kaiDecember 15, 20203min8930
“ဒေါင်းလည်ပြန်” ၂၁ရာစုလူသားတို့အတွက် အဆိုးဝါးဆုံးများသယ်ဆောင်လာသည့် သက္ကရာဇ်၂၀၂၀ ကုန်တော့မည်။ လည်ပြန်ကြည့်လျှင် ကမ္ဘာလူသားအသက် ၁သန်း၈သိန်းကျော်တွင် အမေရိကန်အသက် ၃သိန်းကျော်ပါခြွေသွားသည့် ကိုဗစ်-၁၉ရောဂါကို တနှစ်လုံးလိုလိုခုခံဖြေရှင်းနေရမည်။ မကြုံစဖူးလောင်ခဲ့သော တောမီးရာသီ ဇူလိုင်ကုန်မှ ဒီဇင်ဘာလယ်အတွင်း အမေရိကအနောက်ပိုင်းပြည်နယ်တို့၏တောမီး အကြိမ်၁၀၀ကျော် ၈.၂သန်းဧကနှင့် ဧက၄၇သန်းလောင်ကျွမ်းသွားသော သြစတေးလျှတောမီးကြီးကိုကြားရ/ခံစားကြရမည်။ဇွန်မှနိုဝင်ဘာလကုန်မုန်တိုင်းရာသီတွင်းအတ္တလန္တိတ်သမုဒ္ဒရာအတွင်း သမိုင်းစံချိန်ဖြစ်တည်ခဲသောခဲ့သော နာမည်တပ်မုန်တိုင်းအလုံး(၃၀)၏ အမေရိကနိုင်ငံကမ်းရိုးတန်းဝင်ဆောင့်ခဲ့သည် ၁၂လုံးဒဏ် ကိုသိရမည်။မေလကုန်တွင်လူမည်းအမျိုးသားဂျော့ဖလွိုက်အသတ်ခံရသည်မှ စလိုက်သည့် BLM လူမည်းအသက်တာလှုပ်ရှားမှုကြီး၏ဂယက်နှင့်ပါတ်သက်ကြရမည်။ကမ္ဘာ့စူပါပါဝါ အမေရိကား၏ နှစ်၂၄၄နှစ်ကြာ ဒီမိုကရေစီစနစ်ကြီးယိုင်နဲ့သွားသည်အထိ နိုင်ငံရေး လိမ်ဖယ်ခဲ့သည်ကို ကြုံကြရမည်။ သမ္မတထရမ့်နှင့် သမ္မတဂျိုးဘိုင်ဒင်တို့၏ ရွေးကောက်ပွဲရလဒ်သည် ယခုစာရေးသည့်အချိန်အထိ ရှုံးသူမှအရှုုံးမပေးသေး၍ မပြီးပြတ်စဲဖြစ်၏။ တိုင်းပြည်၏တရားရေးမဏ္ဏိုင်အဆုံးအဖြတ်လည်း ကြားဝင်ညှိ၍မှမတတ်နိုင်။လက်မှိုင်ချရသည့်အခြေဆိုက်ကုန်၏။ စတုတ္ထမဏ္ဏိုင် မီဒီယာမူလည်း ကောလဟာလလွှင့်ရာတို့ဟုထင်ကုန်ကြသည်။ ၇၄သန်းကျော်ရှိသော သမ္မတထရမ့်အားမဲပေးလိုက်သူ အုပ်စုကြီးမှာ သူတဦးတယောက်၏နောက်လိုက်၍အများစုဆန္ဒကိုခုခံဆဲပါပေ။ပြည်တွင်းစစ်ကာလ(၁၈၆၁-၆၅)နောက်ပိုင်း အကြမ်းဆုံးသော ကွဲပြားခွဲခြားခံလိုက်ရသည့်အခြေအနေရယ်ပါ။ အစမ်းသပ်ခံလိုက်ရသည့်ဒီမိုကရေစီသည် ဇန်နဝါရီ၂၀တွင် ရွေးကောက်ခံသမ္မတသစ်ဂျိုးဇက်ဘိုင်ဒင်ကို […]


Mon LayNovember 14, 20201min10190
တခြားလုပ်ငန်းတွေလည်းချမ်းသာနိုင်မှာပါ..အချိန်အခါပေါ်မူတည်ပြီးတော့ပေါ့နော်.. ဝိုင်းထားတာတွေက မွန်လေးအခု လုပ်နေတဲ့ လုပ်ငန်းအမျိုးအစားပါ ၁/ လက်လီဖြန့်ချိရေး မွန်လေးက ပစ္စည်းတွေကိုလက်လီကော၊ လက်ကားပါ..ဖြန့်ပါတယ်ရှင် ၂/ အင်တာနက် လိုင်းပေါ်တက်ပြီး စီးပွားရှာသလို..ဆိုင်လည်းဖွင့်ပါတယ် ၃/ သယ်ယူပို့ဆောင်ရေး ကိုယ်ပိုင်ကား deli ပါလုပ်နေပါပြီ။ နောက်ပိုင်းလုပ်ချင်တာက..အိမ်ခြံမြေပါ..ဝယ်ချင်တဲ့စိတ်ရှိတယ်..ကြိုးစားနေပါတယ်.. ချစ်တို့လည်း ဒီဖော်ပြထားတဲ့အလုပ်ကလေးတွေကို အခြေခံပြီးလုပ်ကြည့်ပေါ့..မွန်လေးကို နငိ့ OS ကဖြစ်မလာပါဘူးကွာလို့ပြောခဲ့တာ..အခုတကယ် ကြီး ဖြစ်လာပြီနော်..အခုOS ကြောင့်အရမ်းကို အောင်မြင်နေကြပြီ🤩


Mon LayOctober 29, 20201min1660
မနေ့က အစ်ကိုတစ်ယောက်နဲ့အိမ်မက်မက်တယ်။ အဲ့အစ်ကိုနဲ့က မွန်လေးUFL မှာ အင်္ဂလိပ်စာဒီပလိုမာတက်ဖို့ အပြင်သင်တန်းတက်ရင်း ဆုံခဲ့ဖူးတာပါ။ ဘယ်လောက်အင်္ဂလိပ်စာ အခြေခံကောင်းသလဲဆိုရင်..ဆရာက ကွက်လက်ဖြည့်ဖို့မေးတိုင်း သူကချည်းဖြေနိုင်တာ။  တစ်ခန်းလုံးမှာ သူ့အသံပဲထွက်နေတာ..အဲ့လောက် အင်္ဂလိပ်စာတော်လို့ သူ့ကိုသတိထားမိခဲ့ တယ်။ ပြီးတော့ သူက မွန်လေးရဲ့ခုံအနောက်မှာထိုင်တော့ နောက်ပိုင်းမှာခင်သွားတာပေါ့။  မွန်လေးတို့ UFL ရောက်တော့လည်း ဆက်ခင်နေတာပေါ့။ အဲ့လိုတက်ရင်းနဲ့ MOFA (Ministry of Foreign Affairs) က တတိယအတွင်း၀◌န် ကခေါ်ရော။  မွန်လေးလည်း လုပ်ချင်တာနဲ့ ၀◌င်ဖြေဖြစ်တယ်ပေါ့။ ဒါပေမဲ့ ကြိုတင် plan မရှိခဲ့တော့  ဖြစ်မလာဘူး။ ဗဟုသုတရော၊ အင်္ဂလိပ်စာလည်း အခုလို မရသေး‌တဲ့ အပြင် လုပ်ဖို့က ရည်မှန်း ထားတာပဲရှိတာ..ဘယ်လိုကြိုတင်ပြင်ဆင်ရမယ်ဆိုတဲ့ plan မရှိခဲ့တော့ အရွေးမခံခဲ့ရဘူးပေါ့။  ဒါပေမဲ့ အဲ့အကိုကကျတော့ အရင်ငယ်ငယ်ထဲက အင်္ဂလိပ်စာကိုတော်အောင်လုပ်မယ်။ တစ်နေ့ ကျရင် ရာထူးကြီးတဲ့နေရာတွေမှာ၀◌င်လုပ်မယ်။ ကံကောင်းခဲ့လို့ရှိရင် MOFA မှာပါ လုပ်မယ်ဆို တဲ့ plan ထားခဲ့လို့ အင်္ဂလိပ်စာနဲ့ ဗဟုသုတကို ရအောင် ကြိုးစားဖတ်ခဲ့တယ်  တဲ့။ သူplan လုပ်ထားခဲ့တဲ့အတိုင်း တကယ်တမ်း MOFA ခေါ်တော့ အေးဆေးပဲ။ သူတတိတ အတွင်း၀◌န်ဖြစ်ခဲ့တယ်လေ။ ဒါတွေကို သူ့ကိုမေးတော့မှသိခဲ့တာပါ။ အဲ့ဒါနဲ့ အိမ်မက်မက်လို့ဆိုပြီး သူ့အကောင့်ရှာတော့ သူအခု နယူးဇီလန်မှာလေ။ အရမ်းကို သာယာနေတာပေါ့နော်။ အဲ့တော့မွန်လေးပြောချင်တာက မွန်လေးတို့လည်း သူ့လို ရည်မှန်းချက် တစ်ခုထားပြီဆို အဲ့ရည်မှန်းချက်ကိုသွားဖို့ plan ထားရမယ်။ လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်  ထားရမယ်။ မွန်လေးက ဖြစ်ချင်စိတ်သာရှိတာ..plan မထားခဲ့တော့ MOFA မှာအလုပ်မရခဲ့ဘူး။  အင်္ဂလိပ်စာလေ့လာဖို့ အချိန်တွေရခဲ့ရဲ့သားနဲ့ ကိုရီးယားရူးပြီး ကိုရီးယားစာပဲလေ့လာခဲ့တယ်လေ  အိမ်ကUFL တက်တော့လည်း ပြင်သစ်ပဲယူရမယ်..ပြင်သစ်နိုင်ငံရောက်အောင်ဆိုပြီး..အမှန်က  ကိုရီးယားစာက အခြေခံသင်စရာမလိုဘဲ..ကိုယ်ကတတ်နေပြီးသားလေ…ဒါမဲ့မတတ်ခဲ့ရဘူး။  ရှိတဲ့အချိန်မှာ အင်္ဂလိပ်စာကို ဖိမလုပ်ခဲ့လို့လည်း အရမ်းနောင်တရတယ်။ ပြင်ပစာတွေ မလေ့လာခဲ့လို့လည်း နောင်တရတယ်။ အာ့ကြောင့် အခုဆို တစ်နေ့ကို သတင်းတွေရအောင်ဖတ်တယ်။  အင်္ဂလိပ်စာလည်း ပိုလုပ်တယ်။ ပြင်သစ်စာသင်ထားတော့ အဲ့ ပြင်သစ်ကိုရောက်အောင်သွားမယ်လို့လည်း plan ထားထားတယ်။ တခြား Target ထားတာတွေလည်းရှိတယ်။ အဲ့ အတွက် အခုကစပြီး plan ထားထားပါပြီ။  အခုစာဖတ်နေတဲ့သူလည်း အသက်မကြီးသေးဘူးဆို နောင်တချိန်မှာ ဘာဖြစ်ချင်လဲ ကြိုတင်မေးခွန်းထုတ်ပါ။ ရည်မှန်းချက်ထားပါ။ ပြီးရင် plan ဆွဲပါ။ အဲ့plan ဆွဲထားတဲ့အ တိုင်း လုပ်ပါ။ 


Mon LayOctober 25, 20201min2230
အခု မွန်လေးစာကိုဖတ်နေကြတဲ့သူတွေရော motivation speaker တွေပြောတာရော..နားထောင်ဖြစ်ကြလားဟင်။ မွန်လေးကတော့ နားထောင်ဖြစ်တယ်။ နားကိုနားထောင်မှရတယ်။ ကိုယ်ပို်င်လုပ်ငန်းလုပ်ရင် အဲ့လိုနားထောင်မှုတွေအရမ်းလိုတယ်။ တစ်နေ့သူဠေးဖြစ်ရမယ်လို့ ခံယူချက်ရှိလား ??? ကိုယ်လုပ်နေတဲ့ လုပ်ငန်းကို လုပ်ရတာ ပျော်ရဲ့လား??? ဘာလုပ်လုပ် အကောင်းဆုံးလုပ်ဆောင်မယ်ဆိုတဲ့ ခံယူချက်ရှိလား ?? ငါ ပိုမိုအောင်မြင်ရမယ်ဆိုတဲ့ ပြင်းပြတဲ့ စိတ်ထားရှိလား?? ရာထူးအမြင့်ဆုံးရောက်ဖို့ ပြင်းပြတဲ့ စိတ်ထားရှိပြီလား? ဒီလို ပြင်းပြမူမရှိသေးရင်အောင်မြင်ဖို့မလွယ်။ Dream ရှိရမယ် အဲ Dream အတိုင်း Targetထားရမယ် ငါအသက် ၃၀ ဘာဖြစ်ရမယ်သေချာတဲ့ ပန်းတိုင် 🏁ထားထားတယ်။ အဲတော့ အခုလုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ကြိုးစားနေတယ်။ အဲ့လမ်းကြောင်းထဲသွားနေပြီ။ အခုလည်း 2021 ဘာဖြစ်ရမယ် တိကျတဲ့ ပန်းတိုင်ချထားတယ်။ ရူးသွပ်မူကနေ အောင်မြင်မူရှိသွားနေတဲ့မိန်းမတစ်ယောက်ရဲရဲ ကြီး ကျွန်မ နောက်ထက်ချက်မကွာလိုက်ခဲ့။ ကျွန်မ ကိုယ်တ်ုင်လည်းပြောင်းလဲပစ်တဲ့ စိတ်စွမ်းအား ရှိတယ်။ ခြေရာခံပါ။ ခိုင်မာပျက်သားတဲ့ ပန်းတိုင်း ထားပါ။


Mon LayOctober 23, 20201min1720
ကိုယ်တွေ အလုပ် လုပ်ပြီဟေ့ဆို…ထမင်းမေ့ ဟင်းမေ့တင်မက ဘူး..ရေသောက်ဖို့ပါမေ့တာ။ ရေလည်း အနားမှာထားရင် ထိုင်ရာကမထဖြစ်မှာစိုးလို့  အ‌ေ၀◌းမှာထားထားတယ်။ အဲ့တော့ ရေ သောက်ဖို့က ပိုမေ့ရော..ဒီတော့ ရေသောက်ဖို့ alarm ကို iwatch မှာလုပ်ထားလိုက်တယ်။ ကျန်းမာရေးအရပေါ့လေ…မလုပ်လို့မရဘူး ပြီးတော့ နိုးကတည်းက တစ်နေကုန် iphone ရယ် macbook ရယ်နဲ့ ၂ လုံးနဲ့ကို  အလုပ်တွေ   ထိုင်လုပ်နေတော့တာ…အဲ့ကြားထဲ ၀◌ါသနာပါတဲ့ စာကို ပြေးရေးရသေးတယ်။ ကြားထဲ အဲ့လိုရေးဖို့ စာအုပ်တွေ ဖတ်သေးတာ။ အင်္ဂလိပ်စာလည်းမေ့ထားလို့မရလို့ ..လုပ်လိုက်သေး။ အလဟဿ အလေ လိုက် ဖို့အချိန်တကယ်ကိုမရှိ။ ပိတ်ရက်ဆိုတာ ကိုယ့်အတွက်မရှိ။ ရှာရင်အသေရှာတယ် သုံးလည်းသုံးတယ်။ ခေါင်းထဲ တစ်ခုထဲ နစ်ထားတယ်။ အဲဒါ၁ရက်ထက် ၁ရက် ဝင်ငွေတိုးဖို့ပဲ။နားတဲ့အချိန်က အိပ်ချိန်ပဲရှိတယ်။ တခါတလေအိမ်မက်ထဲတောင်အလုပ်လုပ်နေတာ။ရည်မှန်းချက်တွေကြီးတော့ ကြိုးစားနေရတာပေါ့လေ။


Mon LayOctober 17, 20208min33320
✅ Sky Garden Rooftop Lounge Kuta, Bali ရဲ့ နာမည်ကျော် နေရာတစ်ခု ဖြစ်ပါတယ်။ နာမည်နဲ့ လိုက်ဖက်အောင်ပဲ နေရာ အပြင်အဆင်က (၄) လွှာအထက် Rooftop မှာ ဥယျာဉ်ပုံစံ ဖန်တီးထားပါတယ်။ နိုင်ငံခြားသား ခရီးသည်များ၊ Local များနဲ့ စည်ကားနေလေ့ရှိတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။ ညအခါ ကောင်းကင်ယံက ထွက်ပေါ်လာတဲ့ ငွေသော်တာကို ငေးမောရင်းနဲ့ ခါးသက်သက် ဘာလီ Beer ကို မော့နိုင်ပါမယ်။ စိမ်းလန်းတဲ့ ဥယျာဉ်ကြီးထဲမှာ ပေါ့ပါး ရွှင်လန်းစွာ စားသောက်ရင်း အနည်းငယ် ပျင်းရိလာတဲ့အခါ အောက်ထပ်တွေ ဆင်းသက်ပြီး နာမည်ကျော် DJs တေးသွားများကို နားဆင်ရင်း ကခုန်နိုင်ဦးမှာ ဖြစ်ပါတယ်။ Sky Garden ရဲ့ […]


Mon LayOctober 15, 20204min7420
သရဲခြောက်တတ်တယ်ဆိုတာတော့ သိတာကြာပြီ။ ဒါမဲ့ အရင်ကလည်း အဲ့နိုင်ငံကို သွားနေကြဆိုတော့ အရမ်းဆိုးဆိုး၀◌ါး၀◌ါးတော့ ကြောက်မနေခဲ့ဘူးပေါ့နော်။  အဲ့ခရီးစဉ်က တိုးလီဒါလုပ်တုန်းက ဘန်ကောက်ကိုသွားခဲ့တာပါ။ ငယ်ငယ်လေးထဲကနေ အခု အရွယ်အထိ တခါမှ တစ်ယောက်ထဲမအိပ်ခဲ့ဘဲ..ဒီခရီးစဉ်ကတော့ တစ်ယောက်ထဲ ပထမဆုံးအ ကြိမ် အိပ်ခဲ့ဖူးတဲ့ ည၂ညပေါ့နော်။  အရင်က ဘန်ကောက်ကိုသွားတိုင်း သယ်ရင်းမိတ်ဆွေတွေနဲ့ ၂ယောက်အိပ်နေကြလေ။ အခုကျတော့ တစ်ယောက်ထဲအိပ်ရမယ်ဆိုတာသိတော့ စိ်တ်တော့လှုပ်ရှားနေခဲ့တာပေါ့။ ဘန်ကောက်မှာ သရဲပေါတယ်ဆို‌တာ သိတဲ့မွန်လေးက ကိုယ်တည်းရမယ့်ဟိုတယ်ကို google မှာရှာ ကြည့်တာ ပေါ့။ ဘယ်ဟိုတယ်ကတော့ ကိုယ့်ဟိုတယ် သရဲခြောက်တယ်လို့တော့ ဘယ်ပြောမလဲနော်။ အဲ့ဒါနဲ့ ဟိုတယ်လည်းရောက်ရော..ဧည့်သည်တွေကို အခန်းသော့တွေအသီးသီးပေးပြီး ကိုယ့်အခန်းကိုသွားကြတာပေါ့။ မွန်လေးကကြိုပြီးစာတွေဖတ်လာတော့ အခန်းထဲကိုမ၀◌င်ခင် တံခါးကို ၃ ချက်ခေါက်လိုက်တယ်။ အခန်းထဲတန်း၀◌င်တာနဲ့ မီးတန်းဖွင့်ပြီး ပြတင်းပေါက်လိုက် ကာ တွေကို ဆွဲဖွင့်လိုက်တယ်။ အဲ့နောက် အိမ်သာကလည်းသွားချင်နေတော့ ဘိုထိုင် အိမ်သာ ကို အိမ်သာမသွားခင် အရင်ရေဆွဲချလိုက်တယ်။ အထုပ်ချ ခဏနားပြီးတာနဲ့ အပြင်ပြန်ထွက်ဖို့လုပ်တော့ မီးတွေကို ဖွင့်ထားခဲ့လိုက်တယ်။ (ဒီနေရာမှာ တစ်ခုပြောချင်တာက keycard နဲ့မီးဖွင့်တဲ့အခန်းတွေကတော့ keycard ဖြုတ် တာနဲ့ မီးကအော်တိုပိတ်မှာဆိုတော့ ပြတင်းပေါက်လိုက်ကာတွေပဲဖွင့်ထားခဲ့စေချင်ပါတယ်။) ပြီးတော့ အိပ်တော့လည်း ကုတင်ရဲ့ခြေရင်းမှာ မှန်တင်ခုံကရှိနေတော့ အဲ့ဒါကိုကာဖို့ အ၀◌တ်ဖြင့်ဖြင့်၊ အိတ်ဖြစ်ဖြစ်ထားလိုက်တယ်။အဲ့ဒါနဲ့ ကုတင်ကလည်း ၂ယောက်အိပ် ကုတင် ကြီးဆိုတော့ ဘေးဘက်မှာပိုနေတဲ့ နေရာမှာ ပါလာတဲ့ ipad ရယ်၊ ၀◌ယ်လာတဲ့ ပစ္ညည်းတွေ တင်ထားလိုက်တယ်။ ပြီးတော့ အိမ်ကမှာလိုက်တဲ့အတိုင်း ကုတင် တစ်ပတ်ကို ပဌာန်း ရွတ်လိုက်တယ်။  နောက်တော့ လိုင်းသုံးရင်း အိပ်ပျော်သွားတယ်ပေါ့။ ဘာဆက်ဖြစ်မယ်ထင်လဲဟင်။ နဂိုထဲကမွန်လေးက အိပ်ယာပြောင်းအိပ်ရင် ပထမတစ်ညတော့ အိပ်မပျော်တတ်ဘူး။  ခဏခဏ နိုးပြီး မျက်လုံးကဖွင့်ဖွင့်ကြည့်မိတာ။ အဲ့နေ့တစ်ညလုံး နိုးလိုက်၊  အိပ်လိုက်နဲ့ ကောင်းကောင်းအိပ်မပျော် ခဲ့ဘူး။ ဘာသရဲမှလည်းမရှိခဲ့ပါဘူး။  ကိုယ်လုပ်ခဲ့တာတွေပဲမှန်နေခဲ့လို့လား။ ကံမြင့်နေလို့လား။ ဟိုတယ်မှာပဲ  သရဲမရှိခဲ့တာလားတော့မသိဘူးပေါ့နော်။ လုပ်သင့်လုပ်ထိုက်တာကိုတော့  လုပ်ဖို့က တာ၀◌န်ရှိတာပဲမဟုတ်လား။ ဒီတော့ မွန်လေးလိုပဲ..အခုစာဖတ်နေ တဲ့ချစ်တို့လည်း တစ်ယောက်ထဲ ခရီးသွားရတဲ့အခါ၊ အခန်းထဲတစ်ယောက် ထဲအိပ်ရတာတဲ့အခါ  မကြောက်ကြစေဖို့ အခုလို အတွေ့အကြုံနဲ့ရှယ်ပြီးရေးပေးလိုက်ပါတယ်။  လုပ်ခဲ့တဲ့ရည်ရွယ်ချက်တွေကို အောက်မှာ ထပ်ပြီး ရေးပေးလိုက်ပါတယ်။ တံခါး၃ချက်ခေါက်ခြင်း အကယ်လို့များအထဲမှာ သရဲများရှိနေခဲ့ရင် အလန့်တကြားဖြစ်သွားအောင်လုပ်တာတဲ့။  […]


Mon LayOctober 4, 20203min1630
နောက်လ နို၀◌င်ဘာ ၈ ရက်နေ့ဆို မွန်လေးတို့ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲရှိ မယ်ဆိုတာ တစ်နိုင်ငံသိပြီးသားဖြစ်မှာပါ။ အဲ့တော့ နိုင်ငံသားကောင်းတစ်ယောက်အနေနဲ့ အထူးသဖြင့်ကိုယ်လိုချင်တဲ့ အစိုးရကို ရွေးချယ်တင်မြှောက်နိုင်ဖို့အတွက်မဲပေးခွင့်ရှိသူစာရင်းတွေ ထုတ်ပြန်ချိန်မှာ မိမိနာမည်စာရင်းပါလားဆိုတာကိုယ့်ရဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာသွားကြည့်ပေးပါ။ မိမိရဲ့နာမည် ပါဝင်နေမှသာ ဆန္ဒမဲပေးနိုင်မှာဖြစ်လို့ပါနော်။ အကယ်လို့များ မသွားချင်ရင် online ပေါ်ကနေလည်း မြို့နယ်ရယ်၊ မွေးနေ့ရယ်၊ နာမည်ရယ်၊ မှတ်ပုံတင်ရယ်၊ အဖေနာမည်ရိုက်ပြီးလည်းစစ်လို့ရနေပါပြီနော် လင့်ကတော့ https://www.yangon.gov.mm/voters#/ ဒါကြောင့်ကိုယ့်ရဲ့ အဖိုးတန်တဲ့ မဲပေးနိုင်ခွင့်မဆုံးရှုံးရအောင်၊ အပြင်လည်းမထွက်ချင်ရင် ဒီ link ကနေ၀◌င်စစ်ကြပါနော်။ #election #2020 #votelist #myanmar


Mon LaySeptember 28, 20201min1710
အမျိုးအစားမှန်းမသိရလောက်အောင်ဖြစ်ရသည်။ တချို့ကြော်ငြာများမှာလည်း ကုန်ပစ္စည်း၏ အရည်အသွေးကိုဦးစားမပေးဘဲ နာမည်ကြီး မငး်သား၊မင်းသမီးများ၏ အိုက်တင်လုပ်ဆောင်ချက်များကိုသာ ဦးစားပေးသောကြော်ငြာများကိုလညး် တွေ့ရပြန်သည်။ယခု ကာကာ ကော်ဖီကြော်ငြာလေးကိုနှစ်ခြိုက်သွားရခြင်းသည်ကား တေးရေးဆရာ၏ပညာတန်ခိုးများကြောင့်ပင် ဖြစ်ပေလိမ့်မည်။ ကြော်ငြာ၏ခေါင်းစီးစာတန်းတွင် ဤကြော်ငြာတွင် “က” များသာပါသည် ဟူသော စာတန်းကိုရေးသားထားသည်။ တယ်ဟုတ်ပါလား။ ကျွန်မတို့ငယ်ငယ်တုန်းကရွတ်ခဲ့သည့် “မ” နှင့် “သ” ချည်းတို့သာပါဝင်သည့် စာကြောင်းလေးများကိုပြေးမြင်မိသည်။ “မင်းမိန်းမ..မေမြတ်မွန်၊မေမြို့မှာ..မိုးမိမယ်၊မြန်မြန်မောင်း” နှင့် “သေသောသူသည်..သုဿန်သို့..သက်သက်သာသာ..သွားသေသင့်သည်” ဟူသော စာကြောင်းတို့ပင်ဖြစ်သည်။ ယခုတစ်ခါ “က” များနှင့်သာစပ်ဆိုထားသည့် တီဗွီကြော်ငြာဟုဆိုရာ ကျွန်မအတော်စိတ်ဝင်စားသွားသည်။ အစ စာကြောငး်ဖြစ်သော “ကာကာကော်ကော်.. ကောင်းကောင်းကို.. ကောင်းကောင်းကြီး ကိုကြိုက်” ကို ရှေးဦးစွာ စဉ်းစားကြည့်မိသည်။ “ကာကာ” ဟုခေါ်သည့် ကော်ဖီအကောငး်စားကို အတော်လေးကြိုက်သည် ဟုဗန်းစကားနှင့်ဆိုထားခြင်းဖြစ်သည်။ ဒုတိယစာသားဖြစ်သည့် “ကြီးကြီးကျယ်ကျယ်.. ကျော်ကျော်ကြားကြား.. ကာကာကိုကကောင်း ကောင်းကွာ” […]


Mon LaySeptember 28, 20204min1570
အရင်ကပို့စ်တွေဆို ..ကိုယ်ခရီးသွားသလို.. ချစ်တို့သွားရင်လည်း အကုန်နီးပါး မတူရင် တောင်..လိုက်လုပ်လို့ရတယ်ဆိုတာမျိုးဖြစ်အောင်ရေးပေးတာပေါ့နော်။ အခုရေးမယ့်ပို့စ့်ကျတော့ ကိုယ်လုပ်သလို လိုက်မလုပ်စေချင်လို့ရေးပေးတဲ့ပိုစ့်ပါ။ 😁 တခြားတော့မဟုတ်ပါ့ဘူး။ ကိုယ် oversea ခရီးသွားတုန်းက သေချာ လည်း အန္တရာယ်ရှိမယ် မှန်း မသိခဲ့လို့ လုပ်ခဲ့မိတဲ့ အမှားတစ်ခုပေါ့နော်။ အဲ့ဒါကတော့ ipad ကို ခရီးဆောင် luggage ထဲမှာထည့်တာပါပဲ။ 😜 အစကတော့မသိလို့ထည့်ယူတာပါ။ အန္တရာယ်ဖြစ်တတ်မှန်းလည်းမသိဘူးလေ။ ကိုယ်က နိုင်ငံခြားရောက်ရင် လိုင်းသုံးတတ်တော့ ဟိုရောက်ရင်သုံးမယ်ဆိုပြီးထည့်တာ။ အမှန်က Hand carry အိတ်ထဲကိုထည့်ရမှာ..ကိုယ်က hand carry ကို ယူလေ့မရှိဘူး။ ကျောပိုးအိတ်နဲ့ သွားတဲ့ခရီးကနည်းတယ်။ စလင်းဘတ်အိတ်ကိုင်တဲ့အခါကိုင်တယ်။ ပိုက်ဆံအိတ်ခပ်သေးသေးကိုင်တဲ့အခါကိုင်တော့ အဲ့ipad ကမဆန့်ဘူးလေ။ ကိုင်တာများရင် လေးလာလို့ ရှုပ်တယ်ဆိုပြီး လေယာဉ်ဗိုက်ထဲထည့်တဲ့ luggage ထဲထည့်လိုက်တာ။ ရယ်လည်းရယ်တယ်သိလား။ […]


Mon LaySeptember 25, 20201min1690
အောင်မြင်တဲ့သူဆိုတာ..အရံှုးတွေနဲ့ရင်ဆိုင်ပြီးမှ ဇွဲရှိရှိနဲ့ကျော်ဖြတ်လာတဲ့သူပါ။ ကျရံှုးမှာမကြောက်ပါနဲ့..အမှားလုပ်မိမှာမကြောက်နဲ့..ဘဝမှာတခါမှမမှားတဲ့သူ၊ မကျရှုံးဖူးတဲ့သူဟာ..မအောင်မြင်သေးတဲ့သူပဲ။ စာရေးသူ – မွန်လေး (Travel Emperor)


Mon LaySeptember 25, 20201min1490
အဆက်မပြတ်လုပ်ရမယ်…စိတ်ကူးမှာတင်ရပ်နေလို့မရဘူး..ကြံစည်နေတဲ့နေရာမှာတငိလည်း ရပ်နေလို့မရဘူး..ပုံထဲအတိုင်း နေ့စဉ်လုပ်၊ အထပ်ထပ်လုပ်မှ.. အောင်မြင်မှုကိုရမှာပါ။ နောက်ဆုံးအောင်မြင်မှုရတာတောင်..ဆက်ကြိုးစားနေရပါမယ်..ဘာလို့ဆို..အောင်မြင်မှုကဆက်မကြိုးစားတော့တဲ့သူတွေအတွက် ပျောက်ကွယ်သွားတတ်လို့ပါ။ စာရေးသူ – မွန်လေး (Travel Emperor)