ဇီဇီMay 6, 20136min25824
ဟိုဘက်မှာ ပုံထပ်တင်လို့မရတော့လို့ ခွဲလိုက်ရခြင်းဖြစ်၏။ ဟောဟဲ။ မြန်မာပြည်ကနေ ဓာတ်ပုံပို့ (စ) တင်တဲ့လူတွေကို ချီးကျူးလေးစားပါကြောင်း။                                                                                                […]


ဇီဇီMay 6, 20137min31431
မေ ၅ ရက် တနင်္ဂနွေနေ့က ငှက်ဥယျာဉ် ကိုသွားတာ။ ဒီရောက်ကတည်းက အဲ့ဒီ ကို မသွားဖူးတာ။ ငှက်တွေကို သိပ်မချစ်တတ်တာရော၊ သွားပျင်းတာရောနဲ့။ ခု ဧည့်သည်လိုက်ပို့ရင်းသွားလိုက်တာ။ ရိုက်လာသမျှတော့ တင်လိုက်တယ်။ – သံဇကာနဲ့ ငှက် ဖိုးကတ်မှာ ချိန်မိလို့ ငှက်က ဝါးပြီး သံဇကာကြီး ထင်းသွားတာတို့ – ချိန်တာကြာလွန်းလို့ ငှက်က ထ ပျံပြီး နေရာပြောင်းလို့ နောက်က ရိုက်ဖို့ စောင့်နေတဲ့လူက မျက်စောင်းထိုးသွားတာတို့ – ငှက်ကိုပဲ အာရုံစိုက်မိလို့ လိုက်ရင်း ရိုက်ရင်း မြောင်းထဲ ချောကျတာတို့ – အကြိုက်ဆုံး ငှက် သိန်းငှက် ကို ရိုက်တော့မယ် အလုပ်မှ မိုးတွေရွာလာတာတို့ စတဲ့ အလွဲတွေ ဖယ်၊ တင်ရလွယ်အောင် […]


နွေဦးMay 3, 20132min39012
      “မုစလိန္ဒာအိုင်မှာ ပြန်လည်ဆုံမယ်ဟောတဲ့ဗေဒင်..မယုံသော်လည်းစိတ်ပြေတယ်.. ဘုရားမှာ စနေဒေါင့်ပန်းလှူမယ်..”ဆိုတဲ့ မြန်မာပြည်သိန်းတန်ရဲ့ သီချင်းလေး ကြားပြီးထဲက မုစလိန္ဒာအိုင်ဆိုတာ မြင်ချင် ကြည့်ချင်နေတာပါ။ ဗုဒ္ဓဂါယာ ဘုရားဖူးရောက်သွားတော့လည်း မုစလိန္ဒာကန်ကိုတွေ့တော့ ဘယ်လိုကြည့်ကြည့် လှနေတယ်လို့ မြင်လို့ ကြည့်လို့မဝနိုင်အောင်ပါဘဲ ။ ဒါပေမယ်လို့ပေါ့လေ…. မုစလိန္ဒာအိုင်မှာ ပြန်ဆုံကြမယ်ဆိုတာကိုစိတ်ဝင်စားမိတာပေါ့ ။ချစ်သူတွေချင်းကွေကွင်းကွဲကွာသွားကြရင် မုစလိန္ဒာပြန်ဆုံတွေ့ကြမယ်ပေါ့..။ ဘယ်ပုံ ဘယ်နည်းနဲ့များတွေ့နိုင်မလဲ.. အရင် ဇာတ်လမ်းလေးများရှိ ခဲ့ဘူးသလားပေါ့..။ အလွမ်းဇာတ်များ စိတ်ကူးနဲ့ ဒီသချင်းရဲ့အရသာကို ခံစားကြည့်မိပါတယ်…။ လုံးလုံးလျှားလျှားကြီး များတော့တာပါဘဲ..။ဒါပေမဲ့ သီချင်းရေးဆရာရဲ့ စိတ်ကူးဖွဲ့နွဲ့မှုကိုတော့လေးစားလောက်ပါရဲ့ ။ ဟိန္ဒူတွေရဲ့ အယူဝါဒ ကို မသိခဲ့ နားမလည်ခဲ့တော့စိတ်ကူးလေးတွေယဉ်လို့ပေါ့လေ..။ ဟိန္ဒူတွေရဲ့ အယူဝါဒအရ သေဆုံးပြီးတဲ့သူတွေရဲ့ ဝိဉာဏ်တွေဟာ မကျွတ်မလွတ်မချင်း မုစလိန္ဒာအိုင် ပါတ်ဝန်းကျင်မှာ နေကြရပါတယ် ။ မိသားစုတွေက ကုသိုလ်ကောင်းမှုတွေလုပ်ပြီး သူတို့ကို အမျှဝေပေးမှ ကျွတ်လွတ်ပြီး လိုရာကို သွားနိုင်ကြတယ်လို့ အယူရှိကြပါတယ် […]


black chawMay 3, 20134min47752
ဓါတ်ပုံမတင်တာတောင် အတော်ကြာပြီ…။ အခု ပြန်တင်ဦးမလို့…။ ၂၀၁၃ ခုနှစ်အတွင်း ခရီးအတော် ထွက်ဖြစ်တယ်…။ ရောက်လေရာမှာလည်း ထုံးစံအတိုင်း ကင်မရာတစ်လုံးနဲ့ လက်ဆော့မိတယ်…။ ရောက်ရာပေါက်ရာဒေသအစုံက ကောင်းနိုးရာရာ ပုံလေးတွေ စုပြီး တင်လိုက်တယ်…။ အမှတ်တရပေါ့…။


weiweiMay 2, 20135min26316
၁၇-၄-၂၀၁၃ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မနက် ၆ နာရီခွဲမှာ ဓါတ်တော်ချိုင့်ကို ရောက်ခဲ့တယ်။ အဆင်းအတက်ခရီးစဉ် အခြေအနေနဲ့ ဓါတ်ပုံတွေကို နောက်ထပ်ပို့စ်တစ်ခုမှာ တင်မှာဖြစ်ပြီး အခုပို့စ်မှာတော့ အလှသီးသန့် ခံစားကြည့်ရအောင် လှတာတွေရွေးပြီး တင်လိုက်ပါတယ်။


weiweiApril 30, 20135min19510
(15-4-2013) သင်္ကြန်အတက်နေ့ မနက် ၆ နာရီခွဲလောက်မှာ မူဆယ်ကနေ ပြန်ခဲ့ကြပါတယ်။ လမ်းမှာ မြူတွေကျနေလို့ ကားကို ဖြည်းဖြည်းချင်းပဲ မောင်းလာခဲ့ရတယ်။ မိုးရွာထားတဲ့အရှိန်ကြောင့် ရာသီဥတုက အေးနေပါတယ်။ မြူတွေကျနေတဲ့ ပတ်ဝန်းကျင်ကလဲ ဆောင်းရာသီလိုဖြစ်နေတယ်။ ပတ်ဝန်းကျင်ကို ငေးကြည့်ရင်း တစ်မြို့ပြီးတစ်မြို့ ဖြတ်လာခဲ့ကြတယ်။ သိန်းနီမြို့နားရောက်ခါနီးမှာ သိန်းနီကို အပေါ်စီးမှ လှမ်းမြင်ရပါတယ်။ လှပတဲ့ကျောက်ဆောင်တွေလဲရှိတာမို့လို့ ခဏကားရပ်ပြီး ဓါတ်ပုံရိုက်ခဲ့သေးတယ် .. ကွတ်ခိုင်မြို့ထဲမှာ ပုံစားရှမ်းထမင်းဆိုင်တွေရှိပြီး ဈေးလဲသက်သာ စားလို့လဲကောင်းတယ်လို့ သိထားပေမယ့် အချိန်က ထမင်းစားချိန်မဟုတ်လို့ ဝင်မစားခဲ့ရဘူး။ လားရှိုးလောက်ရောက်ရင် နေ့လည်စာအချိန်နဲ့ကိုက်မှာမို့လို့ လားရှိုးရောက်မှပဲ ထမင်းစားဖို့ စီစဉ်လိုက်ကြတယ်။ လားရှိုးမြို့ထဲဝင်တော့ မနက် ၁ဝ နာရီခွဲလောက်ရှိပါပြီ။ ဗိုက်လဲသိပ်မဆာသေးလို့ မန်စူဘုရားကို အရင်ဝင်ဖူးလိုက်ကြတယ်။ ဘုရားပေါ်ကနေ လားရှိုး တစ်မြို့လုံးကို မြင်ရတဲ့ ရှုခင်းက […]


Normal 0 false false false MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:10.0pt; font-family:”Times New Roman”; mso-ansi-language:#0400; mso-fareast-language:#0400; mso-bidi-language:#0400;} ဒီနှစ် ရန်ကုန်မှာ ပိတောက်ပန်းတွေ မပွင့်ပါဘူး..(အချို့နေရာ နဲနဲမှာတော့ ပွင့်လား မဆိုနိုင်ပါဘူး) ..သေချာတာက ပိတောက်ပန်းတွေ ဝေနေအောင်မမြင်ရတာပါပဲ… ဘယ်မြင်ရမလဲ…မိုးမှမရွာတာ… မိုးရွာမှသာပွင့်နိုင်ရှာတဲ့ ပိတောက်ပန်းလေ.. သနားစရာ ပန်းပိတောက်ရယ်ပါ… ပိတောက်ပင် အားလုံးလိုလို မွေးထုတ်ပီးသား အဖူးလေးတွေကို ပွင့်နိုင်ဖို့ အတွက် မရေရာမသေချာတဲ့ မိုးနတ်မင်းကြီးကို စောင့်နေကြလေရဲ့… […]


        “မီးရောင်စုံနဲ့လှနေတဲ့ခြင်္သေ့”   တစ်ခါက ဖေ့စ်ဘုတ်မှာ ခြင်္သေ့နှစ်ကောင်ကို မီးရောင်စုံတွေထွန်းထားတာကိုတွေ့လိုက်ရပါတယ်။ သေချာကြည့်တော့ ဓါတ်ပုံထဲမှာ ပါတဲ့လူက ကိုယ့်အသိဖြစ်နေပါတယ်။ အဲတော့ စပ်စုရတာပေါ့ ဘယ်နားမှာရိုက်ထားတယ်ဆိုတာကို။ ဒီနေရာက ကျနော်အမြဲတမ်းဖြစ်သွားဖြတ်လာ လုပ်နေတဲ့နေရာဖြစ်နေပါတယ်။ အဲတော့ လဲ စိတ်ထဲမှာ ရိုက်ရန်နေရာဆိုပြီး စာရင်းတို့ထားလိုက်ရတာပေါ့။ ဒီ ခြင်္သေရုပ်ကြီးတွေနားမှာအရင်က ညညဆိုရင် လက်ဖက်ရည်ဆိုင်လေးတစ်ဆိုင်                                ဖွင့်ခဲ့တော့အကြိမ်အတော်များများ  ထိုင်ခဲ့ဘူးပါတယ်။ 24-4-2013 နေ့ညအလုပ်ကအပြန်မှာတော့ အဲဒီခြင်္သေ့နှစ်ကောင်ကို မီးထွန်း ထားတာကိုတွေ့လိုက်ရပါတယ်.။ အဲဒီဘုရားဝင်းထဲမှာအလှူရှိလို့ပါ။ ထုံးစံအတိုင်းလူရှုပ်ရှုပ်ကားရှုပ်ရှုုပ်ကြားထဲကနေလက်ဆော့ခဲ့တာလေးကို မျှဝေလိုက်ပါတယ်။၏         ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ 25-4-2013          


– – – – – – – – – – – – – ဂျိတ်တော (ငပလီကမ်းခြေရဲ့ တောင်ဘက်စွန်း) မှာ မနက်ဖက် သွားရိုက်ထားတာပါ.. အဲဒီရွာတွေမှာ ညနေ ၄ နာရီ ၅ နာရီ လောက်ဆို ပင်လယ်ထဲ ငါးဖမ်း ထွက်ကြပါတယ်.. နောက်တစ်နေ့ မနက် ၅ နာရီ လောက်ကစပြီး အလျှိုလျို ပြန်ရောက်ကြပါတယ်.. ဖမ်းမိလာတဲ့ ငါးတွေကို နေမလှမ်းခင် ရောင်းလို့ရတဲ့ ငါးတွေ အရင် ရွေးကြပြီး ဈေးမှာ ရောင်းကြပါတယ်.. အဓိကရတာက ငနီတူ နဲ့ ဆာဒင်း ငါးတွေ ဖြစ်ပါတယ်.. ငါးအကြီးတွေကျတော့ စက်လှေ အကြီးစားတွေက ဖမ်းကြပါတယ်. ညဖက်ဆိုရင် ကမ်းခြေက ကြည့်ရင် ပင်လယ်ထဲမှာ မီးထွန်းပြီး ငါးဖမ်းနေတဲ့ လှေကလေးတွေကို တစ်စီတစ်တန်းကြီး တွေ့ရပါတယ်.. စရောက်တုံးက ဘာမီးတန်း ကြီးလဲမေးတာကို တစ်ယောက်က […]


– – – – – – – – – – – – ငပလီ beauty ပြောတာပါဗျို့.. သွားတဲ့ ရက်တွေထဲမှာ သုံးရက်က ပင်လယ်ထဲ တစ်ရက် က သံတွဲ သွားဖြစ်တာ မို့လို့ ကမ်းခြေကိုတော့ သိပ်မရိုက်လာခဲ့ ဖြစ်ပါဖူး.. ဒါကြောင့်ရှိတာလေးပဲ ကြွားလိုက်ရကြောင်းပါ       ငပလီကမ်းစပ်ကိုတော့ ညနေတိုင်းလိုလိုရောက်ဖြစ်ပါတယ်.. ဝင်သွားတဲ့ နေလုံးကြီးကိုကြည့်ပြီး ပုစွန် အစိမ်း သုတ်ကလေးနဲ့ ဘီယာလေး သောက်ရင်း လေညင်းခံ ရင်း  အမတ်မင်း. ကလုလင်.ကရဲစည်. ဦးကျောက်တို့ ကို သတိရလာတာနဲ့ ၃ ခွက်လစ်မစ်ထက် ပိုပြီးသောက်ခဲ့ပါသဗျို့….


ဒွါရဝတီ သံတွဲ ဗျာဒိတ်တော်ပေး စေတီရှိ ကျောက်စာထက်တွင် တွေ့ရသော သံတွဲသမိုင်း မဇ္ဈိမဒေသ ကဿဖ ဘုရားရှင်လက်ထက် ကောရပ္ပတိုင်းတွင်  မင်းစော အမည်ရှိမင်းလက်ထက်တွင် နဂါးညီနောင် ဖျက်စီးသဖြင့် ကောရပ္ပတိုင်း ပျက်စီးလေ၏။ ထိုမင်းသည် ဒွါရဝတီမြို့ဟောင်းနေရာတွင် မြို့တည်၍ ဒွါရဝတီမြို့အမည်ဖြင့် စိုးစုံတော်မူ၏.. ထိုမင်းစောမှ (၈)ဆက်မြောက်မင်းသည် ဘီလူမအား မိဖုရားမြှောက်မိ၍ သားတော် ၃ ပါး နှင့် သမီးတော် ၁ ပါး ဖွားမြင်၏.. ထို့နောက်မှ ဘီလူးမှန်းသိ၍ သားတော်အကြီးမှတပါး ကျန်သားတော်/သမီးတော်တို့ကို နန်းမှနှင်သဖြင့် ဒွါရဝတီမြို့၏ အရှေ့ဘက်ကမ်းခြေတွင် နေ၏ ခမည်းတော်နတ်ရွာစံ၍ သားတော်ကြီး မင်းဖြစ်သော အခါတွင် ဒွါရဝတီမြို့အား ညီတော် ဘီလူး ၂ ပါးနှင့် ညီမတော် ဘီလူးမတို့ စောင့်ရှောက်၏ မဇ္ဈိမတိုင်းမှ ညီနောင် တကျိပ်တို့က ဒွါရဝတီမြို့ကို လာရောက်တိုက်ခိုက်သော […]


– – – – – – – – – – – – ဒီနှစ် သင်္ကြန်မှာ တော့ ဆြာအုပ်တစ်ယောက်တော့ လောကုတ် အလုပ်မလုပ်ဖြစ်ပဲ အပျော်ကျူးလိုက်ဦးမယ် ဆိုပြီးသကာလ. လေဒီအုပ် သင်တန်းတွေနဲ့ မအားလပ်တာ ကို အခွင့် ကောင်းယူပြီး သကာလ  မြန်မာနိုင်ငံရဲ့ အနောက်တံခါး လို့ သမုတ်ကြတဲ့ ဒွာရာဝတီ သံတွဲပြည် က ကမ်းခြေညီညီ ငပလီကို တစ်ပွေတည်း ခြေဆန့်ခဲ့သည် တမုံ့.. ခရီးစဉ်ကတော့ မာတာမိခင်ကို ပုဂံကိုလိုက်ပို့ပြီး ညောင်ဦးကနေ အဲပုဂံ လေယာဉ်နဲ့ သံတွဲကို ထွက်ခဲ့ပါတယ်.. ညောင်ဦးကနေ အရင်ဆုံး ဟဲဟိုးကို ဝင်ပြီးမှ သံတွဲကို ခရီးထက်ဆက်ပါတယ်.. စုစုပေါင်း ၂ နာရီ လောက် အကြာမှာ သံတွဲကိုရောက်ပါတယ်.. သံတွဲလေဆိပ်ဟာ ငပလီကမ်းခြေ အစ လောက်မှာ တည်ရှိပါတယ်.. ငပလီကမ်း ခြေကတော့ […]