zaw linNovember 4, 20171min1542
  အနူတောမှာလူချော မောလည်းမမောနိုင် လက်ကိုင်ကာတစ်စူးထိုး တစ်နေ့တစ်မျိုးမရိုးအောင်က လုပ်သမျှအလွဲလွဲ အြငြိမ့်ပွဲထဲကဟာသ ကလိထိုးရယ်ရအောင် အော် ရှေ့ဘုန်းကြီးတစ်ချက်ခေါက်လို့ ကျောင်းပြောင်းဥပုတ်စောင့်ကာမှ နောက်ဘုန်းကြီးသုံးချက်ခေါက် အောင့်လို့သာခံပေနော့မောင်ရေ ယောင်ပေပေမလုပ်လေနဲ့ တောင်ခြေမှာလျော်ထုတ်ထမ်းသလိုပါ့ လွမ်းလိုက်လေခြင်း


zaw linNovember 4, 20171min1523
လူထဲကလူ သူကတမူထူး အာဏာရူး ဥစ္စာရူး တဏှာရူး သူတထူးကိုဒုက္ခပေး ဘေးဖြစ်စေတဲ့သူ။   လူထဲကလူ သူကတမူထူး မူးမူးရူးရူး သေသောက်ကြူးလို့ မူးယစ်ဆေးဝါး အသုံးများလို့ မြေပေါ်မှာလူး စူးနစ်နေတဲ့သူ။   လူထဲကလူ အများအတွက်ကူလို့ သူ့ဘဝကိုပေး စတေးခဲ့လေသူ သင်ဘယ်လိုလူမျိုး ဖြစ်စေချင်ခဲ့သူ။   ဒီပါကို  


ကထိန်နီးလာပြီဆိုလျှင် နေရာအနှံ လော်သံတွေကြားရသည်။ လော်နှိပ်စက်သမျှကို ခံစားနေရသူတို့ အော်ကြသည်။ ကျွန်မကတော့ ကံကောင်းသည်ဟု ဆိုရမလားမသိ။ နယ်မှာနေချိန်တုန်းကလည်း လော်ဒဏ်မခံခဲ့ရ။ ယခု ရန်ကုန်မှာရှိနေစဉ်တစ်လျှောက်လုံးလည်း လော်သံမကြားရ။ ကိုယ့်ကိုယ်ကို ကံကောင်းသည်ဟု တွေးတောရင်းနှင့်ပင် နယ်က လော်ကို လွမ်းမိနေသေးသည်။ နှစ်တိုင်း သီတင်းကျွတ် တန်ဆောင်မုန်းဆိုလျှင် နယ်က ကျွန်မတို့လမ်းထိပ်တွင် ဗဟိုလူငယ်အဖွဲ့က အလှူခံမဏ္ဍပ်ထိုးပြီး အလှူခံကြသည်။ သီတင်းကျွတ်လပြည့်မတိုင်ခင် တစ်ပတ်အလိုဆိုလျှင် နှစ်ကျိပ်ရှစ်ဆူဘုရားများမှ မဲပေါက်ရာဘုရားတစ်ဆူကို ပင့်ဆောင်ပြီး အလှူခံကြသည်။ သီတင်းကျွတ်လပြည့်ကျော်တစ်ရက်နေ့ရောက်လျှင် မဲပေါက်ရာ ရပ်ကွက်အဖွဲ့အစည်းအသီးသီးမှ ဘုရားများအားလုံး ဒေသစာရီကြွချီပူဇော်ကြသည်။ ထို့အတူ တန်ဆောင်မုန်းလပြည့်မတိုင်ခင်တစ်ပတ်အလိုတွင် ပဒေသာပင်နှင့် မြို့စေတီတော်အတွက် ရွှေသင်္ကန်းကပ်လှူရန် အလှူခံကြသည်။ တန်ဆောင်မုန်းလဆန်း (၁၄) ရက်နေ့တွင် ရပ်ကွက်အဖွဲ့အစည်းအသီးသီးမှ ပဒေသာပင်များအားလုံးကို မြို့တွင်းစီတန်းလှည့်လည်ကြသည်။ တန်ဆောင်မုန်းလပြည့်နေ့တွင် မြို့စေတီတွင် မြို့နယ်မှ ဘုန်းကြီးကျောင်းများကို […]


zaw linNovember 3, 20171min1935
နှိုင်းဖွဲ့မမှီ နေရီရီညနေစောင်းမှာ သွဲ့ပြောင်းကေသာ လေမှာလွင့်ပျံလို့ ကဗ္မလာချည် ဘယ်သူရှင်းနိုင်လိမ့် ချိုရီရီသန္တာ နုှတ်ခမ်းရယ်က ကျီစယ်ကာရယ်ရမ်းသွေးလေတော့ ပုလဲသွယ်ဝင်းကာလက်လို့ရယ် လှလွန်းကေသီ မြင်သူမှာ သိဝိမင်းလိုဗျ စိတ်နဲ့ခန္ဒာ ကင်းလွတ်ပါလို့ရယ် နတ်မိမယ်နေရာမှားပြီထင့် ရင်ဆူကာဘဝင်အေးစေမည့် ချစ်သူ့ပုံလွှာ deparko


zaw linNovember 3, 20171min1382
ငါလွမ်းတယ် ဘုရားလမ်းအတိုင်းတက် ဘိုက်ပူ ၁၆ ကားကြီးရပ် ကလေးတက်တက်ဆိုပြီး ခေါ်တင် ကျောင်းသားမြင်ရင်ချစ်တတ်တဲ့ စပါယ်ယာကြီး အင်းဝကွေအရောက် အောက်ကိုချပေး မုန့်ကျွေးသွားတဲ့စပါယ်ယာကြီးကိုလည်းငါလွမ်းတယ်   ငါလွမ်းတယ် ရထားစီး ကျောင်ကိုသွား လက်မှတ်မဖြတ်သွားလို့ လက်မှတ်စစ်ကြီး ချွေးစေးတွေပြန် ငါ့ကိုရန်မလုပ် မုန့်တစ်ထုတ်ပေး ကျောင်းမပြေးဘို့ဆုံးမ အပြာရောင်ဝတ်ထားတဲ့လူကြီးကိုလဲလွမ်းတယ်၊   ဆရာမဘော်ဘီ ကုလားမင်းသမီးအလှ ဂျစ်ကားလေးကိုမောင်း စိန်ဂျွန်ကျောင်ထဲလာ တပည့်တွေကိုအသံမမာ ပြုံးရွှင်စရာပညာပေး အီကိုသင်ပေးတဲ့ဆရာမလေးကိုလဲလွမ်းတယ်။   ငါလွမ်းတယ် ညီ လို့ ခေါ်တဲ့ချစ်သူ ကျောင်းအတူတက် အီကိုကင်တင်း ထမင်းနှစ်ပွဲ လက်ဘက်တစ်ပွဲနဲ့ ပဲခူးမှာတာဝန်ကျ ဆရာမ ချစ်သူတစ်ယောက်ရခဲ့ပေမည့်းဘဝချင်းဝေး ဖူးစာရေးနတ်မကယ်ခဲ့တဲ့ချစ်သူဟောင်းကိုလည်းသတိရ ငါအတိတ်ကိုလွမ်းမိတယ်၊ အိမ်ပြန်ရောက်တိုင်း သားမျက်နှာကိုမျက်ရည်ဝိုင်းလို့ကြည့် ချစ်ခြင်းအတိနဲ့ဆုံးမ ယူနီဖောင်းကိုပွတ်သတ် ရာထူးတံဆိပ်အသစ်ကပ်တိုင်း ဗိုလ်မှူးကြီးလုံးလုံးရှုံး သားမောင်ကိုအပြုံးနဲ့ကြည့် တပ်ကြပ်ကြီးဘဝအထိဘဲမြင် တမလွန်ကိုခရီးနှင်သွားတဲ့ငါအမေကို ငါအရမ်းလွမ်းတယ်၊ […]


အောက်တိုဘာ ရ ရက်နေ့က တင်တာ ဘာရယ်ကြောင့်မသိ မန်းဂေဇက်ဖေ့စ်ဘွတ်မှာ မတက်လို့ ကော်ပီပေ့စ် ကက်တီဂိုရီနဲ့ ထပ်တင်သည်။  ။။။။  မီဂျီဂျပန်နိုင်ငံထံ ကိုရီးယားပိုက်နက်နယ်မြေ အပ်ရသော တရုတ်ကွင်ဘုရင့်နိုင်ငံ… ၁၈၉၄ ဩဂုတ် ၁ မှ ၁၈၉၅ ဧပြီ ၁ရ အထိ တရုတ်ကွင်ဘုရင်နိုင်ငံသည် မီဂျီဂျပန်အင်ပါယာ နှင့် ကိုရီးယားနယ်မြေ ထိန်းချုပ်ရန် တိုက်ခိုက်ခဲ့ပြီး ဂျပန်မှ ပြတ်ပြတ်သားသား အနိုင်ရခဲ့သည်။ စစ်ပွဲအပြီး ကိုရီးယားကျွန်းဆွယ်အား ဂျပန် လက်ဝေခံအဖြစ် သွပ်သွင်းလိုက်ကာ ထိုင်ဝမ် ဖေါ်မိုဆာကျွန်း၊ ပန်ဂူကျွန်းနှင့် လ ျှိုဒေါင် ကျွန်းဆွယ်တို့အား ရရှိခဲ့သည်။ အချောင်သက်သက် ရခဲ့တာတော့မဟုတ်၊ တရုတ်စစ်သား သုံးသောင်းငါးထောင် နီးပါး စစ်ပွဲတွင် ကျဆုံးဒဏ်ရာ ရပြီး ဂျပန်ဖက်တွင် စစ်သားနှင့် အမှုထမ်း […]


Mon LaySeptember 17, 20176min3257
ဒီခရီးစဉ်ကတော့ ကိုယ်နဲ့ရင်းနှီးနေခဲ့တာလွန်ခဲ့တဲ့ ၅နှစ်ကတည်းကပေ့ါ။ မွန်လေးက Travels & tour inbound မှာလုပ်နေခဲ့တာဆိုတော့ ဒီခရီးစဉ်မျိုးကို ဧည့်သည်တွေကိုပို့နေကြပါ။ ကိုယ်ကိုယ်တိုင်တော့တစ်ခါမှမသွားဖူး ကြည့်သေးပါဘူး။ ခုလုပ်နေတဲ့ Exo Travel က မိုးတွင်းမှာ Staff Day trip လေးတွေစီစဉ်ပေးတော့ အဲ့ခရီးစဉ် တွေထဲကမှ မွန်လေးကတော့ ဒလဘက်ကိုသွားတဲ့ခရီးစဉ်လေးကိုဒီနှစ်အတွက်ရွေးချယ်ခဲ့ပါတယ်။ ဒလမသွားခင်မွန်လေးတို့ ကြည်မြင်တိုင်ဘူတာကနေ ရန်ကုန်မြို ့ထဲကို ရထားစီးခဲ့တဲ့ အတွေ့အကြုံလေးလည်း ပြန်ရှယ်ချင်ပါတယ်။ #ရရထားကြီးပျော်ပျော်စီး🚞🚋🚃 ရုံးကနေကားနဲ့ မနက် ၉နာရီ ၂၅မိနစ်မှာ စထွက်ခဲ့ကြပါတယ်။ ဟိုလည်းရောက်ရော ကိုယ်တွေကပ်သီလေးပဲ။ ကံကောင်းလို့ ၁ဝနာရီရထားကဆိုက်ရောက်လာပြီးလက်မှတ်ကို မြန်မြန်ဝယ်ပြီး ရထားပေါ်တက်ကြရတာပေါ့။ သူက ၁၅မိနစ်လောက်ပဲကြာတယ် ရန်ကုန်ဘူတာကြီးကိုရောက်ရော။ ရထားဆိုတဲ့အတိုင်း လူမျိုးစုံတွေ့ ရတာပေါ့။ မွန်လေးကဒီမြို ့ပတ်ရထားနဲ့မစိမ်းပါဘူး။ ဘာလို့ဆို ၂တန်းနှစ်လောက်တုန်းကအမေနဲ့ […]


သုရွင္August 15, 20171min2265
လုပ်စရာအလုပ်တစ်ခုကို နေ့ရွှေ့ညရွှေ့လုပ်ဖို့ သင့်ဆီမှာ အမြဲတမ်းအကြောင်းပြချက် တစ်ခုမက ရှိနေတတ်ပါတယ်။ နေပူလို့၊ မိုးရွာလို့၊ စောသေးလို့၊ နောက်ကျနေလို့၊ ဗိုက်ဆာလို့၊ စားပြီးကာစမို့၊ ငယ်သေးလို့၊ ကြီးသွားလို့၊ မလုပ်လည်းရသေးလို့၊ ဘယ်သူ့ကြောင့်၊ ဘယ်ဝှါကြောင့်၊ ဘာဖြစ်လို့၊ ညာဖြစ်လို့။ ဒီလိုနဲ့ပဲ အကောင်အထည်ဖော်ခွင့်မရခဲ့တဲ့ စိတ်ကူးတွေ၊ အိပ်မက်တွေ အများအပြားဆိုသလိုပါပဲ။ “အကြောင်းပြချက်တွေဆိုတာ လိမ်ဆင်တွေပါ” ( All excuses are lies) ဆိုတဲ့သူကတော့ Jocko Willink ပဲဖြစ်ပါတယ်။ အမှန်ပြောရရင် သင်က ပျင်းနေလို့ပါတဲ့။ လေးလံထိုင်းမိုင်းမှုနဲ့ အကြံတုံးဉာဏ်တုံးဖြစ်မှုဟာ ဆက်စပ်နေပါတယ်။ အလွယ်ဆုံး နည်းလမ်းလေး ************************ နေ့ရွှေ့ညရွှေ့ဖြစ်တတ်တဲ့ မိမိရဲ့ စိတ်ဓါတ်ကို ပြုပြင်ဖို့ အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းလေးတစ်ခုရှိပါတယ်။ ဒါကတော့ ဆရာမ Mel Robbins ရဲ့ […]


black chawJune 25, 20171min392543
မအေးသောင်း တဲ့။ ခုတလောဖေ့စ်ဘုတ်မှာ စတားဖြစ်နေသူလေး။ ဘယ်သူများလဲလို ့ စုံစမ်းလိုက်တော့ အော် အေးဝတ်ရည်သောင်း ကြီးပါလား ဟ။ ဘယ့်နှယ့် အနုပညာနယ်ထဲရောက်တာ ကြာ ကြာလှပေါ့။ ခင်ဗျာ အခုမှ ပေါက်ရရှာ။ အရွယ်တော်တဆိတ်ဟိုင်းကာမှ ဖေ့စ်ဘုတ်ပေါ်မှာ ဝုန်းဒိုင်းကိုကျဲလို ့ မအေးသောင်းမှ မအေးသောင်းဆိုသူတွေက မရှား။ ဒီနေ ့မအေးသောင်း ချစ်ခင်သူ လူပျိုကြီး တစ်ယောက်နဲ ့ဆွေးနွေးတော့ ဟိုတုန်းက မအေးသောင်းက ဟော့ရှော့တွေ ဝတ် ဆိုသကိုး။ ဒင်းရဲ ့အကြည်ဓါတ်ပါတဲ့ ဘော်ဒီလေးနဲ ့ အကြည်ဓါတ်ပါတဲ့ မျက်နာလေးက ဟော့ရှော့တွေနဲ ့မလိုက်ဖက်ဘူး ဆိုပဲ။ အခုမှ မြန်မာဆန်ဆန် အဝတ်အစားလေးတွေနဲ ့ မြန်မာဆန်ဆန်လေးလှနေပုံလေးတွေကိုတွေ ့ရတော့ လူပျိုကြီးရဲ ့နှလုံးသားကို အတင်းကြီးသိမ်းပိုက်သွားတာ ခံလိုက်ရ […]


A mar nyoJune 22, 20171min24112
အခုအလုပ်မှာလုပ်နေတာ ၁နှစ်ရှိပါပြီ။ Account ပိုင်းနဲ့လုပ်နေတာပါ ဆရာတွေကတော့ ကိုရီးယားတွေပါ Company တွေလည်းှဖွင့်ထားတာ ၃ခုရှိပါတယ်။ မြန်မာတစ်ခု နဲ့ နိုင်ငံခြားနှစ်ခုပါ။ မြန်မာcompanyက တကယ်အလုပ်မလုပ်ပါဘူး။ ဖွင့်ထားတာပဲရှိပါတယ်။နှစ်ကုန်ရင် အခွန်အတွက်လုပ်ပေးရပါတယ်။တကယ်မရှိတဲ့ အတွက် လုပ်ရတာလည်းအဆင်မပြေပါဘူး။အခွန်များရင်လည်းမဆောင်ချင်ပါဘူး။ အဲ့ဒါအပြင် နိုင်ငံခြား company ကလည်းလုပ်ပေးရပါတယ်။ E ဆိုတဲ့ companyကတော့ ဖွင့်ထားတာ၂နှစ်ရှိပါပြီ။ အဲ့ဒါအပြင် Bဆိုတဲ့ company ထပ်ဖွင့်ပါတယ်။ E company ကိုလည်း မပိတ်ပဲဆက်ဖွင့်ချင်ပါတယ်တဲ့။ အလုပ်မလုပ်ပဲပေါ့ ဒီသုံးခုကို အခု အခွန်လုပ်ပေးရမှာပါ။ အခွန်ပိုင်းမှာလည်း ကျျွမ်းကျင်မဟုတ်ပါဘူး အခုမှစလုပ်ဖူးတာပါ။ အဲ့ဒါ ဒီcompanyမှာပဲဆက်လုပ်ရမလား မလုပ်ရဘူးလားစဉ်းစားနေလို့ပါ။ ရွာထဲကကူစဉ်စားပေးကြပါဦး။


ေမာင္ရိုးJune 14, 20171min70337
#ဗမာဒရိုင်ဘာ . . ခေတ်မကောင်းလို့ ကားမောင်းစားနေရတဲ့ဘဝမှာ အဖြစ်တွေကတော့ ပြော မပြောချင်ဘူးဗျို့ . . သို့သော်လည်း မနေနိုင်တော့ လက်တို့ပြီးကိုပြောရဦးမယ်ဗျာ . . ။ ဒီလိုဗျ . . . ဒီကနေ့ မနက်စောစော ကျုပ်မိတ်ဆွေကြီးတစ်ယောက်က ဖုန်းဆက်ပြီးအကူအညီတောင်းတယ်လေ ။ သူနေထိုင်မကောင်းလို့ ဒီနေ့မနက်လေဆိပ်ပို့ရမယ့် ဧည့်သည်ကို သူ့ကိုယ်စားပို့ပေးဖို့ပေါ့ဗျာ ။ ကျုပ်လည်း ဝမ်းသာအားရခေါင်းညိမ့်လိုက်တယ် . . ဖွတ်ကလိဒင်္ဂ ါးလေးရတော့မှာကိုးးးဗျ ။ ဒါနဲ့ ဟိုတယ်ကို ချိန်းထားတဲ့အချိန်သွား ၊ ပြီးတော့ ဧည်သည်နိုင်ငံခြားသားကိုခေါ်ဆောင်ပြီး လေဆိပ်ကိုမောင်းတော့တာပေါ့ ။ ဒီဘိုးတော်က အတော်လေးတော့ အမေး အမြန်းထူသား . . . ။ လမ်းတလျောက်လည်း ရိုက်လိုက်တဲ့ဓတ်ပုံ […]