Tag: ကဗ်ာ


ko sixSeptember 12, 20181min04
±±±±±±±±±±±±±±±±±±±±± သမိုင်းထဲမှာ ခဲချွန်စက်က မဲဆွယ်တာဖတ်ခဲ့ဖူးတယ်။ မျှော်လင့်ချက်တွေ ပီပီသသဖတ်ရဖို့ စိတ်ရောကိုယ်ပါ မဲသည်းနေအောင် အသက်ရှင်နေတာ။ ခဲတံကလည်း ညည်းတွားပြောတာ သိခဲ့ရတယ် အဖြူအမည်းသိဖို့ ရင်ကိုခွဲပြနေလည်း ခြေနဲ့ပွတ်ရင်တောင်ပျက်တဲ့ မျဉ်းဖြောင့်စာလုံးတွေပဲ ထွက်ကျလာမှာ။ ခုလောလောလတ်လတ် သမိုင်းကို ဖတ်လိုက်တော့ လက်ညှိုးက ပြောတယ် သေနတ်တစ်လက်အတွက် ငါက အူမ မတောင့်သေးဘူး။ လက်သန်းက ပြောတယ် ပြည်သူအတွက် မျက်နှာတစ်ပြင်လုံး အိုးမဲသုတ်ဖို့ အပြင်ဘက်မှာ ရပ်နေတာမှ မဟုတ်တာ။ ကဲ ပဲလှော်ကြားက မင်းတို့သုံးချောင်း သူခိုးမဟုတ်ကြောင်း ထောက်ခံရုံလောက်ပဲလားလို့ ဝိုင်းပြောကြတော့ မဟုတ်ပါဘူး။ ငါ့တို့က ခြံစည်းရိုးနားက ကပ်ကြည့်နေတာပါ။ အစိမ်းသင်းက ဂိုးသွင်းလည်း လက်ခုတ်တီးမှာပါ။ အနီသင်းက ဂိုးသွင်းရင်လည်း ထခုန်ကြမှာပါ။ ဒီနှစ်မှ တန်းတက်လာကြတဲ့ အပြာသင်းတွေ၊ အဝါသင်းတွေ ဂိုးသွင်းပြလည်း […]


ko sixAugust 6, 20171min08
………………….. ဘဝဆိုတာ အဆီကလည်း လောင်စာ အသားကလည်းလောင်စာ ဘာပဲရရ ပြာကျခြင်းက အနားသတ်ဘောင် ဝါသနာအရ သူ့အထာနဲ့သူလောင်မြိုက်ကြရင်း မီးတောက်ဟာ သံယောဇဉ်ရှိသလောက် နယ်ချဲ့လို့ သမိုင်းလိုလိုရာဇဝင်လိုလို မီးခိုတအူအူဖြင့် လူ့ဘဝလေး ကျဆုံးကြရတယ်။ ကိုစစ်


တစ်ချက်….နှစ်ချက်…..သုံးချက်….. အချက်ပေးသံမပြဘဲ ပေါက်ကွဲတဲ့အသံ မကြားနိုင်တဲ့ ငါတို့ရဲ့အနီးဆုံးတစ်နေရာက….. တစ်ဖြည်းဖြည်းတုံးလာတဲ့ ငါတို့ဦးနှောက်တွေနဲ့…. ညနေစောင်းရင်အိမ်ကိုပြန်တဲ့ခြေလှမ်းတွေက ယိုင်နဲ့နဲ့ဖြစ်နေတုန်း… အိမ်အပြန်ကို မေမေစောင့်နေရောပေါ့ ညတွေတိုင်း.(ညတိုင်းညတိုင်း)မှာ မလင်းတဲ့ငါတို့နေရာကနေ မှောင်နေတဲ့မြို့ပြကိုငေးမောကြည့်နေမိပါရဲ့ ဟိုးအဝေးမှာတရွေ့ရွှေ့နဲ့ လာနေတဲ့ခြေလှမ်းတွေ သူတို့တွေအခုထိ(ခုချိန်ထိ)အိမ်ပြန်မရောက်သေးဘူး။ တွေးရင်း(ငေးရင်း)….တွေးရင်း(ငေးရင်း) သက်ပြင်းအကြိမ်ကြိမ်ချမိတယ် မေမေ…. လောကမှာဘာအရေးကြီးဆုံးလဲ မမေးနဲ့………….. တစ်……….ပိုက်ဆံ နှစ်………..ငွေ သုံး………..လိုနေတာဒိုးပြားတွေပဲ(ရက်ပါလိုလိုက်မဆိုပါနဲ့) ဘဝတစ်ခုနဲ့တစ်ခုအရင်းတည်ခဲ့တဲ့နေ့တွေ…ရက်တွေ…ညတွေ အိုကွယ်….မျက်ရည်နွံထဲဖြစ်ဖြစ်…တံတွေးခွက်ထဲဖြစ်ဖြစ် ပက်လက်မျောစရာရှိတာသာမျော အရေးကြီးတာ နှခေါင်းဖော်ပြီးနေတတ်ဖို့ပဲ။ မေမေ……ကျန်းမာပါစေ အမြဲတမ်းဆုတောင်းအသံ ကောင်းကင်ထက်မှာလွင့်ပျံလို့ ဒါပေမယ့် မြေပြင်ကခြေလှမ်းတွေက ကလေးတွေကစားတဲ့စက်ဘီးတာယာလိုပါပဲ(ဦးတည်ရာပျောက်နေတယ်) ယိုင်နဲ့နဲ့ ထိမ်းရင်းကျောင်းရင်း မြို့ပျက်ထဲမှာဖက်တွယ်နေတဲ့ သူဖုန်းစားတစ်ယောက်လို အမှောင်ကြားက အလင်းစက်ကိုရှာဆဲပဲ မေမေ……..။ မေမေ….ပြောခဲ့တယ် လောကမှာဘာအရေးကြီးဆုံးလဲ…. တစ်……စာနာမှု… နှစ်…….စာနာမှု… သုံး…….စာနာမှု… အို….မေမေရယ်…. အားလုံးဟာ…သားတို့ငယ်ငယ်တုန်းက ရှာခဲ့တဲ့ မြောင်းထဲကဖန်ဂေါ်လီလိုပါပဲ ရှိမလားလို့ မြောင်းထဲကိုဟိုစမ်းဒီစမ်းပေါ့ နောက်ဆုံးတော့ မြောင်းပုပ်နံ့က လက်ထဲကိုပဲစွဲကပ်လာတယ် ဒီလိုနဲ့ ……… ဒီလိုနဲ့ (ဒီလိုနဲ့…………….ပဲ) သားးးးးးးးးးးးးးလမ်းလျှောက်ရင်း…….လမ်းလျှောက်ရင်း…………. နေမထွက်လာတဲ့ အရုဏ်တက်ချိန်မှာ…..အမှောင်ထဲကနေ အမှောင်ကိုလှမ်းကြည့်လိုက်တယ် မေမေ……။ xxxxxxxxxxxxxxxxxxxxxxxxxxxxxx ရင်နှင့်ရင်း၍ […]


မျက်တောင်တွေ တစ်ဖျတ်ဖျတ်ခတ်နေတဲ့ကြားက အချိန်ကလေးအတွင်းမှာ ကျွန်တော်သူ့ကိုသတိရမိတယ်။ မေလဆိုရင် သူဟာကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ (၂၄)နှစ်…………….. ဘာမှမသိလိုက်တဲ့ သူ့ရဲ့အငွေ့အသက်တွေကို စိတ်မှန်းနဲ့ ကျွန်တော်တမ်းတမိနေတုန်းပဲ။   သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ မှန်းဆရင်း သူဟာ ကျွန်တော့်ကိုအားပေးသူ။   လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ (၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ.. သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်လာတယ်။ တစ်ခါတစ်ခါ အနားကပ်ပြီး စကားတစ်ခွန်းပြောတယ်။   “ဘဝ”ဆိုတာ ဒီလိုပါပဲ သားရယ်တဲ့…။ ……………………………………… တကယ်တော့………………………. သူခေါ်တဲ့အသံတောင် မမှတ်မိတော့တတဲ့ကျွန်တော့်မှာ မှောင်ပိတ်နေတဲ့ ခံစားမှုအထဲကနေ တစ်စုံတစ်ရာကို ကျွန်တော်ရှာဖွေမိတယ်။ …………………………………………… (၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ “အဖေ”ဟာ ကျွန်တော့်ဘဝထဲမှာ အလင်းတန်းတစ်ခုအဖြစ် တည်ရှိနေဆဲ မှောင်ပိတ်နေတဲ့ ခံစားမှုထဲမှာပေါ့။ ……………………………………………………   ရင်နှင့်ရင်း၍ အောင်မိုးသူ


သုရွင္June 27, 20141min01
သတိထားနေရင်း မတ်တပ် ကျွန်တော်ပျောက် ပျောက်သွားတယ်။ အတ္တတွေကြား လောဘတွေကြား တစ်ခါတစ်ခါ အလွန်အမင်းကိုယ့်ကိုကိုယ် အထင်ကြီးမှုတွေ ကြား။ ကိုယ့်ဟာကိုယ်ရှာထားတဲ့… အပူအပင်တွေကြား။ ပုံစံအမျိုးမျိုးပြောင်းလာတဲ့ ဒုက္ခတွေကြား။ ရွှေအိုရောင် ခပ်ရင့်ရင့်သန်းနေတဲ့ ခေတ်ဆွေး မျှော်လင့်ချက် တွေကြား။ မိုးပျံလုမတတ် မြင့်တက်နေတဲ့ ကျိကျိတက် အိပ်မက်တွေကြား။ ကျွန်တော်ပျောက်..ပျောက်သွားတယ်။ သုရှင်(၂၆-၆-၁၄)


Kaung Kin PyarJune 12, 20141min08
“Bitter” အဲ့ဒီ…ကောင်းကင်အောက်…. အဲ့ဒီ…လွင်ပြင်ကျယ် ကျတ်ကုန်းမှာ… နတ်ဆိုးတွေ..ကခုန်နေကြတယ်… မြင်းရိုင်းတွေလဲ..ပဒက်ရပ် မြူးထူးလို့… ပင်လယ်ပြင် ဒီလှိုင်းတွေ..တဝုန်းဝုန်းပေါ်မှာ… လေနီကြမ်းတွေ..ဖြတ်သန်းးးးး…. : : အင်းးးးးးးးးးးးးး ငါ အသက်ရှုကြပ်တယ်… ကိုယ်ပေါ်က ကြိုးတွေ ဖြည်လျှော့ပါ…. အတောင်ပံတစ်စုံ ဘယ်တော့ ရနိုင်မလဲ… ငါ ပျံသန်းချင်ပြီ….။………။ ကောင်းကင်ပြာ


အံ့ဩတဲ့သူတွေက အံ့ဩမယ်။   မျက်လှည့်ဟာ ပညာသားပါပါ လှည့်မယ်။ ကစားမယ်။ လက်ခုတ်သံတွေယူမယ်။   မျက်လှည့်ဟာ ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးတယ်။   မျက်လှည့်ဟာ မျက်လှည့်ပြနေတယ်။   လက်ခုတ်တီးမယ်။ ကဲ့ရဲ့မယ်။ အံ့ဩမယ်။   ‘ဟာ’ကနဲ   ‘ဟင်’ကနဲ   မျက်လှည့်ဟာ မြင်းလှည့်ဖြစ်လိုက်   မြင်းလှည့်ဟာ မျက်လည်ဖြစ်လိုက်နဲ့။   မျက်လှည့်ဟာ မျက်လှည့်ကြားထဲမှာ မျောအောင် ပြတယ်။ လိမ်တယ်။ ခေါက်တယ်။   မျက်လှည့်ဟာ မျက်လှည့်ပြနေတယ်။ ပြဦးမယ်။ ပြဦးမှာပဲ။     ……………………………………………………………..   ရင်နှင့်ရင်း၍ အောင်မိုးသူ ဧပြီ ၁၁ရက် ၂၀၁၄ခုနှစ် နေ့လည် ၂ နာရီတိတိ  


သုရွင္March 22, 20141min03
အဲ့ဒီနေ့က အဲ့ဒီနေ့က မီးမလာဘူး မေမေ။ သားဖယောင်းတိုင်လေးနဲ့… စာကျက်ပြီးစာမေးပွဲ ဖြေခဲ့ရပါတယ်။ အဲ့ဒီနေ့က သိပ်အေးတယ် မေမေ။ သားအင်္ကျီအနွမ်းလေးနဲ့ အစောကြီးထပြီး ကျောင်းသွားခဲ့ရတာ။ အဲ့ဒီနေ့က သားအိမ် ကျ ပျောက်ခဲ့တယ် မေမေ။ ကျောင်းကအပြန်မှာ သား အိမ်ကို ရှာမတွေ့ခဲ့ဘူးလေ။ အဲ့ဒီနေ့က သား ငို ခဲ့တယ် မေမေ။ အသံသာကြားဖူးပြီး ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ သယံဇာတ ကျိန်စာတွေ ထွေးပွေ့ သိမ်းပိုက်ရင်းနဲ့လေ။ သုရှင် ၂၂-၃-၁


သုရွင္February 8, 20141min07
သားကြည့် မင်းအဖေမာနတွေ မင်းမသိတုန်း မင်းကြောင့် ပြုတ်ပြုတ်ကျခဲ့ဖူးတယ်။   သားကြည့် မင်းကြောင့်မဟုတ်ရင် မင်းအဖေဒီလောက် အသားအရေတွေ ခမ်းခြောက် ရှုံ ့တွမနေဘူးသား။   သားကြည့် မင်းအဖေ ပြန်လာရင် မင်းတို့ဖို့သယ်သယ်လာတဲ့ စိတ်ညစ်ခြင်းနဲ့အလဲအလှယ်လုပ် ပြီးသား မုန့်ထုပ်တွေ။ သားတို့ဖို့ အပြုံးတွေ ဖုံးအုပ်ထားခဲ့တာ။   သားကြည့် မင်းသွားတော့မယ်ဆိုတော့ မင်းမြင်မှာစိုးလို့ ဟိုဖက်လှည့်ထားတဲ့ သူ့မျက်နှာ မင်းရှေ ့မှာလို ပြုံးနေမယ်ထင်လို့လား။   သားကြည့် မင်းလည်း အဖေဖြစ်တော့မယ်။ သားကြည့်ကြည့် မကြည့်ကြည့် သိလာမှာပါ။ သုရှင်( ၈.ဖေဖော်ဝါရီ.၁၄)    


ကျော်ဘသစ်November 22, 20131min05
………………… ………………… ………………… ………………… ………………… ………………… အချစ်ရယ်… လူ့အဖြစ်အထိ ဆင့်ကဲဖြစ်ခဲ့မိတာ မှားပြီနဲ့တူပါတယ်….၊ လာ… ဟိမဝန္တာပြန်ကြမယ်။       ။


ငှက် ငယ်November 10, 20131min01
    ဒီကနေ့ ကျွန်တော်တို့မှာ အိမ်ကြီးကြီးတွေ ရှိကြတယ် ဒါပေမယ့် မိသားစုဝင်နည်းနည်းနဲ့ အဆင်ပြေမှုတွေ ပိုများလာတယ်၊ ဒါပေမယ့် အချိန်တွေ နည်းကုန်ကြတယ် ကျွန်တော်တို့မှာ ဘွဲ့လက်မှတ်တွေများများ ပိုင်ဆိုင်လာတယ်၊ ဒါပေမယ့် ယေဘုယျအသိတွေ နည်းလာတယ်..။ ဗဟုသုတတွေ များလာတယ်၊ ဒါပေမယ့် ဝေဖန်ပိုင်းခြားမှုတွေ နည်းလာတယ် ကျွန်တော်တို့မှာ တတ်ကျွမ်းသူတွေ များများရှိတယ် ဒါပေမယ့် ပြဿနာတွေ ပိုများလာတယ် ဆေးတွေ များများစားစား ရှိတယ် ဒါပေမယ့် ကျန်းမာရေးကောင်းတဲ့သူတွေ နည်းလာတယ်။ ကျွန်တော်တို့ အမှုမဲ့အမှတ်မဲ့ သုံးဖြုန်းနေကြတယ် ရယ်တာတော့ အတော်နည်းသွားပြီ ကားမောင်းတာ အတော်မြန်လာကြတယ် ဒေါသဖြစ်ဖို့ အတော်လေးမြန်လာပြီ အိပ်ယာဝင်တာ နောက်ကျလွန်းတယ်။ စာဖတ်တာ အတော်လေးနည်းတယ်။ ရုပ်မြင်သံကြားတော့ အတော်ကြည့်ကြသား * ဘုရားရှိခိုးတာ အတော်နည်းလာပြီ။* ကျွန်တော်တို့ရဲ့ […]


ငှက် ငယ်November 10, 20131min03
    အချိန်ကို ငြီးငွေ့ပြီမို့ မိုးကောင်းကင်ကို မော့ကြည့်ပြီး လမင်းကြီးရဲ့ ခြေလှမ်းတွေကို ရေတွက်နေမိတယ်………။ ခရီးသည်ရဲ့ ခရီး ဘယ်အခါပြီးဆုံးမလဲ အလွမ်းသည်ရဲ့ အလွမ်း ဘယ်အခါ ကုန်ဆုံးမလဲ…….။ အလွမ်းတွေ တိုးပွားလာတယ် ညကလည်း အေးစက်လို့ လာခဲ့ပါတော့  အိပ်စက်ခြင်းရယ် ခံစားမှုတွေကို တိုက်ထုတ်လိုက်ပါတော့…။ ဒါပေမယ့် နံနက်ခင်းသာ လာတယ် အိပ်စက်ခြင်းက ခုထိပေါ်မလာ အခုတော့……………………. ကောင်းကင်အမိုး ခုံးခုံးကြီးအောက်မှာ အလင်းရောင်က  ငါ့ဦးနှောက်ကို အရူးအမူး နာကျင်စေတော့မှာပဲ…..။ HNGET NGAI 13/10/2013 2:53:41


ကျွန်တော်ဟာ သူ့ရဲ့ အာဒံမဟုတ်ဘူးတဲ့ …………………………………………. ကျွန်တော့်နံရိုးတစ်ချောင်းကို သူ့ပြန်ထုတ်ပေးတယ်။ ကျွန်တော်ဟာ သူ့ရဲ့ အာဒံပါလို့ ပြောပြလည်း သူယုံတော့မှာမဟုတ်ဘူး။ အဲသည်နေ့…………… ကျတော့်ဘဝတွေ အစိတ်အမွှာမွှာ ပျောက်ဆုံးသွားတာ ‘ဧဝ’ မသိခဲ့ဘူး။ …………………………………………………………………….. ကျွန်တော့်ကို ကျောခိုင်း သူချစ်တဲ့ ‘အာဒံ’ နဲ့ ထွက်ခွာ။ လေပြင်း ကမ္ဘာဦးမှာ အပြိုင်းပြိုင်းတိုက်ခဲ့တဲ့နေ့……. ‘ဧဝ’ ကျွန်တော့်အနားမှာ မရှိခဲ့ဘူး။ သူပြောခဲ့သလို သူနဲ့မတိုက်ဆိုင်တဲ့ နံရိုးတစ်ချောင်းကျွန်တော့်မှာရှိတယ်။ အဲ့သည်အရာကိုကြည့်ရင်း နေ့တိုင်းငိုတယ်။ …………တိတ်…………ဆိတ်………………. ကမ္ဘာဦးမှာ ကမ္ဘာပျက်ပါစေဆုတောင်းတယ်။ ပြန်လာပါ ‘ဧဝ’ ပန်းသီးတစ်လုံးနဲ့ ကျွန်တော်ထိုင်စောင့်နေတယ် တွေးကြည့်တယ်………… ‘အာဒံ’ မဟုတ်တဲ့ တစ်ယောက်နဲ့ သူပျော်မြူးနေမှာပေါ့ ပြောမပြတတ်တဲ့ အတွင်းစိတ်က ခံစားမိလိုက်တယ် သူပျော်နေတယ်……….။ တဖြည်းဖြည်း နွမ်းလာတဲ့ ပန်းသီးကိုကြည့်ရင် ကျွန်တော့်တစ်ချက်ပြုံးတယ်………။ […]