( 21 /1 /2017 ) နံနက် ရ နာရီခွဲလောက်က ကားမီးလောင်မှု ဖြစ်ပြီး ကျား ၁ ဦး မ ရ ဦး စုစုပေါင်း ၈ ဦးမီးလောင်သေဆုံးပြီး အမျိုးသားတစ်ဦး အသက်ရှင် လွတ်မြောက်ခဲ ့ပါတယ်။ ဒီသတင်းနဲ ့ပတ်သက်ပြီး ဝေဖန်သူတွေ ကော်မန် ့ပေးသူ အတော်များများက ရှေးရိုးစွဲယုံကြည်မှုတွေနဲ ့ လူ ၉ ယောက်အတူ ကားမစီးကောင်း မတော်တဆဖြစ်တတ်တယ်ဆိုတဲ ့ အမြင်တွေနဲ ့ ရေးသားနေကြတာ တွေ ့ရပါတယ်။ ၉ ဂဏန်းနဲ ့ပတ်သက်ပြီး တောတွင်းပျော်လည်း ခံလိုက်ဖူးသဗျ ဟီး! ဇာတ်ကြောင်းလေးက ဒီလိုပါ .. တောတွင်းပျော် ဆယ်တန်းအောင်တော ့ GTI […]


who whoJanuary 24, 20171min2393
အင်း အကြောင်းတိုက်ဆိုင်တိုင်း ရေးစရာတွေထွက်လာလွန်းလို့ ချရေးမိလိုက်တာက ဒေါသအကြောင်း။ အရင်ဆုံး မေးခွန်းလေးတွေ မေးကြည့် မယ်နော်။ စာဖတ်သူတို့မှာ အလိုမကျလို့ ဒေါသထွက်ဖူးသလား?။ “ အလိုကြီးက အရနည်းတတ်၏ ” ဆိုသလို လိုချင်တာတွေက အများကြီး၊ မျှော်လင့်ထားတာ လည်း တပုံကြီး၊ ပြန်ရတော့ကျ နည်းနည်းလေးဖြစ်နေလို့ လောဘကြီးရာကနေ ဒေါသပါကြီးတာမျိုးရော ဖြစ်ဖူးသလား။ ကျနော်က သူများကို မေးနေတာ။ ကိုယ့်ဘာကိုယ်ပြန်မေးကြည့်မယ်။ သိပ်ဖြစ်ဖူးတာပေါ့။ ဘယ်နှစ်ကြိမ်လောက် လဲလို့မေးရင် အရေအတွက်ကinfinityထက်တောင် များဦးမလား မသိဘူးနော်။ အဲလိုဖြစ်ရင် ဘယ်လိုခံစားရလဲဆက်မေးမယ်။ သိပ်ပူလောင်တာပဲ။ မျက်နှာကြောတွေက တင်းလို့၊ ကြာတော့ ရယ်ပြဖို့တောင် မျက်နှာက မလိုက်နိုင်တော့ဘူး။ ပြန်ဖြည်လို့မရအောင် တင်းတောင့်နေတာလေ။ ဪ.. ပင်ပန်းလိုက်ပုံများနော်။ ဒါပေမယ့် အမြဲကြီးဖြစ်နေသလားဆိုတော့ အဲလိုတော ့မဟုတ်ပါဘူး။ ပျော်တဲ့အခါ၊ […]


kaiJanuary 23, 20171min1341
ဇန်နဝါရီ ၂၈တွင်ချိုင်းနီးစ်နယူးရီးယားနှင့် နှစ်ကူးပြန်ဦးမည်။ မြန်မာပြည်တွင် တိုင်းရင်းသား ၁၃၅မျိုးနှင့် ချိုင်းနီးစ်၊ အိနိ္ဒယန်း၊ ဟိန္ဒူ၊ မွတ်စလင်၊ ခရစ်ယန်များပါ နှစ်ရာချီ အတူတကွသွေးနှောနေထိုင်ကြရကား လူမျိုးရေး၊ ဘာသာရေးအရ နှစ်သစ်ကူးပွဲ အများဆုံးကျင်းပသည့်နိုင်ငံဟုဆိုမည်။ ထို့အပြင် ၁၉၆၂ခုနှစ်တွင်ဗိုလ်ချုပ်ကြီးနေဝင်းအာဏာကောက်သိမ်း၍ ပြည်သူပိုင်ခေါင်းစဉ်တပ် အေးဓမြတိုက်ကာ တိုင်းပြည်၏ငွေရှင်ကြေးရှင်များကို နှင်ထုတ်ခဲ့သော(ကျေးဇူး)ကြောင့် ယခုအမေရိကားရောက် မြန်မာပြည်မှပြောင်းခိုလာသူများတွင် မြန်မာပြည်ပေါက် တရုတ်၊ကုလား ကပြားများနှင့် ဆက်စပ်ဆွေမျိုးများ အများစုမှီခိုနေထိုင်ကြ၏။ သို့နှင့် လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက်တို့တွင် အနေများသော မြန်မာ-အမေရိကန် ချိုင်းနီးစ်ကပြား တရုတ်များအတွက် နှစ်သစ်ဆုမွန်ဆက်ပေးလိုက်ပါသည်။ ပျော်ရွှင်တက်ကြွဖွယ် ကြက်ဖနှစ်သစ်ဖြစ်ပါစေ။ တက်ကြွတဲ့ကြက်ဖ ကြက်ဖနှစ်သည်တက်ကြွစွာ ကြိုးစားလုပ်ပါက အောင်မြင်ခြင်းရောက်မည့်နှစ်ဆိုသော်ငြား လက်တွေ့အချက်အလက်များအရမူ ယခုနှစ်သည် ကမ္ဘာမြေအတွက် ကြမ်းသောနှစ်ဖြစ်မည်ဟုဆိုချင်သည်။ ကမ္ဘာနိုင်ငံရေးအပြောင်းအလဲကြီးအဖြစ် ့ ဥရောပယူနီယံမှ ဗြိတိသျှတို့ထွက်ခွာခြင်း(Brexit) နှင့် အမေရိကသမ္မတသစ် […]


alinsettJanuary 23, 20171min3596
“မပြန်လမ်း”တဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်… ‌အထက်ပါ link ကတော့ ”မပြန်လမ်းတဲ့လား – ပြန်ချင်စိတ်က အဓိကပါကွယ်…”ဆိုတဲ့ အမည်နဲ့ အမြန်လမ်းအကြောင်း ပွစိပွစိနည်းနည်း ပြောထားတဲ့ပိုစ့် ဖြစ်ပါတယ်။     အဲ့ဒီပိုစ့်ကို ရေးတုန်းက နိုဝင်ဘာ ၂၂/၂၀၁၆ ။ အဲဒီပိုစ့်ထဲမှာ အမြန်လမ်းရဲ့ အလယ်က လမ်းအလယ်ကျွန်းကြီးဟာ မလိုအပ်ဘဲ သိပ်ကြီးပြီး ကျယ်နေလွန်းတယ်လို့ ကျနော် ဝေဖန်ခဲ့ပါတယ်။                                               […]


အခါတပါးမှာ လာဘ်ယာရံ ရှင်သာရိပုတြာ ကိုယ်တော်မြတ်ကြီး သူဝါဆိုရာဒေသက ကေ ျးတောသားတစုကို ဦးဆောင်ပြီး မြတ်စွာဘုရားထံ အဖူးမေ ျှာ်လာတယ်။ ကေ ျာင်းဆောင် အပြင်ဖက် သူတို့ကို ခဏထားပြီး ဘုရားထံ ဝင်လေ ျာက်စဉ် ကွက ျိ ကွက ျိ ဆူညံပွက်လောရိုက်နေလိို့ အားလုံးပြန်ခေါ်သွားလို့ ဘုရားက မောင်းထုတ်ကြောင်း ပိဋကတ်မှာဆိုတယ်။ ကိုယ့်ကိုယ်က ယုံကည်မှု မရှိရင် ဖြစ်တတ်တယ်၊ အဲဒါကိုပဲ ယဉ်ကေ ျးမှု ခေါ်တယ်၊ အင်္ဂုလိလိုတော့ Etiquette…။ လူမ ျိုးတိုင်းမှာ အဲလို ကိုယ်နှုတ် ယဉ်ကေ ျးရမည့် သင်ကြားချက်များ ရှိပါတယ်။ လိုက်နာမှု အပိုင်းကွာလို့ တိုးတက်မှု ရောင်ပြန်ဟပ်တယ်။ အမှိုက် မပစ်တာ၊ လူကြားထဲ စကားက ျယ်က […]


ေမာင္ရိုးJanuary 21, 20171min39914
#တော်လှန်ရေး၏ တတိယမြောက်နေ့ “” လှည်းတန်း . . သမိုင်း . . အင်းစိန်ပန်းခြံ . . ” “အင်းစိန်ပန်းခြံအထိရောက်မယ် . . အခမဲ့ . . အခမဲ့ . . . ” . . အထက်ပါအသံမှာ မောင်ဆာမိတစ်ယောက် အာခေါင်ဖြဲ၍အော်လိုက်သောအသံဖြစ်သည် ။ မောင်ဆာမိသည်ကား လိုင်းကားဆွဲနေလေပြီ ။ ကြားကားမဟုတ် ။ YBS မဟုတ် ။ အခမဲ့ စာတန်းများ ပတ်လည်ကပ်လျှက် ဆူးလေရင်ပြင်၏လူစည်ကားရာကားမှတ်တိုင်တွင် ဝင်ရောက်ရင်းအော်လိုက်သောအသံဖြစ်လေတော့သည် ။ “ဘယ်ရောက်မလဲ ဘယ်ရောက်မလဲ . ” ” ပန်းခြံ. . အင်းစိန်ပန်းခြံအထိ ” မေးသူကမေး၏ ။ […]


– – – – ဟော  တော့  .. ဒီတစ်ခါလဲ  လမ်းမှားပြန်ပြီထင်ပါရဲ့တော်… ကျုပ်မှာက ပဲပြုတ်တစ်တောင်းခေါင်းရွက်ပြီး ကိုးကြောင်းကိုးကျင်းလှည့်နေကျဟာကို.. တခြားဘယ်ရွာဖြစ်ဖြစ်  မျက်စေ့မှိတ်သွားတောင် ရောက်တာချည်းပါတော်…. ဟောသည်  မန်းဂဇက်ဆိုတဲ့ရွာကြီးဘက်သွားမိပြီဆိုမှဖြင့် အရင်အိမ်တွေလဲမတွေ့.. အရင်လူတွေလဲမရှိသလောက်.. အရင်လမ်းတွေလဲ မမှတ်မိ.. ပေါ်လာလိုက်  ပျောက်သွားလိုက်နဲ့ … ကြည့်ရတာ  ငယ်ငယ်ကကြားဖူးတဲ့  ကြပ်တွေတည်တဲ့  ကြပ်ရွာကြီးများလားမသိပေါင်တော်.. ဒါဆိုလဲ  ကြပ်ရွာကြီးပဲဆိုဦးတော့  ရွာတစ်ရွာ သူကြီးတစ်ဦးတော့ ရှိရိုးမဟုတ်လား.. အဲ့ သူကြီးကိုက  ပေါ်လိုက်ပျောက်လိုက်ဆိုတော့  ကြပ်သူကြီးပဲဖြစ်မယ်ထင်ရဲ့.. အဲဒါ ဘာဖြစ်ဖြစ်ပါတော်.. ဒီရွာဘက်ရောက်မှတော့  ကျုပ်ဘဝါဘဝက ပြုပြုသမျှ ကုသလတွေကို မိတ်ဆွေရွာသား  ကြပ်အများကို အမျှ .. အမျှ .. အမျှရစေ   မေတ္တာဝေပါရဲ့ .. ကျန်းမာ ချမ်းသာ လန်းဖြာကြပါစေ… […]


ko sixJanuary 20, 20171min1151
မင်းအပြောကလည်း ကာဗွန်ဒိုင်အောက်ဆိုဒ် ငါ့အပြောကလည်း အောက်စီဂျင်ဖြစ်မလာ တစ်စတစ်စ ကမ္ဘာကြီး ပူနွေးလာတာပဲ အဖတ်တင်တယ် အပြောကိုချွေတာ ကြော်ငြာနေရုံနဲ့ ထမင်းမဝဘူး နေဝင်တိုင်း အိပ်တန်းမတက်ရတဲ့ ဘဝတွေ ရေရဲရင် ရေပြီးမှ ပြော။ ကိုစစ်(ရူပဗေဒ)


အင်း သားက မန်းဘာအသစ်လေးပါခင်ည… ဘာရယ်ဟုတ်ဘူး.. အဟောင်းတွေကို မေ့ထားချင်ပေမယ့် စိတ်ထဲသတိရနေတယ်…. ဘာရယ်ဟုတ်ဘူး.. သတင်းအတိုအထွာတွေ ဂျာနယ်ဖိုးအကုန်ခံပြီးတင်တတ်တဲ့ ဟိုလူဂျီးကို သတိရနေတယ်… ဘာရယ်ဟုတ်ဘူး.. လစ်ဘရယ် လစ်ဘရယ်နဲ.အော်အော်နေတဲ့ ဝိတ်နဲ.ဖိတတ်တဲ့ ဟိုဖက်တီးကြီးကို သတိရနေတယ်… ဘာရယ်ဟုတ်ဘူး.. ဟာသပါကွာဆိုတဲ့ ဦးကျော်ဟိန်းကြီးကိုလဲ သတိရနေတယ်.. ဘာရယ်ဟုတ်ဘူး… လည်ကတုံး နဲ. ပုဆိုးအမြဲတမ်းဝတ် သူကိုသူ လူပျိုကြီး ဆိုတဲ့ လူကြီးကို လဲ သတိရနေတယ်… ဘာရယ်ဟုတ်ဘူး… မျက်မှန်လေးပင့်ကာပင့်ကာနဲ. ယောင်္ကျားပဲယူတော့မယ့် လွှတ်တော်ထဲ သွားသွားအိပ်တဲ့ လူကြီးကို သတိရနေတယ်.. ဘာရယ်ဟုတ်ဘူး.. ကင်မရာတွေ လွယ်လွယ်ပြီး ဟန်ရေးပြတတ်တဲ့ လူကြီးတွေကို သတိရနေတယ်.. ဘာရယ်ဟုတ်ဘူး… ပွဲတိုင်း အုပ်ထိန်းသူပါပါလာလို. ဖွန်းမကြောင်လိုက်ရတဲ့ အချောအလှလေးဒွေဂိုလဲ သတိရနေတယ်… ဘာရယ်ဟုတ်ဘူး.. ပွဲတိုင်းကျော်တဲ့ ဟိုအိုကြီးအိုမ အရမ်းတက်ကြွတဲ့ […]


Wen Ping ChengJanuary 20, 20171min27591
မင်္ဂလာပါ…. Taipei 101 is a 509.2-meter skyscraper located in the Xinyi district of Taipei, Taiwan, with 101 floors above ground and 5 floors below ground. The total floor area is 374,000 square meters and is composed of Li Zuyuan, Design firm, KTRT team main contractor, started in 1999, December 31, ကမာ္ဘကျော် တရာတစ်ထပ်တိုက် အမြင့်ဆုံးပါ အခုတော့နှံပါက်၁၅ အမြင့်ဆုံးပါ […]


ko sixJanuary 20, 20171min2498
========///======== ဒီတစ်ခါက သိသိကြီးနဲ့ ကြုံရတာပဲ ဖြစ်သည်။ စ, ပါမည်။ ဝိညာဉ်ဆိုတာကို အယုံအကြည်ကင်းပေမေယ့် လူတစ်ယောက်သေသွားတဲ့အခါ အနည်းနဲ့အများ မကောင်းသော အာရုံ အသန္နကံအကြောင်းတရားကြောင့် အပါယ်ဘုံ လေးဘုံထဲက အသုရကာယ်ဘုံကိုတော့ ရောက်သွားနိုင်သည် မဟုတ်ပါလား။ သေချာတတ်အပ်တော့ အသိအမြင် မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်တော့် ကိုယ်တွေ့လေးတော့ ပြောပြပါရစေဦး။ အဲ … ဝိညာဉ်လေးနဲ့ပါ မိတ်ဆက်ပေးချင်ပါသည်။ (သေချာတော့ မပြောလိုပါဘူး) ××× ” ဟေ့.. မင်းအားရင် တစ်ခုခုသောက်ရအောင် ရွှေကုက္ကို ကို လာခဲ့ကွာ” ဒီလို ဖုန်းဆက်လာသူက ကျွန်တော်နဲ့ ငယ်ငယ်လေးကတည်းက သူငယ်ချင်း။ ခု သူက ပြည်ထဲရေးမှာ တိုက်နယ်ဒုစရိုက်နှိမ်နင်းရေး ရဲအရာရှိ တစ်ယောက်။ “အေးပါ။ ဘာကိစ္စ ရှိသေးလဲဟ” ဤသို့ […]


Mon LayJanuary 19, 20175min2247
မွန်လေးတို ့လိုရုံးသမားတွေကတော့ရုံးပိတ်ရက်ဆိုတာ.ဆန်းဒေးပဲရှိပါတယ်။စနေကလည်းနေ ့တစ်ဝက်တက်ရနဲ ့ဆိုတော့ တကယ်တမ်းနေ ့ချင်းပြန်ခရီးသွားနိုင်တာလည်းဆန်းဒေးပဲပေါ့။အဲတော့ဒီတစ်ခေါက်သွားဖြစ်ခဲ့တဲ့နေရာလေးကတော့သဘာဝအလှအပများနဲ ့အေးချမ်းလတ်ဆတ်မှုကိုအပြည့်အဝခံစားလို့ရအောင်လှည်းကူးအကျော်ပဲခူးရောက်ခါနီး၊(၁၀)မိုင်ကုန်း မရောက်ခင်လေးမှာရှိတဲ့Shwe Pyi Resort လေးပါ။ #ထူးခြားတဲ့ခံစားမှု သဘာဝရဲ  ့အရသာကိုကြိုက်လို့လားတော့မသိဘူး။ကားပေါ်ကဆင်းတာနဲ ့လေအေးအေးကိုဖြတ်ခနဲခံစားလိုက်ရတဲ့ အခိုက်တန် ့မှာအသက်ရှုဖို ့တောင်မေ့သွားခဲ့ပါတယ်။ပြီးတော့မြင်လိုက်ရတဲ့ရှုခင်းတွေကြောင့်လည်း”အိုး…အရမ်းကိုလှတာပဲ…….မိုက်တယ်”လို ့ပါးစပ်ကနေမထွက်ထွက်ချင်လာအောင်ပြောမိတဲ့ခံစားမှုမျိုးကိုခံစားရပါတယ်။ #ဘာတွေရှိလဲ   အစားအသောက်အရမ်းကောင်းတဲ့အပြင်ဈေးလည်းမကြီးတဲ့ဟိုးအဝေးကိုလှမ်းမြင်ရတဲ့ရှုခင်းရှိတဲ့စားသောက်ဆိုင်ရယ်၊ဘဲ ငန်းဘုတ်ကြီးစီးလို့ရတဲ့ရေကန်ဖွေးဖွေးလေးရယ်၊ပြီးတော့selfieအသေဆွဲလို့ကောင်းတဲ့အပြင်စက်ဘီးလည်းလျှောက်ပတ်စီးလို ့ရတဲ့ မြက်ခင်းစိမ်းစိမ်းကွင်းပြင်ကျယ်ကြီးတွေရယ်၊တံတားတွေရယ်၊အမိုးပါတဲ့ တဲလေးတွေ အပြင် ထိုင်ခုံငယ်လေးတွေ ရယ်၊(Buggycar တွေလည်းငှားစီးလို့ရတယ်)၊တည်းစရာဘန်ဂလိုအခန်းလုံးချင်းလေးတွေရယ်၊သိပ်လှပြီးလက်ရာမြောက် တဲ့ မြန်မာမှု သစ်သား ပန်းပုရုပ်ထုတွေရယ်(not for sale)၊နောက်ဆို နေပြည်တော်မှာရှိတဲ့လေယာဉ်ပျံကြီးပေါ်မှာပါ စားသောက်လို့ရတဲ့စားသောက်ဆိုင်ပါရှိတော့မှာဖြစ်ပါတယ်။ဆောက်နေတာတွေ ့ခဲ့ပါတယ်။ လမ်းလျှောက်ပီးကြည့်မယ့်သူဝင်ကြေး ၁၀၀ဝကျပ် Buggy စီးခ -၁၀၀၀ဝ ကျပ်(၉ယောက်ထိရတယ်) စက်ဘီး၊ဘဲလှေခ – ၂၀၀ဝ ကျပ် (၁နာရီ) #ဘယ်လိုသွားလဲ ရန်ကုန်ကနေဆိုလမ်းလည်းမပိတ်၊တောက်လျှောက်အမြန်မောင်းသွားမယ်ဆိုတကယ်ကို(၁)နာရီပဲသွားလိုု ့ရတဲ့ခရီးပါ။( တကယ်ကိုအဲ့အတိုင်းရောက်ခဲ့တာ)။ပထမအကြိမ်သွားတုန်းကလိုင်းကားနဲ ့သွားကြည့်ခဲ့တာ။အိမ်ကနေစော်ဘွားကြီးကို တက္ကစီစီး၊အဲ့ကနေလိုင်းကားတက်စီးသွားကြတာ။ဒုတိယတစ်ခေါက်ရောက်တော့သယ်ရင်း(၃)ယောက်ကားအတူတူစုငှား […]