ပြည်တွင်း/ပြည်ပ လေယာဉ်စီးခရီးသည်များအနေဖြင့် ခရီးသွားသည့်အခါ လေယာဉ်ပေါ်သို့ မိမိနှင့်တစ်ပါတည်း သယ်ဆောင်သွားလိုသည့် Liquid- Gel-Spray ကဲ့သို့သော အသုံးအဆောင်ပစ္စည်းများ နှင့်ပတ်သက်ပြီး သီးခြားညွှန်ကြားချက်တစ်ရပ်ကို နိုင်ငံတစ်ကာ လေကြောင်းဆိုင်ရာအဖွဲ့တစ်ခုဖြစ်သည့် ICAO မှ တရားဝင် ထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။ တို့ကြောင့် အဆိုပါ ပစ္စည်းများအား လေကြောင်းဖြင့်ခရီးသွားသည့်အခါ မည်ကဲ့သို့ သည်ဆောင်သွားရမည် ဆိုသည်ကို ခရီးသည်များအား ဗဟုသုတနှင့် ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေးအတွက် တင်ပြလိုပါတယ်။ # ခရီးသည်များ၏ တစ်ကိုယ်ရည်သုံး ပစ္စည်းများဖြစ်ကြသည့် အလှပြင်ပစ္စည်း ဆေးဝါး အသုံးအဆောင် စသည့် Liquid-Gel-Spray ကဲ့သို့သော ပစ္စည်းများကို သယ်ဆောင်သည့်အခါ 100 ml ပမာဏထက်မပိုသော ပုလင်း/ဗူး တို့ကိုသာ သယ်ဆောင်ခွင့်ရှိပါသည်။ # (100 ml) ထက်ပိုသော ပစ္စည်းများအား ကောင်တာသို့ အပ်နှံသည့် […]