ခင္ခJuly 15, 20141min1756
” ဂရုတစ်စိုက် နေသွားသင့်တယ်လို့ “   သဂျီးမင်း ကျွန်တော့ပိုစ့်တစ်ခုမှာခုလို ကွန်မန့်လေးရေးထားလို့ အနော်ရထာက.. စုက္ကတေးမင်းကိုလုပ်ကြံတယ်… ကျန်စစ်သားက.. အနော်ရထာကို သစ္စာဖောက်တယ်…. .. .. တပင်ရွှေထီးလုပ်င်္ကြခံရတယ်..။ ဆင်ဖြူရှင်လက်ထက်မှာ.. ယိုးဒယားတက်သိမ်းတယ်..။ အလောင်းဘုရား စစ်တိုက်ရင်းသေတယ်..။ ကနောင်မင်းအသတ်ခံရတယ်.. သီပေါမင်း ညီနောင်တွေလည်မြိုတုတ်နဲ့ရိုက်သတ်ခိုင်းတယ်.. .. ဗိုလ်ချုပ်အောင်ဆန်းကို ဦးစောလုပ်ကြံတယ်.. ဦးနုကို.. ဦးနေဝင်းနေရာဖယ်ထောင်ချတယ်.. ဦးနေဝင်းကို.. မှုးကြီးသန်းရွှေ.. ဖယ်ထုတ်တယ်..။ .. .. မြန်မာပြည်မယ်.. အေးအေးချမ်းချမ်း တိုင်းပြည်တိုးတက်အောင်လုပ်ပြီး.. ကောင်းကောင်းမွန်မွန်.. လွန်သွားတဲ့.. မင်း..အုပ်ချုပ်သူ.. အစိုးရမှ ရှိဖူးရဲ့လား…။   အဲဒါလေးဖတ်ပြီး လတ်တလော ကျုပ်နေတဲ့ မန်းမှာ ဟိုနေရာ ဟိုလိုသတင်းနဲ့ ရုတ်ရုတ်ဖြစ်နေတာကို အခြေပြုကာ ခဏလောက်အတွေးအဖြစ် အခုလိုတွေးမိသွားတယ်ဗျာ အရင်အရင်က ကိစ္စတွေတော့ ကျုပ်တို့မမှီလိုက်ဘူးပေမယ့် […]


kaiJuly 11, 20146min33032
  Krüger Foundation to Support Scholarship Program for Burmese Students Lausanne/Switzerland, 3 July 2014 –The Krüger Foundation announced a USD 40,000 grant to enable the University of the People (UoPeople) to establish a scholarship program for Burmese students. The grant provides full scholarships for ten promising students in Myanmar to study at a leading US-based […]


မြန်မာပြည်မှာနိုင်ငံရေး တိုးတတ်ဖွံ့ဖြိုးမူ့မရှိရတဲ့အကြောင်း များစွာထဲမှာ ပြည်သူတွေရဲ့ နိုင်ငံရေးအသိဟာ သူငယ်နာမစင်သေးတာလဲ ပါ ပါတယ်။ ကလေးစိတ်မကုန်သေးတာပေါ့။ ဒါဆိုမှဒါ။ ပေးဆိုရင်ပေး။ ဒီလိုတကြောင်းစွဲနိုင်ငံရေးအသိတွေ ဖြစ်နေတာပါ။ ဒီလိုသူငယ်နာမစင်အောင်လဲ နှစ်ပေါင်းများစွာ အတွေးအမြင်တွေကို မကြီးထွားလာနိုင်အောင် တိုင်းပြည်အုပ်ချုပ်သူတွေက ဖန်တီးထားလိုက်တာပါ။ အောင်မြင်မူ့လည်းရလိုက်ပုံပေါ်ပါတယ်။ အမျိုးမှအမျိုး ဘာသာမှဘာသာ တွေမျိုး ဒေါ်စုမှဒေါ်စု nld မှ nld တွေမျိုး ကိုယ့်တဖက်တည်းစွဲကိုင်လာကြတယ်။ ဒီလိုစွဲလေ ဖက်တွယ်လေလေ အာဏာရှင်စနစ်က တည်မြဲလေလေဖြစ်နေမှာပါ။ အုပ်စုကြီးနှစ်စုကွဲတော့ မသင့်မမြတ်ဖြစ်တော့ အကွဲကွဲ အလဲလဲ မောပြီဆိုတာနဲ့ ဟိုကအသာလေး ကောက်စားသွားပါလိမ့်မယ်။ အမျိုးဘာသာအုပ်စုက ဘာကိုလုပ်ချင်တာလဲ ရည်ရွယ်ချက်ကဘာလဲ ဘယ်ထိသွားမှာလဲ နိုင်ငံရေးထဲဝင်ပါမယ်ဆိုရင် ထိထိရောက်ရောက်ပါတီထောင်လိုက်ပါ။ ယုံကြည်လက်ခံသူတွေရှင်းရှင်းလင်းလင်း ထောက်ခံကြပါလိမ့်မယ်။ မဲပေးပါလိမ့်မယ်။ ရွေးကောက်ပွဲအနိုင်ရရင် အစိုးရဖွဲ့။ နောက် ဒေါ်စုကိုထောက်ခံသူတွေ။ ဒေါ်စုက nld […]


2015 အလွန်နိုင်ငံရေးအခြေအနေ ဘာလဲ? ဘယ်လဲ? မြန်မာပြည်က နိုင်ငံရေး လေ့လားနေသူများ စိတ်ဝင်စားနေသူများ အတော်လေးစိတ်ဝင်စားနေတဲ့ အကြောင်းအရာပါ။ အကြောင်းအရာသက်သက်မဟုတ်ဘူး ဆိုတာလဲသိပြီးသားပါ။ ဒီ2015နှစ်ကုန်ပိုင်းမှာ လုပ်မယ့်ရွေးကောက်ပွဲမှာဘယ်ပါတီက အနိုင်ရအစိုးရဖွဲ့နိုင်မလဲဆိုတာပါပဲ။ ဒီမှာကျတော်အမြင်ပြောရရင် နိုင်ငံတိုင်းမှာ လက်ရှိအာဏရပါတီဟာ လူထုအတွက် ဘာလုပ်ပေးနိုင်ခဲ့သလဲဆိုတာကို လူထုကသိပြီးသားမြင်ပြီးသား ကျေနပ်ရင်လဲကျေနပ်မယ် ကျေနပ်ယုံအဆင့်ထက်လဲပိုချင်ပိုမယ်။ ဒီရလဒ်နဲ့ပြောင်းပြန် ဖြစ်ချင်လဲဖြစ်မယ်။ ဒီတော့ လက်ရှိအာဏာရပါတီဟာ ရွေးကောက်ပွဲမတိုင်မှီမှာ လက်တွေ့လုပ်ဆောင်ချက်တွေအရ အသာရလေ့ ရှုံးနိမ့်လေ့ ရှိနေတတ်ပါတယ်။ ဒါက နိုင်ငံတကာက ဒီမိုကရေစီအစိုးရ ရွေးကောက်ပွဲတွေရဲ့ မြင်သာနိုင်တဲ့ ရွေးကောက်ပွဲ မတိုင်မှီက အခြေအနေတွေပါ။ ဒီတော့မြန်မာ့ ဒီမိုကရေစီအစိုးရ ရွေးကောက်ပွဲမှာရော? 2015 ရွေးကောက်ပွဲမှာရော?? ဘာဖြစ်လာနိုင်မလဲ? ဖြစ်လေ့ဖြစ်ထ နိုင်ငံတကာ ဒီမိုကရေစီ အစိုးရ ရွေးကောက်ပွဲတွေရဲ့ အနေအထားနဲ့ချိန်ထိုးကြည့်မယ်ဆိုရင်။ လက်ရှိ အာဏာရပါတီဟာ အလားအလာမကောင်းပါဘူး။ […]


kaiJune 13, 20141min47521
Los Angeles မြို့ကို ၂၀၁၄ ဧပြီလဆန်းမှာ ခဏလာတဲ့ အင်္ဂလန်မှာနေထိုင်သူ ဆရာဝန်၊ စာရေးဆရာ၊ သမိုင်းပါရဂူဘွဲ့ကြိုကျောင်းသား၊ ဘိုဘိုလန်းစင်နဲ့ တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ဘိုဘိုလန်းစင်ဟာ လူထုဦးလှ၊ ဒေါ်အမာတို့ရဲ့ မြေး၊ လူထုမျိုးဆက်သစ်ဖြစ်ပြီး BBC သတင်းထောက်လည်းဖြစ်ပါတယ်။   ၁။ ဒီတခေါက် US ကိုလာဖြစ်တာက။ Open Society က Supplementary grant program ကျောင်းသားတွေ Scholarships ပေးတဲ့ နှစ်ပတ်လည် Conference မျိုးပေါ့။ New York မှာ ဧပြီ၃၊ ၄ မှာ လုပ်တဲ့အတွက် OSI ရဲ့ Scholarships ကျောင်းသားအနေနဲ့လာတက်တာ။ ၂။ လန်ဒန်ကိုဘယ်တုန်းကရောက်လဲ။ ခုတက်နေတဲ့ကျောင်းက။ SOAS (School of Oriental and African […]


Zaw ThantMay 29, 20141min50043
  များသောအားဖြင့် ကိုယ့်အနေနဲ့ နိုင်ငံရေးစိတ်မဝင်စားတဲ့သူတွေကို ဝေဖန်တာ၊ အပြစ်တင်တာ လုပ်လေ့မရှိပါဘူး.. ဘာလို့လဲဆိုတော့ စိတ်ဝင်စားတယ်၊ မဝင်စားဘူးဆိုတာ ကိုယ့်လွတ်လပ်ခွင့်နဲ့ကိုယ် ဖြစ်ပြီး အဲ့ဒီအခွင့်အရေးကို သွားဝေဖန်ခွင့်မရှိဘူးလို့ယူဆထားလို့ပါ..   အခု ပုဒ်မ၄၃၆ ကိစ္စနဲ့ ပါတ်သတ်ပြီးလဲ ထောက်ခံတာ၊ ဆန့်ကျင်တာ၊ စိတ်မဝင်စားတာ၊ စိတ်ဝင်စားတာ ကိုယ်ပိုင်ရွေးချယ်မှုပဲ ဖြစ်လို့ ဝေဖန်ဖို့မရှိပါဘူး.. ဒါပေမယ့် နည်းနည်းပြောချင်တာ တချို့တော့ရှိတယ်.. ဆရာကြီးလုပ်တယ်ပဲဆိုပါတော့ (သူများမပြောခင် ကိုယ်ဟာကိုဦးအောင်ပြောထားရတာ)   ကျွန်တော်တို့ဆီမှာ ပြောနေ၊ကြားနေကြစကားက “သူများနိုင်ငံတွေဖွံဖြိုးတာကို အမှီလိုက်ဖို့ ကျွန်တော်တို့တွေ အများကြီးကြိုးစားရမယ်၊ သူများ ၁လှမ်းလှမ်းရင် ကိုယ်က ၁ဝ လှမ်းလောက်လှမ်းနိုင်ရမယ်” ဘာညာပေါ့.. ဘာတွေ ၁ဝ လှမ်းလောက်လှမ်းကြမလဲ.. ကိုယ်အခုလုပ်လက်စ အလုပ်တွေ ၁ဝ စလောက်ကြုံးလုပ်လိုက်ရင်ပဲ နိုင်ငံကြီးတိုးတက်သွားမလား? (အလုပ်ရှင်ကတော့သဘောကျမှာသေချာတယ်) ကျွန်တော့်အမြင်ကတော့ […]


kaiMay 21, 20141min29013
မြန်မာနိုင်ငံနှင့် ဒီမိုကရက်တစ် ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေ     မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဿနာကြီး ရှိနေသည်။ ရှိခဲ့သည်မှာလည်းကြာပြီ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဟူသည် နိုင်ငံတခု၏ တည်ထောင်ရာ အုတ်မြစ်။ အုတ်မြစ်က အစ ပြဿနာဖြစ်နေတော့ မည်သည့် နိုင်ငံရေးအဆောက်အအုံမှ ခိုင်ခိုင်မာမာ တည်ဆောက်၍မရပဲ ဖြစ်လာတော့သည်။   အဆိုပါ ပြဿနာကြီးက ပြည်တွင်းစစ်ကို နှစ်ပေါင်းများစွာ ဖိတ်ခေါ်ခဲ့သည်။ တဦးချင်းအခွင့်အရေးနှင့် အုပ်စုလိုက် အခွင့်အရေးများကို ကာကွယ်စောင့်ရှောက်ပေးနိုင်မှုများ အားနည်းခဲ့သောကြောင့် ပြည်သူ အများမှာ ဆင်းရဲတွင်းသို့ နစ်ခဲ့ရသည်။ လယ်သမား၊ အလုပ်သမား၊ ကျောင်းသား စသည့် လူထုလူတန်းစားအလွှာအသီးသီးတို့၏ ဘဝပေါင်းများစွာ ထိခိုက်နစ်နာခဲ့ရသည်။ တိုင်းရင်းသား လူမျိုး ပေါင်းစုံ၏ ကိုယ်ပိုင်ပြဌာန်းခွင့်များ ဆုံးရှုံးခဲ့ရသည်။   တရားခံသည်ကား […]


အချိန်က မှတ်မှတ်ရရ… ၂၀၁၄ခုနှစ် တပ်မတော်နေ့… အလုပ်ပိတ်ရက်မို့… မိန်းမနားကပ်… မိန်းမချက်ကျွေးတဲ့ထမင်းလေးစားပြီး အဆီလေးရစ်နေတုန်း.. နေ့လည် (၁)နာရီလောက်မှာ စစ်တွေရုံးက Logisitc တစ်ယောက် ကျွန်တော့်ဖုန်းကို ဆက်လာတယ်… ပိတ်ရက်တွေကို ရုံးကဖုန်းဆက်တော့ လေးတိလေးကန်စိတ်နဲ့ပဲ ဖုန်းကိုကိုင်လိုက်မိတယ်…   တစ်ဖက်က… အစ်ကိုရေ… ကွန်ပျူတာတွေ ဘယ်လိုလုပ်ရမလဲတဲ့… ခပ်နောက်နောက် ကျွန်တော်က ရေဆေးပြီး နေလှန်းထားလိုက်လို့ ပြောလိုက်မိသေးတယ်… ပြီးတော့မှ… တစ်ဖက်နေ ဘယ်ဟာတွေဖြုတ်သယ်လာရင်ရမလဲ ဆက်မေးပါတယ်… ဒီလိုထူးဆန်းတဲ့မေးခွန်းကို ဖြေဖို့ ကျွန်တော်မေးခွန်းတစ်ခုထပ်မေးရပါတော့တယ်…   “စစ်တွေမှာဘာဖြစ်လို့လဲဟင်…” ဖြစ်တာကတော့ တပ်မတော်နေ့မတိုင်ခင်ညပိုင်းက စစ်တွေမြို့ပေါ်မှာရှိတဲ့ NGO တွေ UN တွေရဲ့ ရုံးတွေ… ကုန်လှောင်ရုံတွေကို ဒေသခံလူတွေက အင်အားသုံးပြီး ဖျက်ဆီးလိုက်တဲ့အကြောင်းနဲ့… ကျွန်တော်တို့ ရုံးလဲ ပျက်ဆီးမှုရှိပြီး အရေးကြီးဒေတာတွေ ပြန်သယ်ဖို့အကြောင်းကို […]


kokoMay 8, 20141min1343
အနာဂတ် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံလို အပ် ချက်များ ၁။ မြန်မာနိုင်ငံသည် သဘာဝသယံဇာတ ပေါကြွယ်ဝပြီး ပထဝီနိုင်ငံရေးအရ အရေးပါသည့်နေရာတွင် တည်ရှိသော်လည်း ယနေ့တွင်ပတ်ဝန်းကျင်နိုင်ငံများနှင့် နှိုင်းယှဉ်သော် များစွာ ခောတ်နောက်ကျလျက်ရှိပေ သည်။ထိုသို့ဖြစ်ပျက်မှု အတွက ်မည်သူ့တွင်တာဝန်ရှိသနည်း။ အားလုံးတွင်တာဝန်ရှိပါသည်။ ဘာကြောင့် ဖြစ်ခဲ့သနည်း။ထို့သို့တရားခံရှာရာတွင်တစ်စုံတစ်ဦး၊ အဖွဲ့အစည်းတစ်ခုကို လက်ညိုးထိုး အပြစ်တင်၍မရ ဘဲနိုင်ငံရဲ့သမိုင်း၊ ဖြတ်သန်းခဲ့ရသော နိုင်ငံရေးစနစ်၊ ထုံးတမ်းစဉ်လာ ရိုးရာဓလေ့ များပေါ် အခြေခံလျက် ကျယ်ပြန့်စွာ သုံသပ်ရန်လိုအပ်ပါသည်။ပြဿနာတစ်ခုကို ဖြေရှင်းရန်တွင်ယင်းပြဿနာ၏ ဇစ်မြစ်ကိုသိ ရှိရန်လိုအပ်ပါသည်။ မြန်မာနိုင်ငံ၏ သမိုင်းကိုုပြန်ကြည့် မည်ဆိုလျှင် ရေုးယခင် သက်ဦးဆံပိုင်ဘုရင်စနစ် ကို နှစ်ပေါင်းများစွာကျင့်သုံးခဲ့သည်ကို တွေ့ရပါမည်။ထိုသို့ အစဉ်အလာအုပ်ချူပ်ရေးစနစ်ကိုကျင့်သုံးနေရာ မှ အင်္ဂလိပ်တို့သိမ်းပိုက် အုပ်ချူပ်ခြင်းကို နှစ်ပေါင်း ၁၀ဝ ကျော်ခန့်ခံခဲ့ရ ပြန်သည်။သက်ဦးဆံပိုင် အုပ်ချူပ် […]


ဆရာဦးဝင်းတင် ကွယ်လွန်သောအခါ……… အားလုံးသော  …….. ဂျာနယ်လစ်များ ဓာတ်ပုံဆရာများ စာရေးဆရာများ ပုံနှိပ်တိုက်များ စာအုပ်ထုတ်ဝေရေးများ ဝင်ငွေ သောင်းသောင်း ဖြဖြရကြလေသည်။ ထို့အပြင် ၂၃ရက်နေ့ ယုဒဿန်ခန်းမတွင် ကျင်းပမည့် ဈာပနအခမ်းအနားတွင် များစွာသော လူပရိတ်သတ်ကြီးတို့သည် အပြာရောင် ဝတ်စုံကို ဆင်မြန်းကျမည် ဖြစ်ရာ တီရှပ်ထုတ်သူများနှင့် ဆေးတံဆိပ်ရိုက်သူများ ထောကြပြန်သည်။ နေပူသော ရာသီဖြစ်သဖြင့် ရေသန့်များ ရောင်းကောင်းပါလိမ့်မည်။ တက်ရောက်လာသူများ ကွမ်းတဗြစ်ဗြစ် ဆေးလိပ်မီးတဖွားဖွား ဖြစ်နေပါလိမ့်မည်။ အထူးအခွင့်အရေးရသူများ ကဗျာရွတ်ခွင့် အမှတ်တရစကား ပြောခွင့်များ ရကြပေမည်။ တချို့တချို့သော ပုဂ္ဂိုလ်များသည် “ကျော်တို့ တိုင်းပြည်မှာ ဦးဝင်းတင်လို လူမျိုးတွေ၊ ဦးဝင်းတင်လို စိတ်ဓာတ်တွေ၊ ရဲရဲတောက် မျိုးဆက်သစ်တွေ ဖော်ထုတ်ဖို့ ကြိုးစားကျရမယ်” အစရှိသဖြင့် မစားရဝခမန်းများ အာဘောင်အာရင်း သန်သန် […]


Mr. MarGaFebruary 4, 20141min71739
ဒီတစ်ပတ် အားချိန်တုန်းကပေါ့ဗျာ မောင်မာဃ ပြည်သူ့ခေတ်က  ဖွဲ့စည်းပုံ အခြေခံဥပဒေ ဆွေးနွေးဝိုင်းကိုဖတ်ပြီး နိုင်ငံသား နဲ့ တိုင်းရင်းသား ကို ပြန်သတိပြုမိသွားတယ်။ အဲ့မှာတင် သမ္မတ ဖြစ်ခွင့်ကို နိုင်ငံသားကိုပေးသင့်လား တိုင်းရင်းသားကိုပေးသင့်လား တွေးမိလိုက်တာ မဆုံးတော့ဘူး……………… နိုင်ငံသား နဲ့ တိုင်းရင်းသား ကို ဘယ်လိုစတွေးမိလဲ ဆိုတော့ နိုင်ငံသား ဆိုတာက နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာနေထိုင်သူ၊ နိုင်ငံသားဖြစ်ခွင့် တောင်းခံလာသူ၊ စည်းမျဉ်းစည်းကမ်း အရ နိုင်ငံသားဟု သတ်မှတ်ခံရသူ လို့ ကောက်ချက်ချတယ်။ အဲ…တိုင်းရင်းသား ကိုကျတော့ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ မူလနေထိုင်သူ၊ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့ကြသော မျိုးနွယ်စုများ လို့ ကောက်ချက်ချတယ်။ တိုင်းရင်းသား ဆိုတဲ့အထဲမှာ နိုင်ငံသားပြုခွင့်ရသူတွေ၊ ဧည့်နိုင်ငံသားတွေ မပါဘူးပေါ့။ အဲလိုကောက်ချက်ချပြီးသကာလ နားလည်လက်ခံလိုက်တာကတော့ နိုင်ငံသားဖြစ်ခွင့်ကို လျှောက်ထားလာသူ မည်သူ့ကိုမဆို ပေးနိုင်တယ် ပေးလို့ရတယ်။ ဒါပေမင့် တိုင်းရင်းသားတော့ ဖြစ်မလာနိုင်ဘူး ဆိုတာကိုပေါ့။ ဆက်ပြောရရင် နိုင်ငံတစ်ခု တိုးတက်ဖို့ ဖွံ့ဖြိုးဖို့အတွက် […]


kaiJanuary 21, 20141min1565
January 21, 2014 at 2:18am “ဖြစ်စဉ်” နှင့် ပြက္ခဒိန်နှစ်များ စာရေးသူက မြန်မာ့နိုင်ငံရေးကို ပြက္ခဒိန်နှစ်များနှင့် မကြည့်။ “ဖြစ်စဉ်” အနေနှင့် မြင်သည်။ ယနေ့ မျက်မှောက်ပြုနေရသော ဒီမိုကရေစီ အပြောင်းအလဲကိုပဲကြည့်။ ၁၉၈၈ ရှစ်လေးလုံး အရေးတော်ပုံကြီးမှ စတင်ခဲ့သော ယနေ့ထက်တိုင် အဖြေမတွေ့တတ်သေးသော ရှေ့ဆက်လုံးပန်း အားထုတ်ကြရဦးမည်ဖြစ်သော ခရီးရှည် ခရီးကြမ်းကြီး အဖြစ်သာ သဘောယူသည်။ ပြောရလျှင် ယခုဖြစ်စဉ်မှာ ဒုတိယအကြိမ် ကြိုးပမ်းမှုဖြစ်သည်။ ပထမအကြိမ် ဒီမိုကရေစီရေးကို လွတ်လပ်ရေးခေတ်ဦး ၁၉၄၈ ခုနှစ်ကပင် စတင်ခဲ့သည်။ သို့တစေ ၁၉၆၂ တော်လှန်ရေးကောင်စီ အာဏာသိမ်းမှုတွင် ပုဒ်မ ချခံလိုက်ရသည်။ ထို့နောက် အမှောင်ခေတ်ကြီး။ အမှောင်ကန့်လန့် ကာကြီးကို ရှစ်လေးလုံး အရေးတော်ပုံကြီးနှင့် ဆွဲတင် ဖယ်ရှားလိုက်ရာမှ […]