ကျွန်တော့်စိတ်ကူး ဈေးသည် ၃ရက်လောက် ဦးနှောက် ခြောက်ခံ စဉ်းစားပြီးမှ ထွက်လာတဲ့ အိုင်ဒီယာ ခပ်စုတ်စုတ်ပါဗျာ.. ဆြာသမား ခရထ-၂ က ပျောက်နေ ကိုယ်က ဝင် အာချောင်မိ… ရွာသူားတွေက စိတ်ဝင်စားမှု ဒီရေ တက်လာ .. သည်တော့ သည်တခေါက် အတွက် ခေါင်းစဉ်ကို ကိုယ့်ဟာကိုယ်ပဲ ဘာသတ်မှတ် ရင်ကောင်းမလဲ ဆိုတာ စဉ်းစားမိတော့တယ်ဗျို့.. အနယ်နယ် အရပ်ရပ်က ရွာသူားတွေ ပါဝင်ဆင်နွှဲလို့ရအောင် ဆိုတဲ့ ခေါင်းစဉ်အောက်က စဉ်းစားလိုက်တော့ ဘောင်တစ်ခု ဖြစ်သွားတယ်ဗျ … နောက်တခု ..ရိုးရာ တို့ ဓလေ့တို့ ဘာသာ တို့ ကို ထပ်ပယ် လိုက်ရတယ်.. ဒါမှပဲ ကမာ္ဘကြီးရဲ့ ဘယ်နေရာ ရောက်နေသူပဲဖြစ်ဖြစ် ဘယ်ဘာသာ ကိုးကွယ်သည်ပဲဖြစ်ဖြစ် […]


လင်းဝေMay 9, 20121min31816
ဒီနေ့ နေ့လည် တက္ကသိုလ်ရိပ်သာလမ်းပေါ် တက္ကသိုလ်ဓမ္မာရုံရှေ့နဲ့ အဓိပတိအပေါက်နား မှာဖြတ်နေတုန်း အက်ဖ်အမ်ရေဒီယိုကနေပြီး ခိုင်ထူးနဲ့တွေ့ဆုံခန်းလုပ်နေတယ်။ ရုတ်တရက် ခိုင်ထူးက စစ်ကိုင်းလမ်းသီချင်းအကြောင်းပြောရင်း ကျောင်းသီချင်းတွေအကြောင်းဆက်ပြောနေတုန်း ကိုယ်လည်း သထုံလမ်းလေးကနေပြီး သထုံဆောင် ဘက်ကို လှမ်းငေးရင်း လွမ်းမိတယ်။ သထုံလမ်း ရဲ့အစ အဲဒီဘက်ခြမ်း လမ်းတိုလေး ဘေးတစ်ဘက်တစ်ချက်မှာတော့ သစ်တိုပင်ကြီးတွေ က အေးမြနေဆဲ။ ခိုင်ထူးက ကျောင်းသီချင်းတွေ အကြောင်းပြောတော့ တစ်ချိန်တုန်းက အဲဒီ သထုံလမ်းလေး ဘေးကွပ်လပ်မှာ သထုံဆောင် နှစ်လည်ညစာစားပွဲတွေလုပ်ခဲ့တာ။ အဆိုတော်ပေါက်စတွေ နဲ့ နာမည်ကြီးတွေ အလကား လာဆိုပေးကြတာ တွေက စလို့ တွေးမိရင်း တစ်ချိန်တုန်းက နွေရာသီကျောင်းပိတ်ရက်တောင် အိမ်မပြန်ဖြစ်ပဲ အဆောင်မှာ နေရင်း နွေညတွေကို ဖြတ်သန်းခဲ့ဖူးတာ ကို တမ်းတမ်းတတနဲ့ ဖြစ်လာမိတယ်။ လွမ်းမောဖွယ်ရာ တက္ကသိုလ်နွေညများ […]


htet wayMay 9, 20121min1749
ပမ္မဝတီ မြစ်ကြောင်း ပေါ်က မုန်တိုင်းပျော်တဲ့ဒေါင်းငှက်။ အိပ်မက်ကို အခြေတည် ညီညွတ်တဲ့ ခွန်အားနဲ့ အိမ်မဲသားတွေ လက်ရုံးများနဲ့ ဉာဏ်အားတူ ခံယူချက်က အသက်။ ရောင်နီ သမ်းပြီကွဲ့ တို့လမ်းမှာ အဆင်းမြမြနဲ့ သတင်းလှလှတွေ အခြေပြု အမေစုဆိုတဲ့ အလင်းအောက်က ဒူးမထောက် မကြောက်ရွံ့သူတွေ။ အများပြည်သူတွက် တအားညီတူတဲ့ လက်တွေခိုင်ခိုင် သံပြိုင်ဆို ဒီမိုတေးတွေနဲ့ မြို့အခြေမှာ တို့တတွေ အောင်လံစိုက်လို့ ကောင်းမွန်ခဲ့ ဒေါင်းတွန်သံတဝေဝေ။ ။ (ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့ တွင် (၁၃.၅.၂၀၁၂ နေ့တွင် ဖွင့်လှစ်မည့် NLD ရုံးဖွင့်ပွဲကို ကြိုဆို ဂုဏ်ပြုပါသည်။)


Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်မှ တရုတ်အစိုးရအပေါ် မေးမြန်းလိုသည့် မေးခွန်းများကို Southwest China University of Political Science ၏ တွဲဖက်ပါမောက္ခ Yin Hongwei အား မေးမြန်းခြင်း တရုတ်သတင်းစာ The Time Weekly မှ တာဝန်ရှိသူများသည် မေလ ၈ ရက်နေ့က Eleven Media Group သို့လာရောက်ခဲ့ပြီး The Time Weekly ၏ သတင်းထောက်ချုပ်နှင့် Journalism and Communications Department of Southwest China University of Political Science ၏ တွဲဖက်ပါမောက္ခဖြစ်သူ Yin Hongwei က […]


phone_kyawMay 9, 20121min1056
၂၀၀၂-ခုနှစ်မှာ PDF က စစ်သင်တန်းလုပ်တယ်။ သင်တန်းဆရာ ကိုငြိမ်း၊ လက်ထောက်နည်းပြနှစ်ယောက်နဲ့ သင်တန်းသား အယောက်နှစ်ဆယ်လောက်ကို သင်တယ်။ လက်ထောက်နည်းပြနှစ်ယောက်ကတော့ ကိုမင်းထက်၊ ကိုကျော်ထွန်း (ပအို့တိုင်းရင်းသား) တို့ဖြစ်ပါတယ်။ သူတို့အားလုံးက နအဖတပ်က တစ်ကြပ်၊ တစ်ကြပ်ကြီးတာဝန်နဲ့ တော်လှန်ရေးသမား(တနည်း) သူပုန်တွေနဲ့လာပြီးပူးပေါင်းခဲ့တဲ့လူတွေပေါ့။ စစ်သင်တန်းကိုတက်ဖို့ လူဘောင်သစ်(တောင်ပိုင်း)က ကွန်မန်ဒိုတွေဖြစ်တဲ့ ကျနော်၊ ကျော်စွာဝင်း၊ ငယ်ထွေး၊ ကိုရန်ကျော်တို့တက်ကြတယ်။ သင်တန်းက သုံးလကြာတယ်။ PDF ကရဲဘော်တွေဆိုတာကလည်း၊ လူ့ဘောင်သစ်ကရဲဘော်တွေလို…အတူတူနေ၊ အတူစား၊ သောက်၊ ညီရင်း အစ်ကိုလိုနေကြတယ်။ ရန်ဖြစ်တာမရှိသလောက်ပဲ။   သင်တန်းပြီးတဲ့အချိန်မှာ ဘုရားသုံးဆူမြို ့က နအဖ တပ်ရင်းတွေနောက်တန်းပြန်၊ နောက်တန်းကတပ်ရင်းတွေက ဘုရားသုံးဆူမြို ့ကိုတက်ပေါ့။ ဘုရားသုံးဆူကတပ်ရင်း ဆင်းမယ်ဆိုတဲ့ သတင်းကို ABSDF တပ်ရင်း-၁ က ကြားဖြတ်ဖမ်းတဲ့ ကိုခြသေ့င်္က […]


phone_kyawMay 9, 20121min28615
တကယ်တမ်းတော့ ထိုင်းက မြန်မာနိုင်ငံရဲ ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို အားပေးတဲ့အနေနဲ ့ဗိုလ်ချုပ်စောလားပွယ်ကိစ္စကို ရေငုံနှုတ်ပိတ်နေရမှာ။ အခုတော့ မနာလို မရှု ့စိတ်နဲ ့လုပ်သလိုပဲ။ အခုဖြစ်တဲ့ ကိစ္စက လွန်ခဲ့တဲ့ ၂၀၀၃-ကတည်းဖြစ်ခဲ့တာကို အခုမှ ဆုငွေထုတ်ဖမ်းဖို ့လုပ်တာကတော့ အင်မတန်ကို သေးသိမ်တဲ့လုပ်ရပ်တစ်ခုပါ။ ဘာလို ့အစောကြီးကတည်း ဖမ်းဖို ့မလုပ်လဲ။ တကယ်လို ့အချက်အလက် ခိုင်လုံတယ်ဆိုရင်ပေါ့။ ဒါက ထိုင်းအစိုးရရဲ ့ညစ်ပတ်မှု ့ဖြစ်တယ်လို ့ကျနော်တွေးမိတဲ့အတွေးတစ်ခုပါ။ ငြိမ်းချမ်းလုပ်ငန်းစဉ်ကို ဖျက်ဆီးတဲ့လုပ်ရပ်ပဲ။ နောက်တစ်ခုက ဒီကေဘီအေအချင်းချင်း မနာလိုတဲ့ ဖြစ်ရပ်တစ်ခုပါ။ နယ်ခြားစောင့်တပ်ကို လက်ခံသွားတဲ့ ဒီကေဘီအေနဲ ့ပြန်တိုက်တဲ့ ဗိုလ်ချုပ်နုတ်ခမ်းမွေးတို ့ရဲ ့အချင်းချင်း ရန်ဆောင်မှု ့တစ်ခုလို ့ထင်မိတယ်။ နအဖအစိုးရက ဗိုလ်နုတ်ခမ်းမွေးတို ့ကို အရေးတယူ ဆက်ဆံပြီး ငြိမ်းချမ်းရေးကမ်းလှမ်းတာကို […]


Mr. humanMay 9, 20121min1012
ဧရာဝတီတိုင်း ဒေသကြီး ရှိ  အိမ်မဲမြို့နယ် တရားရုံးတွင်  အမှု လက်ခံကြေး တောင်းမှု နှင့် ပတ်သက်၍ တရားလိုက တိုင်ကြားသော သတင်းတစိခု ရရှိပါသည်။ ဖြစ်စဉ် မှာ     ဧရာဝတီတိုင်း ဒေသကြီး  မြောင်းမြခရိုင်  အိမ်မဲမြို့နယ်တရားရုံးတွင် စစ်ဆေးလျှက်ရှိသော ပုဒ်မ ၃၈ဝ ၊ ပုဒ်မ ၃၈၁  ခိုးမှု နှင့်ပတ်သက်၍  တရားလို မှ ၎င်းအမှုအတွက် တရားသူကြီးပေးရန် ဟု ဆိုကာ အတင်းအကြပ် ငွေတောင်းခံမှုအပေါ် မကျေနပ်သဖြင့် နိုင်ငံတော် သမ္မတ သို့ တိုင်ကြားသောအမှုဟု ကြားသိရပါသည်။၎င်းအမှုကို ခရိုင်တရားရုံးက စစ်ဆေးမည် ဖြစ်ပြီး  အိမ်မဲမြို့နယ်တရားရုံးက တရားသူကြီး လက်မှတ်ဇြင့်ဆင့်စာ ထုတ်ပေးကြောင်း တရားရုံး ရှိ အမာခံသတင်းပေးက ပန်းတနော် သို့ ယနေ့နံနက် […]


နွယ်ပင်May 9, 20121min38215
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရက ၂၄ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် Passport နိုင်ငံကူးလက်မှတ် ထုတ်ပေးလိုက်ပါပြီ။ ယခုအချိန်မှာ အမေစုဟာ နော်ဝေးနဲ့ ဗြိတိန်နိုင်ငံတို့ကို ခရီးထွက်ဖို့ ပြင်ဆင်နေပြီး Passport ကို ပြည်ထဲရေးဝန်ကြီးဌာနက 8.5.12ရက်နေ့တွင် ရန်ကုန်မြို့မှာ ထုတ်ပေးလိုက်တာဖြစ်ကြောင်း NLDမှ တာဝန်ရှိ သူတွေက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဖြစ်ပေါ်ပြီး အမေစု ဦးဆောင်တဲ့ NLD ပါတီပါ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရပြီးတဲ့နောက်မှာအမေစုက Passport ထုတ်ပေးဖို့ လျှောက်ထားခဲ့တာဖြစ်ကြောင်းသိရှိရပါတယ် …


mgwaloneMay 9, 20121min1709
ဧရာဝတီနဲ့ ပတ်သက်ပြီး ပြောကြ၊ ရေးကြတာတွေ အများကြီးပါ။ ပြောစရာတွေကလဲ မကုန်နိုင်သေးပါဘူး။ ဇန်နဝါရီက သွားခဲ့တဲ့ ခရီးစဉ်အတွင်း မြင်မိ၊ ခံစားမိတာလေးတွေကို မျှဝေတာပါ။ အားပေးကြသူများကို ကျေးဇူးတင်ပါတယ်။ လိုအပ်တာတွေကိုလည်း တောင်းပန်ပါတယ်။ ကြိုးစားပါဦးမယ်


weiweiMay 9, 20123min30518
ပုဂံကိုရောက်တဲ့သူတိုင်း စွယ်တော်လေးဆူကို တစ်မနက်ထဲဖူးနိုင်အောင် ဘုရားဖူးအဖွဲ့တွေက စီစဉ်ပေးကြပါတယ်။ ကျွန်မတို့က ကိုယ့်အစီအစီနဲ့ကိုယ်မို့လို့ စွယ်တော် ၄ ဆူကို ၂ ရက်အချိန်ယူခဲ့ပါတယ်။ တန့်ကြည့်တောင်ကို သွားဖို့ မနက်စောစော ဗူးဘုရားကို အရင်သွားပြီး စက်လှေငှားရပါတယ်။ တစ်ယောက်ချင်းဆိုရင် အသွားအပြန်တစ်ထောင်ဖြစ်ပြီး စင်းလုံးငှားရင်တော့ အသွားအပြန် နှစ်သောင်းကျပ်ဖြစ်ပါတယ်။ ကျွန်မတို့က ၁ဝ ယောက်လောက်မို့လို့ စင်းလုံးပဲ ငှားလိုက်ပါတယ်။ တန့်ကြည့်တောင်ဘက်ရောက်တော့လဲ တောင်ပေါ်တက်မယ့်ကားတစ်စီး (townace) ငှားပြီး တက်ကြပါတယ်။ အတက်အဆင်း နှစ်သောင်းကျပ်ပေးရပါတယ်။ အရင်က ရောက်ဖူးတာထက် နဲနဲလေးလမ်းပိုကောင်းလာတယ်လို့ ထင်ရပေမယ့် ဆိုးတာတော့ ဆိုးနေတုန်းပါပဲ။ သင်္ကြန်ရက်မို့ ဘုရားပေါ်မှာ လူတွေကြိတ်ကြိတ်တိုးစည်ကားနေပါတယ်။ မနက်စောစောပေမယ့် ရင်ပြင်တော်ပေါ်မှာ အရမ်းပူနေတုန်းမို့ ခုန်ဆွခုန်ဆွနဲ့ ဓါတ်ပုံကောင်းကောင်းမရိုက်ဖြစ်ခဲ့ဘူး။ မရောက်ဖူးတဲ့သူတွေနဲ့ ရောက်ဖူးပြီးရင်လဲ အလွမ်းပြေ ကြည့်ရအောင် ပုံတွေကြိုးစားပြီး တင်ပေးလိုက်ပါတယ် […]


ムラカミMay 9, 20122min31029
ခုမှ ပြင်ပြီး လို့ ခုပဲ တင်လိုက်ပါတယ်…   ခုတော့ ကြွေရှာပြီပေါ့ .. အိုဘယ့် ဆာကူရာတွေ ….               သည်နှစ်ကတော့ ဘော်ဒါ အပေါင်းအသင်း ၈ယောက် နဲ့ သွားခဲ့တဲ့ ခရီးမို့ သူတို့ ပေါ့ထလိပ်တွေကြားက ကြိုက်ရတာမို့ ..စိတ်တိုင်းကျ ပုံ သိပ်မရခဲ့ပါ ဒါပေသိ ..ရသလောက်ကလေးကိုလည်း မပြင်ဘဲ မတင်ဘဲ မနေနိုင်လို့ ..တင်လိုက်ပါသည်…။   အော်… ၂၀၁၂ ဆာကူရာ … မက္ကရို ပြောင်းကို တယ်လီ လုပ်သုံးဖြစ်ခဲ့တဲ့ အမှတ်တရပါလားနော်…   တော်သေးဘီ ခင်တဲ့ Inz@ghi      


etoneMay 9, 20121min41224
ပြည်မြန်မာဂျာနယ် အမှတ်(၈၁၈) 10.5.12 ထုတ် ဂျာနယ် စာမျက်နှာ ၂၃ က သတင်းတစ်ပုဒ်ကို ဖတ်ရင်း…. ဉာဏ်မမှီတော့တာကြောင့် scan ဖတ်ပြီး တင်ပေးလိုက်ပါတယ်နော် ။ ဘီလျံ ၂ဝဆိုတာ နည်းနည်းနောနော ငွေကြေးလားနော် ။ ဒါတောင်မှ မြန်မာငွေမဟုတ်ဘူးနော် ။ အမေရိကန်ဒေါ်လာဆိုပဲ ။ ဖတ်ရင်းဖတ်ရင်း … သို့လော သို့လော အတွေးတွေပွားနေတာကြောင့် တင်ပေးလိုက်ပါတယ် ။  ဘယ်လိုလူမျိုးတွေ လုပ်ကိုင်နိုင်မလဲလို့လည်း သိချင်စိတ်ပြင်းပျမိပါတယ် ။                  


ေမွာ္ဆရာMay 9, 20121min33528
ပြီးခဲ့တဲ့ ကဆုန်လပြည့်နေ့က ကျွန်တော်တို့မြို့က သမိုင်းဝင်ကန်ကြီးကို မြို့လူထု လုပ်အားနဲ့ ပြန်လည် ဆယ်တင်ကြပါတယ်..။ ရေရှားလို့ရယ်တော့ မဟုတ်ပါဘူး ..။ရှေးဟောင်း သမိုင်းဝင်ကန်အနေနဲ့ ပြန်လည် ထိမ်းသိမ်းတဲ့ သဘောပါ.။ လူကြီး လူငယ် ကျားမ မဟူ ကန်ဆယ်ပွဲမှာ လုပ်အားပေးတာ မြင်ရတာ အားရှိဖို့ကောင်းပါတယ်..။ ဒါကြောင့် မှတ်တမ်းတစ်ခုအနေနဲ့ ပြန်လည်မျှပေပေးလိုက်ပါတယ်..။ သမိုင်းဝင် ကန်တော်ကြီးရဲ့ နာမည်က မင်းကံကြီး ကန်ပါတဲ့..။ ဂမ္ဘီရဆန်တဲ့ အဆက်အနွယ်တွေ ရှိတယ်လို့ ကျော်ကြားတဲ့ ကန်ကြီးပါ…။