weiweiApril 21, 20134min1969
အရောင်ဆန်းတဲ့ ပန်းကလေးက အရမ်းလှပါတယ်။ ရန်ကုန်မှာ တွေ့ရခဲတဲ့ အရောင်အဆင်းတွေမို့လို့ မျိုးစေ့တွေဝယ်လာခဲ့သေးတယ်။ ဒီမှာစိုက်လို့ ဖြစ်မဖြစ်ကတော့ …


            18-4-2013နေ့က ပြင်ဦးလွင်အရောက် မဟာအံထူးကံသာဘုရားမှာ လူစည်စည်ကြားထဲမှာ အားမနာလျာမကျိုးဇွတ်တိုးပြီး ရိုက်ခဲ့တဲ့ ပုံစံအမျိုးမျိုးနဲ့ပုံတော် ကြိုက်သော် ယူနို်င်ပါ၏။   ကိုပေါက်လမ်းသလားနေသည် 19-4-2013  


weiweiApril 20, 20134min946
နှင်းဆီပန်းရောင်စုံစိုက်ခင်းထဲ ရောက်ခဲ့ချိန်မှာ နေ့လည် ၃ နာရီအချိန်ဖြစ်နေပေမယ့် နေပူပူထဲမှာ ပွင့်နေတဲ့ နှင်းဆီပန်းရောင်စုံတွေကတော့ လတ်ဆတ်လို့ နေပါတယ်။ လှမယ်ထင်တာလေးတွေ ရွေးပြီး တင်လိုက်ပါတယ် .. မနက်စောစောအချိန်ဆိုရင် အခုထက်ပိုလှပါလိမ့်မယ် … နေ့လည် ၃ နာရီအချိန်ဆိုတော့ နေပူဒါဏ်ကြောင့် ပွင့်ဖတ်တွေ အတော်လေး ပွင့်အာနေပြီးဖြစ်နေပါတယ် .. အရောင်စုံ အမျိုးအစားစုံကို တစ်နေရာထဲမှာ မြင်ခဲ့ရတုန်း မှတ်တမ်းတင်ခဲ့တာလေးတွေထဲက ကောင်းနိုးရာရာလေးများကို မျှဝေပေးလိုက်ပါတယ်။


weiweiApril 20, 20134min35511
မေမြို့ ကန်တော်ကြီးထဲမှာ ပန်းကလေးတွေ အများကြီးပဲ … အရောင်စုံ အမျိုးအစားစုံ လတ်လတ်ဆတ်ဆတ်နဲ့ အစွမ်းကုန် ပွင့်လန်းနေကြပါတယ်။ ပန်းကလေးတွေကို အားပါးတရ ဓါတ်ပုံရိုက်ခဲ့တာ လှတာလေးတွေ များလွန်းလို့ အပိုင်းခွဲပြီး တင်ရပါတော့မယ်။


  “ပြင်ဦးလွင်ဆိုဘဲ…………………..”     မေမြိုု့လို့ခေါ်တဲ့ ပြင်ဦးလွင်သွားတော့ ကန်တော်ကြီးထဲကတော့ အမြဲရောက်ပါတယ်။ ဒီတစ်ခါထူးထူးခြားခြား မြင်ကွင်းလေးတွေ့လိုက်တော့ လက်ဆော့ မိပြန်ပါတယ်။ ရေးထားတာကတော့ ပြင်ဦးလွင်……ဆိုဘဲ။     ကိုပေါက်လမ်းသလားနေသည် 18-4-2013                      


                အရောက်နောက်ကျတဲ့ ရွှေပိတောက် အချိန်မှန်မရောက် နောက်ကျတဲ့ပိတောက်။ သစ္စာဖောက်တယ်လို့တော့ မဆိုရက်။ လှချက်က ရက်စက်တော့ ပက်ပက်စက်စက်ကြီးကို လက်ဆော့ မိပါတယ်။ ကိုပေါက်ရဲ့စနက်ရှော့ မဟုတ်တဲ့လက်ဆော့ 19-4-2013  


    “ငုဝါပန်းတွေက မြိုင်မြိုင်မြိုင်”   မနေ့က မိုးရွာတော့ ပိတောက်တွေပွင့်ပြီထင်ခဲ့ပေမယ့် ပိတောက်က ပွင့်မလာ။ စစ်ကိုင်းဘက်မှာ တရားစခန်းဝင် သီလရှင် ဘဝကို ခံယူနေသော ရွာသူရှိရာ ကျောင်းကိုသွားပြီး အလှူထမင်းစား။ အသွားလမ်းမှာ မြင်ခဲ့ရတဲ့ ငုပင်လေးကို စိတ်ထဲမှာဖျောက်မရ။ အပြန်လမ်းမှာတော့ စိတ်ထဲမှာတေးထားတဲ့ငုဝါပင်လေးကို ဝင်လို့လက်ဆော့။ ကဲကြည့်လိုက်ကြပေတော့ ဗျို့။ ကိုပေါက်လမ်းသလားနေသည် 17-4-2013                


            “မင်္ဂလာအပေါင်းနှင့်ပြည့်စုံသော မြန်မာနှစ်ဆန်းတစ်ရက်နေ့” 17-4-2013 မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာ မဟာမြတ်မုနိရုပ်ရှင်တော်(ဘုရားကြီး)ကိုရောက်ခဲ့ပါတယ်။ မနက်ရှစ်နာရီခွဲလောက်မှာကို ဘုရားဖူးများနဲ့စည်ကား။ ရွှေသင်္ကန်းကပ်ချင်ရင် အရင်ကတော့ အရှေ့ဘက်ကဝင်ရပါတယ်။ ဒီနေ့ကတော့စည်ကားလွန်းတော့ တောင်ဘက်ပေါက်ကနေဝင်ရပါတယ်။ ရွှေသင်္ကန်းကပ်ဘို့စောင့်ဆိုင်းနေတဲ့လူတန်းကတော့အရှည်ကြီးပါဘဲ။ ကဲ နှစ်သစ်မှာ ပျော်ရွှင်ခြင်းအသစ်များနဲ့ဘဲ ဆုံတွေ့နို်င်ကြပါစေ။ ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ 17-4-2013  


                အတော်လေးပျော်စရာကောင်းတဲ့ မန်းသင်္ကြန် အကြတ်နေ့ ပုံရိပ်များ မျှဝေခံစားလိုက်ပါတယ်။ အပူတွေလျော့ပြိး အပျော်တွေတိုးပါစေ။    


kotun winlattApril 15, 20132min21717
  ကျောင်းကော်မီတီမှ One More အဖွဲ့ကြီးအား ဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်စဉ်… ဆရာမတစ်ဦးအား ထောက်ပံ့ကြေး ပေးအပ်စဉ်…. ဆရာမတစ်ဦးအား ထောက်ပံ့ကြေး ပေးအပ်စဉ်…. ဆရာမလေးမှ ရရှိသော ထောက်ပံ့ကြေးထဲမှ တစ်ဝက်ကို စာသင်ဆောင် အတွက် ပြန်လည်လှူဒါန်းစဉ်….. ကျနော်တို့မော်လူးက One Candle စေတနာရှင်လူငယ်များ အဖွဲ့နဲ့ ဖားပန်အေးချမ်းကျေးရွာ ဆရာတော်နှင့် ရွာသူရွာသားများ ကျောင်းလေးရှေ့မှာ အမှတ်တရ… ဖားပန်အေးချမ်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဆရာတော်ကို ကျနော်တို့ အဖွဲ့ ဆရာတော်ကို ကန်တော့ကြစဉ်…. ဆရာတော်အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်….. ကဲ…ရွာသူရွားအပေါင်းတို့ ခင်ဗျားးးးးးဝမ်းသာအားရ သာဓု ခေါ်ဆိုနိုင်ကြစေရန် ပုံလေးတွေကို တင်ပေးလိုက်ပါတယ်… နောက်ရက်မှ အလှူအကြောင်းလေးကို စာစီရေးပြီး တင်ပေးပါဦးမယ်….နောက်တစ်ဆင့်အနေနဲ့ ကျနော်တို့ အဖွဲ့( One Candle စေတနာရှင်လူငယ်များ အဖွဲ့) […]


“ငုဝါပန်းတွေကမြိုင်” သင်္ကြန်နားနီးရင် ပိတောက်ပွင့်သလို ငုဝါတွေလဲအမြဲပွင့်ပါတယ်။ ပိတောက်က မွှေးပေမယ့် ငုဝါကတော့ ရနံ့ကင်း။ ပိတောက်က ပြွတ်ခဲနေအောင်ပွင့်ပေမယ့် ငုဝါက တွေ တွဲလွဲလေးတွေ.။ ပိတောက်က တစ်ရက်ဘဲ ခံပေမယ့် ငုဝါကတော့ အပင်မှာထားရင် ရက်ကြာကြာခံ။ ပိတောက်ကရွှေရောင်တောက်ပေမယ့်  ငုဝါကတော့ အဝါဖျော့ဖျော့။ ပိတောက်က တစ်နှစ်မှာ တစ်ရက်သာပွင့်ပေမယ့် ငုဝါကတော့ ရာသီချိန်ရောက်တာနဲ့ပွင့်။ ပိတောက်က တော်ဝင်နန်းထိုက် အများကြိုက်လို့ပန်ဆင်လိုသူပေါတဲ့ပန်း။ ငုဝါကတော့ ပန်သူမဲ့။ သို့သော် ဘယ်သူတွေဘယ်လိုသဘောထားထား ငုဝါပန်းတွေကတော့ သူ့ရာသီရောက်တာနဲ့မြိုင်နေတာပါဘဲ။. ကျနော်တို့ရဲ့ နေစဉ်ဖြတ်သန်းမှု့မှာ ငုဝါပန်းလေးတွေလိုသဘောထားနိုင်ကြပါ့မလား။ အောင် အပြင်လောကကြီးမှာတော့ ငုဝါပန်းတွေကမြိုင်……………………………… ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး။. 8-4-2013