ကဗျာတွေ ရေးလို့မရဘူး….။ တဟုန်းဟုန်းလောင်နေတဲ့ အမှောင်ထဲ ကျီးမဟုတ် ကြက်မဟုတ် စကားလုံး အဟောင်းတွေပဲ ထွက်ထွက်ကျတယ်….။ လောင်းကစားဆန်ဆန် အလျော်အစားလုပ်ချင်တာလဲ မဟုတ်ပါဘူး…၊ ခြေထောက်တွေ ရူးသွပ်သွားတဲ့အထိ ဦးနှောက်တွေ ညောင်းကိုက်သွားတဲ့အထိ တစ်စုံတစ်ရာရချင်ပေမယ့် ဘာတစ်ခုမှ မရခဲ့တော့…… ခပ်ပြုံးပြုံးပဲ မှောင်လိုက်တယ် ၊ (ငါက) အစတည်းက တုံးပြီးသားပဲ …။ ပတ်ဝန်းကျင်တစ်ခုလုံးနဲ့ အသေအချာလေ့ကျင့်ထားပေမယ့် အလိုက်အထိုက်ယဉ်ကျေးရင်း ငါ့ကိုယ်ငါ မမိတော့ဘူး..၊ အသက်မပါမှန်း သိသိနေတာခါးတယ်..။ နံရံများ နားတွေဖွင့်ထား ၊ လေထုထဲ အတောင်ပံတွေ ဝှက်ထား ၊ ညနေများ …ပေကျံညစ်ထေး ၊ သွေးအေးတဲ့ ငါးများလိုလူတွေ…..။ ဆည်းဆာကို တစ်ခွက်ပြီးတစ်ခွက်မော့သောက်ခဲ့တယ် ငါ့ဖြတ်သန်းမှုထဲ ဘာတစ်ခုမှ မခမ်းနားခဲ့ဘူး နှာခေါင်းရှုံ့လိုရင် ရှုံ့ကြ ၊ ဒါပေမယ့် ငါက […]


PareByokeMay 4, 201219min850
ရွာသားများ ရှုစားခံစားနိုင်ဘို့ နိုင်ငံတကာ က တံဆိပ်ခေါင်းများကို ဆက်လက်ပြီး တင်ဆက်လိုက်တာပါ၊ MICRONESIA   ရောင်စုံချည်မျဉ်တွေနဲ့ထိုးပြီး လက်မှုပညာကို ဖော်ထုတ်တဲ့ နဂါးပန်းချီ တံဆိပ်ခေါင်းဟာ တမူထူးခြားတာ၊ Lunar New Year stamps : Micronesia LUNAR NEW YEAR OF THE DRAGON EMBROIDERED STAMP 1v: $8.00 stamps Year of the Dragon stamps : Micronesia YEAR OF DRAGON S/S stamps NEVIS Year of the Dragon stamps : Nevis YEAR OF DRAGON […]


ဂေဇတ် မိတ်ဆွေများရဲ့ အစုကြီးကျေးရွာ သီတဂူ သုမေဓာဆေးရုံအလှူနဲ့ပတ်သက်ပြီး လိုက်ပါခဲ့ကြတဲ့ အသီးသီးက အမှတ်တရ ဆောင်းပါးလေးတွေ၊ ဓာတ်ပုံဆရာတွေကလည်း လက်စွမ်းပြထားတဲ့ ရိုက်ချက်တွေကို ပို့စ်တွေ တင်ထားကြတာ အားရစရာကြီးဗျာ။ လိုက်ခဲ့သူတွေလည်း တသသ ပြန်ပြောဆို၊ မလိုက်ခဲ့နိုင်သူတွေက အားကျ နောက်တပွဲကို မလွဲစေရ ဆိုသူဆို..။ ကျနော်လည်း စကားခံထားတဲ့ အတိုင်း အလွဲကလေးတွေတင်အုံးမှာပေါ့။ တကယ်တမ်းပြောကြေးဆို ဦးဆောင်စီစဉ်ထားသူတွေရဲ့ စေ့စပ်သေချာ စေတနာပါတဲ့ ပြင်ဆင်မှုကြောင့် သိပ်ကြီးကြီးမားမား အလွဲရယ်လို့ မရှိခဲ့ပါ။ အားလုံးချောချောမွေ့မွေ့ ပျော်ပျော်ပါးပါး စိတ်လက်ချမ်းသာစွာ သာဓုခေါ်နိုင်ခဲ့တဲ့ အလှူခရီးပါ..။ ဒါ့ကြောင့် ပေါ့ပေါ့ပါးပါးလေးနဲ့ အလွဲလို့ မဆိုနိုင်တဲ့ တေ့လွဲကလေးတွေကိုပဲ ကျနော့မှာ ပြန်ပြောပြရမှာပါ..။ 30.4.2012 ညနေ ၄း၃ဝ နာရီ။ ရုံအဆင်းလက်မှတ်ထိုးပြီး ဆိုင်ကယ်နဲ့ အိမ်ကို အသော့နှင်.. […]


မေလ(၂)ရက်နေ့မှာ ထူးထူးခြားခြား ပိတောက်တွေပွင့်ပြန်ပါပြီ။ အမေစုရွေးကောက်ပွဲဝင်ဖို့ အချိန်တုံးကလည်း အမေခြံထဲက ပိတောက်ပင်ကြီးမှာ ပိတောက်တွေပွင့်ပါတယ်။ အတိတ်ကောင်းနိမိတ်ကောင်း လို့မြန်မာလူမျိုးများကယူဆကြပါတယ်။တကယ်လည်း မြန်မာလူမျိုးတို့ရဲ့ တန်ဖိုးထားသော မင်္ဂလာပန်းလည်းဖြစ်ပါတယ်။ လွန်ခဲ့သော (၂၂)နှစ်က ဆရာကြီးမင်းသုဝဏ်ရဲ့ ကဗျာလေးကို သတိရမိပါတယ်။ ငုနဲ့ပိတောက် နွေမှာလှိုင်သည်၊ စုနဲ့ခမောက် မေမှာနိုင်မည်။ မူရင်းလင့်က…ဒီမိုဝေယံကရပါသည်။ ရွာထဲမှာ မအိက ပိတောက်တစ်ခိုင်တင်ထားတာတွေ့လို့ နောက်ဆက်တွဲအနေနဲ့တင်ပေးလိုက်တာပါ။ အလှထူးပါဘိ လတန်းခူးရယ်မှ ထိန်ထိန်ဝါ… ဘယ်နှယ့်ကြောင့် ကဆုန်မှာ ထိန်ထိန်ဝါ… သင်္ကြန်မှာ မိုးကမရွာ…ကဆုန်မှာမှ ကိုရွှေမိုးကရွာ… သကြားမင်းတောင် ဆင်းလို့ကြိုတာ မေလ(၂)ရက်နေ့မှာပါ။ ကြိုက်ကြိုက်မကြိုက် ကိုက်ကိုက်မကိုက်ကိုက် ကာရံလည်း လိုက်လိုက်မလိုက်လိုက် ကိုယ်ဘာသာကိုယ် ရေးချင်သလိုရေးလိုက်တဲ့… ကဗျာတပိုဒ်… ဆြာ့၊ဆြာ၊ဆြာကြီးများအား လေးစားခင်မင်လျှက်… ဇော်မင်း…  


ムラカミMay 4, 20122min39454
    ဒါကတော့ ပန်းတနော် ထရစ်မှာ လက်စွမ်းပြခဲ့ကြတဲ့ ..   ကျနော်တို့ မန်းဒလေးဂေဇက် ရဲ့ မော်ဒန်ရော့ခ် ဘန် ပဲဖြစ်ပါတယ်…   ရှားရှားပါးပါး မှတ်တမ်းဒါ့ပုံလေးဖြစ်တာက တကြောင်း …. မုဒ်နဲ့ ခရော့ပင်လေး နှစ်သက်တာ တကြောင်းမို့   အမှတ်တရ အဖြစ် အနည်းငယ် အားထုတ်ပြီး ပြန်တို့ထားလိုက်ပါသည်…     ပိတ်သတ်ကြီးခညား …     ရှေ့ဆုံးက အဆိုကျော် ဖိုးဂျီးနဲ့ ဆင်ဆင် တူတဲ့ လိဒ် ဗိုကယ်လ် လစ် စ် က ဘယ်သူ ဖြစ်တယ်   ဘယ်ဘက်ခြမ်းက ဦးထုပ်ကြီးနဲ့ ကလန်ကလား ဘေ့စ်ဂီတာသမားက ဘယ်ဝါ ဖြစ်တယ်   […]


isequal toMay 4, 20121min21113
အခုဆို ကျွန်တော်တို့ မြန်မာနိုင်ငံမှာ GSM ဖုန်းတွေတော်တော် ခေတ်စားလာတယ် ကောင်းပါတယ်ဗျာတစ် ဦးနှင့်တစ်ဦး အဆက်သွယ်မပျက်တော့ဘူးပေါ့။ အိမ်ဘေးက ဆိုက်ကားနင်းတဲ့ ဦလေးကြီးတောင် သူ့သမီး ဆယ်တန်းကျောင်းသူက ပူဆာလို့ဝယ်ပေးထားသေးတယ်။ဆိုးတာက ဖုန်းဝယ်ပြီးကတည်းက ညဘက်ဆို ဆူသံတွေအမြဲကြားနေရတယ် ။အချိန်မတော်ဖုန်းပြောလို့၊ဖုန်းဘေ ခဏခဏကုန်လို့၊အဖေကလည်းဖုန်းတော့ ဝယ်ပေးပြီး ဖုန်းဘေကြတော့ မထည့်ပေးဘူးဆိုပြီး အဖေကိုပြန်ပြောသံတွေကောစုံလို့ပါ။ဒါတင်မကဘူး ဖုန်းတ ခါမှမကိုင်ဘူးပဲနဲ့ ဖုန်းဆိုရင်touch screen မှ ဘာနှိပ်မိမှန်းမသိ တော်ကြာဖုန်းဆိုင်ပြေးရပြန်ပြီ။ဖုန်းပြင်တဲ့ဆိုင် တွေတော့အလုပ်ဖြစ်တာပေါ့။တချို့ဆို အိမ်မှာတော့ စားဝတ်နေရေးက တနေ့နဲ့တနေ့လယ်ပတ်ရုံပဲ ရှိတယ် သူများဖုန်းဆိုရင် ကိုယ်လည်းခါးမှာ ဖုန်းချိတ်ချင်ကြတယ်။တချို့ဆိုရင် ဖုန်းဝယ်နိုင်တဲ့ အနေထားတော့ရှိတယ် ဒါပေမဲ့ ဖုန်းအကြောင်းနားမလည် ကြဘူး။အထူးသဖြင့် တောနေလူတန်းစားများ ဖုန်းဆိုတာရယ် တန်ဖိုးအနေ အထားရယ် ဘာဖုန်းမှန်းမသိ GSM လား CDMA လား တိုင်နဲ့ဘယ်လောက်အကွာအဝေးဆိုပြောလို့ရမလဲမသိ ကြဘူး […]


weiweiMay 3, 20122min1226
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်မှာ တည်ရှိပါတယ်။ နှစ်စဉ် ဝါဆိုလပြည့်နေ့မှာ ငါးကြီးစာကျွေးခြင်းအခမ်းအနားပြုလုပ်ပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးတွေ လာကြပါတယ်။ အရင်တစ်ခေါက်ရောက်တုန်းက ငါးကြီးစာကျွေးတဲ့အထိရောက်ခဲ့ပေမယ့် အခုတစ်ခေါက်မှာတော့ အချိန်မရတာရယ်၊ အရမ်းပူနေတာရယ်၊ သင်္ကြန်တွင်းဖြစ်နေလို့ ရေစိုမှာကြောက်တာရယ်ကြောင့် မသွားဖြစ်ခဲ့ပါဘူး။ လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တစ်ကြိမ်ရောက်ဖူးပြီး ယခုတစ်ကြိမ်ထပ်ရောက်တဲ့အခါ ပြောင်းလဲမှုတွေ အများကြီးရှိနေတာ သတိထားမိပါတယ်။ ရွှေရောင်တဝင်းဝင်းနဲ့ သန့်ရှင်းသပ်ယပ်နေတဲ့ ကျောင်းတော်ရာဘုရားကို မှတ်တမ်းတင်ဓါတ်ပုံရိုက်ခဲ့ပါတယ်။ မှတ်မှတ်ရရ စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတာကတော့ သူတောင်းစားတွေရှိနေတာပါပဲ .. သပ်သပ်ယပ်ယပ် ဝတ်စားထားကြပြီး မသိမသာတောင်းစားနေကြတာဖြစ်ပေမယ့် အဆက်မပြတ် လိုက်တောင်းနေတာကတော့ စိတ်ရှုပ်စရာကောင်းလှပါတယ် ….


ကျွန်တော့် မိတ်ဆွေ MG member တစ်ယောက်က သူ့ရဲ့ MG account password ပြောင်းပြီး login လုပ်မရဘူးတဲ့။ Lost your password?က လုပ် မယ် ဆိုတော့လဲ network error ချည်းတက်နေတယ်။ရွာသူရွာသား များသိရင် ပြောကြပါဦး


၃ရက်လောက်ရှိပါပြီး ကျွန်တော် ရုံးက ပြန်လာတိုင်း အိမ်ကိုပြန်တော့ အိမ်ရှေ.မှာ ခွေးလေးတစ်ကောင် တွေ.တွေ.နေရတယ်… ကိုယ်ကလဲ ခွေးတော့မချစ်တတ်ပါဘူး ဒါပေမယ့် သူက အိမ်ရှေ.မှာ ယောင်လည်လည်နဲ. ဘာလာလုပ်တာလဲမသိပါဘူး… အဲဒီခွေးကိုလဲ တစ်ခါမှ မမြင်ဘူးဘူး ဘေးအိမ်တွေက ခွေးလဲ မဖြစ်နိုင် ဘူး ဘာလို.လဲဆိုတော့ ဘေးအိမ်တွေကလဲ ကျွန်တော်လိုပဲခွေးမချစ်တတ်ကြဘူးလေ… ဒါပေမယ့် ကျွန်တော်က ခွေးမချစ်ပေမယ့် အော် ခွေးလေး သနားပါတယ်ဆိုပြီး သူခမျာ မျက်စိလည်လမ်းမှားပြီး ရောက်လာရှာတာပဲဆိုပြီး ထမင်းကို လမ်းထိပ်ကနေ ၂၀ဝ ဖိုး အသားဟင်း ၅၀ဝ ဖိုးဝယ်ပြီး ကျွေးလိုက်ပါတယ်… အဲကျွေးလဲပြီးရော အကုန်ပြောင်စင်နေအောင် စားပြီး ဘယ်ပျောက်သွားမှန်းမသိဘူး ပြန်ကိုမလာတော့ဘူး မနက်အိပ်ရာနိုးတော့ အဲဒီခွေးကိုထူထူဆန်းဆန်းသတိရတာနဲ. လိုက်ရှာကြည့်သေးတယ် အမြီးတောင် မတွေ.ရဘူးဗျာ ပျောက်ချက်သားကောင်းနေတာ…..ဒါနဲ.ကျွန်တော်လဲ ကဲထားပါတော့ ခဏလာတာပဲဆိုပြီး […]


DaveMay 3, 20121min901
ကမ ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အထိမ်းအမှတ် အခမ်းအနားကို မန ္တလေး မြို့ ၂ရလမ်း ၆၄-၆၅လမ်းကြားရှိ Green Elephant စားသောက်ဆိုင်တွင် ယနေ့ မေ (၃)ရက် နံနက် (၉)နာရီမှာ ကျင်းပသည်။ ထိုအခမ်းအနားကို မန ္တလေးရှိ စာနယ်ဇင်းလွတ်လပ်ခွင့် အရေး လှုပ်ရှားသူများစုစည်းထားသော freepressmyanmar အဖွဲ့က စည်းရုံး ကျင်းပခြင်းဖြစ်သည်။ အခမ်းအနားဖွင့်လှစ်ပြီးနောက် စာနယ်ဇင်း လုပ်ငန်းခွင်အတွင်း အမှန်တရားအတွက် အသက်ပေးစွန့်သွားခဲ့ကြသော ကမ ္ဘာ တစ်ဝန်းလုံးမှ စာနယ်ဇင်းသမားများကို အောက်မေ့ဂုဏ်ပြုသောအားဖြင့် တစ်မိနစ်မျှငြိမ်သက်စွာ ဂါရဝပြုကြသည်။ ဆရာသင့်နော်က အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး တက်ရောက်ချီးမြှင့်ကြသော ပရိသတ်များထဲမှ ဆရာကိုလေး(အင်းဝဂုဏ်ရည်)၊ ဆရာ မောင်သစ်လွင်လူထု၊ ဆရာညီစေမင်း၊ ဆရာညီပုလေး၊ဆရာသိုက်ထွန်းသက်၊ဆရာညိုထွန်းလူ တို့က စာနယ်ဇင်းလွတ်လပ်ခွင့် အပေါ်ထားရှိသော သဘောထးအမြင်များနှင့် အတွေ့အကြုံများကို […]


Swal Taw YwetMay 3, 20121min751
သဝဏ်လွှာ (၄၃) by May Aye Oo on Thursday, May 3, 2012 at 9:08am ·  ဉာဏ်ပညာနည်းတဲ့သူဟာ ကိုယ့်ကျိုးကို ဦးစားပေးတယ်..။ ဉာဏ်ပညာကြီးတဲ့သူဟာ အများအကျိုးကို ဦးစားပေးတယ်..။ (ဆရာတော် ဦးဇောတိက) ပြင်ဦးလွင် မှာ  လှူကြအုံးစို့ .. .. .. .. နော် .. .. ။ “ရွှေစင်မင်း သီလရှင် အမျိုးသမီး ပရဟိတ ပညာရေးကျောင်း” ပြင်ဦးလွင်မြို့   ကျမ လယ်ဘဲ့မှာ သင်တန်းနဲ့ ဆေးခန်း (၂၇-၃ဝ ဧပြီ) ဖွင့်နေတုံး ၂၉-ဧပြီ မနက်မှာ မေမြို့ ရွှေစင်မင်း သီလရှင် ပရဟိတ က ဆရာလေးဆီက […]