မြသဲ ( 17082011 )July 21, 20141min40031
ဟုတ်ကဲ့ ရေးမယ်လို့ရည်ရွယ်တာကတော့ ပထမဆုံးချက်ဖူးတဲ့ဟင်းလေးတခွက်အကြောင်းပါ။ ဟင်းတခွက်ထဲနဲ့တော့ စာကဘာမှမရှိနိုင်တာမို့ အစာပလာလေးနဲနဲထည့်ပရစေ။ 😆 ဟုတ်ကဲ့ အရင်ကတော့ ကျွန်မဟာ အိမ်ကဖူးဖူးမှုတ်၊ 🙂 စာကလွဲလို့ဘာမှမလုပ်ရဘူးပေါ့ရှင်။ ထမင်းပွဲရှေ့ရောက်ပေါ့။ အဲ့ဆယ်တန်းလဲပြီးရော မှန်းချက်နဲ့နှမ်းထွက်မကိုက်ပဲ ဂုဏ်ထူးတဘာသာနဲ့ပဲအောင်တော့ အမျက်တော်ရှခံရတာပေါ့ရှင်။ :b: အိမ်မှာ မျက်နှာမရဖြစ်နေတုန်း အမှတ်စာရင်းထွက်လာတော့ အမှတ်တွေအားလုံး နှစ်မှတ်၊ သုံးမှတ်နဲ့ချည်းကပ်ပြုတ်ပြီး ဂုဏ်ထူးထွက်တဲ့ဘာသာကလဲ ၁၀ဝ နားနီးဆိုတော့ အရင်နှစ်အမှတ်အရ သွားဆေးတက္ကသိုလ် ဝင်တယ်ပေါ့။ :buu: ( ကြုံတုန်းလေးကြွား 🙂 အဲ့ဟုတ်ပေါင် ) နဲနဲမျက်နှာလေးပြန်ရလာမလိုလိုပေါ့ရှင်။ :boss: ဟုတ်ကဲ့ ကံဇာတာများ ဘယ်လောက်မျက်နှာသာမပေးသလဲဆိုတော့ ကျွန်မအောင်တဲ့နှစ်မှ ဂုဏ်ထူးတွေများလို့ အမှတ်တွေမြင့်သတဲ့။ သွားဆေးကပြုတ်ပြီး တိမွေးကုရောက်သွားသပေါ့ရှင်။ :b: အိုက်မှာ မျက်နှာမရခြေထောက်ရပေါ့ရှင်။ အခြေအနေတွေပိုဆိုးသွားသပေါ့။ အဲ့တုန်းက ခုခေတ်လို တိရိစ္ဆာန်တွေကို တယူတယမွေးတဲ့ခေတ်လဲမဟုတ်၊ […]