင်းကောင်းမန့်ပေးမယ်
    🙂
    အိမ်မှာမေမေကပဲချက် အမတွေကပဲခက်တော့ အိမ်ထောင်ကျချိန်မှာတအားကသီတာပါ။ချစ်သူကဟင်းဂျီးမများတတ်လို့သာ။အခုထိလည်း အဆင်ပြေပြေကောင်းကောင်းမချက်နိုင်သေးဘူးရယ် 🙁

  • TNA

    July 21, 2014 at 11:49 am

    အဟိ ချက်နည်းလာသင်လှည့် ဟောဒမမဂျီးဆီ။ :mrgreen: ဘယ်လောက်တော်ဒလဲတွေ့မှုတ်လား 🙂

    • TNA

      July 21, 2014 at 2:33 pm

      ဟယ် ဘောပွဲပြီးပါပြီဟယ်။ နောက်လေးနှစ်တွက်အားမွေးနေဘာဒယ် :mrgreen:

  • Crystalline

    July 21, 2014 at 1:03 pm

    သများဟင်းစချက်တာ..အစ်မအိမ်မှာ.. ငါးပြေမအကြီးကြီး ဈေးကလည်းကြီးမှကြီး ဝယ်လာပြီးတော့ ကွကိုယ်ကိုင်တာ.. ငါး၈ကောင်လောက်နဲ့နပန်းလုံး…. ချက်ပြီး မြည်းတော့ တမျိုးကြီးပဲလို့.. ဗိုက်မဖောက်မိဘူးတော့ မစားရဲတော့ဘူး.. တစ်အိုးလုံးသွန်လိုက်ရတယ်.. :cryy: :b:

    • TNA

      July 21, 2014 at 2:54 pm

      အဟိ ခွစ်အဖြစ်ကပိုဆိုးနေဘာဒလား။ ချဉ်ရည်ဟင်းကမှစားရသေးဟိဟိ

  • kyeemite

    July 21, 2014 at 1:12 pm

    ဟင်းတစ်ခွက်ရဲ့ရာဇဝင်ဆိုလို့ စိတ်ဝင်စားသွားတာ…
    ချဉ်ပေါင်ဟင်းထဲ မန်ကျည်းမှည့်များထည့်ရတယ်လို့.. :harr: ခိခိ
    ထူးဆန်းပါပေ့ဒေါ်မွသဲရယ် 😀

    • TNA

      July 21, 2014 at 2:56 pm

      အဟိ အူးမိုက်ရေ ပထမဆုံးအတွေ့အကြုံမှာ မေ့လို့ကိုမရဖြစ်ခဲ့ရတာပေါ့ 🙂

  • ဦးဦးပါလေရာ

    July 21, 2014 at 1:40 pm

    ဒီပိုစ့်ကို ဖတ်ရတော့
    ကျုပ်လဲ ကျုပ်ဘဝမှာ ပထမဆုံးချက်ဖူးတဲ့ ဟင်းတစ်အိုးအကြောင်းသတိရတယ်…

    အဆောင်ကျောင်းသားဘဝက
    ကျုပ်နဲ့ ကျုပ်လို လက်ရည်တူ အပေအတေတစ်ယောက်ဟာ
    သူများကျောင်းတက်တဲ့အချိန်ဆို အဆောင်မှာပဲရှိလို့
    ထမင်းစားဆောင်က ထမင်းဟင်းယူပေးဖို့ သူငယ်ချင်း ငါးယောက်ခြောက်ယောက်က
    အခန်းသော့အပ် တာဝန်ပေးထားတယ်…။
    (ကျောင်းချိန်- ၈းဝ၀-၁၂းဝဝ ထမင်းစားဆောင်ကျွေးချိန် ၈းဝ၀-၁၁းဝ၀)

    တစ်ရက် –
    ထမင်းစားဆောင်က ယူလာတဲ့ ငါးကြော်ရေပြန်ချက်ဟင်းတွေက အရမ်းခါးပြီး စားလို့မရဘူးဖြစ်နေတယ်..။
    အဲဒါနဲ့ အမိုက်ခံပြီး ကျောင်းသွားတက်ရှာတဲ့ မလိမ်မိုးမလိမ်မာလေးတွေ မောမောနဲ့ ပြန်လာရင် ထမင်းငတ်မှာစိုးလို့
    ဟင်းတစ်အိုးလောက်ချက်ဖို့ အခန်းတကာ ဝင်ရှာပြီး စားလို့ရတာ အကုန်စု –
    တစ်ခုမှမကျန် မလေလွင့်ရအောင် အကုန်ထည့်ချက်လိုက်တယ်…

    .ဟင်းအမည် – နဝဒေးလမ်းစဉ်လူငယ်ချဉ်ငံစပ်
    .ပါဝင်ပစ္စည်းများ (မှတ်မိသလောက်)
    .ကြက်သားပြုတ်ကျော် နှစ်တုံးတဝက်
    .ပဲခူး ပုဇွန်ချဉ်
    .ဝက်အူချောင်း နဲနဲ
    .တောင်ငူပဲကြီးလှော်
    .ငပိကြော်လိုဟာမျိုး ပုလင်းဖင်ကပ်
    .ငရုတ်သီးကြော်
    .ကြက်ဥ လေးလုံး
    .ကြက်သွန်နီဥ နဲနဲ
    .သံပုရာသီး နှစ်လုံး
    .ပဲခြမ်းကြော် တစ်ထုပ်(မုန့်ဟင်းခါးထဲထည့်စားတာမျိုး)
    .ဘာလချောင်ကြော်လိုဟာမျိုး လက်တစ်ခုပ်လောက်
    .မြေပဲလှော် နဲနဲ

    -ချက်နည်း တော့ မပြော တော့ပါဘူး..
    😀

    -အဲ ……
    .စားနည်းလဲ မပြောတော့ပါဘူး..
    :mrgreen:

    • TNA

      July 21, 2014 at 2:58 pm

      အိုးစိတ်ဝင်စားစရာကောင်းလိုက်တဲ့ဦးပါဟင်းပါလား။ အိမ်မှာဆိုရင်တော့ မီးဖိုချောင်ရှင်းလင်းတဲ့ဟင်းလို့ နာမည်တပ်ရမယ်ထင်တယ် :mrgreen: ထွက်လာတဲ့အရသာနဲ့ စားပုံစားနည်းလေရယ် သူငယ်ချင်းတွေရဲ့မှတ်ချက်ရယ်လေးတော့စိတ်ဝင်စားမိသား 🙂

  • black chaw

    July 21, 2014 at 1:52 pm

    ရာဇဝင် ဆိုတော့ သမိုင်း ပဲပေါ့ဗျာ။
    ဟင်းချက်တဲ့ သမိုင်းထဲက မှားခဲ့ဖူးတဲ့ အမှားလေးတွေပေါ့။
    သမိုင်းကြောင်းဆင်ခြေပြု အမှား ဆိုတာမျိုးက
    သိတ်ကြောက်ဖို့ကောင်းပါတယ် မသည်းနုအေးရေ။
    သမိုင်းသင်တယ်ဆိုတာ မအဖို့ ဗျ။
    အချို့ သမိုင်းတွေက အထောက်အထား တော့ ရှိလိမ့်မယ်မဟုတ်ဘူးပေါ့။
    အခုလို မွသည်း ရဲ့ ပထမဆုံးချက်ခဲ့ဘူးသော ဟင်းတစ်ခွက်ရဲ့ ရာဇဝင်မှာဆိုရင်
    သမိုင်းဆိုင်ရာ အထောက်အထား မရနိုင်ဘူးပေါ့။
    အဲဒါ ကောက်ခြက်ဆွဲဖို့ သိတ်ခက်တဲ့ အနေအထားတစ်ခုဆီ
    တွန်းပို့သလို ဖြစ်နေတာဗျ။
    ဟယ်…ငါဘာတွေရေးနေမိပါလိမ့်…။
    ဆောရီးဗျာ…။
    :mrgreen:

    • TNA

      July 21, 2014 at 3:15 pm

      ဒီလိုပါအူးဘက်ရယ်။ ရာဇဝင်စာတင်ရမယ်ဆိုရင်ဖြင့် အဲ့ မှားလို့ တကယ်တော့ ပေးထားတာက ပထမဆုံးဟင်းတခွက်။ ဒါပေမဲ့ ကိုယ့်စာလေးကို နဲနဲလေးကဗျာဆန်ချင်တာနဲ့ ရုပ်ရှင်နာမည်ယူသုံးလိုက်တာ ဟဲဟဲ။ ဒါပေမဲ့ကိုယ့်အတွက်တော့လဲ တသက်တာမမေ့နိုင်တဲ့ဖြစ်ရပ်ကလေးမို့ ကိုယ့်ဘဝ ကိုယ့်မှတ်တမ်းရဲ့ အစိတ်အပိုင်းတခုလို့လဲပြောလို့ရမယ်ထင့်

  • alinsett (gazette)

    July 21, 2014 at 2:22 pm

    ဟင်းရာဇဝင်မှာလေ…
    အဟိ …အရုပ်တွေ များနေသလားလို ့… ။
    🙂

    စကားမစပ်။ ဖွေးဖွေးကို…ချစ်သည် ။

    • TNA

      July 21, 2014 at 3:16 pm

      အေးဟယ်ဒညင်းဝက်ရယ် အရုပ်များရခြင်းအကြောင်းကတော့ ငါကနင်တို့လို့ ဖောင့်ဆိုဒ်အသေးအကြီး၊ အရောင်ချယ်တာမလုပ်တတ်တော့ အရုပ်အားကိုးရတာပေါ့ဟယ်။ ဇဂါးမစပ်ငါ့ကိုသင်ပေးပါလားဟင် 😀

      • alinsett (gazette)

        July 22, 2014 at 12:54 pm

        အဲဒါက…နည်းနည်းကျယ်ပြန့်တယ်..။ ရေသောက်ပြီး..ရှင်းပြမယ်ဗျာ…
        နေဦး..လာမယ် ။

        :mrgreen:

      • alinsett (gazette)

        July 24, 2014 at 6:40 pm

        တဲသီ….
        ဒီမှာ… http://myanmargazette.net/103358

        အဲဒီထဲမှာ..ပိုစ့်တင်ရင်..စာလုံးကို အရောင်ခြယ်တဲ့နည်းလေး..ပါတယ်.. ။
        အံဇရာ.. ရှင်းပြထားတာလေး… သွားမ လာတာ.. ။

        😆

  • ကူမားရ်

    July 22, 2014 at 12:06 am

    မိနုရယ်..ဗေတားကံကောင်းလိုက်တာ..အရင်ကတော့ ဂျေဝင်မိတာပေါ့နော်..အော်…ပြောင်တာချင်းအတူတူတောင်မှ..ဂလိုချောမောလှပတဲ့ တဘောကောင်းတဲ့ မိနုလေးကို..ကပ်ပတိန်ကြီးတို့ရအောင်ဖန်သွားတယ်..နာကျတော့ အိမ်က ကုလားမကတောင် ဆူဟောက်နေတာ…ကံချင်းမတူပါလားဆိုပြီး ဝမ်းနဲနေတာ..ဂုတော့ အမှန်ကိုတိပြီး..ခံသာပါတယ်..ခိခိခိ

  • TNA

    July 22, 2014 at 8:41 am

    အဟဲဘယ်ဟုတ်လိမ့်မလဲဗေတားရယ်။ အာ့ကမလိမ်မိုးမလိမ်မာ ဆယ်ကျော် သက်တုန်းက။ ခုတော့ ကက်ပတိန်ဂျီးကို ထမင်းပွဲရှေ့ရောင် ချိုချဉ်ဖန်ခါးဖွယ်ဖွယ်ရာရာခူးကျွေးဒါ :mrgreen:

  • Ma Ei

    July 22, 2014 at 12:37 pm

    မန်ကျည်းမှည့် ထဲ့ချက်တဲ့ ချဉ်ပေါင်ဟင်း ထူးဆန်းပေစွ သဲရေ… 🙂
    အမကိုတော့ မင်ဂါဆောင်ပီး နောက်နေ့ကစလို့ မီးဖိုချောင်ကို
    အမေက အပိုင်စားပေးလိုက်တာပါ…
    အိုက်ကစလို့…ကောင်းနိုးရာရာ၊ စားကောင်းဖွယ်ရာ လေးတွေ..
    ရှာဖွေချက်ရင်း ဝါသနာရှင် ဖြစ်လာခဲ့တာပါ…
    🙂

  • TNA

    July 22, 2014 at 1:15 pm

    အဟိကျွန်မကမင်ဂါဆောင်တော့ အတော်တတ်နေဘီ အဟိ

  • အရီးခင်

    July 24, 2014 at 10:21 pm

    ချဉ်ပေါင်ဟင်းထဲ မန်ကျည်းသီး ထည့်တော့ ဘာဖစ် သေးလဲ။
    ဒီလို စွန့်ဦးတီထွင် နိုင်တာ ကို ဂုဏ်ယူလိုက်စမ်းပါ မွသဲ ရဲ့။
    :-)))

Leave a Reply